ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲ


စာဖတ်သူတွေထဲကတချို့လာမေးတဲ့မေးခွန်းက  " အဲ့သည် Deep State ဆိုတာကြီးက မပြိုကျသေးဘူးလား"ဆိုတဲ့မေးခွန်းပါ။

Deep  State ဆိုတာ ခင်ဗျားတို့..ကျနော်တို့ လက်လှမ်းမမှီနိုင်တဲ့မသိနိုင်သည့်အရာသာ ဖြစ်ပါတယ်။ကစကတည်းက နောက်ကွယ်က ကြိုးကိုင်ချယ်လှယ်သူတွေဖြစ်ကြလို့  သူတို့ရှောသွားခဲ့ရင်လည်း  ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။

အဖွဲ့အစည်းဆိုတာ သတ်မှတ်ချက်ပဲလေ။
အဓိက လူတွေ  .. ဒါကြောင့် လူတွေကို ပြောင်းတာ၊ ဖြုတ်တာ၊ပြင်တာ၊အစားထိုးတာ၊နောက်တန်းပို့တာ ၊ဖယ်ရှားတာ၊လုပ်ကြံခံရတာတွေ ရှိလာပြီဆိုရင် ပြောင်းလဲဖို့ ကြိုးစားနေကြတယ်လို့  ထောက်ရှုလို့ရပါတယ်။ဒါကြောင့်  ကမ္ဘာလုံးဆိုင်ရာနိုင်ငံတွေ၊ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေမှာ လူပြောင်း/မပြောင်း၊မူပြောင်း/မပြောင်းကို  အဓိကစောင့်ကြည့်အကဲခတ်ရမှာ  ဖြစ်ပါတယ်။

ဥပမာ - အမေရိကန်နိုင်ငံ မကောင်းတာနဲ့  အမေရိကန်နိုင်ငံကို  ဖျက်ပစ်ရမှာလား။အုပ်ချုပ်သူတွေ အစားထိုးပြီး  မူတွေပြင်မှာလား။

မြန်မာနိုင်ငံ မကောင်းတာနဲ့  မြန်မာနိုင်ငံကိုဖျက်ပစ်ရမှာလား။အုပ်ချုပ်သူတွေ အစားထိုးပြီး  မူတွေပြင်ရမှာလား။(မြန်မာနိုင်ငံမှာကတော့  စစ်အုပ်စုက ပြည်သူအလိုကျ  မူတွေပြင်တာ၊လူစားထိုးတာ လက်မခံဘူးလေ၊အဲ့သည်တော့  ဖယ်ရှားရမဲ့သဘောပေါ့။)

ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေမှာ လူတွေ​တဖြည်းဖြည်း ပြောင်းလာရင်၊မူဝါဒတွေ ပြောင်းလာရင်  Deep  State ပြိုကျလာလို့ပဲတော့  စောင်းပါးရိပ်ချည် သိနိုင်ပါတယ်။"ဒုံရင်း ဒုံရင်း"ဆိုရင်တော့  မပြောင်းဘူးပဲ  မှတ်ရမှာပါ။

ကမ္ဘာကြိုးကိုင်တွေရဲ့အာဏာလုပွဲဆိုပေမဲ့  "အရင်ဘုန်းကြီးက တစ်ချက်ခေါက် ၊ နောက်တက်လာတဲ့ဘုန်းကြီးက  နှစ်ချက်ခေါက်"  မဖြစ်ပါစေနဲ့လို့ပဲ   ဆုတောင်းပါတယ်။မည်သည့်စနစ်ပဲဖြစ်ဖြစ်   တကမ္ဘာလုံးအတိုင်းအတာနဲ့ အဆင်ပြေနိုင်သည့်စနစ်နှင့်မူဝါဒဆိုတာ မရှိနိုင်ပါဘူး။အဲ့သည်အဆင်မပြေတဲ့ဘက်ခြမ်းမှာ ကိုယ့်နိုင်ငံမပါဖို့တော့  လိုတာပေါ့လေ။

သူတို့ပြောင်းလဲမည့်ကမ္ဘာလုံးဆိုင်ရာ မူဝါဒတွေက မြန်မာနိုင်ငံနှင့်မြန်မာပြည်သူပြည်သားတွေအဖို့   လိုက်လျောညီထွေတဲ့စနစ်မျိုး ဖြစ်ပါစေလို့  မျှော်လင့်ပါတယ်။

[ ဓာတ်ပုံတွေအား ရှုရန် ]

myanmar  society 🇲🇲


Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