အမှောင်ခွင်း၍ အလင်းရောက်စေ
နွေဦးတော်လှန်ရေး ( ၃ ) နှစ်ပြည့်ကာလအတွက် ရေးစရာတွေက များနေလို့ ဘယ်နေရာက စတင်ရေးလိုက်ရမလဲတောင် မသိဖြစ်ရပါတယ်။ကမ္ဘာ့အရေးက တစ်ဖက်၊မြန်မာ့အရေးက တစ်ဖက်ဆိုတော့ ချိန်ထိုး စဉ်းစားဆင်ခြင်စရာတွေက များနေတာကြောင့် ဖြစ်ပါတယ်။
အခါအားလျော်စွာ စာရေးဖြစ်သည့်အခါတိုင်း မိမိတို့အား စာဖတ်ပရိတ်သတ်တချို့မှ မေးခွန်းတွေ လာလာမေးလေ့ရှိကြပါတယ်။အမျိုးမျိုးသော မေးခွန်းတွေထဲက တစ်ခုကတော့ "ကမ္ဘာကြီးဟာ Deep State လက်အောက်ကနေ ဘယ်တော့များမှလွတ်မြောက်နိုင်မလဲ"ဆိုသည့်မေးခွန်းပါ။ ကမ္ဘာကြီးဟာ Deep State ချုပ်ကိုင်စိုးမိုးမှုအောက်ကနေ လွတ်မြောက်ရင် မြန်မာပြည်ဟာလည်း ကျွဲကူးရေပါသဘောမျိုး လွတ်မြောက်ရာလမ်း ရောက်နိုင်သင့်၏ဟု တွက်ဆမေးကြားခြင်းဟု နားလည်ရပါတယ်။
[ Deep State အကြောင်းအား ပိုမိုသိလိုလျှင် ဖော်ပြပါလင့်ခ်အား နှိပ်၍ဖတ်ရှုနိုင်ပါတယ်။ https://m.facebook.com/story.php?story_fbid=4146795398736114&id=109138645835163&mibextid=Nif5oz ]
၎င်းအမေးအား ပြန်ဖြေရလျှင် -
မိစ္ဆာသည်လည်း သူချည်းမဟုတ် ၊ မိစ္ဆာမှာလည်း တပ်ပေါင်းစုနဲ့ဆိုတော့ အလွယ်ပြိုပျက်ဖို့ဆိုတာ မလွယ်ကူနိုင်ဘူးပေါ့။သူတို့ကလည်း လွှမ်းမိုးဖို့ အမြဲကြိုးစားနေကြသလို ကိုယ်တွေကလည်း တွန်းလှန်နှိမ်နင်းဖို့ အမြဲကြိုးစားနေရမှာ ဖြစ်ပါတယ်။ ဓမ္မနှင့်အဓမ္မဆိုတာ အမြဲဆန့်ကျင်ဖက်သဘောတရားလို ဖြစ်နေတာကိုး။ တခါတရံမှာ ဓမ္မဖက်တော်သားတွေကပဲ အမှောင်ဖုံးပြီး အဓမ္မဖြစ်သွားတာကြောင့် ကမ္ဘာတည်သရွေ့အားပြိုင်နေရအုံးမည့် သဘောတရားဖြစ်ပါတယ်။
ကမ္ဘာမှာ ၎င်းသဘောတရားအား အမြဲအားပြိုင်နေရမှာဖြစ်သလို မြန်မာမှာလည်း ၎င်းသဘောတရားအား အမြဲအားပြိုင်နေရမှာ ဖြစ်ပါတယ်။ဆိုလိုချင်တဲ့သဘောက နွေဦးတော်လှန်ရေးအောင်နိုင်ခြင်းသည်ပင် အဆုံးသတ်ပန်းတိုင်ရယ်လို့ မဟုတ်ပါဘူး ၊ပထမအဆင့်ပြီးမြောက်ခြင်း မျှသာရှိပါသေးတယ်၊ ၎င်းအဆင့်နောက်မှာ မရေမတွက်နိုင်သော အဆင့်များစွာကို ရင်ဆိုင်ဖြတ်သန်းနေရအုံးမှာသာ ဖြစ်ပါတယ်။
လက်ရှိကမ္ဘာ့အခင်းအကျင်းမှာ ဓမ္မဘက်တော်သားတွေ အခြေအနေမကောင်းဘူးလားဆိုတော့လည်း အဲ့သည်လို မဟုတ်ပါဘူး။လက်ရှိကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအရ ဓမ္မဘက်တော်သားတွေ အားကောင်းမောင်းသန်ဖြစ်လာတယ်၊လွှမ်းမိုးချုပ်ကိုင်မှုပိုများလာတယ်လို့ ကောက်ချက်ချလို့ရပါတယ်။အလွယ်ဆုံး သာဓက'ပေးရလျှင် အရင်ကထက်စာရင် အမှန်တရားတွေ စာဖတ်သူတွေ ပိုသိလာကြတယ်မဟုတ်ပါလော။ဥပမာ - ကုလသမဂ္ဂ ၏အတွင်းသရုပ်သကန်အမှန်က ဘာလဲဆိုတာ သိလာရတယ်၊ အာစီယံအဖွဲ့အစည်း၏အတွင်းသရုပ်သကန်အမှန်က ဘာလဲဆိုတာ သိလာရတယ်၊အမေရိကန်နှင့်ဥရောပနိုင်ငံများ၏အတွင်းသရုပ်သကန်အမှန်က ဘာလဲဆိုတာ သိလာရတယ်၊အိမ်နီးချင်းနိုင်ငံများ၏အတွင်းသရုပ်သကန်အမှန်က ဘာလဲဆိုတာ သိလာရတယ်၊ကမ္ဘာ့နိုင်ငံရေးနှင့်မြန်မာ့နိုင်ငံရေး၏အတွင်းသရုပ်သကန်အမှန်က ဘာလဲဆိုတာ သိလာရပါတယ်။
၎င်းဖြစ်ရပ်တွေက မည်သည်ကိုရည်ညွှန်းနေသလဲဆိုရင် မြန်မာတင်မက ကမ္ဘာမှာပါ ဓမ္မတရားဟာ အားကြီးလွှမ်းမိုးလာလို့ အမှန်ကို သိခွင့်ပိုရလာတာလို့ ကောက်ချက်ဆွဲလို့ရနိုင်ပါတယ်။မိစ္ဆာအားကြီးပြီး အမှောင်ဖုံးနေရင် အမှားကိုသာ အမှန်ထင်နေမှာဖြစ်သလို အဖွဲ့အစည်း၊အသင်းအပင်းနှင့်အစိုးရများ၏သရုပ်သကန်အမှန်အား ကျွန်ုပ်တို့အနေနဲ့ သိနိုင်ဖို့ရာ မလွယ်ကူပါဘူး။
လက်ရှိဖြစ်ပျက်နေသည့်ကမ္ဘာ့အရေးအခင်းအကျင်းအား ခြုံငုံကြည့်ရလျှင် ၂၀၂၄ ခုနှစ်ဟာ ကမ္ဘာ့နိုင်ငံအတော်များများမှာ ရွေးကောက်ပွဲကျင်းပဖို့ ရှိသည်ဟု သိရှိထားပါတယ်။ ထိုထိုသောရွေးကောက်ပွဲများမှာ ဓမ္မဘက်တော်သားများကလည်း သူတို့နဲ့အကြာင်းဖက်နိုင်မည့်သူ ပိုများများတက်လာနိုင်ရေးအား ကြိုးပမ်းကြမှာ ဖြစ်သလို အဓမ္မဖက်တော်သားများကလည်း သူတို့အုပ်စု ပိုမိုအားကောင်းလာရေးအတွက် သူတို့နဲ့အလျင်းသင့်သူ များများတက်လာနိုင်ရေး ကြိုးပမ်းကြလိမ့်မယ် ယူဆရပါတယ်။၎င်းရွေးကောက်ပွဲတွေများစွာထဲက အဓိကကျတဲ့ရွေးကောက်ပွဲကတော့ အမေရိကန်ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ အမေရိကန်ရွေးကောက်ပွဲရလဒ်အပြောင်းအလဲဖြစ်သွားအောင် ပြည်ပနိုင်ငံတချို့က စွက်ဖက်ခဲ့သော သဲလွန်စတွေ တွေ့ရတယ်လို့ အသံတွေ ညံနေခဲ့တာ ဖြစ်ပါတယ်။ အဲ့သည်အတွက် လာမည့် ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ ပြည်ပနိုင်ငံတွေ ဝင်ရောက်စွက်ဖက်ခွင့်မရလေအောင် ၊ အာရုံစိုက်ချိန်မရအောင် ထမင်းနှဲကို မိုးပြဲဒယ်အိုးထဲထည့်မွှေသလို မွှေထားလိမ့်မယ်လို့ ယူဆမိပါတယ်။
