ရှိတ်ဟာစီယာနာပြောသော မြန်မာ - ဘင်္ဂလားဒက်ရှ်နယ်စပ်စည်းပေါ်က " ခရစ်ယာန်နိုင်ငံတော်"
မနေ့က Page ကလုပ်တဲ့အမေးအဖြေကဏ္ဍမှာ မြန်မာ - ဘင်္ဂလားဒက်ရှ်နယ်စပ်မှာ "ခရစ်ယာန်နိုင်ငံတော်" တည်ထောင်ဖို့ ကြိုးစားနေတာမျိုးတွေ့ရကြောင်းနှင့်သူမအနေနဲ့လက်မခံနိုင်ကြောင်း ရှိတ်ဟာစီယာနာရဲ့ပြောကြားချက်သတင်းကို စာဖတ်သူတစ်ယောက်က လာမေးတာ တွေ့ခဲ့ရပါတယ်။
၎င်းအား အနည်းငယ်မျှ လင်းအံ့ ...
မြန်မာ - ဘင်္ဂလားဒက်ရှ်နယ်စပ်မှာ ဟိုဖက်သည်ဖက် နွယ်ယှက်ပြီး ပြည်ထောင်ချင်နေတဲ့အရေးဆိုလို့ "ရိုဘင်္ဂလီအရေး"တစ်ခုသာ ရှိပါတယ်။ဒါကြောင့် ရှိတ်ဟာစီယာနာဟာ ရိုဘင်္ဂလီတွေရဲ့ပြည်ထောင်ထူထောင်ရေး ကြိုးပမ်းချက်ကို ရည်ညွန်းပြောလိုရင်း ဖြစ်ပုံရပါတယ်။
ရိုဘင်္ဂလီတွေက မူစလင်တွေမဟုတ်ဘူးလား ??မြန်မာ - ဘင်္ဂလားဒက်ရှ်နယ်စပ်စည်းပေါ်မှာ တည်ထောင်ဖို့ ကြိုးစားနေတဲ့နိုင်ငံတော်ဟာ "ခရစ်ယာန်နိုင်ငံတော်"အစား "မူစလင်နိုင်ငံတော်"လို့ ပဲ သုံးသင့်တယ်မဟုတ်လားလို့ မေးမည့်သူရှိနိုင်ပါတယ်။
ပထမအချက်က ဘင်္ဂလားဒက်ရှ်နိုင်ငံရဲ့အချုပ်အခြာကို ထိခိုက်လာနိုင်တာကြောင့် သူမဖက်က ဒီအသံထွက်လာခြင်းဟု တွက်ဆလို့ရနိုင်ပါတယ်။
ဒုတိယအချက်က အဲ့သည်"ရိုဘင်္ဂလီအရေးစနက်"မှာ သူမကိုယ်တိုင် ပါဝင်ခဲ့တာဖြစ်လို့ မြှားဦးက သူမဖက်လှည့်မလာခင် ကြိုကာတာ ဖြစ်နိုင်ပါတယ်။
ရိုဘင်္ဂလီအရေး နောက်ကွယ်မှာ ကြိုးကိုင်အဖွဲ့တွေဟာ အကြမ်းဖက်စစ်ကောင်စီအပါအဝင် NGOs၊မူစလင်အရေးလှုပ်ရှားသူတွေ၊မူစလင်အဖွဲ့အစည်းတွေ၊ မူစလင်နိုင်ငံတွေ၊အာစီယံနှင့် တရုတ်ပြည်အစရှိသောမြန်မာ့အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကောင်း ဖြစ်မှာပါ။သို့ပေမဲ့ ၎င်းအရေး၏ ပင်မကြိုးကိုင်ဟာ ခရစ်ယာန်ဘာသာအများစုကိုးကွယ်တဲ့အနောက်နိုင်ငံတစ်ခုခုမှ အခြေခံ၍ ဖြစ်ပေါ်လာရသည့်ဖြစ်နိုင်ခြေအကြောင်းတရားများအား အခြေခံသောအားဖြင့် "ခရစ်ယာန်နိုင်ငံတော်"လို့ ရှိတ်ဟာစီယာနာက အဲ့သည်လို သုံးနှုန်းတာ ဖြစ်နိုင်ပါတယ်။သူမကို လာတွေ့ဆုံ ညှိနှိုင်းသူကို " လူဖြူ" ဟု ညွှန်းဆိုသုံးနှုန်းထားတာကိုလည်း တွေ့ရပါတယ်။ရိုဘင်္ဂလီအရေးဟာ ကမ္ဘာ့အရေးကြိုးကိုင်တွေရဲ့ Woke Agenda နဲ့ပက်သက်ဆက်နွယ်၍ ဆင်တူနေကြောင်း ရေးပြခဲ့ဖူးတာကိုလည်း သတိချပ်စေလိုပါတယ်။
