မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေးကို ကမ္ဘာ့နိုင်ငံတွေက ဘာကြောင့်လိုလိုလားလား အားမပေးကြလဲ ??
လက်တလောမြန်မာနိုင်ငံ၏ကမ္ဘာ့အရေးနဲ့ပက်သက်ပြီး ပြောရရင် အမေရိကန်၊တရုတ်၊အိန္ဒိယနှင့်အာစီယံတို့ ပူးပေါင်းပြီး မြန်မာ့အရေးကို ဆွေးနွေးရေးလမ်းကြောင်းကို ဦးတည်ပေးနေတာ တွေ့ရပါတယ်။သမ္မတဟောင်း ဦးသိန်းစိန်ကို ပွဲပြန်ထုတ်ဖို့ ရည်စူးနေကြဟန်လည်း ရှိပါတယ်။စစ်ကောင်စီဖက်က ရွေးကောက်ပွဲနှင့်သန်းခေါင်းစာရင်းကိစ္စကိုလည်း ထုတ်ပြောလာတာလည်း တွေ့ရတယ်။ကမ္ဘာ့နိုင်ငံများအနေနဲ့ မြန်မာ့အရေးကို ဆွေးနွေးရေးလမ်းကြောင်းထဲကို အတင်းမောင်းသွင်းဖို့ စိုင်းပြင်းနေကြပုံလည်း ပေါ်ပါတယ်။
[ စစ်တပ်ဘက်မှာတော့ ဦးသိန်းစိန်ဟာ သမ္မတဟောင်းတစ်ဦးလည်းဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အစိုးရကို အာဏာလွှဲပေးခဲ့တဲ့သူလည်းဖြစ်တာကြောင့် အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက်စာရင် စစ်တပ်ဖက်နဲ့ ဆက်ဆံရေးထူထောင်ဖို့ သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ဦးသိန်းစိန်နဲ့ ဆက်ဆံရတာဟာ ပိုသက်တောင့်သက်သာရှိပြီး အများအမြင်မှာ မရိုင်းလှဘူးလို့ ယူဆပြီး တရုတ်ဗဟိုအစိုးရဟာ စစ်တပ်နဲ့ဆက်ဆံဖို့ ကြားခံလူအဖြစ် ဦးသိန်းစိန်ကို ရွေးချယ်ဟန် ရှိပါတယ်။ ]
၎င်းအကြောင်းအရာကို အမျိုးသားညီညွတ်ရေးအစိုးရနှင့်တော်လှန်ရေးအုပ်စုတွေဖက်က ဘယ်လိုမီးစင်ကြည့်က'မယ်။အားသာချက်ရအောင် ဘယ်လိုပြင်ထားမယ်ဆိုတာမျိုး စဉ်းစားထားသင့်ပါတယ်။"ဆွေးကို မဆွေးနွေးချင်ဘူးကွာ"ဆိုရင် ဘယ်လိုစဉ်းစားလုပ်ကိုင်ဆောင်ရွက်ထားဖို့လိုမလဲဆိုတာ ကြိုတင်စဉ်းစားထားသင့်တယ် ယူဆမိပါတယ်။
လွန်ခဲ့တဲ့လပိုင်းလောက်က NUG နှင့် EAOs တွေကို ဂျပန်နိုင်ငံကိုခေါ်ယူပြီး စကားပြောကြည့်၊သဘောထားတီးခေါက်ကြည့်၊အနေအထားကို အကဲခတ်ကြည့်တာမျိုးလည်း တွေ့ခဲ့ရတယ်။NUG နှင့်၎င်း၏ K3C ဆိုတာကြီးကို ခေါ်ယူအကဲခတ်တဲ့သဘောပါပဲ။
ကမ္ဘာ့နိုင်ငံတွေဖက်က တော်လှန်ရေးဖက်ကို ထိတွေ့ဆက်ဆံဖို့ NUG နဲ့ တင်မလုံလောက်တာ သူတို့သိပါတယ်။အဲ့ဒါဆိုရင် NUG နှင့် EAOs တွေ ချုပ်လိုက်ယုံနဲ့ လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးဘူး။ PDFs က ရှိနေသေးတယ်။ ရာပေါင်းများစွာသော PDFs အဖွဲ့တွေကို Deep State ဖက်က ချုပ်ကိုင်ဖို့ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ NUG ၊ EAOs ၊ PDFs ချုပ်ပြီးယုံနဲ့လည်း မပြီးသေးပါဘူး ၊ ပြည်သူတွေကလည်း တဖက် ရှိနေပြန်ပါသေးတယ်။