အထူးသဖြင့် - အမေရိကန်တို့၏ရွေးကောက်ပွဲအား ဝင်ရောက်မစွက်ဖက်နိုင်ရေး ကြိုကာပြုလုပ်မည့် ဦးတည်ချက်များဟာ ဥရောပ၊အရှေ့အလယ်ပိုင်း၊ တရုတ်ပြည်တို့ ဖြစ်လာဖွယ်ရာ ရှိပါတယ်။အမေရိကန်သမ္မတဂျိုးဘိုက်ဒန်ဟာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ သူထပ်မံယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သူ၏မဟာမိတ်တွေကို အသိပေးထားတာမျိုးလည်း ရှိနေလို့ပဲ ဖြစ်ပါတယ်။
လက်ရှိဖြစ်ပျက်နေတဲ့အခင်းအကျင်းကို လေ့လာကြည့်မယ်ဆိုရင်လည်း အရှေ့အလယ်ပိုင်းမှာ အစ္စရေး - ပါလက်စတိုင်းပဋိပက္ခဟာ အရှေ့အလယ်ပိုင်းနိုင်ငံများအတွက် အင်မတန်ခေါင်းခဲ အာရုံများစရာ ကိစ္စဖြစ်နေပါတယ် ၊ ဥရောပတိုင်းပြည်တွေမှာ ကမ္ဘာ့လုံးဆိုင်ရာအစီအစဉ် ၂၀၃၀ ကို တောင်သူလယ်သမားတော်လှန်ရေးနဲ့ ဦးတည်ပေးထားတာကို တွေ့ရပါတယ် ၊ တရုတ်ပြည်အတွက်ကတော့ မည်သို့သောအကြောင်းအရာ ပေါ်ပေါက်လာအုံးမည်ဆိုတာ မခန့်မှန်းနိုင်သေးပါဘူး။ အမေရိကန်ပြည်သူများအတွက် အမေရိကန်ရွေးကောက်ပွဲနှင့်၎င်း၏ပြည်တွင်းရေး အားပြိုင်မှုကတော့ သက်သက်တပိုင်းထား ပြောရမည့်သဘော ရှိပါတယ်။
၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအလားအလာနှင့် ၎င်း၏ပြည်တွင်းရေးအားပြိုင်မှုအခြေအနေများကို ပြောရရင်ဖြင့် _
၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲအတွက် လူငယ်ခြေတက်တွေ တက်ကြွစွာပါဝင် ၊ ပွဲထုတ်ခဲ့ကြပေမဲ့လို့ ထုံးစံအတိုင်း အဘိုးအိုကြီးနှစ်ယောက်ကို မယှဉ်နိုင်လို့ ဘေးထွက်ထိုင်နေရတဲ့အနေအထားတစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်။ ၎င်းအဘိုးအိုကြီး နှစ်ယောက်ကတော့ ဂျိုးဘိုက်ဒန် နှင့် ဒေါ်နယ်ထရန့်တို့ပဲ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်အမေရိကန် ရွေးကောက်ပွဲမှာ မဲပေးခဲ့သူတွေရဲ့မဲတွေကို ကုလားဖန်ထိုးခဲ့တယ်ဆိုတဲ့စွတ်စွဲမှုတွေ ရှိခဲ့သလို ( ကောင်တီတချို့က မဲမသမာမှုအကြောင်း အတည်ပြုထားတဲ့တရားဝင်သတင်းတွေ ရှိပြီးဖြစ်ပါတယ်) ၊ ပြည်ပတိုင်းပြည်တချို့က ဝင်ရောက်စွက်ဖက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့အသံတွေ ညံနေခဲ့တာ ဖြစ်ပါတယ်။နောက်တစ်ခုက ဆိုရှယ်ပလက်ဖောင်းတွေမှာ ရွေးကောက်ပွဲအကြောင်း၊ကိုဘစ်နှင့်ကာကွယ်ဆေးအကြောင်း၊အဂတိချစားမှုတွေအကြောင်းအား ပြောလို့မရအောင် ကန့်သတ်မှုတွေ လွန်လွန်ကျူးကျူးလုပ်ခဲ့ကြတယ်ဆိုတဲ့ အပိုင်းတွေလည်း ရှိခဲ့ပါတယ်။
ယေဘုယအားဖြင့် ၎င်းအနေအထား ဟုတ်ခဲ့သည်ဖြစ်၊မဟုတ်ခဲ့သည်ဖြစ်စေ ၂၀၂၄ ခုနှစ် အမေရိကန် ရွေးကောက်ပွဲမှာတော့ ၎င်းအနေအထားတစ်ရပ်ကို ပြန်လည်တည့်မက် အထူးစောင့်ကြည့်ကြလိမ့်မည်ဟု ထင်ပါတယ်။
အမေရိကန်ပြည်တွင်းရေး အားပြိုင်မှုမှာတော့ ဒီမိုကရက်တစ်ပါတီနဲ့ အလွမ်းသင့်သောဘီလီယံနာသူဌေးကြီးများနှင့်၎င်းတို့ပိုင်ဆိုင်သောမီဒီယာများက တစ်ဖက် ၊ ရီပက်ဗလစ်ကန်ပါတီနဲ့ အလွမ်းသင့်သောဘီလီယံနာသူဌေးကြီးများနှင့် ၎င်းတို့ပိုင်ဆိုင်သော ဆိုရှယ်ပလက်ဖောင်းတွေက တဖက် အဲ့သည်လိုအနေအထား ရှိပါတယ်။၎င်းကတော့ မြင်သာသည့်အပိုင်း ဖြစ်ပါတယ်။
မမြင်သာသည့်အပိုင်းကတော့ Deep State လို့ အများသမုတ်ကြတဲ့ "လက်မည်းကြီးများ" ပဲ ဖြစ်ပါတယ်။ ထိုလက်မည်းကြီးများအား စီးမိထားပြီဟုတော့ နိုင်ငံရေးလေ့လာတွက်ချက်သူတချို့မှ ဆိုသည်။
လူမှုပလက်ဖောင်းများသို့ ပြန့်နှံ့လာသော အမေရိကန်အစိုးရအဖွဲ့ဝင်များ၌ ဂျူးလူမျိုးအများအပြား ပါဝင်နေမှု အချက်အလက်များ၊အမေရိကန်နှင့်ကမ္ဘာ့နိုင်ငံများမှမြေအောက်လျှို့ဝှက်ဥမင်များ၏ဓာတ်ပုံများ၊လူကုန်ကူးမှုဖမ်းမိသက်သေဓာတ်ပုံများ၊ခလေးကာမဖမ်းမိသက်သေဓာတ်ပုံများ၊ မြေအောက်လျှို့ဝှက်ဥမင်များအား ဝင်ရောက်စီးနင်းရန်အတွက် ဘတ်ဂျတ်တောင်းခံထားရှိမှုအခြေအနေများ ၊ လျှို့ဝှက်ဥမင်အတွင်းမှ ထူးဆန်းသော သတ္တဝါဆန်းဆန်းများ၏ရုပ်ကြွင်းများ၊ ကမ္ဘာ့သတင်းဌာနများ,ဆေးဝါးကုမ္ပဏီများ,အစားအသောက်ထုတ်လုပ်ရောင်းချသော ကုမ္ပဏီများ,ရုပ်ရှင်နှင့်တေးထုတ်ရေးဖျော်ဖြေရေးကုမ္ပဏီများ,တခြားသောပေါက်ကြားလာသောလျှို့ဝှက်ဖိုင်များ စသည်တို့၌ ဂျူးများ၏လွှမ်းမိုးချုပ်ကိုင်မှုသတင်းအချက်အလက် ပေါ်ပေါက်လာမှုများအား ခြုံငုံကြည့်လျှင် ထိုတွက်ဆမှုသည် ဖြစ်နိုင်ခြေရှိသောတွက်ဆမှုဟု ဆိုလို့ရနိုင်ပါတယ်။
