၃ ဦး ၃ ဖလှယ်
" ဘူးသီးတောင်မှာက AA ကလည်း တိုက် ၊ ရိုဘင်္ဂလီတွေကလည်း အဖွဲ့တွေဖွဲ့၊အဖွဲ့နာမည်တွေပေးပြီး သက်သက်ခွဲတိုက် ၊ ရိုဘင်္ဂလီတွေနှင့်စစ်ကောင်စီတပ်က ပေါင်းပြီး AA ကို တိုက်၊ ရခိုင်တချို့ ( ALP )နှင့်စစ်ကောင်စီတပ်တို့ ပေါင်းပြီး AA ကို တိုက်၊" ထိုကဲ့သို့ ( ၃ ) ဦး ( ၃ ) ဖလှယ် ဖြစ်နေတဲ့ပွဲကြီးမှာ NUG ဖက်က ဘူးသီးတောင်ကိစ္စနဲ့ပက်သက်လို့ AA ကို အလုံးစုံကာကွယ် မပေးလို့ဆိုပြီး တချို့သောရခိုင်တွေက ဝိုင်းအပြစ်တင်တယ် ၊ ဗမာတွေဖက်က အုံအုံကြွကြွ မထောက်ခံလို့ တချို့သောရခိုင်တွေက နင်တို့ဗမာတွေက ကုလားအားပေးတွေဆိုပြီး အပြစ်တွေတင်ကြ .. အဲ့သည်လိုပါ။အများစုက သူများအော်လို့ လိုက်အော်တာ အမောင် တောင်မှန်း၊မြောက်မှန်းသိလို့ အော်ကြတာ မဟုတ်ပါဘူး။ ဘူးသီးတောင်ကိစ္စနဲ့ပက်သက်ပြီး NUG ကသာ AA ကိုအလုံးစုံ ကာပေးလိုက်ရင် NUG ဟာ အလိမ်အညာအစိုးရအဖြစ်နဲ့ ချောက်ကျတော့မှာ ၊ သတ္တုအချခံရတော့မည့်သဘော ၊ အဲ့သည်လိုဖြစ်အောင်လည်း ဂွင်ဆင်ထားဟန် ရှိပါတယ် ၊ ဗမာတွေက အုံအုံကြွကြွထောက်ခံရင် လူနည်းစု ရိုဘင်္ဂလီတွေကို ဝိုင်းအနိုင်ကျင့်ပါတယ်ဆိုပြီး ရိုဘင်္ဂလီတ...