အစ္စရေး - ဟားမက်စ် ပဋိပက္ခ
ယူကရိန်းမှာဖန်တီးထားတဲ့ဇာတ်အိမ်က မခိုင်လို့ပြိုကျတော့ မေဒိကန်အချစ်တော် အစ်ဇွေးနဲ့ မျှားကြည့်ရင် ကန်ပြည်သူတွေများ ပါလာမလားမျှော်မှန်းပုံရပါတယ်။ကန်ပြည်သူတွေဆိုတာကလည်း တပတ်ရိုက်ခံရပေါင်းများနေပြီဆိုတော့ အရေထူနေပြီ၊ သိပ်မယုံချင်တော့ဘူး။
ခုတောင် လက်စလက်နတွေက ထွက်လာပြီ၊ဟားမက်စ်ကို အစ်ဇွေးက ဖန်တီးခဲ့တာဖြစ်ပြီး ထိန်းမနိုင်ဖြစ်ခါ back fire ပြန်ဖြစ်နေတဲ့အနေအထားပါတဲ့။မဟာဗျူဟာအရ ဖန်တီးရသည့်ရည်ရွယ်ချက်ကတော့ ယခုလိုဖြစ်နိုင်ဖွယ်ရာ ရှိပါတယ် ___
( ၁ ) ပါလက်စတိုင်းခေါင်းဆောင်မှုအား နှစ်ခြမ်းခွဲနိုင်ဖို့ဖြစ်ပြီး
( ၂ ) အဆုံးမဲ့စစ်ပွဲကို ထိန်းသိမ်းထားနိုင်ရန်အတွက် ဖြစ်ပါတယ်။ ဆိုလိုသည်မှာ အဆုံးမဲ့စစ်ပွဲကို ဆက်လက်ထိန်းထားရန်နှင့်ငြိမ်းချမ်းရေးအစီအစဉ်များကို ဖျက်စီးရန် လုံလောက်သော ပြင်းထန်သော ထိန်းချုပ်ထားသော အတိုက်အခံကို ဖန်တီးခြင်းဖြစ်ပါတယ်။
သို့သော် ၎င်းအစီအစဉ်ကို လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။ယခုအခါ ဟားမတ်စ်သည် လွတ်လပ်လွန်းပြီး ထိန်းချုပ်ထားရန် အားကောင်းလွန်းနေတာကြောင့် ဖြစ်ပါတယ်။ဟားမက်စ်ဟာ မေဒိရိကန်နှင့်အနောက်နိုင်ငံတို့နဲ့ ဆယ်စုနှစ်များစွာ နီးကပ်သောဆက်ဆံရေးရှိခဲ့သည့် မွတ်ဆလင်ညီအကိုတော်များအဖွဲ့၏ အဆက်အနွယ်ဖြစ်ပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းတွေမှာတော့ မျှော်လင့်ချက်များစွာရှိခဲ့ပါတယ်။အစ္စရေးနှင့်ပါလက်စတိုင်းတွင် နှစ်ပေါင်းများစွာ လျှို့ဝှက်ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ငြိမ်းချမ်းရေးကို မျှော်မှန်းပြီး "အော်စလို"သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည့် ခေါင်းဆောင်များလည်းရှိခဲ့ပါတယ်။
ထိုသူတို့ကတော့ အစ္စရေးဝန်ကြီးချုပ်"ရစ်ဇာတ်ရာဘင်"နှင့်ပါလက်စတိုင်းခေါင်းဆောင်"ရာဇာအာရာဖတ်"တို့ဟာ အမေရိကန်သမ္မတကလင်တန်နှင့်အတူ ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။နှစ်နှစ်အကြာတွင် ရာဘင်သည် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ မိမိတစ်ဦးတည်းအမြင်ကတော့ လက်ရှိဖြစ်ပွားနေသည့် အစ်ဇွေး - ဟားမက်စ်ကိစ္စပေါ် သံသယများစွာ ရှိပါတယ်။ဝင်စီးမည့်ကိစ္စရပ်ကို အစ်ဇွေးမော့ဆက်ထောက်လှမ်းရေးတွေက ကြိုတင်မထောက်လှမ်းနိုင်ခဲ့တဲ့အပြင် အချိန်ပြည့်စောင့်ကြည့်ရေးကင်မရာတွေ၊ အချက်ပေးစနစ်တွေ၊ Auto pilot ပစ်တဲ့စနစ်တွေတပ်ပြီး ဝန်းခတ်ထားပေမဲ့ ထိုးဖောက်ဝင်ရောက်လာတာကို ချက်ချင်းမသိနိုင်ခဲ့ဘူး၊နာရီပေါင်းများစွာ စစ်ရေးတုန့်ပြန်မှုမရှိခဲ့ဘူးဆိုတာကတော့ တမင်ဟ'ပေးပြီး ဇာတ်ကားရိုက်တာ ဖြစ်ဖို့က (၈၀) ရာခိုင်နှုန်းလောက် ရှိပါတယ်။
ဂါဇာကမ်းမြောင်ကို ဖျက်ဆီးဖို့ အစ်ဇွေးက တရားမျှတမှုရှိဖို့ မော့ဆက်က ခွင့်ပြုလိုက်တာက သာ၍ဖြစ်နိုင်ချေရှိပါတယ်။
ရွှေဉာဏ်များရှင်ဂျူးနှင့်မြေတိုးချဲ့ကောင်အင်္ဂလန်တို့ အဲ့ဒီမှာ တွေ့ပြီး တကမ္ဘာလုံးကိုဇယားတွေ ပတ်ရှုပ်နေတာ။မေဒိကန်ဆိုတာကလည်း ခေတ်သစ်အင်္ဂလန်ပါပဲ။ပြဿနာဖြစ်လို့ ဇစ်မြစ်လိုက်လိုက်ရင် အနောက်အာရှစွန်းတိုင်းပြည်( ဥရောပ )က လာတဲ့စနက်က ပိုများတယ်။
ဘာမှ feel ဖြစ်မနေကြပါနဲ့ ..
ကိုယ့်အရေးကိုသာ အာရုံစိုက်ကြပါ
myanmar society 🇲🇲
[ အစ်ဇွေးဟာ ဟားမက်စ်အား ဂါဇာကမ်းမြှောင်ကို သိမ်းယူဖို့/ရာဇာအာရာဖတ်ကိုတန်ပြန်တိုက်ခိုက်ရန် တွန်းအားပေးခဲ့တယ်ဆိုတဲ့အကြောင်း ၂၀၁၀ ခုနှစ်မှာ WikiLeaks cabel က ဖွင့်ချခဲ့သလို ၊ အမေရိကန်လွှတ်တော်အမတ် Ron Paul ကလည်း လွှတ်တော်ထဲမှာ အစ်ဇွေးက ဟားမက်ကို တွန်းအားပေးခဲ့ကြောင်း ရံပုံငွေနှင့်ပံ့ပိုးကူးညီမှုအား အစီရင်ခံထားခဲ့သည့်ဗီဒီယိုဖိုင် ရှိပါတယ်။ ]