တဆင့်မြင့်နိုင်ငံရေးရေချိန်အနေနဲ့ပြောရရင် _
၂၀၂၀ ခုနှစ်အမေရိကန် ရွေးကောက်ပွဲပြီးကတည်းက အကုန်လုံးကို ကိစ္စတုံးလိုက်တယ်လို့ ယူဆမိတာပါပဲ။ ယခုက ဇာတ်လမ်းတွဲကြိုက်တဲ့သူတွေအတွက် ဇာတ်လမ်းတွဲဆက်ရိုက်ပေးနေတဲ့သဘောတရားဆန်ဆန် ဖြစ်ပျက်နေတာမျိုးတွေ တွေ့ရပါတယ်။
၂၀၂၀ ခုနှစ် အမေရိကန်ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ ပြီးသွားချိန်မှာ ဒေါ်နယ်ထရန့်က အာဏာသိမ်းတော့မှာလို့ ပင်မမီဒီယာကြီးတွေ ကျယ်ကျယ်လောင်လောင် အော်ခဲ့ကြတာ မှတ်မိကြအုံးမယ် ထင်ပါတယ်။လွှတ်တော်ကို ဝင်စီးတယ်ဆိုပြီး လူတွေဆန္ဒပြခဲ့ကြတာ မှတ်မိကြအုံးမယ် ထင်ပါတယ်။နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်နဲ့ အိမ်ဖြူတော်၊လွှတ်တော်၊ဖက်ဒရယ်ရီဆက်ဖ်ဘဏ်ကို ကာခဲ့တာကိုလည်း မှတ်မိကြအုံးမယ် ထင်ပါတယ်။လက်ရှိဂျိုးဘိုက်ဒန်ဟာ ယခင်ဂျိုးဘိုက်ဒန်နဲ့ အသွင်သဏ္ဍာန်ကွဲပြားတာ ခွဲခြားသိပေးစေလိုပါတယ်။လတ်မှတ်ထိုးတာကအစ ကွဲပြားနေတယ်။
သူတို့ လူတွေကိုတွေးစေချင်တဲ့ရှု့ထောင်ကနေ မရှုမြင်/မတွေးဘဲ ၊ တခြားရှု့ထောင့်က တွေးကြည့်ရင် အဖြေက တမျိုးထွက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။အကြီးမားဆုံး စဉ်းစားသင့်တဲ့အချက်က ဘဝပျက်ပြီး ကိုယ်ကျိုးနည်းအရှက်တကွဲဖြစ်အောင်ထိ ထိုးချရိုက်ချခံလိုက်ရတဲ့နောက်မှာ ဒေါ်နယ်ထရန့် ပြန်လာနိုင်ခဲ့တယ်ဆိုရင် ပြန်လာနိုင်လောက်သည့်အကြောင်းပြချက် ရှိရမှာဖြစ်ပါတယ်။
အဲ့သည်အကြောင်းပြချက်က ဘာတွေလဲ ?
ဘယ်လိုအကြောင်းတရားတွေ လုပ်နိုင်ခဲ့လို့လဲဆိုတာ တွေးဆရမှာပါ။
၂၀၂၄ ခုနှစ်အမေရိကန် ရွေးကောက်ပွဲအနေအထားနှင့်ပြည်တွင်းနိုင်ငံရေးအား ဘက်မျှစေဖို့ ရီပက်ဗလစ်ကန်ပါတီဖြင့် အလွမ်းသင့်သောသူဌေးကြီး အီလွန်မက်က X လူမှုကွန်ယက် [တွစ်တာ]ကို ဒေါ်လာ( ၄၄ ) ဘီလီယံဖြင့် ဝယ်ယူနိုင်ခဲ့တာ ရှိပါတယ်။ တွစ်တာဟာ အမေရိကန်ပြည်သူတွေအများစု အသုံးပြုကြတဲ့လူမှု ကွန်ယက်ဖြစ်နေလို့ပါပဲ။ထိုသို့အမေရိကန်ပြည်သူတွေ အသုံးပြုများတဲ့လူမှုကွန်ယက် X လူမှုပလက်ဖောင်း [ တွစ်တာ ] ကို သူဌေးကြီး အီလွန်မက်က မရမက ဝယ်ပြီး Open Source အနေအထားရောက်သည်ထိ ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။၎င်းသည်လည်း ကြီးမားတဲ့နိုင်ငံရေးအပြောင်းအလဲ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။စီးပွားရေးဟာ နိုင်ငံရေးနဲ့ ပက်သက်ဆက်နွယ်မှုများစွာရှိလို့ ဖြစ်ပါတယ်။
ထိုသို့ X လူမှုပလက်ဖောင်းမှာ လွတ်လပ်စွာပြောဆိုခွင့် ရှိလာတာကြောင့် လူမှုပလက်ဖောင်းများကြား၊ပင်မသတင်းမီဒီယာကြီးများ၏သတင်းများနှင့် X လူမှုပလက်ဖောင်း၏သတင်းများကြား ချိန်ထိုးနှိုင်းယှဉ်မှုများရှိလာခဲ့ပြီး လက်ဝဲယိမ်းသတင်းဌာနများနှင့်လူမှုပလက်ဖောင်းများဟာလည်း လိုက်ပြီးအလျော့ပေးလာနေရတာကို တွေ့ရမှာဖြစ်ပါတယ်။
ခုနောက်ပိုင်းမှာ ဒီမိုကရက်တွေနှင့်အပေါင်းအပါများ၊ဂျိုးဘိုက်ဒန်မိသားစုရဲ့အဂတိမှုသတင်းတွေဆက်တိုက်တက်လာတာ သိပြီးဖြစ်ပါလိမ့်မယ်။
သို့ပေမဲ့ အမေရိကန်လိုနိုင်ငံမှာ ဖြစ်နေပါလျှက်နဲ့ ဘာအရေးယူမှု၊စုံစမ်းမှုမှ ဖြစ်ပေါ်မလာခဲ့ရင် အခြားတစ်ဖက်မှာ ၎င်းကိစ္စရပ်များအတွက် ပေးဆပ်မှု (သို့မဟုတ်) အပေးအယူသဘောမျိုး ရှိထား၍ဟု တွက်ယူရမဲ့သဘော ရှိပါတယ်။
ကြားလယ်က ဝင်ရောက်စေ့စပ်သူက အီလွန်မက်စ်ဖြစ်တယ်ဆိုတာကတော့ သေချာတယ်။အီလွန်မက်ဟာ အောက်လွှတ်တော်ဥက္ကဌ ကီဗင်မကာသီနဲ့ သွားရောက်တွေ့ဆုံခဲ့တာမျိုး ရှိခဲ့သလို အထက်လွှတ်တော်လူများစုခေါင်းဆောင် ချောက်ရှူးမားနဲ့သွားရောက်တွေ့ဆုံ ညှိနှိုင်းမှုပြုခဲ့တာ တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ရီပက်ဗလစ်ကန်နှင့်ဒီမိုကရက်တွေကြားမှာ သေချာပေါက် ညှိနှိုင်းမှု တစ်ရပ်ပြုလုပ်ခဲ့တယ်ဆိုတဲ့အချက်ကတော့ ခိုင်မာစွာ တွေ့ခဲ့ရတယ်။သဘောတူညီမှု ရခဲ့သည်လား၊မရခဲ့ဘူးလားတော့ မသိရပါဘူး။
ပြောင်းပြန်ပြန်စဉ်းစားမှု ပြုကြည့်မယ်ဆိုပါက စေ့စပ်ဆွေးနွေးမှုရဲ့ရလဒ်ဟာ မည်သူသည် သမ္မတဖြစ်ထိုက်တယ်ဆိုတဲ့ ကနဦး သဘောတူလျာထားချက်မျိုးတော့ ရှိနိုင်တယ်။
သို့ပေမဲ့လည်း မဲပေး ရွေးချယ်မှာက အမေရိကန်ပြည်သူတွေသာ ဖြစ်ပါတယ်။
