ကံကြမ္မရဟတ် တပတ်ပြန်လည်လေမလား
တကယ်တော့ ..အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းပဋိပက္ခအတွက် အမြစ်တွယ်နေအုံးမည့်သဘောရှိပါတယ်။ဘာအတွက်ကြောင့်လဲ ??
🔹 လက်ရှိအနေအထားတွင် အရှေ့အလယ်ပိုင်းဒေသတွင်းမှာ ငြိမ်းချမ်းရေးတွေ အရမ်းများနေတယ်။ဆိုလိုတာက အီရန်၊ ဆီးရီးယား၊ အီရတ် စသည်တို့ဟာ ပိုချမ်းသာပြီး ပိုအားကောင်းလာမယ်။ဒါပေမဲ့ အဲ့သည်လိုဖြစ်ရပ်က အစ္စရေးအတွက် မကောင်းပါ။
🔹 ဆော်ဒီအာရေးဗီးယားသည် လွတ်လပ်လွန်းသဖြင့် အီရန်နှင့် ငြိမ်းချမ်းရေးလုပ်ခြင်း၊ ရေနံကို ယွမ်ငွေဖြင့် ရောင်းချရန် စီစဉ်နေခြင်းဟာလည်း အမေရိကန် (သို့မဟုတ်) Petrodollar အတွက် မကောင်းပါ။
🔹 အရှေ့အလယ်ပိုင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းများဟာ အငြိမ်ထိုင်ထားရသလိုဖြစ်နေပါတယ်။ စစ်ပွဲမရှိ၊ပါဝါမရှိ၊ စီးပွားရေးလုပ်ကွက်မရှိတဲ့ ပုံစံမျိုး ဖြစ်နေတယ်။
🔹 ထို့အပြင် လက်ရှိအဖြစ်အပျက်ဟာ ဟားမတ်စ်နှင့်ဟစ်ဇ်ဘိုလာတို့ကို ဖယ်ရှားပစ်ရန် (သို့မဟုတ်) ပြင်းထန်စွာ အားနည်းသွားစေရန်နှင့်မြေပုံကို ပြန်လည်ရေးဆွဲရန် အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။
ဒါကြောင့် ကမ္ဘာ့ဦးသျှောင်အင်ပါယာဟာ စစ်ပွဲများနှင့် ပဋိပက္ခများ လိုအပ်နေပါတယ်။လျှော့တွက်လို့ မရပါဘူး။
ဒါဟာ ဒေသတွင်းရှိ အာရပ်/မွတ်ဆလင်နိုင်ငံများအတွက် အကြီးမားဆုံး စမ်းသပ်မှုလည်း ဖြစ်ပါတယ်။
ဆွန်နီ၊ ရှီးယိုက်၊ အာရပ်၊ ပါရှန်၊ တူရကီ၊ ခရစ်ယာန် စသည်တို့ အားလုံး တညီတညွတ်တည်း ပေါင်းစည်းကြမည်ဆိုပါက အားလုံး အနိုင်ရမှာ ဖြစ်ပါတယ်။ငြိမ်းချမ်းရေးရရင် ဖွံဖြိုးတိုးတက်ဖို့ အလားအလာက ကြီးမားပါတယ်။
သို့သော် လွန်ခဲ့သောရာစုနှစ်များအတွင်းမှာ ၎င်းတို့ အကြိမ်ကြိမ်ပြုလုပ်ခဲ့သည့်အတိုင်း သွေးခွဲအုပ်ချုပ်တာကို နားမလည်နိုင်ခဲ့ရင် ( သို့မဟုတ် ) အချင်းချင်းစည်းလုံးမှုမရှိ ဝါးစည်းပြေနေခဲ့မည်ဆိုလျှင် အနောက်နိုင်ငံ/ကိုလိုနီနယ်ချဲ့အုပ်ချုပ်မှု၏ သားကောင်အဖြစ် တဖန်ပြန်ကျရောက်သွားခဲ့ပါက ၎င်းတို့အား အမေရိကန်၊အီးယူ၊အစ္စရေး... စသော ကမ္ဘာ့ဂိုဏ်းချုပ်ကြီးများမှ ဆက်လက် အုပ်ချုပ်သွားမည်သာ ဖြစ်သည်။
( S.L. Kanthan ရေးသားချက်အား ဘာသာပြန်ဆိုပါတယ် )
myanmar society🇲🇲
[ လက်ရှိနွေဦးတော်လှန်ရေးမှာ ကျနော်တို့တိုင်းရင်းသားတွေလည်း ထိုနည်းလည်ကောင်းပါပဲ ၊ ခုချိန်ထိ မစည်းလုံးနိုင်သေးရင် ကံကြမ္မာရဟတ်ဟာ တပတ်ပြန်လည်သွားမှာ ဖြစ်ပါတယ် ]