အစ္စရေးကို ဘယ်လိုထိုးစစ်ဆင်ခဲ့သလဲ ??
ကမ္ဘာ့နိုင်ငံရေးနှင့်ကမ္ဘာ့စစ်ရေးကို ( ၂ ) ခု ကိုင်ပြီး တွဲကစားဖို့ဆိုတာ စစ်လက်နက်ပစ္စည်းအပြင် နည်းပညာအထောက်အပံ့၊မဟာဗျူဟာ၊ဗျူဟာ၊အညွှန်းကိန်း၊အသေးစိပ်မြေပုံ၊ထောက်လှမ်းရေးအချက်အလက်၊ဆက်သွယ်ရေးအထောက်အပံ့၊ တန်ပြန်လာမည့်ဗျူဟာ ၊ ၎င်းတန်ပြန်လာမည့်ဗျူဟာကို ပြန်လည်ခြေဖျက်မည့်ဗျူဟာ၊အချိန်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ကိန်းဂဏာန်းတွေကိုတွက်ချက်မည့်ပညာရှင်တွေ၊စိတ်ဓာတ်စစ်ဆင်ရေးနည်းပညာနှင့်ဒီဂျစ်တယ်စစ်သားတွေ ကောင်းကောင်းလိုပါတယ်။
ခုဖြစ်နေတဲ့ကိစ္စဟာ ဟားမက်စ်ချည်းပဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ဂြိုလ်တုအဆက်အသွယ်ပိုင်တဲ့နိုင်ငံကြီးတွေတောင် ပါဝင်ပက်သက်နေနိုင်ပါတယ်။တကမ္ဘာလုံးဆိုင်ရာ ဖိအားဖြစ်လာနိုင်တဲ့အတိုင်းအတာရှိတဲ့ကိစ္စဖြစ်ပါတယ်။နယ်စပ်ခြံစည်းရိုးဖျက်ပြီး တွေ့တဲ့သူကို ဖြိုးတိုးဖျောက်တောက် ပစ်တာလောက်ကို မီးမောင်းထိုးပြပြီး "ချကွ၊ချကွ"ဆိုတဲ့ မီဒီယာတွေရဲ့ဘေးတီးလှုံ့ဆော်မှုနောက်လိုက်ပြီး လမ်းမဆုံးစေချင်ပါဘူး။
မြင်အောင်ကြည့်ကြဖို့ အကြံပြုလိုပါတယ်။
လက်ရှိ အစ္စရေး - ဟားမက်စ်ပဋိပက္ခမတိုင်ခင် လွန်ခဲ့လအနည်းငယ်က မေဒိကန်အကျဉ်းသား လွှတ်ပေးဖို့အတွက် အီရန်ရဲ့ freeze ( ၆ ) ဘီလီယံကို အီရန်ဆီသို့ ပြန်လွှဲပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့သည်ငွေကြေးအား ဟားမက်စစ်အတွက် အီရန်က ထောက်ပံ့ခဲ့ပါတယ်။မေဒိကန်ဟာ အာဖကန်နစ္စတန်ကထွက်တော့ အမေရိကန်စစ်လက်နက်ပစ္စည်းတွေ အများအပြားကျန်နေခဲ့တာ ဖြစ်ပါတယ်။ အဲ့သည် အမေရိကန်စစ်လက်နက်ပစ္စည်းတွေကို တာလီဘန်က ဟားမက်စ်အတွက် ရောင်းပေးခဲ့ပါတယ်။ဟားမက်စ်တွေက M4s(သို့မဟုတ်)M16 တွေကိုင်နေတာကို ဘယ်သူမှ လာမငြင်းနိုင်တဲ့သက်သေဖြစ်ပါတယ်။ဒါကြောင့် ဟားမက်စ်ရဲ့စစ်ရေးအတွက် သွယ်ဝိုက်သောနည်းအားဖြင့် မေဒိကန်က sponsored ပေးတာဖြစ်ပါတယ်။
အခြားတစ်ဖက်မှာ ဟားမက်စ်ရဲ့စစ်ရေးကို ပြန်လည်တုန့်ပြန်နိုင်ဖို့ အစ္စရေးကိုလည်း ( ၈ )ဘီလီယံ ထောက်ပံ့ခဲ့ပါတယ်။ ဒါကတော့ မေဒိကန်က တိုက်ရိုက် sponsored ပေးတာမျိုးပါ။
ဒါကြောင့် ( ၂ )ဘက်လုံးဟာ မေဒိကန်ပြည်သူ့အခွန်ငွေနဲ့ တိုက်ခိုက်တာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
myanmar society 🇲🇲