အဲ့သည်တော့ ဘယ်သူကိုပဲ မဲပေးထိုက်တယ် ၊ ဘယ်သူကိုတော့ မဲမပေးထိုက်ဘူးဆိုတဲ့အကြောင်းအရာဟာ ဗျူဟာတစ်ရပ်လို တစ်ဖက်နှင့်တစ်ဖက် အကြိတ်အနယ်ယှဉ်ပြိုင်ကြလိမ့်ဦးမည်လား(သို့မဟုတ်)ဒီမိုကရက်ပါတီဖက်က အလျော့ပေးသွားလေမလားဆိုတာမျိုးကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။အဲ့သည်အပိုင်းကတော့ ရွေးကောက်ပွဲရက်နီးလာတော့မှ ထပ်ပေါင်းတွက်ချက်တာမျိုး ထက်လုပ်ရမည့်သဘော ရှိပါတယ်။
အမေရိကန်ရွေးကောက်ပွဲနဲ့ ပက်သက်ပြီး မြန်မာ့တော်လှန်ရေးဖက်တော်သားတွေအနေနဲ့ ဘာမျှော်လင့်လို့ရနိုင်မှာမို့လဲဆိုပြီးတော့ မေးစရာရှိပါတယ်။
လက်ရှိအမေရိကန်သမ္မတဂျိုးဘိုက်ဒန်ရဲ့ပေါ်လစီဟာ မြန်မာ့အရေးနဲ့ပက်သက်ပြီး မစွံတာတော့ သေချာနေပါတယ်။ ဒါကြောင့် အမေရိကန်ရွေးကောက်ပွဲပြီးလို့ ဂျိုးဘိုက်ဒန်ပြုတ်ကျပြီး ဒေါ်နယ်ထရန့်ဖြစ်စေ၊ တခြားတစ်ယောက်ယောက်ဖြစ်စေ တက်လာရင် "လူပြောင်း၍ မူပြောင်းလေမလား" မျှော်လင့်လို့ရနိုင်တာတော့ ရှိပါတယ်။
မူလေးနည်းနည်းပြောင်းတာ ဘာမှမဖြစ်လောက်ပါဘူးလို့တော့ ထင်လို့မရပါဘူး။ အမေရိကန်သမ္မတတစ်ယောက်၏မူလေးတစ်ချက်အပြောင်းအလဲကလည်း ကမ္ဘာကြီးကို အပြောင်းအလဲဖြစ်စေနိုင်လောက်သည်ထိ စွမ်းပါတယ်။
ကမ္ဘာ့နိုင်ငံရေးစီးကြောင်းဟာ ဘယ်လောက်အရေးကြီးနေလို့လဲ ??
ကမ္ဘာ့နိုင်ငံရေးစီးကြောင်းဟာ မိမိ၏ရည်ရွယ်ချက်နဲ့လားရာတူလျှင် ကမ္ဘာ့နိုင်ငံရေးစီးကြောင်းမှာ ရေစုန်မျှောပြီး မိမိလိုရာပန်းတိုင်သို့ လွယ်ကူစွာ သွားနိုင်မှာလည်း ဖြစ်ပါတယ်။အကယ်၍သာ ကမ္ဘာ့နိုင်ငံရေးစီးကြောင်းဟာ မိမိ၏ရည်ရွယ်ချက်နဲ့ ဖီလာဆန့်ကျင်ဖြစ်နေလျှင် ၎င်းစီးကြောင်းအား ဆန်တက်ပြီး မိမိလိုရာပန်းတိုင်သွားနိုင်ဖို့ မလွယ်ကူလှပါဘူး။ပိုပင်ပန်းမယ်၊ပိုဆင်းရဲမယ်။ဒါကြောင့် ကမ္ဘာ့နိုင်ငံရေးစီးကြောင်းကို အာရုံစိုက်ဖို့ လိုသလို ၊ ကမ္ဘာ့နိုင်ငံရေးစီးကြောင်းအား အပြောင်းအလဲဖြစ်နိုင်ခြေရှိသည့် အမေရိကန်ရွေးကောက်ပွဲကိုလည်း အာရုံစိုက်ဖို့ လိုကိုလိုအပ်ပါတယ်။
ခေတ်ရေစီးကြောင်းမှာ အဝတ်အစား၊အပြင်အဆင်၊လူမှုဆက်ဆံရေး၊ဆံပင်ကေ'ညှပ်တာကစ၍ ဒရုန်း၊လျှပ်စစ်ကား/ဆိုင်ကယ်၊ကွန်ပြူတာ၊စမက်ဖုန်း၊အင်တာနက်၊လူမှုပလက်ဖောင်း၊ဒစ်ဂျစ်တယ်ငွေကြေး စသည့် ခေတ်ပေါ်ပစ္စည်းတွေဟာ ကမ္ဘာသူကမ္ဘာသားတစ်ယောက်ချင်းပေါ်မှာ ဘယ်လောက်ရိုက်ခတ်မှု ရှိတယ်၊မည်၍မည်မျှသက်ရောက်မှု ရှိတယ်ဆိုတာ ခံစားနားလည်သိရှိကြပြီး ဖြစ်ပါလိမ့်မယ်။အသစ်သစ်သော ခေတ်စားနေတဲ့အရာများဟာ စက္ကန့်နဲ့အမျှ ထွက်ပေါ်နေတာဖြစ်လို့ သင့်အနေနဲ့ အံမဝင်လို့၊မကြိုက်လို့ မသုံးဖြစ်ခဲ့ရင်တောင် တီးမိခေါက်မိတော့ ရှိထားသင့်တဲ့အနေအထားမျိုးဖြစ်ပါတယ်။ထိုသို့မဟုတ်ခဲ့ရင် ကျွန်ုပ်တို့ဟာ သက်ဝင်လှုပ်ရှားနေသောလောကကြီးနဲ့ ဘာမှမဆိုင်တဲ့ကမ္ဘာဦးလူသားအသွင်ဖြစ်နေမှာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံရေးမှာလည်း ပြီးခဲ့သည့် ဆယ်စုနှစ်တွေက လစ်ဘရယ်ဒီမိုကရေစီဝါဒီတွေ အားကောင်းခဲ့ကြပြီး အရမ်းခေတ်စားခဲ့ကြပေမဲ့ လစ်ဘရယ်ဒီမိုကရေစီဝါဒီများဟာ တဖြည်းဖြည်းနဲ့လက်ဝဲစွန်းဆန်လာပြီး ကွန်မြူနစ်ဖက်ယိမ်းလာတယ်လို့ လူအတော်များများက မှတ်ချက်ပြုလာကြတာ တွေ့ရပါတယ်။ထိုနည်းတူ အမျိုးသားရေးဝါဒီသမားတွေ အားကောင်းလာကြတာဖြစ်လို့ "အမျိုးသားဖက်ဒရယ်ဒီမိုကရေစီဝါဒ"ဟာလည်း အားကောင်းမောင်သန်ဖြစ်လာတာ တွေ့ရပါတယ်။
ကမ္ဘာ့မူဝါဒအပြောင်းအလဲ"ဖြစ်ပေါ်မယ်လို့ ကောလဟလတွေ ထွက်ပေါ်နေခဲ့တာကတော့ နှစ်အနည်းငယ်ကြာခဲ့ပါပြီ။ တဖြည်းဖြည်းချင်းပဲ ပြောင်းလဲသွားမှာလား၊တမဟုတ်ချင်းပဲ ပြောင်းလဲသွားမှာလားဆိုတာကတော့ ခန့်မှန်းမရနိုင်သေးပါဘူး။ကမ္ဘာ့မူဝါဒအပြောင်းအလဲဟာ မိမိပြုလုပ်နေသော တော်လှန်ရေး၊နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးတို့နဲ့ ချိတ်ဆက်လုပ်ကိုင်ဖို့ လွယ်ကူနေခဲ့မည်ဆိုလျှင် (သို့မဟုတ်) ဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲဟာ မိမိရဲ့အားသာချက်မှာ ရှိနေခဲ့မည်ဆိုလျှင် မိမိ၏စွမ်းဆောင်ချက်များဟာ အလွယ်တကူအရာ ထင်နိုင်ပါတယ်။အားသိပ်စိုက်စရာ မလိုဘဲ အောင်မြင်နိုင်ပါတယ်။
