၃ ဦး ၃ ဖလှယ်
" ဘူးသီးတောင်မှာက AA ကလည်း တိုက် ၊ ရိုဘင်္ဂလီတွေကလည်း အဖွဲ့တွေဖွဲ့၊အဖွဲ့နာမည်တွေပေးပြီး သက်သက်ခွဲတိုက် ၊ ရိုဘင်္ဂလီတွေနှင့်စစ်ကောင်စီတပ်က ပေါင်းပြီး AA ကို တိုက်၊ ရခိုင်တချို့ ( ALP )နှင့်စစ်ကောင်စီတပ်တို့ ပေါင်းပြီး AA ကို တိုက်၊" ထိုကဲ့သို့ ( ၃ ) ဦး ( ၃ ) ဖလှယ် ဖြစ်နေတဲ့ပွဲကြီးမှာ NUG ဖက်က ဘူးသီးတောင်ကိစ္စနဲ့ပက်သက်လို့ AA ကို အလုံးစုံကာကွယ် မပေးလို့ဆိုပြီး တချို့သောရခိုင်တွေက ဝိုင်းအပြစ်တင်တယ် ၊ ဗမာတွေဖက်က အုံအုံကြွကြွ မထောက်ခံလို့ တချို့သောရခိုင်တွေက နင်တို့ဗမာတွေက ကုလားအားပေးတွေဆိုပြီး အပြစ်တွေတင်ကြ .. အဲ့သည်လိုပါ။အများစုက သူများအော်လို့ လိုက်အော်တာ အမောင် တောင်မှန်း၊မြောက်မှန်းသိလို့ အော်ကြတာ မဟုတ်ပါဘူး။
ဘူးသီးတောင်ကိစ္စနဲ့ပက်သက်ပြီး NUG ကသာ AA ကိုအလုံးစုံ ကာပေးလိုက်ရင် NUG ဟာ အလိမ်အညာအစိုးရအဖြစ်နဲ့ ချောက်ကျတော့မှာ ၊ သတ္တုအချခံရတော့မည့်သဘော ၊ အဲ့သည်လိုဖြစ်အောင်လည်း ဂွင်ဆင်ထားဟန် ရှိပါတယ် ၊ ဗမာတွေက အုံအုံကြွကြွထောက်ခံရင် လူနည်းစု ရိုဘင်္ဂလီတွေကို ဝိုင်းအနိုင်ကျင့်ပါတယ်ဆိုပြီး ရိုဘင်္ဂလီတွေ ပိုအော်ငိုလို့ ကောင်းသွားမယ် ။ ရိုဘင်္ဂလီတွေ ခုလောက်သံပြိုင် အုံကြွလာရတဲ့အကြောင်းက ရခိုင်ကို AA က အလုံးစုံသိမ်းနိုင်တော့မည့်အနေအထားတွေ့လာရတော့ ရိုဘင်္ဂလီပြည်ထောင်မည့်အိပ်မက်ကို ထိခိုက်ရတာရယ် ၊ နောက်တစ်ခုက ရိုဘင်္ဂလီတွေဟာ စစ်ကောင်စီနဲ့ပေါင်းတိုက်နေတယ်ဆိုတဲ့အကြောင်းအရာကို ဖုံးလွှမ်းဖို့ Rally Crying ထပ်လုပ်တာပါ။ကမ္ဘာ့ကြိုးကိုင်တွေ ဖန်တီးထားတဲ့၎င်းဖြစ်စဉ်ကြီး အမှုမှန်ပေါ်ပေါက်သွားတာမျိုး မဖြစ်စေချင်ပါဘူး။ ပြောသာပြောတာပါ ICJ ၌ အတင်ခံထားရတဲ့ရခိုင်ပြည်မှာရှိသော မူစလင်အသိုင်းအဝိုင်းလူမျိုးရေးသန့်စင်မှု အမှုမှန်က စဉ်းစားတက်သူဆို ပေါ်နေပါပြီ ၊ တမင်တကာ မသိချင်ယောင်ဆောင်နေကြရင်သာ ရှင်းပြဖို့ခက်နေတာပါ။
အဲ့သည်မတိုင်ခင် လပိုင်းလောက်က ရိုဘင်္ဂလီတွေကို စစ်ကောင်စီက စစ်ရေးလေ့ကျင့်ပေးနေတဲ့ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များနှင့် ရခိုင်အိမ်တွေကို မီးရှို့တဲ့ဖိုင်များကို လူမှုကွန်ယက်မှာ ဖြန့်ခဲ့ပါတယ်။
ရိုဘင်္ဂလီတွေကပဲ ဖြန့်တာလား ??
စစ်ကောင်စီကပဲ ဖြန့်တာလား ??
AA နှင့်တိုက်ရင်း တိုက်ပွဲမှာသေသွားတဲ့ရိုဘင်္ဂလီတွေဆီက ရတဲ့ဖုန်းပေါ်က ၎င်းဗီဒီယိုဖိုင်တွေ တွေ့လို့ AA ကပဲ ဖြန့်တာလား ??
