မြန်မာပြည်သူများဟာ ခံဘက်ကမဖြစ်ရ
လတ်တလောသတင်းအရ အာဖရိကတိုက်၏ကုန်းတွင်းပိတ်နိုင်ငံတွေဖြစ်ကြတဲ့ "မာလီ၊နိုက်ဂါ၊ဘာကီနာဖာဆို"တို့ဟာ ကွန်ဖက်ဒရိတ်ဖွဲ့လိုက်ကြပါတယ်။သုံးနိုင်ငံစလုံးကတော့ လက်ရှိမှာ စစ်တပ်က အုပ်ချုပ်နေကြတဲ့နိုင်ငံတွေ ဖြစ်ကြပါတယ်။သူတို့ စစ်အာဏာရှင်နိုင်ငံအချင်းချင်း လက်ချင်းချိတ်ပြီး အပြန်အလှန်ဖေးမနိုင်ဖို့ ကွန်ဖယ်ဒရိတ်ဖွဲ့လိုက်ကြတဲ့သဘောတရားပါပဲ။ပြင်သစ်နှင့်ဥရောပနိုင်ငံတချို့ရဲ့နိုင်ငံရေးချယ်လှယ်မှုနှင့်စီးပွားရေးလုပ်ကွက်တွေကိုကန်ထုတ်ဖို့ ၎င်းနိုင်ငံတွေမှာလည်း အာဏာသိမ်းဖြစ်စဉ်တွေ ဖြစ်ခဲ့ရပြီး ယခုတော့ ပြင်သစ်နှင့်ဥရောပနိုင်ငံတချို့ကို နိုင်ငံတွင်းကနေ ကန်ထုတ်ခဲ့လိုက်ကြပြီး ဖြစ်ပါတယ်။ကမ္ဘာ့ပုန်းလျှိုးအစိုးရ၏အကျိုးအမြတ် ၊ ကမ္ဘာ့ပုန်းလျှိုးအစိုးရဆန့်ကျင်ရေးအုပ်စုများ၏အကျိုးအမြတ် ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏အကျိုးအမြတ်နှင့်၎င်းဒေသတွင်းစစ်ခေါင်းဆောင်များ၏အကျိုးအမြတ်အတွက် နိုင်ငံရေးအားပြိုင်ပွတ်တိုက်မှုကြားမှာ ၎င်းအာဖရိကကုန်းတွင်းပိတ် ( ၃ )နိုင်ငံ၏ပြည်သူတွေကတော့ ဖြစ်သမျှစုခံပေါ့ဗျာ။
"ရုရှား၊တရုတ်၊အမေရိကန်" ဆက်ဆိုင်သောလမ်းကြောင်းတွေကတော့ ၎င်းနိုင်ငံများ၏အစိုးရတွေက ဖမ်းထိန်းထားကြလိမ့်မယ် ယူဆပါတယ်။
"မြန်မာ - အာဖကန်နစ္စတန် - ယူကရိန်း" လမ်းကြောင်းမှာတော့ အာဖကန်နစ္စတန်ကတော့ ပြီးသွားပြီ။အာဖကန်နစ္စတန်ပြည်သူတွေကတော့ ဖြစ်သမျှစုခံကြပေါ့။ကျန်ရှိနေသေးသည့် မြန်မာ၊ယူကရိန်းမှာတော့ ပွဲတွေဆက်နေတာ သိတဲ့အတိုင်းပဲ။
"အစ္စရေး - ဟားမက်စ်"စစ်ပွဲကတော့ မြင်ပန်းပေါ့။မြင်ပန်းဆိုပေမဲ့ရပ်တန့်သွားမည့်အနေအထားတော့ မတွေ့ရသေးပါဘူး။နောက်ကွယ်က ပုန်းလျှိုးစစ်ဆင်ရေးက ဘာလဲဆိုတာ ဆက်လက်အဖြေထုတ်ရအုံးမည့်အပိုင်းအဖြစ် တည်ရှိနေဆဲပါပဲ။
နောက်ထပ် ဘာတွေဆက်ဖြစ်နိုင်သေးလဲဆိုရင် သြစတေးလျနှင့်မြောက်အမေရိက( ဥပမာ - ကနေဒါ )၊တောင်အမေရိက ကျန်နေသေးတာ တွေ့ရတယ်။ဒါတောင် ဘရာဇီးမှာ ရွေးကောက်ပွဲကိစ္စနဲ့ပက်သက်ပြီး နိုင်ငံရေးလှုပ်ရှားခဲ့တာမျိုး တွေ့ခဲ့ရတယ်။ဆက်လက်ရှု့စားကြပါခင်ဗျား။
မြန်မာပြည်ရဲ့နွေဦးတော်လှန်ရေးမှာလည်း အမျိုးမျိုးသောအကြောင်းပြချက်များနှင့်နိုင်ငံရေး၊စစ်ရေးလွန်ဆွဲတာမျိုးတွေဟာ ကိုယ်စီကိုယ်စီမှာ အသီးသီးရှိနေကြမှာပါ။မည်သို့ပင်ရှိနေစေကာမူ နွေဦးတော်လှန်ရေး၏အကျိုးအမြတ်ဟာ မြန်မာပြည်သူတွေ အတွက်ပဲ ဖြစ်ရပါမယ်။မြန်မာပြည်သူတွေဟာ "စံခု - စုခံ" တဲ့ဖက်က ဖြစ်လို့မရပါဘူး။
myanmar society 🇲🇲