ကမ္ဘာ့ခေတ်ရေစီးကြောင်း၊ကမ္ဘာ့နိုင်ငံရေး၊ကမ္ဘာ့မူဝါဒ အတိုင်း အကုန်လိုက်လုပ်ရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။မိမိနဲ့ကိုက်ညီသော အနေအထားတစ်ရပ်ဖြစ်နေခဲ့လျှင် မိမိအတွက် မည်ကဲ့သို့အကျိုးရှိအောင် အသုံးချမလဲဆိုတဲ့အပိုင်းကို တွေးဆနိုင်ဖို့အတွက် ရေးပြရခြင်း ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး( ၃ )နှစ်ပြည့် အခင်းအကျင်းအနေအထားအရ နွေဦးတော်လှန်ရေးဟာ တော်လှန်ရေးအဆင့်ထက် ကျော်လွန်လာခဲ့ပြီး စနစ်ပြောင်းလဲခြင်းကာလအပိုင်းအခြားထဲကို စတင်ချဉ်းနင်းဝင်ရောက်နေပြီဆိုတာတော့ သေချာတယ်။ဖြိုဖျက်ခြင်းနှင့်တည်ဆောက်ခြင်းဖြစ်စဉ်က ယှဉ်တွဲနေတော့ မမြင်သာဘူး ဖြစ်နေလို့ပါ။ဒါကြောင့်လည်း စစ်ကောင်စီဟာ ရေရှည်မှာ ရပ်တည်နိုင်ဖို့ မလွယ်နိုင်တော့ပါဘူး။ပြိုကျမယ်။အနာဂတ်မှာ မြန်မာတပြည်လုံးအတိုင်းအတာနဲ့ လွတ်လပ်ရေးရလာမှာ ဖြစ်တယ်ဆိုတာကတော့ စစ်အာဏာသိမ်း( ၁ )ရက်နေ့ကတည်းက ခန့်မှန်းတွက်ချက်ရေးပြခဲ့ပြီးဖြစ်လို့ ထူးမပြောတော့ပါဘူး။
နွေဦးတော်လှန်ရေး၏စစ်ရေးမျက်နှာစာ တစ်ဆစ်ချိုးအပြောင်းအလဲဖြစ်ပေါ်မူအား သုံးသပ်ရန် ဇစ်မြစ်ပြန်ကောက်ရလျှင် ကရင်ပြည်နယ်တွင်းရှိ ရခိုင်အထည်ချုပ်စက်ရုံကို စစ်ကောင်စီက ဗုံးကျဲရာက စတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ၎င်းဗုံးကျဲမှုမှာ AA စစ်သားတချို့သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သတင်းရင်းမြစ်တချို့က ဖော်ပြခဲ့ပါတယ်။၎င်းကိစ္စရပ်ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်မှာ တကျော့ပြန်စစ်ပွဲ ပြန်လည်ဖြစ်ပွားခဲ့ကာ ရှမ်းမြောက်ပိုင်းက စစ်သည်အင်အားအတော်များများကို စစ်ကောင်စီက ထုတ်နှုတ်ပြီး ရခိုင်ပြည်နယ်ကို ပို့ခဲ့တာဖြစ်ပါတယ်။
စစ်သည်အင်အားအထိုင်ချမှုနည်းပါးသွားသည့် ဟ'ကွက်ဖြစ်သွားခဲ့တဲ့ရှမ်းမြောက်ပိုင်းကို တရုတ်ပြည်၏အွန်လိုင်းလောင်းကစားတိုက်ဖျက်သည်ဟူသော ခေါင်းစဉ်အောက်ကနေ အခွင့်အရေးတစ်ရပ်သဖွယ်အသုံးချနိုင်ခဲ့ပြီး ရှမ်းမြောက်တစ်ခုလုံးအား ( ၁ ) လ ကျော်အတွင်း ညီနောင်သုံးဖော်( AA ၊ TLNA ၊ MNDAA ) ခေါင်းဆောင်သော တပ်ပေါင်းစုများက သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။သည်နေရာမှာ လူထုရဲ့အားပေးမှုဖြစ်စဉ်ကိုလည်း ချန်လှပ်ထားလို့တော့ မရပါဘူး။ထိုဖြစ်စဉ်အပေါ် အမျိုးမျိုးသောဝေဖန်မှုတွေ ရှိခဲ့ပေမဲ့လို့ အနှစ်ချုပ်ကတော့ စစ်ကောင်စီဟာ ရှမ်းမြောက်တစ်ခုလုံးကို လက်လွှတ်ဆုံးရှုံးခဲ့ရတယ်ဆိုတာတော့ ငြင်းမရပါဘူး။
၎င်းဖြစ်စဉ်နဲ့အတူ စစ်ကိုင်းတိုင်းအထက်ပိုင်းကို ( KIA + PDFs ) တပ်ပေါင်းစုများက သိမ်းယူနိုင်ခဲ့တာလည်း ရှိပါတယ်။အစိုးရထိန်းချုပ်သော စစ်ရေးတိုက်ခိုက်မှုဖြစ်၍ စစ်ရေးသတင်းဟာ လိုအပ်သလောက်သာ တက်လာတာတွေ့ခဲ့ရပါတယ်။သို့ပေမဲ့လည်း စစ်ဆင်ရေး၏အရည်အသွေးအားဖြင့် ရှမ်းမြောက်ပိုင်းစစ်ဆင်ရေးထက် မညံ့ပါဘူး။
၎င်းဖြစ်စဉ်နဲ့အတူ ချင်းပြည်နယ်မှာ ချင်းလူမျိုးတပ်ပေါင်းစုတွေဟာ ချင်းပြည်နယ်ထဲမှာ နယ်မြေ ပိုမိုသိမ်းယူနိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရသလို ကရင်နီပြည်နယ်(ကယား)မှာလည်း ထိုနည်းတူ နယ်မြေပိုမိုသိမ်းပိုက်ထိန်းချုပ်လာနိုင်တာကို တွေ့ခဲ့ရပါတယ်။
နွေဦးတော်လှန်ရေး ( ၂ ) နှစ်ပြည့်မှာ ဝေဖန်ခဲ့သည့် EAOs ၃၊၄ ဖွဲ့ စုစည်း၍ တပ်ပေါင်းစုစစ်ဆင်ရေး မလုပ်နိုင်သေးဘူး ၊ EAOs + PDFs အဖွဲ့ ( ၅၀ ၊ ၁၀၀ )ပေါင်းပြီး တပ်ပေါင်းစုစစ်ဆင်ရေးမလုပ်နိုင်သေးဘူးဆိုသည့် ဝေဖန်ချက်ကို နွေဦးတော်လှန်ရေး ( ၃ ) နှစ်ပြည့်ကာလမှာ လုပ်ပြနိုင်ခဲ့တာ တွေ့ရလို့ ချီးကျူးထိုက်ပါတယ်။ထိုသို့ ချီးကျူးလို့လည်း ကြိုးစားအားထုတ်မှုကို ရပ်တန့်ကျေနပ်နေလို့တော့ မဖြစ်သေးဘူးပေါ့နော်။ပြည်သူတွေရဲ့လိုလားချက် "ဖက်ဒရယ်တပ်မတော်" ဆိုသည့် ရည်မှန်းချက်ပြည့်နိုင်ဖို့ဆိုလျှင်ကား အတော်လေးအလှန်းကွာနေဆဲဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ရခိုင်ပြည်ကိုထိန်းချုပ်ဖို့ ကြိုးစားရင်း ရှမ်းမြောက်ပိုင်းကို လက်လွှတ်ခဲ့ရပြီးပြီ။ယခုလည်း 'ကောလင်း'ကို ပြန်သိမ်းဖို့ကြိုးစားရင်း ရခိုင်ပြည်ကို တစတစ လက်လွှတ်နေရတာကို တွေ့ရမှာ ဖြစ်ပါတယ်။စစ်ကောင်စီဟာ ရှမ်းမြောက်မှာရှုံးခဲ့ပေမဲ့ 'ကောလင်း'တော့ ပြန်ရပါသေးတယ်လုပ်ချင်ဟန် တူတယ်။
စစ်ကောင်စီခေါင်းဆောင်တွေဟာ သူတို့ကိုယ်သူတို့ Commander In Chief ဆိုတဲ့ နိုင်ငံရေး/စစ်ရေး ချုပ်ကိုင်နိုင်သူဖြစ်လာဖို့ အမျိုးသားအပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ( NCA )နဲ့ အပင်းခံပြီး ပြည်သူ၊လက်နက်ကိုင်အဖွဲ့အသီးသီးနှင့်နိုင်ငံတကာတိုင်းပြည်များကို လှည့်စားထားတာပါ။ NCA အောင်မြင်လေ သူတို့ဟာ လက်နက်ကိုင်ချုပ်၊နိုင်ငံရေးချုပ် ဖြစ်လေပါပဲ။၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ NCA အကြွင်းမဲ့အောင်မြင်သွားလို့လည်း အရပ်သားအစိုးရသမ္မတဟာ နိုင်ငံရေး/စစ်ရေးချုပ် ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး။ အရပ်သားအစိုးရသမ္မတဟာ နိုင်ငံရေး/စစ်ရေးချုပ်အဖြစ် ရှိမနေခြင်းသည် ပြည်သူတွင်အာဏာမရှိဟူသော အဓိပ္ပာယ်ကောက်ယူလို့ရပါတယ်။
