ဒုတိယမ္ပိ လုပ်ကြံခံရခြင်း
ဗိုလ်ချုပ်အောင်ဆန်းနှင့်ဝန်ကြီးများအဖွဲ့ကို လုပ်ကြံခဲ့ကြပြီး မြန်မာ့နိုင်ငံရေးကို သူတို့အလိုရှိရာ ပုံသွင်းခဲ့တာဟာလည်း Deep State လက်ချက်ပဲ။
ယခုလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်ဝန်ကြီးများအဖွဲ့ကို ရိုဘင်္ဂလီအရေးနဲ့ ကမ္ဘာ့အရေးစာမျက်နှာမှာ သြဇာအာဏာကျဆင်းအောင်လုပ်ပြီး အာဏာသိမ်းအကျဉ်းချထားကြတာဟာလည်း Deep State လက်ချက်ပါပဲ။
မြန်မာနိုင်ငံနှင့်ပြည်သူတွေရဲ့ကောင်းကျိုးအား ရှေးရှုသောခေါင်းဆောင်တွေကို အပြစ်မရှိ အပြစ်ရှာ ဖယ်ထုတ်ပြီး သူတို့အလိုရှိတဲ့နိုင်ငံရေးကို ကြိုးဆွဲဖို့ ကြိုးစားနေကြတာပါ။
အဓိကဆိုလိုရင်းက တစ်ဦးတစ်ယောက်၊အသင်းအဖွဲ့တစ်ခုတည်းက လှုပ်ရှားလုပ်ကိုင်နေတာမျိုးမဟုတ်ဘဲ ပူးပေါင်းကြံစည် လုပ်ဆောင်နေကြခြင်း ဖြစ်တယ်ဆိုတာကို သတိချပ်ကြဖို့ လိုပါတယ်။
ခေတ်ဟောင်းနည်းနာနှင့်ခေတ်သစ်နည်းနာပဲ ကွဲပြားပါတယ်။ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတာချင်းကတော့ အတူတူသာ ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေးမှာ ဆိုရှယ်လစ်စစ်အုပ်စု(စစ်ကောင်စီ) မရှိရေးထက် ဒေါ်အောင်ဆန်းစုကြည် မရှိရေးဟာ Deep State နှင့်သူ့၏သာဝက လက်ကိုင်ဒုတ်များ၏ အဓိကပန်းတိုင်ဖြစ်နေတာကို ကြည့်တတ်ရင် မြင်သာပါတယ်။
myanmar society 🇲🇲