မည်သူ၏နည်းနာ ကျင့်သုံးနေတာလဲ
အကြမ်းဖက်စစ်ကောင်စီဟာ နီပွန်ဆီက စစ်ပညာသွားသင်ခဲ့တာဆိုတော့ နီပွန်နည်းတွေကျင့်သုံးနေတာပဲဆိုပြီး လူတွေက ပြောနေကြတာ။
အစ္စရေး - ဟားမက်စ်ပဋိပက္ခဖြစ်တော့မှာပဲ မြန်မာ့စစ်အာဏာရှင်အုပ်စုဟာ မြန်မာပြည်ကို အစ္စရေးဆီက ရတဲ့နည်းနာတွေနဲ့ အုပ်ချုပ်နေတာမှန်းသိတော့တယ်။လွတ်လပ်ရေးအတွက် ချုပ်ဆိုခဲ့တဲ့စာချုပ်ပေါ် ဖောက်ဖျက်ဗိုလ်ကျနည်း၊နယ်မြေသတ်မှတ်နည်း၊လူမွေးပြီးရန်တိုက်ပေးနည်း၊အဆုံးမရှိစစ်ပွဲ ဖန်တီးထားနည်း၊မျိုးနွယ်စုတွေကြား ကုလားဖန်ထိုးနည်းကစ လုံးဝတစ်ထပ်တည်း တူနေတာ။စစ်ရေးက မစရသေးဘူး ဖြတ်လေးဖြတ်လုပ်ပြီး၊ဘာသာရေးအဆောက်အအုံ၊စာသင်ကျောင်းမချန်၊ပြည်သူတွေကြားထဲ ဗုံးကျဲတာကအစ တူတာ။အဲ့သည်လို ....
သူတို့ရဲ့မော်ဒယ်ကို သိပြီဆိုတော့ ဖြေရှင်းဖို့ နည်းလမ်းကို ရှာဖို့ လမ်းစပါပဲ ...
အစ္စရေးလက်နက်ကုမ္ပဏီတွေဟာ အကြမ်းစစ်ကောင်စီကိုလက်နက်ရောင်းပေးနေခဲ့တာပါ၊ အခုသူတို့ဟာ သူတို့ပြဿနာတက်နေတော့ မြန်မာဖက် မလှည့်အားတော့လည်း တစ်မီးငြိမ်းတာပါပဲ။
myanmar society 🇲🇲