ပြောရရင် မြန်မာပြည်မှာ ရှိတဲ့လက်နက်ကိုင်တွေအားလုံးဟာ စစ်ကောင်စီလက်အောက်မှာ ရှိတယ်ဆိုတာ သက်သေပြဖို့ NCA ဆိုတာ ထွင်လိုက်တာ သက်သက်ပဲ။ စစ်ကောင်စီကဦးဆောင်ကျင်းပတဲ့ NCA ဆိုတာဟာလည်း ပြည်သူလူထုငြိမ်းချမ်းဖို့ ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူးဆိုတာ သဘောပေါက်ကြပြီး ဖြစ်မှာပါ။
အဲ့သည်တော့ ... နိုင်ငံတကာနှင့်ကမ္ဘာ့နိုင်ငံများကို "မြန်မာပြည်၏နိုင်ငံရေး/စစ်ရေးချုပ်"ဟာ သမ္မတကြီး'ဒူဝါလရှီးလ'ဖြစ်ကြောင်း ပြန်ပြနိုင်ဖို့တော့ လိုမှာပေါ့လေ။၎င်းသည် မဟာဗျူဟာမြောက်အမြင် ဖြစ်ပါတယ်။ဉာဏ်ကျယ်သလောက် ဖြန့်ကျက်တွေးပြီး လုပ်နိုင်လေ အကျိုးရှိလေပါပဲ။
တော်လှန်ရင်းရရှိလာသည့်အခွင့်အရေး (သို့မဟုတ်) စစ်အာဏာရှင်ပြိုကျသွားပြီး ရရှိလာတဲ့အခွင့်အရေးကို တော်လှန်ရေးဖက်တော်သားတွေဖက်က မှန်မှန်ကန်ကန်၊ရိုးရိုးသားသား၊စနစ်တကျတည်ဆောက်ဖို့တော့ လိုပါတယ်။မဟုတ်ရင် ပြည်တွင်းရေးပဋိပက္ခတွေကြားမှာ ဝဲလှည့်ပြီး အချိန်တစ်ခု ယူနေရတာမျိုး ရှိနိုင်ပါတယ်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ( ၁ )ရက်နေ့ အာဏာသိမ်းမှုကြောင့် ပြည်သူမည်၍မည်မျှ အတိဒုက္ခရောက်ခဲ့၊ဒုက္ခရောက်နေကြရဆဲအခြေအနေအား မြန်မာပြည်သူများ မျက်ဝါးထင်ထင် မြင်ခဲ့ကြပြီး ဖြစ်ပါလိမ့်မယ်။
မြန်မာ့စစ်အာဏာသိမ်း ( ၃ ) နှစ်တာကာလအတွင်း အိမ်ခြေ ၈၀၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး ကုန်စျေးနှုန်းအဆမတန်မြင့်တက်ခါ လူမှုရေး၊စီးပွားရေးနှင့်တခြားသောကဏ္ဍပေါင်းများစွာဟာ ပိုမိုပျက်စီးလာနေသည်ကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့ပြည်သူ ၂၆၀၀၀ ကျော်ရှိခဲ့ပြီး ခလေးသူငယ်အပါအဝင် ပြည်သူသေကြေမှုဟာ ၅၀၀၀ ကျော် ရှိခဲ့တယ်လို့ သုတေသနစစ်တမ်းအဖွဲ့များ၏အချက်အလက်တွေအရ သိရပါတယ်။စစ်ကောင်စီ၏စစ်ဆင်ရေးတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ ( ၃ ) သန်းကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။တကယ့်မြေပြင်အချက်အလက်တွေမှာ သည့်ထက်ပိုကောင်း ပိုဖို့ပဲ ရှိပါတယ်။
အာဏာသိမ်း ( ၃ ) နှစ်တာကာလမှာ ကိုဘစ်ကပ်ရောဂါကာလတွင်းကျန်းမာရေးစောင့်ရှောက်မှု မရရှိဘဲ ( တကယ်ကတော့ တမင်မပေးဘဲ ဖြတ်တောက်ထားခဲ့မှုကြောင့်) သေကြေသွားခဲ့ရသည့်ပျှမ်းမျှသေကြေမှုအရေအတွက် ၂၅၀၀၀ ကျော်ပါ ထပ်ပေါင်းထည့်မည်ဆိုပါက စစ်အာဏာသိမ်းမှု ( ၃ ) နှစ်တာကာလတွင်း ပြည်သူသေကြေမှုဟာ ပျှမ်းမျှ ၃၀၀၀၀ ကျော်ခန့် ရှိခဲ့ပြီလို့ ပြောလို့ရပါတယ်။
[ တိုက်ပွဲဖြစ်လို့ သေကြေသွားခဲ့ရသည့် ဘက်နှစ်ဖက်မှ စစ်သည်သေကြေမှု ၄၅၀၀၀ ခွဲပါထည့်ပေါင်းရင် အာဏာသိမ်း ( ၃ )နှစ်တာကာလတွင်း လူဦးရေ ၇၅၀၀၀ - ၈၀၀၀၀ သောင်း သေကြေသွားခဲ့ရပြီလို့ ပြောလို့ရနိုင်မယ် ထင်ပါတယ် ]
စစ်ကောင်စီ ပြိုကျမည်ဟု ခန့်မှန်းချက်ထုတ်တာမျိုးဟာ တော်လှန်ရေးအဖွဲ့တွေ ပိုမိုအားကောင်း၊ပိုမိုစည်းလုံးလာတဲ့အချက်တစ်ခုတည်းကို ကြည့်ပြီး ပြောနေခြင်းတော့လည်း မဟုတ်ပါဘူး၊စစ်ကောင်စီကိုယ်တိုင်ဟာ ချာလပတ်ရမ်းပြီး ဗရမ်းဗတာဖြစ်နေတဲ့အကြောင်းတရားအခြေခံမှုတွေလည်း ပါပါတယ်။
မြန်မာပြည်မှာ စစ်အာဏာသိမ်းခဲ့သည့်ဖြစ်စဉ်တွေကို ( ၁၉၆၂ ခုနှစ်၊၁၉၈၈ ခုနှစ်၊၂၀၂၁ ခုနှစ် ) ပြန်လည်သုံးသပ်မှု ပြုမည်ဆိုလျှင် ဘာကြောင့် စစ်အာဏာသိမ်းသည့်အခါတိုင်း အာဏာသိမ်းမှု အထ'မြောက်ခဲ့ရသလဲဆိုသည်မှာ စဉ်းစားဖွယ်ရာ ကောင်းသောအကြောင်းအရာတစ်ခု ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ( ၁ ) ရက်နေ့တွင် အာဏာသိမ်းမှုပြုမည်အရေးအား တိုင်းဒေသကြီးများဖက်မှပြည်သူများနှင့်ပြည်နယ်များဖက်မှပြည်သူများက သဘောတူညီကြခြင်း အလျင်းမရှိခဲ့ကြပေ။အာဏာသိမ်းမှုပြုမည့်အရေးအားလည်း တိုင်းဒေသကြီးများနှင့်ပြည်နယ်များမှ ကြိုတင်သိနေခဲ့ကြသည့်တိုင် ထိုသို့အာဏာသိမ်းမှုဖြစ်ပွားမည့်အရေးအား တားဆီးနိုင်ခဲ့ခြင်း အလျင်းမရှိခဲ့ကြသည်ကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
အဘယ်ကြောင့်နည်း ??
