ကရင့်နိုင်ငံရေးတစေ့တစောင်း


မြဝတီမြို့ဆိုတာက  တိုင်းဒေသကြီးတွေဖက်က  ရန်ကုန်၊မန္တလေးလို  မြို့ကြီး၊ပြကြီးလို့  တင့်စားပြောလို့ရနိုင်ပါတယ်။အဲ့သည်လိုမြို့ကြီး ပျက်စီးသွားမှာကို  ကရင်ခေါင်းဆောင်တွေအနေနဲ့  စိုးရွံ့တာမျိုးကတော့  ရှိမှာပါ။မြဝတီမြို့ကိစ္စမှာ ကရင်လူမျိုး PDF လေးတွေ  အသေအပျောက်များများနဲ့ပေးဆပ်တိုက်ခဲ့ရပြီး  KNA /BGF  က  စိုးမိုးထားလို့ဆိုပြီး  ဆဲကြဆိုကြပေါ့လေ။ ဆဲဆိုကြသူအများစုကတော့ ပြည်တွင်း၊ပြည်ပ ကရင်မျိုးနွယ်စု အများစုဖြစ်ကြပါတယ်။ KNU နှင့် KNA/BGF လက်ဝါးရိုက် လူပါးဝတယ်ဆိုပြီး  လိုင်းပေါ်အော်ဟစ်ပြောဆိုနေကြတာ  တွေ့မိတယ်။သူတို့ပြောတာလည်း  မမှားပါဘူး။အဲ့ဒါကို  အပြစ်လို့  သွားပြောလို့မရဘူး။ပြည်သူတွေမှာ  အာခံတွင်းစက်ပဲရှိတော့  အာခံတွင်းစက်ကို  အသုံးပြုမှာပဲ။အဲ့သည်တော့  ဆဲခံရလည်း  ကြိတ်ခံပေါ့ဗျာ။
[  ဗမာတွေကတော့  မျိုးနွယ်စုအားလုံးက ဝိုင်းဆဲတာ ခံနေရလို့  အရေတောင်ထူနေပါပြီ 😅 မလူးသာမလွန့်သာ  အခြေအနေမျိုးမှာ အဲ့ဒါမျိုးတွေက ဖြစ်တတ်ပါတယ်  ]

