မလုပ်ရဲတာ ဘာမှမရှိဘူး



ဟေလာရီဟာ တော်တော်ကြောက်ဖို့ကောင်းတဲ့ဘွားတော်ဆိုတာတော့ အစကတည်းက သိပေမဲ့လို့  သည်လောက် ပက်စက်နေလိမ့်မယ်တော့ မထင်ထားဘူး။လက်ယာယိမ်းတွေကို  Deprogramming လုပ်ဖို့လိုတယ်လို့  ပြောသွားတာမျိုးက  တကယ်ကို နက်နဲတဲ့ကိစ္စပါပဲ။ကမ္ဘာ့ခေါင်းဆောင်တစ်ယောက်က  ဒါမျိုးပြောထွက်တာကတော့  အတော်အံ့အားသင့်စရာပါ။

Deprogramming ဆိုသည်မှာ _

• ဘာသာတရား၊ နိုင်ငံရေး၊ စီးပွားရေး (သို့မဟုတ်) လူမှုရေးအသင်းအဖွဲ့တစ်ခုမှ လူတစ်ဦးထဲသို့ ထည့်သွင်းထည့်သွင်းထားသော  သညာအသိကို ဖယ်ရှားခြင်းအား ဆိုလိုသည်

 • ဘာသာရေးအရ ပြင်းပြင်းထန်ထန် ဆုပ်ကိုင်ထားသော ခံယူချက်များ ( သို့မဟုတ်) ခိုင်မာမြဲမြံသောမွေးရာပါ အပြုအမူပုံစံကို ဖျောင်းဖျရန် (သို့မဟုတ်) ဖျောက်ဖျက်ရန်ကြိုးစားမှုအား ဆိုလိုသည်

• မလိုလားအပ်သော (သို့မဟုတ်) မသင့်လျော်သော သင်ယူထားမှု (သို့မဟုတ်) ရရှိထားသော အပြုအမူပုံစံ (သို့မဟုတ်) အလေ့အကျင့်ကို ဖယ်ရှားရန် (သို့မဟုတ်) အစားထိုးရန် ရည်ရွယ်ချက်အတွက် ပြန်လည်လေ့ကျင့်ရန်ဆိုလိုသည် 

Deprogramming ဆိုသည်မှာ လူတစ်ဦးအား ဘာသာရေး (သို့မဟုတ်) အခြားအသိုက်အဝန်းမှ ဖယ်ရှားပြီး အဖွဲ့အပေါ် သစ္စာခံမှုကို စွန့်လွှတ်ရန် ၎င်းတို့ကို သြဇာလွှမ်းမိုးစေသည့် လုပ်ငန်းစဉ်ဖြစ်သည်။  ဘာသာရေးကိုးကွယ်ယုံကြည်မှု (သို့မဟုတ်) နိုင်ငံရေးအယူဝါဒလွှမ်းမိုးမှုမှ တစ်စုံတစ်ဦးကို လွတ်မြောက်စေခြင်းဟုလည်း ဆိုလိုနိုင်ပါတယ်။

လူအဖွဲ့အစည်းမှာ အပြစ်သား၊ရာဇဝတ်သားတွေလောက်သာ  Deprogramming လုပ်ကြတာဖြစ်ပြီး  အုပ်စုလိုက် အုပ်နဲ့ကျင်းနဲ့  Deprogramming လုပ်တာမျိုးကိုတော့  Civilization  Reset  လုပ်တယ်လို့  ခေါ်ပါတယ်။ယနေ့ခေတ်မှာ  ခေတ်စားနေသည့်စကားရပ်များဖြစ်သော  Global  R€set  နှင့်  N3W WorLD OrD3R ဆိုတဲ့ကိစ္စတွေနဲ့ဆက်စပ်နေတယ်။အရပ်စကားနဲ့  ပြောရရင် ဖိအားတစ်စုံတစ်ရာပေး  ပြောင်းလဲပစ်တယ်လို့  ဆိုလိုတာဖြစ်ပါတယ်။မြန်မာတွေနားလည်မည့်စကားအသုံးအနှုန်းနဲ့ ဖလှယ်ပြီးပြောရရင်  "မလုပ်ရဲတာ ဘာမှမရှိဘူးလို့ "  ပြောတာနဲ့  အတူတူပါပဲ။

[ တရုတ်ပြည်မှာလည်း ဝိဂါလူမျိုးတွေပေါ်   
Reeducation Camp သွင်းပြီး လုပ်တာမျိုးနဲ့  အလားသဏ္ဍာန်တူပါတယ် ၊ သူတို့ကတော့  နိုင်ထက်စီးနင်းဖိအားပေးပြီး  ပြောင်းလဲပစ်နေတာမျိုးပါ ] 

မြန်မာ့ခေါင်းဆောင်တွေနှင့်ပြည်သူတွေကို  မှာချင်တာကတော့  သူတို့ကမ္ဘာ့ခေါင်းဆောင်တွေက  ဘယ်လိုဖိအားတွေပေးပြီး  လုပ်ခိုင်းတာမျိုးပဲဖြစ်ဖြစ်    လက်မခံလိုက်ဖို့ပါပဲ။

myanmar  society 🇲🇲

မြန်မာပြည်သူအပေါင်း  ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာ ရှိကြပါစေ ~~ ❤️❤️

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း