အမေရိကန်နေမဝင်အင်ပါယာ
ကမ္ဘာပေါ်မှာ ရုရှားတိုင်းပြည်နှင့်တရုတ်တိုင်းပြည်ကလွဲရင် ကျန်သည့်တိုင်းပြည်အားလုံးဟာ အမေရိကန်အင်ပါယာ၏စစ်ရေး၊စီးပွားရေးထိန်းချုပ်မှုစက်ဝန်း အောက်မှာပဲ ရှိပါတယ်။အဲ့သည်လောက်ဆိုရင် "အမေရိကန်အင်ပါယာကြီး"ဟာ ဘယ်လောက်ကျယ်လဲဆိုတာ သိနိုင်တယ်။
အမေရိကန်တိုင်းပြည်ဟာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာ ဗြိတိသျှတိုင်းပြည်ဆီကနေ "နေမဝင်အင်ပါယာကြီး"အား လက်လွှဲရယူခဲ့တာလည်း ဖြစ်ပါတယ်။တကယ်တော့ အဲ့ဒါကလည်း လှည့်ကွက်သက်သက်ပဲ။ အင်ပါယာအဟောင်းကိုပဲ အသစ်ဖြစ်အောင် ပြန်လည်မွန်းမံပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။ ခေတ်မီအောင်မော်ဒယ်မြှင့်လိုက်သည့် သဘောတရားဖြစ်ပါတယ်။ Upgrade & Update လုပ်လိုက်တယ်ဆိုပါတော့။
၎င်းအင်ပါယာကြီး ( ၃ )ခု၏စီးပွားရေး၊စစ်ရေး၊၊လူမှုရေးနှင့်နယ်မြေပိုင်ဆိုင်မှု အဝေမတည့်ဖြစ်တိုင်း ကမ္ဘာ့နိုင်ငံရေးနှင့်စစ်ရေးတွေ ဖြစ်လေ့ရှိပါတယ်။
ပထမအချက်က အမေရိကန်နေမဝင်အင်ပါယာကြီး၏ရှင်ဘုရင်တွေကို ကမ္ဘာ့ကုန်သည်ပွဲစားနှင့်သူဌေးသူကြွယ်တွေက ကြိုးကိုင်ချယ်လှယ်နေတာမျိုးတွေ ရှိနေခဲ့လို့ မင်းပြောင်းမင်းလဲဖြစ်ဖို့ ကြိုးစားနေတဲ့အတွက်လည်း ကမ္ဘာ့နိုင်ငံရေးဟာ လှုပ်ခတ်နေတာ ဖြစ်ပါတယ်။
ဒုတိယအချက်က အမေရိကန်နေမဝင်အင်ပါယာကြီး ယိမ်းယိုင်လာတာကို သူတို့ကျားကန်နေကြလို့ ကမ္ဘာ့နိုင်ငံရေးဟာ လှုပ်ခတ်နေတာ ဖြစ်ပါတယ်။
အနှစ်ချုပ်က အဲ့ဒါပါပဲ ...
သင့်ကို အဲ့သည်လို အုပ်ချုပ်လို့အုပ်ချုပ်နေမှန်းမသိအောင် လှည့်ကွက်ပြထားတာလေးပဲ ရှိပါတယ်။အဲ့သည်လိုအခြေအနေမျိုးကို perfect matrix illusion ထဲအထည့်ခံထားရတယ်လို့ ခေါ်ပါတယ်။
myanmar society 🇲🇲
[ ပြည်တွင်းနိုင်ငံရေး ၊ ဒေသတွင်းနိုင်ငံရေး ၊ ကမ္ဘာ့နိုင်ငံရေး၊ ဒီမိုကရေစီ ၊ ကွန်မြူနစ် ၊ ဆိုရှယ်လစ် ၊ အရင်းရှင်းစနစ် ၊အာဏာရှင်စနစ် ၊ လက်ယာယိမ်း / လက်ဝဲယိမ်း စသည့်စကားလုံးတွေနဲ့ ဖောင်းပွနေတာကြောင့် လူအတော်များများအတွက် နားလည်နိုင်ဖို့ ခက်နေမျိုးပါ။
ရှေးခေတ်အသုံးကတော့ အရမ်းရိုးရှင်းပါတယ်၊ တိုင်းပြည်၊မင်းကောင်းမင်းမြတ်/မင်းဆိုးမင်းညစ်၊ ကုန်သည်ပွဲစား၊မင်းခစား၊သူဌေးသူကြွယ်၊ပြည်သူ၊မင်းပြောင်းမင်းလဲ ၊ပြည်ချမ်းသာတယ်/ ပြည်ပျက်တယ် ]