လောလောဆယ်  မြန်မာပြည်မှာက  အစိုးရ (  ၂  ) ရပ်သဘောမျိုး  ဖြစ်နေတာပါ။ စစ်ကောင်စီအစိုးရ - SAC  နှင့်အမျိုးသားညီညွတ်ရေးအစိုးရ -  NUG ဆိုပြီး  ဖြစ်နေတာ။ SAC  အစိုးရ၏အာဏာစက်လည်း  လုံးလုံးလျားလျားမလွတ်သေးသည့်ချိန်  တဖက်မှာ  NUG အစိုးရ၏ပေါ်လစီကိုလည်း  မျက်ခြေမပြတ်  လိုက်နေရချိန်ဆိုလည်း  မမှားပါဘူး။အမျိုးသားညီညွတ်ရေးအစိုးရ၏ပေါ်လစီတွေအရ   KNU ဟာ  KNA/BGF ၊ KNDO တို့နဲ့  ညှိနှိုင်းပြီး  ပြည်နယ်ထောင်ဖို့က  လိုအပ်ချက်ဖြစ်လာနေတဲ့သဘောမှာ  ရှိပါတယ်။ မဟုတ်ရင်   KNU  အုပ်ချုပ်ခွင့်ရဒေသ ၊ KNU - PC အုပ်ချုပ်ခွင့်ရဒေသ၊ KNA/BGF  အုပ်ချုပ်ခွင့်ရဒေသ ၊ KNDO  အုပ်ချုပ်ခွင့်ရဒေသအပြင်  အခြားသော  KNLA  တပ်မဟာ  ( ၇  ) ခု၏ အုပ်ချုပ်ခွင့်ရဒေသတွေ အများအပြားပေါ်လာနိုင်ပါတယ်။KNLA  တပ်မဟာ  (  ၇ )ခုလုံးဟာ  KNU  ရဲ့ထုတ်ပြန်ချက်တွေကို   အတိအကျလိုက်နာမှုမျိုးမှာ အားနည်းမှုရှိတာလည်း  တွေ့ရပါတယ်။ကွဲပြားစုံလင်တယ်ဆိုတိုင်းလည်း  အရမ်းကောင်းနေတာမျိုး မဟုတ်ပါဘူး။ဥပမာ -  ပြည်နယ်ကိုယ်စားပြု စာလေးတစ်စောင်လောက် ထုတ်ဖို့အရေး   အဖွဲ့ ( ၄ )ဖွဲ့  - (  ၅ ) ဖွဲ့လောက် လိုက်ညှိနေရရင်  ဘယ်ဟန်ကျတော့မလဲ။KNU ဟာ ကရင်လူမျိုးချင်းတိုက်ခိုက်ရတာမျိုး  မဖြစ်ချင်တော့ဘူးဆိုတဲ့မူဝါဒကလည်း ဆုပ်ကိုင်ထားတာလည်း တွေ့ရတယ်။ဒါကြောင့်  စောချစ်သူတို့နဲ့ ညှိနှိုင်းဖို့ထိ  ဖြစ်လာရတယ်လို့   ယူဆမိတယ်။ထိုကဲ့သို့  စုစည်းနိုင်ဖို့အတွက် စောချစ်သူကို  နေရာပေးဖို့ထိ ညှိနှိုင်းထားတာမျိုး  ရှိကောင်းရှိနိုင်ပါတယ်။ ကရင်လူမျိုးတွေ မကျေနပ်လို့  ဆဲဆိုသမျှတော့  KNU  က  ခါးဆီးခံပေါ့လေ။

ကော်သုးလေးပြည်ထူထောင်မယ်ဆိုတဲ့စကားက  အဲ့သည်လို  တစ်စုံတစ်ရာ ညှိနှိုင်းထားခဲ့တာ ရှိလို့ ​ ကြေညာတဲ့သဘောသက်ရောက်ပါတယ်။ ကော်သုးလေးပြည် တည်ထောင်မယ်ဆိုတဲ့စကားကို  သုံးသပ်ရရင် ( ၂ ) မျိုး  ဖြစ်နိုင်ပါတယ်။ပထမတမျိုးက  ကွဲနေတဲ့ကရင်အဖွဲ့တွေ  စုစည်းပြီး  ကော်သုးလေးပြည် တည်ထောင်ခြင်းမျိုးနှင့်ဒုတိယတမျိုးက နယ်ပယ်ချဲ့ထွင်ပြီး  ကော်သုလေးပြည်ထူထောင်ခြင်းမျိုးဟု  ယူဆစရာ  ရှိပါတယ်။ ကော်သုးလေးပြည်က  ဤ၍ဤမျှ  ကျယ်ဝန်းပါတယ်ဆိုပြီး  အဆိုပြုလာတာမျိုး ၊ ကြေညာလာတာမျိုးကို  ဆိုလိုပါတယ်။ဘာလို့လည်းဆိုတော့  ပဲခူးတိုင်း ၊ မွန်ပြည်နယ် ၊ တနင်္သာရီတိုင်းထဲမှာ  KNLA  တပ်မဟာတွေ  ဖြန့်ကျက်ထားရှိပြီး   တချို့နေရာတွေမှာတော့  သယံဇာတ  လုပ်ကွက်တွေ  လုပ်နေတာလည်း  ရှိပါတယ်။နွေဦးတော်လှန်ရေးပြီးရင်  တခြားသောတိုင်းဒေသကြီးများနှင့်ပြည်နယ်တွေမှာ  အခြေချထားတဲ့တပ်မဟာတွေကို  ပြန်ရုပ်သိမ်းဖို့တာဝန်ကလည်း  KNU  မှာ  ရှိနေပါသေးတယ်။

