ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးဖို့မကြိုးစားကြနဲ့
မြန်မာပြည်သူတွေကို "ရိုအကြမ်းဖက် ၊ မူစလင်အကြမ်းဖက် " ဝေါဟာရမသုံးဖို့ တောင်းဆိုတယ်ဆိုတော့ .... "မဟာဗမာလူမျိုးကြီးဝါဒတွေ ၊ အကြမ်းဖက်နိုင်ငံ ၊ အကြမ်းဖက်ဗမာတွေ ၊ အစွန်းရောက်ဗုဒ္ဓဘာသာတွေ " စသည့်ဝေါဟာရတွေသုံးပြီး တိုက်ခိုက်နေတာတွေကိုလည်း ရှုံ့ချသင့်ပါတယ်။ ဒုတိယလူမျိုးသုဉ်းလှိုင်းသတ်ဖြတ်ပါတယ်ဆိုတဲ့ထုတ်ပြန်ချက်စာစောင်တွေထုတ်ပြီး လူ့မှုကွန်ယက်တွေပေါ်မှာ မူစလင်တွေဖက်က အုံနဲ့ကျင်းနဲ့ ဖြန့်ဝေတိုက်ခိုက်နေတာတွေကိုလည်း (၁၉၅ )ဖွဲ့ဖက်က ကန့်ကွက်သင့်ပါတယ်။
အဲ့သည် ( ၁၉၅ ) ဖွဲ့ရဲ့ထုတ်ပြန်ချက်ဟာ ဂရုနာသက်သလိုလို ၊ ကိုယ်ချင်းစာတရားမြင့်မားလွန်းသလိုလို ၊ စံနှစ်ထပ်ကွမ်းသူတော်ကောင်းအထာပေးထုတ်ပြန်ပြီး အမှုမှန်ကိုဖုံးကွယ်ဖို့ ကြိုးစားတာမျိုးဖြစ်မသွားဖို့တော့ လိုပါတယ်။
ရိုဘင်္ဂလီများနှင့်ဖွဲ့စည်းထားသော ARSA , ARA , RSO တို့ဟာ ရိုဘင်္ဂလီလူမျိုးကို ကိုယ်စားမပြုဘဲ သူတို့စိတ် သူတို့ဆန္ဒအရ (သို့မဟုတ်) အတင်းအကြပ်ဖိအားပေးမှုတွေအရလို့ စာထုတ်ပြန်တဲ့ (၁၉၅ )ဖွဲ့က ထိုကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုတယ်ဆိုရင် ......
စစ်ကောင်စီက ရခိုင်မှာရှိတဲ့မူစလင်အသိုင်းအဝိုင်းကို လူမျိုးရေးသန့်စင်မှုလုပ်ခဲ့တာမှာ "စစ်တပ်ကို ဦးတည်တရားမစွဲခဲ့ဘဲ " ဘာကြောင့် "နိုင်ငံနှင့်မြန်မာပြည်သူတွေ"ကို ရိုဘင်္ဂလီတွေက တရားစွဲခဲ့ကြသလဲ ??
အဲ့သည်လိုဆိုခဲ့ဆိုရင် ICJ မှာ "နိုင်ငံနှင့်ပြည်သူတွေ"ကို တရားစွဲထားခဲ့တဲ့အမှုကို ပြန်ရုပ်သိမ်းလိုက်လေ ..ရှင်းရှင်းလေးပါ။ မရုပ်သိမ်းနိုင်ရင် ICJ အမှုကို ပြန်ချေပတဲ့အခါ စစ်ကောင်စီနည်းတူ ရိုဘင်္ဂလီတွေဟာလည်း၎င်းအမှုမှာ ဘယ်လိုပါဝင်ပက်သက် ဖန်တီးခဲ့တဲ့အကြောင်းကို ပြောဖို့တော့လိုမယ် ထင်ပါတယ်။
[ ရွှေရင်အေး နှင့် ဝေသာလီ ရခိုင်ရွာတွေမှာ ပျော်ပျော်ကြီး မီးရှို့ခဲ့တဲ့ဗီဒီယိုဖိုင်ထဲက မီးရှို့သူတွေရဲ့အပြုအမူဟာ အတင်းအကြပ်ခိုင်းလို့ လုပ်ရပါတယ်ဆိုတဲ့မူဘောင်ကို ကျော်လွန်ပါတယ် .. လူကြီးမင်းတို့ .. ]
ARSA က ရခိုင်နယ်ခြားစောင့်ကင်းစခန်းတွေကို စတင်တိုက်ခိုက်ရာက စစ်ကောင်စီရဲ့တန်ပြန်နယ်မြေရှင်းလင်းမှုမှာ ရိုဘင်္ဂလီတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ထွက်ပြေးခဲ့ရတဲ့အမှုကိစ္စ ဖြစ်ပါတယ်။ယခု ၎င်းအမှုကြီးဖြစ်အောင် အစပြုခဲ့တဲ့ ARSA ၊ ARA ၊ RSO တို့ဟာ စစ်ကောင်စီနဲ့ တဖန်ပြန်ပူးပေါင်းပြီး တော်လှန်ရေးဖက်ကို ပြန်တိုက်ခိုက်နေတာမျိုးပါ။အဲ့ဒါကြောင့် လူမျိုးရေးသန့်စင်မှုကြီးမဖြစ်ခင် နဂိုကတည်းက ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ကြသလားဆိုတဲ့မေးခွန်းထုတ်ဖို့ လိုပါတယ်။
ထိုထိုသောသူများဟာဖြင့်
အာဏာမသိမ်းခင်က ....
အဲ့သည်အမှုနဲ့ပက်သက်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးပြီး အပုတ်ချခဲ့ကြတယ် ။
အာဏာသိမ်းပြီးနောက်မှာ ...
အဲ့သည်အမှုနဲ့ပက်သက်ရင် တော်လှန်ရေးဖက်ကို ရွေးအပုတ်ချနေတယ် ....
သည်လောက် ရှင်းနေတာကို မမြင်နိုင်ရင် မျက်လုံးက တိမ်ကွယ်နေလို့ပဲ ဖြစ်မယ်။
[ ရိုဘင်္ဂလီ ပြန်လည်လက်ခံရေးနှင့်လူသားချင်းစာနာမှုက သက်သက်တကဏ္ဍပါ ၊ ဗလုံးဗထွေး ရောမချတာ ကောင်းပါတယ် ]
အဲ့သည်(၁၉၅ )ဖွဲ့ဆိုတာ NUCC ဆွေးနွေးပွဲမှာ သမ္မတကြီး'ဒူဝါလရှီးလ'ကို အောက်လုံးတွေနဲ့ပြောခဲ့တဲ့ ( ၃ ) ယောက် တဖွဲ့တွေလား (သို့မဟုတ်) NUCC ထဲကနေ မြန်မာနိုင်ငံသားဥပဒေ ဖျက်သိမ်းတယ်လို့ ကြေညာခဲ့တဲ့အဖွဲ့တွေလားဆိုတာ သိချင်မိတယ်🤭🤭
myanmar society 🇲🇲