၎င်းအမေးအားဆင်ခြင်ကြည့်မည်ဆိုပါက _
( က ) ဗဟိုချုပ်ကိုင်စနစ်ကြောင့် ဖြစ်ပါတယ်။
( ခ ) မြေပြန့်ဟုခေါ်သော တိုင်းဒေသကြီး( ၇ )ခုသည် ဗမာပြည်နယ်ယူနစ်တစ်ခုကဲ့သို့ ဖြစ်တည်နေသောကြောင့် ဖြစ်ပါတယ်။
( ဂ ) ပြည်နယ်ယူနစ်( ၇ )ခုသည် ယူနစ်တစ်ခုနှင့်တစ်ခုကြားတွင် စည်းလုံးမှု၊သွေးစည်းမှု၊ချိတ်ဆက်ဆောင်ရွက်မှု မရှိသောကြောင့် ဖြစ်ပါတယ်။
( ဥပမာ - ၂၀၂၁ ခုနှစ် အာဏာမသိမ်းမှုမဖြစ်ပွားခင်က စစ်ကောင်စီရဲ့ "စစ်တပ်က အာဏာမသိမ်းဟု မှတ်ယူလို့မရပါဘူး"ဆိုတဲ့ စကားရပ်ကို ပြည်နယ်တွေဖက်က ဝိုင်းဝန်းစုပေါင်း ကန့်ကွန့်ခဲ့တာ မတွေ့ခဲ့ရပါဘူး။)
အဆိုပါအချက် ( ၃ ) ချက်နှင့်ညီညွတ်နေသောကြောင့် စစ်ကောင်စီဟာ အာဏာသိမ်းခဲ့သည့်အခါတိုင်း အထမြောက်လေ့ရှိခဲ့သည်အား တွေ့ရပါတယ်။
၎င်းအချက်များအား ခြေဖျက်ရန်အတွက်_
( က ) ဗဟိုချုပ်ကိုင်စနစ်အား အစားထိုးမည့်လိုက်လျောညီထွေရှိသော ခိုင်မာသောစနစ်တစ်ခု ရှိရမည်။
[ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် သွားမည်ဟု ဦးဆောင်ဦးရွက်ပြုနေသော အမျိုးသားညီညွတ်ရေးအစိုးရကလည်း ကတိခံ၍ ဖက်ဒရယ်ပဋိညာည်အား ပြဌာန်းထားသည်ကို တွေ့နိုင်ပါတယ်။တဖက်မှာ ပြည်သူအများစုကလည်း ဖက်ဒရယ်ဒီမိုကရေစီနည်းလမ်းကျင့်သုံးခြင်းဖြင့်သာ တိုင်းပြည်အေးချမ်းသာယာဝပြောမည်ဟု ယုံကြည်ကြသည်၊ခံယူထားကြသည်ကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။
ထိုသို့ ကျင့်သုံးခြင်းဖြင့် ပြည်နယ်အစိုးရနှင့်ဖက်ဒရယ်အစိုးရတို့ ရှိလာမှာ ဖြစ်ပြီး အောက်လွှတ်တော်နှင့်အထက်လွှတ်တော်ရယ်လို့ ရှိလာမည်လည်း ဖြစ်ပါတယ်။အထက်လွှတ်တော်နှင့်အောက်လွှတ်တော်ကြား ၊ ပြည်ထောင်စုဖက်ဒရယ်ယူနစ်နှင့်ပြည်နယ်ယူနစ်များကြား အပြန်အလှန်ထိန်းကြောင်း လာနိုင်မှာလည်း ဖြစ်ပါတယ်။]
( ခ ) တိုင်းဒေသကြီး( ၇ )ခုအား ဖက်ဒရယ်ယူနစ်( ၇ )ခုအဖြစ်ပြောင်းလဲသင့်သည်ဟု ယူဆမိပါသည်။
[ ထိုသို့ဖွဲ့စည်းမည့်အရေးအား ယခုတော်လှန်ရေးကာလတွင်း အခက်အခဲများစွာရှိနေခဲ့၍ မပြုလုပ်နိုင်သေးလျှင်တောင် တော်လှန်ရေးအလွန်တည်ငြိမ်အေးချမ်းသောကာလများ၌ ပြုလုပ်သင့်သည်ဟု ယူဆမိသည်။စစ်ကိုင်းပြည်နယ်၊မကွေးပြည်နယ်၊မန္တလေးပြည်နယ်၊ပဲခူးပြည်နယ်၊ရန်ကုန်ပြည်နယ်၊ဧရာဝတီပြည်နယ်၊တနင်္သာရီပြည်နယ် စသည်ဖြင့် ဖက်ဒရယ်ယူနစ်များအဖြစ် ဖြစ်တည်လာမည် ဖြစ်သည်။
သည်နေရာမှာ အများယုံကြည်ကိုးစားမှု မထိုက်သူများက ဦးဆောင်ဦးရွက်ပြုပြီး ကလိမ်ကကျစ်လုပ်စားကွက်ခင်းချင်၍ တိုင်းဒေသကြီးများကို ဖက်ဒရယ်နယ်ယူနစ်တွေ ဖွဲ့စည်းမှာမျိုးအား မဆိုလိုပါဘူး။တိုင်းဒေသကြီးတစ်ခုချင်းစီအား ပြည်နယ်ယူနစ်အဖြစ် ရိုးရိုးသားသား၊မှန်မှန်ကန်ကန် ဖွဲ့စည်းမှာမျိုးကိုသာ ဆိုလိုပါတယ်။
ဘာကြောင့်ထိုကဲ့သို့ ဖွဲ့စည်းချင်ရတာလဲဆိုရင် တိုင်းဒေသကြီးတွေကို တပြေးညီတိုးတက်စေချင်တာကြောင့်ရယ်၊နောက်နောင်တိုင်းပြည်အား အစိုးရတစ်ရပ်ရပ်ကနေ အာဏာသိမ်းမည့်အရေးကနေ ကာကွယ်ရန်အတွက်ဖြစ်ပါတယ်။
မြေပြန့်ဟုခေါ်သော တိုင်းဒေသကြီး ( ၇ )ခုသည် ဗမာပြည်နယ်ယူနစ်တရပ်ကဲ့သို့ တည်ရှိနေခြင်းသည် တတိုင်းပြည်လုံးအား အာဏာသိမ်းရန်အတွက် လုံလောက်သော လူထုအင်အား၊ဓနအင်အား၊မြေမျက်နှာသွင်ပြင်အနေအထား၊နယ်မြေအကျယ်အဝန်းစသည့်အချက်များ မျက်နှာသာပေးနေသောကြောင့် ဖြစ်သည်။ဗမာလူမျိုးစုကိုယ်စားပြုစစ်တပ်ဟု မထားရှိဘဲ၊တိုင်းဒေသကြီးမှ ဖက်ဒရယ်ယူနစ်အဖြစ်ပြောင်းလဲရရှိလာမည့်ပြည်နယ်တစ်ခုချင်းစီ၏အစိုးရအောက်တွင်ရှိသော "အမျိုးသားအစောင့်တပ်"အဖြစ် ထားရှိခြင်းအားဖြင့် နောက်နောင်တက်လာမည့် မြန်မာနိုင်ငံဖက်ဒရယ်အစိုးရတစ်ရပ်ရပ်သည် ဗွေဖောက်၍အာဏာသိမ်းချင်စိတ်များ ဖြစ်ပေါ်လာခဲ့လျှင်တောင် တိုင်းဒေသကြီးမှပြောင်းလဲ ရရှိလာမည့် ပြည်နယ်ဖက်ဒရယ်ယူနစ်များက သဘောမတူလျှင် တိုင်းပြည်ကို အာဏာသိမ်းဖို့ အထ'မမြောက်နိုင်ပေ။
