မြန်မာပြည်သူများဟာ ခံဘက်ကမဖြစ်ရ
လတ်တလောသတင်းအရ အာဖရိကတိုက်၏ကုန်းတွင်းပိတ်နိုင်ငံတွေဖြစ်ကြတဲ့ "မာလီ၊နိုက်ဂါ၊ဘာကီနာဖာဆို"တို့ဟာ ကွန်ဖက်ဒရိတ်ဖွဲ့လိုက်ကြပါတယ်။သုံးနိုင်ငံစလုံးကတော့ လက်ရှိမှာ စစ်တပ်က အုပ်ချုပ်နေကြတဲ့နိုင်ငံတွေ ဖြစ်ကြပါတယ်။သူတို့ စစ်အာဏာရှင်နိုင်ငံအချင်းချင်း လက်ချင်းချိတ်ပြီး အပြန်အလှန်ဖေးမနိုင်ဖို့ ကွန်ဖယ်ဒရိတ်ဖွဲ့လိုက်ကြတဲ့သဘောတရားပါပဲ။ပြင်သစ်နှင့်ဥရောပနိုင်ငံတချို့ရဲ့နိုင်ငံရေးချယ်လှယ်မှုနှင့်စီးပွားရေးလုပ်ကွက်တွေကိုကန်ထုတ်ဖို့ ၎င်းနိုင်ငံတွေမှာလည်း အာဏာသိမ်းဖြစ်စဉ်တွေ ဖြစ်ခဲ့ရပြီး ယခုတော့ ပြင်သစ်နှင့်ဥရောပနိုင်ငံတချို့ကို နိုင်ငံတွင်းကနေ ကန်ထုတ်ခဲ့လိုက်ကြပြီး ဖြစ်ပါတယ်။ကမ္ဘာ့ပုန်းလျှိုးအစိုးရ၏အကျိုးအမြတ် ၊ ကမ္ဘာ့ပုန်းလျှိုးအစိုးရဆန့်ကျင်ရေးအုပ်စုများ၏အကျိုးအမြတ် ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏အကျိုးအမြတ်နှင့်၎င်းဒေသတွင်းစစ်ခေါင်းဆောင်များ၏အကျိုးအမြတ်အတွက် နိုင်ငံရေးအားပြိုင်ပွတ်တိုက်မှုကြားမှာ ၎င်းအာဖရိကကုန်းတွင်းပိတ် ( ၃ )နိုင်ငံ၏ပြည်သူတွေကတော့ ဖြစ်သမျှစုခံပေါ့ဗျာ။ "ရုရှား၊တရုတ်၊အမေရိကန်"...