ICJ Case • #Update
မြန်မာ Vs ဂမ်ဘီယာ၊ကနေဒါ၊ဒိန်းမတ်၊ပြင်သစ်၊ဂျာမနီ၊နယ်သာလန်၊ဗြိတိန်နှင့်မော်လဒိုက်
ICJ တရားရုံးဟာ တရားလိုဖက်က အားဖြည့်ကူမည့် နိုင်ငံ ( ၇ )နိုင်ငံ၏ တင်ပြချက်တွေကို လက်ခံဖို့ ခွင့်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။
ထိုသူများဟာ ကာယကံရှင် စစ်ကောင်စီကို တရားမစွဲဘဲ နိုင်ငံကို တရားစွဲခဲ့ကြတယ်။စစ်ကူက ( ၇ ) နိုင်ငံပါတဲ့။နိုင်ငံဆိုတာ ပြည်သူပဲ၊နိုင်ငံကို တရားစွဲတာဟာ ပြည်သူကို တရားစွဲတာပဲ။မြန်မာနိုင်ငံသားတစ်ယောက်ချင်းစီတိုင်းကို တရားစွဲထားတာ ဖြစ်ပါတယ်။
"ကာယကံရှင် စစ်ကောင်စီကို တရားစွဲကြပါဟဲ့"လို့တိုက်တွန်းတော့ ..အာဂျင်တီးနားတရားရုံးကို အဆိုတင်သွင်းမှုမှာ "ဒေါ်အောင်ဆန်းစုကြည်"နာမည်ကို ထည့်ဖြစ်အောင် ထည့်ကြတယ်တဲ့လား😅
ICJ တရားရုံးရောက်အောင် စတင်ပြဿနာရှာပြီး နယ်ခြားစောင့်စခန်းကို ဝင်တိုက်ခဲ့တဲ့ ARSA က ခုတော့ စစ်ကောင်စီနှင့်ပေါင်း ရွာတွေမီးရှို့ခဲ့ကြပြီး ရခိုင်တပ်တော် - AA ကို ပြန်တိုက်နေကြပါသတဲ့။စစ်ကောင်စီနဲ့ပူးပေါင်းတဲ့အထဲမှာ ARSA အပြင် ARA နှင့် RSO တောင်ပါသေးဆိုပဲ။
သည့်ထက်ပိုပြောလို့ကလည်း မကောင်းဘူး။အမျိုးသားရေးအစွန်းရောက်ပါတယ်၊လူမျိုးရေးတိုက်ခိုက်ပါတယ်ဆိုပြီး ပြောကြလိမ့်မယ်။
လူထုတော်လှန်ရေးကို ကူကြပါ၊ကယ်ကြပါဆိုတော့ ကမ္ဘာ့နိုင်ငံတွေဟာ စိုးရိမ်တာကလွဲရင် ချူးပြားတစ်ချပ် ကျမလာဘူး။မြန်မာနိုင်ငံကို တရားစွဲဖို့ကြတော့ အဲ့ဒီပိုက်ဆံက ဘယ်က ထွက်လာကြလဲ။စပွန်ဆာပေးသူ ရှိလို့ပေါ့။ကိုယ့်ထမင်းကိုယ်စားပြီး သူများနွားကို ဘယ်သူမှ ကျောင်းမပေးပါဘူး။မတူညီတဲ့ကမ္ဘာ့နိုင်ငံတွေက သည်လောက်အုံနှင့်ကျင်းနဲ့ အတင်းကာရော ဖြစ်နေကြတာဟာ ခေါင်ချုပ်က တစ်ခုတည်းကလာတယ်ဆိုတာ သိဖို့လိုပါတယ်။
မိမိတို့ဟာ တတိယကမ္ဘာစစ်ထဲမှာ ဖြစ်ပါတယ် [ We are in World War III ] ..အမျိုးတို့..။ မြန်မာနိုင်ငံကို လက်မလွှတ်ရရေးနှင့်စဉ်ဆက်မပြတ် ကြိုးကိုင်ထိန်းချုပ်နိုင်ရေးကို သူတို့က ဦးတည်နေကြတာပါ။
[ သည်ကြားထဲ တရုတ်၊အိန္ဒိယ၊ထိုင်း၊ဘင်္ဂလားဒက်ရှ် နှင့်အာစီယံတို့က တို့မီး၊ရှို့မီး လုပ်နေကြပါသေးတယ်။မြန်မာနိုင်ငံနှင့်ပြည်သူတွေဟာ ခွေးအုပ်ကြားက သားတစ်ဘဝ ရောက်နေရတယ်ဆိုရင်လည်း မမှားပါဘူး ]
myanmar society 🇲🇲