နောက်ဆုံးခေါ်ဆိုမှု


တတ်နိုင်လို့  နွေဦးတော်လှန်ရေးအဖွဲ့တွေမှာ စစ်ကောင်စီတွင်ရှိသည့်လက်နက်အင်အားထက် နှစ်ဆပဲ ရှိရှိ ၊ ဟိုနားတဖွဲ့ ..သည်နားတဖွဲ့...တော်လှန်၊ထပစ်နေယုံနဲ့   နွေဦးတော်လှန်ရေးဟာ  လုံးဝမအောင်နိုင်ပါဘူး။

အစိုးရယန္တရားဟာ  ဘယ်လောက်အရေးပါလဲဆိုရင်   စစ်ကောင်စီတပ်ကိုပဲ  ကြည့်ပါ။တပြည်လုံး မျက်မုန်းကျိုးကာ ချဉ်ဖက်ဘဝရောက်နေရပြီး  မျိုးနွယ်စုတွေအားလုံးက  ဝိုင်းတိုက်တာခံနေရလို့  သူ့ဖာသာသူအဆီအငေါ်မတည့် ခရိုခယိုင်ဖြစ်နေတာတောင်  တော်တော်နဲ့ ပြိုကျမသွားပါဘူး။အဲ့ဒါဟာ အစိုးရယန္တရားစွမ်းအားပါပဲ။ 

အစိုးရယန္တရားမှာက ရည်ရွယ်ချက်ရှိသောဦးတည်ရာ  ပစ်မှတ်ကို  ဆယ်စက္ကန့်တွင်း   ကျည်တစ်သန်းလောက်  ပစ်ထည့်လိုက်လို့ရပါတယ်။

အစိုးရဝန်ထမ်းယန္တရားမဟုတ်တဲ့ ဟိုနားတဖွဲ့၊သည်နားတဖွဲ့တော်လှန်ရေးအဖွဲ့တွေအတွက်  ရည်ရွယ်ချက်ရှိသောဦးတည်ရာပစ်မှတ်ကို  ဆယ်စက္ကန့်တွင်း ကျည်တစ်သန်း ပစ်ထည့်ဖို့  မဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့  သူတို့မှာက  တိကျတဲ့စည်းချက်  ရှိမနေလို့ ဖြစ်ပါတယ်။
အင်အားမရှိလို့ ...
လက်နက်မပြည့်စုံလို့ ...
လူမစုံလို့  .. 
နေမကောင်းလို့ ...
ဖင်နာလို့  ..
ခေါင်းကိုက်လို့ ..
ခရီးဝေးလို့ ..
နယ်ကျော်မသွားချင်လို့ ..
ကျည်မရှိလို့ ..
စိတ်မပါလို့နဲ့  .. 
ဟိုအဖွဲ့နှင့်သည်အဖွဲ့အဆင်မပြေလို့...
ပေါ်လစီမကြိုက်လို့ ...
အမြင်မတူလို့ ..
လူပုဂ္ဂိုလ်မကြိုက်လို့ ... စသည့်ဆင်ခြေပေါင်းတစ်သန်းလောက်နဲ့ စည်းချက်ကျဖို့ ဘယ်လိုမှ  မဖြစ်နိုင်ပါဘူး။

တော်လှန်ရေးကြီးပြီးရင်လည်း  မြန်မာပြည်မှာ အစိုးရတစ်ရပ်တော့  ရှိကို ရှိနေမှ  ရမှာပါ။မဟုတ်ရင် လက်နက်ကိုင်တွေ တစ်ဖွဲ့နှင့်တစ်ဖွဲ့   အစိုးရဖြစ်ရေးလုံးပန်းပြီး  ထ'သတ်ကုန်ကြလိမ့်မယ်ထင်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက  မြန်မာပြည်ရဲ့အာဏာကို  ကုပ်စီးလိုက်တော့မလားဆိုပြီးလည်း  မစိုးရိမ်ပါနဲ့။အဲ့သည် နှစ်ယောက်တပိုင်း အစိုးရဟာ   မြန်မာ့ပြည်ရဲ့အာဏာကို  ကုပ်စီးဖို့  ဘယ်လိုမှ  မဖြစ်နိုင်ပါဘူး။

မြန်မာပြည်သူတွေ တကယ်လိုအပ်နေတာဟာ 
သူရဲကောင်းဆန်ဆန်  ရန်ဘို'တွေလည်း မဟုတ်ပါဘူး။Fighter Groups တွေလည်း မဟုတ်ပါဘူး။
ကြေစားစစ်တပ်ဆန်ဆန်တပ်ဖွဲ့တွေလည်း မဟုတ်ပါဘူး။မြန်မာပြည်မှာက မျိုးနွယ်စုဆိုင်ရာတပ်တွေကလည်း  လုံလောက်တာထက်ကို  ပိုလွန်းနေခဲ့ပြီးပါပြီ။

မြန်မာပြည်သူတွေ တကယ်လိုအပ်နေတာဟာ တပြည်လုံးအတိုင်းအတာအနေနဲ့  ပြည်သူဖက်ကရပ်တည်ပေးမဲ့  အစိုးရယန္တရားတစ်ရပ်သာ  ဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအောက်မှာ ရပ်တည်ပြီး  အစိုးရယန္တရားအစိပ်အပိုင်းဖြစ် တာဝန်ထမ်းဆောင်ပေးဖို့   ထပ်မံ တိုက်တွန်းလိုပါတယ်။

အစိုးရယန္တရားမှာ ကိုယ်ကြိုက်တာလည်း ရှိမယ်၊မကြိုက်တာလည်း ရှိမှာပါပဲ။အဲ့ဒါဟာ သဘာဝပါ။ကမ္ဘာပေါ်က  ဘယ်အစိုးရယန္တရားမှာပဲ အမှုထမ်းထမ်း ၎င်းအချင်းအရာကို  ကြုံရမှာပါပဲ။တတိုင်းပြည်လုံးက ပြည်သူတွေရဲ့ညှိုးငယ်စွာမျှော်လင့်နေတဲ့မျက်နှာတွေကို ငဲ့ညှာပြီး သည်းခံပေးစေလိုပါတယ်။

စုစည်းမှလည်း  အင်အားဖြစ်ပါတယ်၊
စုစည်း၍ရလာသည့်အင်အားကို မဟာဗျူဟာမြောက်အရွေ့လှမ်းနိုင်ဖို့ဆိုရင်  ပြည်သူကဝန်းရံသည့်အစိုးရ၏နိုင်ငံရေးဖြင့်  ပေါင်းစပ်ရပါတယ်။

ငါ့ညီတို့ကိုပဲ  အားကိုးရမှာ ... 
ငါညီတို့ဟာ ပြည်သူတွေရဲ့တစ်ခုတည်းသော နောက်ဆုံးမျှော်လင့်ချက် ဖြစ်နေလို့ပဲ ... 

ရိုးရှင်းရှင်း ဘွင်းဘွင်းပဲ ပြောရရင်  .. 
ငါညီတို့မှ  အဲ့သည်လို  မစုစည်းနိုင်ရင်  သည်တိုင်းပြည်က  ပျက်တော့မှာ ... 😢

myanmar  society 🇲🇲


တော်လှန်ရေးရဲဘော် ညီအကိုတို့  တိုက်ပွဲတိုင်း အခက်အခဲမရှိ   ဘေးမသီရန်မခ  လွယ်ကူစွာ ကျော်လွှား အောင်ပွဲဆင်နိုင်ကြပါစေလို့  ဆန္ဒပြုပါတယ်။

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း