ကမ္ဘာ့နိုင်ငံရေးမှာ ခရစ်ယာန်၊ဇိုင်ယွန်၊အစ္စလာမ်၊ကွန်မြူနစ်၊Deep State နှင့် Q.anons အစရှိသော အမည်နာမတွေနဲ့ လှုပ်ရှားအားပြိုင်နေတာ တွေ့ရပါတယ်။၎င်းအမည်နာမခံ နိုင်ငံရေးနှင့်စစ်ရေးအားပြိုင်မှုကြားမှာ ပိုထင်ရှားမြင်သာကတော့ အစ္စလာမ်နှင့်ဇိုင်ယွန် (အစ္စရေး) ဖြစ်ပါတယ်။အစ္စလာမ်ဟာ ဇိုင်ယွန်ကို အဆုံးသတ်ချင်နေကြတယ်။ပါလက်စတိုင်း - အစ္စရေးပဋိက္ခကြောင့် အားပြိုင်မှုက ပိုပိုတိုးလာနေလည်း တွေ့ရပါတယ်။ခရေစေ့တွင်းကျ ရေးပြရရင်တော့ အတော်လေးရှည်လျားနိုင်ဖွယ် ရှိပါတယ်။၎င်းအားပြိုင်မှုတွေအားမှာ တဖက်နှင့်တဖက်ဟာ အမျိုးမျိုးသော ကုလားဖန်ထိုးမှု၊ချောက်ချမှုတွေ ရှိနိုင်ပါတယ်။
တလောက ရဟတ်ယာဉ်မတော်တဆဖြစ်ပြီး ဆုံးပါးသွားတဲ့အီရန်ခေါင်းကြီးတွေကို ဖြုတ်သွားတာ အကြောင်းတိုက်ဆိုင်မှုတစ်ခုထက် ကျော်လွန်နေကောင်း နေနိုင်ပါတယ်။
ပထမဆုံး စဉ်းစားရမှာက ရှိတ်ဟာစီယာနာပြောတဲ့ဖြစ်ရပ်က အတည်လား (သို့မဟုတ်) လုပ်ဇာတ်လားဆိုတာပါ။အတည်ဖြစ်တယ်ဆိုရင် အဘွားကြီးကို ပြုပြင်ပြောင်းလဲဖို့ ဖိအားလာပေးတာ ဖြစ်နိုင်ပါတယ်။လေယာဉ်ကွင်းကိစ္စလား ၊ ရိုဘင်္ဂလီကိစ္စလားဆိုတာ သူမသာ အသိဆုံးဖြစ်ပါလိမ့်မယ်။သူမဖက်က ငြင်းဆန်တယ်ဆိုပါတော့ ... အဲ့သည်အတွက် သူမပေါ်မှာ တစ်စုံတစ်ရာ သက်ရောက်မှု ရှိနိုင်ပါတယ်။
ဥပမာ - ဆော်ဒီအာရေဗျကို ကြည့်ပါ .. ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးနေရတယ်။၎င်းဖြစ်စဉ်တွေရဲ့နောက်ကွယ်မှာ ဖိအားတွေမပါဘူးလို့ ပြောမရနိုင်ပါဘူး။ တစ်စုံတရာ ဖိအားမျိုး ရှိကောင်း ရှိနေနိုင်ပါတယ်။
အကယ်၍ သူမပြောတဲ့အကြောင်းအရာဟာ လုပ်ဇာတ်ဆိုခဲ့ရင် ရွေးကောက်ပွဲမှာ သူမ မဲရဖို့ ကူလီကူမာလုပ်ကြံပြောဆိုခြင်းဟု တွက်ဆရမှာပါ။
myanmar society 🇲🇲