ပဲခူးတိုင်း၊တောင်ငူခရိုင်လား ?? 
ကရင်ပြည်နယ်၊ညောင်လေးပင်ခရိုင်လား ?? ဆိုတာမျိုး  အငြင်းပွားတွေလည်း  ရှိနိုင်ပါတယ်။ ကျနော်တို့ ကော်သုးလေးပြည်က  အဲ့လောက်ကျယ်ပါတယ်ပြောခဲ့ရင်   ငါတို့တောင်ငူအင်ပါယာက  ဘယ်လောက်ကျယ်ပါတယ်  ပြန်ပြောပြီး  အငြင်းပွားနေကြလိမ့်အုံးမယ်  ထင်ပါတယ်။ကော်သုးလေးနှင့်မွန်ပြည်နယ်နယ်နမိတ်အငြင်းပွားရင်   ငါတို့ဟံသာဝတီက  ဘယ်လောက်ကျယ်ခဲ့တာကွဆိုပြီး  ဒါမျိုးတွေ  လာအုံးမည့်သဘော ရှိပါတယ်😁။ တခြားသော ပြည်နယ်နှင့်တိုင်းဒေသကြီးတွေကြား၊ပြည်နယ်တစ်ခုနှင့်တစ်ခုကြားမှာလည်း ထိုကဲ့သို့ နယ်မြေအငြင်းပွားစရာ ကိစ္စလေးတွေ  ဖြစ်ပေါ်လာနိုင်တာမျိုး တွေ့ရပါတယ်။

မိမိရဲ့ယူဆချက်အရတော့  တိုင်းဒေသကြီးနယ်နမိတ်နှင့်ပြည်နယ်နယ်နမိတ်တွေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ  ၁  ရက်  အာဏာမသိမ်းခင်ကထုတ်ထားတဲ့ မြေပုံတိုင်းတာချက်အတိုင်းပဲ  ရှိစေချင်တယ်။အဲ့ဒါဆိုရင်  အငြင်းပွားမှု  သက်သာမယ်  ယူဆမိတယ်။နယ်နမိတ်စည်းပေါ်က တချို့သော အငြင်းပွားနယ်မြေ​လေးတွေကိုတော့  ၎င်းနယ်မြေက  ပြည်သူတွေကို  မည်သည့်ဘက်နေထိုင်ချင်လဲ  မဲခွဲပြီး  ထည့်ပေးလိုက်တာ ပိုအဆင်ပြေမယ်  ယူဆမိတယ်။

တိုင်းဒေသကြီးတွင်းနှင့်ပြည်နယ်တွင်း နယ်နမိတ်စည်း  အငြင်းပွားမှုကတော့  သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်တွေက  ကိုယ့်ကိစ္စကိုယ်ရှင်းကြပေါ့။အဲ့သည်လိုမှ  မကျေလည်နိုင်ရင်  တခြားပြည်နယ်နှင့်တိုင်းဒေသကြီးတွေက  ကြားဝင်စေ့စပ်ပေးဖို့တာဝန် ရှိပါတယ်။အဲ့သည်လိုပဲ  ယူဆမိပါတယ်။

စစ်အာဏာရှင်တွေဟာ   တိုင်းရင်းသားလက်နက်များ၏စိတ်ဓာတ်ကို  ပျက်စီးစေခဲ့တယ်လို့ အရင်စာစုတွေထဲမှာ  ထည့်ပြောထားခဲ့ပြီးဖြစ်လို့  အဲ့သည်အကြောင်းအရာကို  ထပ်ကျော့ပြီး မရေးတော့ပါဘူး။
မိမိအခြေအနေ  မိမိသိရှိပြီး  မိမိကိုယ်ကို  ပဲ့ပြင်ထိန်းကြောင်းခါ  ကောင်းမွန်စွာ  လျှောက်လှမ်းနိုင်ဖို့  ကိုယ်စီကိုယ်စီက ကြိုးစားကြရမှာပါ။

myanmar  society 🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