နိုင်ငံရေးစျေးဗန်းခင်းခြင်းအနုပညာ
"မြန်မာပြည်သူလူထုရွေးချယ်သည့်အစိုးရကို AA အသိအမှတ်ပြုမည်"ဟု ဦးခိုင်သုခက ပြောပါတယ်။အပြုသဘောဆောင်အနေအထားတစ်ရပ်မို့လို ပြည်သူတစ်ယောက်အနေနဲ့ ကြိုဆိုပါတယ်။ပြည်ထောင်စုက ခွဲမထွက်သေးဘူးဆိုတဲ့ပြောစကားတွေအရ အပြုသဘောဆောင်မှုတော့ ရှိနေသေးတယ်လို့ ရှုမြင်ပေးလို့ ရနေနိုင်ပါသေးတယ်။
သို့ပေမဲ့ ဘုံသဘောတူညီမှုဟာ ဖက်ဒရယ်ပြည်ထောင်စုသာဖြစ်လို့ ကွန်ဖက်ဒရိတ်ကို သဘောမတူနိုင်ပါဘူး။ ဦးခိုင်သုခပြောခဲ့တဲ့စကားတွေ၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံပြောခဲ့တဲ့စကားတွေ၊ဗိုလ်ချုပ်ညိုထွန်းအောင် ပြောခဲ့တဲ့စကားတွေအားလုံးကို ခြုံငုံကြည့်ရင် သူတို့လိုချင်တဲ့ကွန်ဖယ်ဒရိတ်ပေးနိုင်တဲ့သူကို အသိအမှတ်ပြုမယ်ဆိုတဲ့ စျေးခေါ်၊ကြေးညှိတဲ့စကားမျိုး ပိုဆန်ပါတယ်။အလဲအထပ်ပုံစံမျိုးပေါ့။စျေးသည် ဆန်တယ်၊စီးပွားရေး ဆန်လွန်းတယ်။မေတ္တာတရား၊သစ္စာတရားတွေပါတယ်လို့ ပြည်သူတစ်ယောက်အနေနဲ့ မခံစားရပါဘူး။
စစ်ကောင်စီနှင့် NUG ကိုယှဉ်ပြီး ဘယ်သူက အသိအမှတ်ပြုပြုဆိုသည့်သဘောတရားအား ဆုပ်ကိုင်ပြီး .. ဆိုလိုတာက စစ်ကောင်စီက အသိအမှတ်ပြုပြီးမှ စစ်ကောင်စီပြုတ်သွားလို့ NUG တက်လာခဲ့ရင်လည်း ၎င်းစစ်ကောင်စီပေးထားခဲ့တဲ့ကတိကဝတ်ကို NUG က ဆက်လက်အသိအမှတ်ပြုရေးနိုင်ငံရေးကစားကွက် ခင်းနေတယ်လို့ မြင်မိတယ်။
သည်ကိစ္စမှာလည်း တရုတ်ဗဟိုအစိုးရရဲ့စနက်တွေ ပါကောင်းပါနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ရှမ်းမြောက်ဒေသတွေကိုကြိုးကိုင်ကာ ရခိုင်ပြည်ကို ကွန်ဖက်ဒရိတ်ထားပြီး ဗမာ့နိုင်ငံရေးကို တရုတ်ဗဟိုအစိုးရက ကြိုးဆွဲချင်တာ၊ကြေးညှိချင်တာမျိုးပါပဲ။
စစ်ကောင်စီကိုရော ၊ NUG ကိုရော ခဲတလုံးတည်းနှင့် ငှက်နှစ်ကောင်ပစ်သည့်နိုင်ငံရေးကစားကွက်မျိုးလို့ အဲ့သည်လို ပြောလို့ရနိုင်ပါတယ်။
ဥပမာ - ရခိုင်ပြည်မှာ တရုတ်ရေတပ်စခန်း အထိုင်ချတာမျိုး ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို သူတို့လိုသလို ချဲ့ကားပုံဖော်ချင်တာမျိုး ၊ ကျောက်ဖြူ - ယူနန် ရေနံပိုက်လိုင်းတလျောက်က ဗမာ့တော်လှန်ရေးလက်နက်ကိုင်တွေပါ မွေးစားချင်တာမျိုး ၊ BCIM နှင့် CMEC လို စသည့်စီမံကိန်းတွေကို အလားကားမတ်တင်း အခိုင်အမာအကောင်အထည်ဖော်ရေးအတွက် ဗမာ့နိုင်ငံရေးကို ချုပ်ပြီး ကြေးညှိချင်တာမျိုးကို ဆိုလိုပါတယ်။
ဗမာတွေက ပိုက်လိုင်းကြီးနှင့်ကျောက်ဖြူရေနက်ဆိပ်ကမ်းကြီးကို ခင်တွယ်နေတယ်လို့ တရုတ်ဗဟိုအစိုးရက ထင်နေရှာတာ .. 😅
myanmar society 🇲🇲