ဆိုတာ တွေးစရာ ရှိပါတယ်။ရိုဘင်္ဂလီတွေရဲ့ရခိုင်အိမ်တွေ မီးရှို့ခံရတာကို တွေ့တဲ့ AA ဟာ အနည်းနှင့်အများ တုန့်ပြန်မှု ရှိကောင်းရှိနိုင်ပါတယ်။သို့ပေမဲ့ သက်သေသက်ကာရ တစ်စုံတစ်ရာ မရှိဘဲ ရမ်းစွပ်စွဲလို့တော့ မရပါဘူး။
ဇာတ်လမ်း၊ဇာတ်ကြောင်း၊ဇာတ်အိမ်တွေက အက်ကြောင်းထပ်နေပြီလေ .. ဗမာတွေလည်း သိသင့်သလောက်တော့ သိပါတယ်။ ၂၀၁၇ ခုနှစ်တုန်းကလည်း အဲ့သည်လိုပဲ သူတို့ဘာသာလုပ်ချင်ရာတွေ ပတ်လုပ်ပြီး ပြည်သူ့အစိုးရနှင့်ပြည်သူတွေပေါ် သတ္တုအချခံလိုက်ရတယ်။အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ဝိုင်းလုပ်ကြံခဲ့ကြတာ။ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးသြဇာ ကျသွားချိန် အာဏာထသိမ်းခဲ့တယ်။
ယခုလည်း နွေဦးတော်လှန်ရေး၊ဗမာ့နိုင်ငံရေးနှင့်အမျိုးသားညီညွတ်ရေးအစိုးရကို လုပ်ကြံတဲ့ ချိန်ကိုက်မိုင်း ( Time Bomb ) ကြီးလို့ပဲ မြင်ပါတယ်။
ရခိုင်မှာ နယ်မြေအတော်များများကို AA ဖက်က ထိန်းချုပ်လာနိုင်ချိန်မှာ ရခိုင်လူထုကို ဗမာတွေနဲ့ ( သို့မဟုတ် )နွေဦးတော်လှန်ရေးနဲ့ ခွပြဲစေချင်တာလည်း ပါမယ် ထင်ပါတယ်။နွေဦးတော်လှန်ရေးနဲ့ ပေါင်းတဲ့အဖွဲ့တိုင်းလိုလိုက အားပိုကောင်းလာကြတာက များတာကိုး။နောက်ပြီး ပိုပြီးလည်း Smart ဖြစ်လာတယ် ။NUG နဲ့ပေါင်းပြီး အစိုးရယန္တရားကြီး ကြီးထွားလာမှာမျိုး စစ်ကောင်စီက မဖြစ်စေချင်ပါဘူး။စစ်ကောင်စီကြောက်တာဟာ အစိုးရယန္တရားကြီး ဖြစ်လာမှာကိုပဲ ကြောက်တာပါ။
[ အဲ့သည်မှာ ဘယ်အရာကို တို့ဗမာတွေ ဂရုပြုနိုင်လဲဆိုတော့ ရိုဘင်္ဂလီအကြောင်းအရာနဲ့ပက်သက်ရင် ကမ္ဘာ့ရဲ့ဘယ်နိုင်ငံနှင့်ဘယ်အသင်းအပင်းတွေက သံပြိုင်ထွက်လဲဆိုတာ သိနိုင်တယ်၊လေ့လာနိုင်တယ်။Golobal Issue ဖြစ်အောင် Deep State က ကြိုးကိုင်ထားတာ သိနိုင်တယ်။လိုရင်းပြောရရင် ရိုဘင်္ဂလီအရေးဟာ ဘိုင်ကြီးတို့ရဲ့ Woke Agenda ကနေ မြစ်ဖျားခံလာတယ်ဆိုတာ သိနိုင်ပါတယ်။ ]
myanmar society 🇲🇲
[ _____ Woke Agenda _____
အမေရိကမှာဆိုရင် " ဒုက္ခသည်လက်ခံရမယ်"တို့
မြန်မာပြည်မှာဆိုရင် " ခြံစည်းရိုးတိုးဝင်လက်ခံရမယ်" တို့
အမေရိကမှာဆိုရင် LGBTQAI + , " they / them " နာမ်စားသုံးပေးရမယ်တို့
မြန်မာမှာဆိုရင် LGBTQAI + ကိစ္စနှင့် ကာယကံရှင်ကခေါ်စေချင်သော နာမည် "ရိုဟင်ဂျာလို့ ခေါ်ပေးရမယ်" တို့
အမေရိကမှာဆိုရင် " လူဖြူကြီးစိုးရေးဝါဒ ဆန့်ကျင်ကြတို့ "
မြန်မာပြည်မှာဆိုရင် " ဗမာလူမျိုးကြီးဝါဒ ဆန့်ကျင်ကြ"တို့
အမေရိကမှာဆိုရင် "multiculturalism, rich diversity - စုံလင်ကွဲပြား အားကောင်းသော " တို့
မြန်မာပြည်မှာဆိုရင် " လူမျိုးရေးအခြေခံသော နိုင်ငံရေးနှင့်ပြည်ထောင်များ" တို့
တခြားသောကိစ္စတွေလည်း အများကြီး ရှိပါသေးတယ် ။ ထားပါတော့ ...
အားလုံးက copy တွေ ချည်းပါ ။ အဲ့ဒါကြောင့် Woke Agenda လို့ ပြောတာ ]