အခြားတစ်ဖက်မှာ နိုင်ငံအရေးပေါ်အခြေအနေတစ်ရပ်ရပ်ရင်ဆိုင်ရပါက နိုင်ငံတော်သမ္မတမှ ဖက်ဒရယ်ယူနစ်တစ်ခုချင်းစီတွင်ရှိသော"အမျိုးသားအစောင့်တပ်များ"အား ခေါ်ယူပြီး "ဖက်ဒရယ်တပ်မတော်"ပြုနိုင်ဖို့လည်း အာဏာရှိနေရမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့သော အကြောင်းအရာများကို အထိန်းအကွပ်ရှိရှိလုပ်နိုင်ဖို့ အပြန်အလှန်ထိန်းကြောင်းမည့် မည်ကဲ့သို့သောဥပဒေများအား ရေးဆွဲပြဌာန်းဖို့လိုအုံးမည်လဲဆိုသည့်အပိုင်းကတော့ ဥပဒေပညာရှင်တွေဖက်က စဉ်းစားရမည့်အပိုင်း ဖြစ်ပါတယ်။ ]
( ဂ ) ပြည်နယ်ယူနစ် ( ၇ ) ခုကြားတွင် စည်းလုံးမှု၊ သွေးစည်းမှု၊ ချိတ်ဆက်ဆောင်ရွက်မှု ရှိစေရန် ကြိုးပမ်းသင့်သည် ။
[ စစ်ကောင်စီဟာ ၎င်း၏တပ်များတင်မက မြန်မာ့အစိုးရယန္တရားများ၊ဘာသာတရားများနှင့်မြန်မာပြည်သူလူထု၏ကိုယ်ကျင့်တရားများကို ဖျက်ဆီးခဲ့သည့်အပြင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ( EAOs ) ၏ကိုယ်ကျင့်တရားများအားလည်း ဖျက်ဆီးထားခဲ့သည့်အချင်းအရာများအား တွေ့ရသည်။ထို့ကြောင့် ၎င်းအချင်းအရာများအားလည်း ပြန်လည်ကုစားသင့်သည်ဟု ယူဆမိပါတယ် ]
ဖက်ဒရယ်ယူနစ်များကြား နယ်မြေပိုင်းခြားသတ်မှတ်ရေးကိစ္စရပ်တွေကတော့ စားပွဲဝိုင်းမှာ ကျေလည်အောင်ဆွေးနွေးကြဖို့ ရှိသည်ဟုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၏ကာကွယ်ရေးဝန်ကြီး'ဦးရည်မွန်'မှ ပြောကြားထားသည်ကိုလည်း တွေ့ရပါတယ်။ တချို့ခေါင်းဆောင်တွေကတော့ သမိုင်းကြောင်းအခြေခံပြီး ပြောကြမယ်၊ဆိုကြမယ်၊ဆွေးနွေးကြမယ် ပြောတာလည်း တွေ့ရပါတယ်။ အဲ့သည်အတိုင်းဆိုရင် အလောင်းဘုရားဦးအောင်ဇေယျ ၊ ကိုလိုနီဗြိတိသျှအစိုးရ ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု ၊ ဦးနေဝင်းတို့ကိုပါ သေရာက ပြန်ခေါ်ပြီး ရှင်းခိုင်းရမလိုမျိုး ဖြစ်နေမလား တွေးဆမိပါတယ်။အာဏာမသိမ်းခင်အခြေအနေ မြေပုံထုတ်ဝေထားသောနယ်နမိတ်စည်းမျဉ်းကိုပဲ အများသဘောတူပြီး အတည်ယူကြမယ်ဆိုရင်တော့ အခြေအတင်စကားများစရာအကြောင်းအရင်း နည်းပါးနိုင်ဖွယ် ရှိပါတယ်။ တချို့သော နယ်နမိတ်စည်းပေါ်က နယ်မြေတွေကိုတော့ ပြည်သူ့ဆန္ဒခံယူပြီး ဆုံးဖြတ်လိုက်တာက ပိုလက်တွေ့ဆန်မယ် ထင်မိပါတယ်။
ထပ်မံသတိပေးစရာ ရှိတာကတော့ ___
မြန်မာနိုင်ငံအတွက် ဖက်ဒရယ်ဒီမိုကရေစီဆွဲမယ်ဆိုရင်လည်း တရုတ်ပြည်က ငွေထုပ်နဲ့လာပေါက်ပြီး ချယ်လှယ်လို့မရအောင် ခိုင်ခိုင်မာမာ ရေးထားမှ တော်ကာကျပါမယ်။မဟုတ်ရင် နယ်မြေတွေ အကုန်ပဲ့ပါကုန်မယ်။ပြည်နယ် ( ၃ ) ခုလောက်ကို ငွေထုပ်နဲ့ပေါက်ယုံနဲ့ မြန်မာ့နိုင်ငံရေး ဝင်ချယ်လှယ်လို့ ရလောက်တဲ့ ဖက်ဒရယ်မျိုးဆိုရင် ဟန်မကျသေးဘူး။ခေါင်းဆောင်ဆိုတာ အပြောင်းအလဲ ရှိတတ်တာမျိုးပဲ၊အရင်လူကောင်းပေမဲ့ နောက်လူကကောင်းပါမယ် မျှော်လင့်မရပါဘူး။အဲ့ဒီအတွက်ပါ ကြိုကာထားမှ တော်ကာကျပါမယ်။
[ တရုတ်ပြည်ဟာ ရေခြားမြေခြားဖက်ဒရယ်အမေရိကားတောင် ငွေထုပ်နဲ့လှမ်းပေါက်တာ အားလုံးအသိပဲ။ ]
နွေဦးတော်လှန်ရေးမှာ မည်သို့သောအတိုက်အခံတွေ၊အခက်အခဲတွေ ရှိနေစေကာမူ ကမ္ဘာ့နှင့်မြန်မာနိုင်ငံ၏ခေတ်ပြောင်း၊စနစ်ပြောင်း၊မူဝါဒ အပြောင်းအလဲများကြားမှာ တင်းခံနေသူ၊လိုက်ပါမပြောင်းလဲနိုင်သူများကို တရွေ့ရွေ့တိုက်စားပြောင်းလဲသွားစေမှာပဲ ဖြစ်ပါတယ်။
[ လမ်းဘေး PCO ဖုန်းတွေကနေ ယနေ့လက်ပွတ်ဖုန်းတွေထိ ရွေးလျားပြောင်းလဲသွားသကဲ့သို့ ]
အနှစ်ချုပ်အားဖြင့်ကတော့ နွေဦးတော်လှန်ရေးမှာ ပြည့်သူကာကွယ်ရေးတပ်မတော်မှာ လူငယ်တွေပိုများလေ ပြည်သူတွေအတွက် တရားမျှတမှု ပိုရနိုင်လေဖြစ်ပါကြောင်းပြောရင်း ရေးနေတဲ့စာကို သည်နေရာမှာ နိဂုံးချုပ်ပါရစေ ~
မြန်မာပြည်သူပြည်သား အားလုံး ကိုယ်၊စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ရှိကြပါစေ ~ ❤️❤️
myanmar society 🇲🇲