အထူးသဖြင့် Deep State ဟာ မြန်မာပြည်ကို ချုပ်ဖို့ စစ်တပ်ဘက်ကအားသာရင် မင်းအောင်လှိုင်ကို ဆက်လက်ချုပ်ထားနိုင်ယုံနဲ့ လုံလောက်ကောင်း လုံလောက်နိုင်ပေမဲ့ တော်လှန်ရေးဖက်က အားသာလို့ တော်လှန်ရေးဖက်ကို ချုပ်ဖို့ဆိုရင် ဗျာ'များသွားနိုင်ပါတယ်။အဲ့သည်လောက် ( ၄ ) ပွင့်ဆိုင်ကဏ္ဍကြီးကို သူလိုက်မချုပ်နိုင်ပါဘူး။လိုက်ချုပ်ရင်လည်း သူ့အကြောင်း ဗူးပေါ်သလို ပေါ်ဖို့ပဲ ရှိပါတယ်။ဒါကြောင့်လည်း Deep State နှင့်ကမ္ဘာ့နိုင်ငံများဟာ သူတို့ကြိုးကိုင်ထားသည့်ဆိုရှယ်လစ်စစ်အုပ်စုကို လက်လွှတ်လိုက်ဖို့ ခုချိန်ထိ ဝေခွဲမရဖြစ်နေဟန်တူပါတယ်။
၁၉၄၈ ခုနှစ် လွတ်ရေးမပေးခင်ကတည်းက မြန်မာ့ပညာတတ်လူငယ်တွေကြားမှာ ကွန်မြူနစ်စနစ်ကို ရည်ရွယ်ချက်ရှိရှိထိုးသွင်းပြီး နောင်တချိန်အစိပ်စိပ်အမွှာမွှာကွဲဖို့ သူတို့ဟာ ရည်ရွယ်လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။တကယ်လည်း ကွဲထွက်ကုန်ခဲ့ကြတယ်။လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ သူတို့ မှန်းထားသလို ကွန်မြူနစ်ဝါဒဟာ (ဗ.က.ပ) ကနေတဆင့် တိုင်းရင်းသားဒေသများနှင့်ပြည်နယ်များဆီ ပြန့်နှံ့သွားခဲ့ပြီး ဆိုရှယ်လစ်ဖြစ်တဲ့စစ်အုပ်စုဆီ မြန်မာ့အာဏာ ဆုပ်ကိုင်နိုင်ဖို့ တွန်းပို့ခဲ့ကြတာဖြစ်ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းဟာ သူတို့ကြိုးဆွဲလို့ရမည့်သူ မဟုတ်တာရော၊သူတို့လမ်းကြောင်းပေးထားသော ကွန်မြူနစ်နှင့်ဆိုရှယ်လစ်စနစ်ကနေသွေဖယ်ပြီး ပြည်ထောင်စုတည်ဆောက်ဖို့ ကတိခံပြီး ကြိုးပမ်းနေတဲ့ဗိုလ်ချုပ်အောင်ဆန်းနှင့်ခေါင်းဆောင်ကြီးများကို လုပ်ကြံပစ်လိုက်တော့ အဲ့သည်မှာ မြန်မာ့နိုင်ငံရေးဟာ ရေစုန်မျောတော့တာပါပဲ။ ဆိုရှယ်လစ်စစ်အုပ်စုဟာ Deep State ရဲ့အမိန့်ကို မနာခံတိုင်း၊ဖီဆန်ဖို့ကြိုးစားတိုင်း (ဗ.က.ပ)အရင်းခံ၍ ကွန်မြူနစ်စနစ်ပြန့်နှံ့သွားခဲ့တဲ့တိုင်းရင်းသားမျိုးနွယ်စုအုပ်စုတွေနဲ့ ဆိုလှယ်လစ်စစ်အုပ်စုကို ဖိအားပေးလေ့ ရှိတတ်ကြပါတယ်။သဘောကတော့ အိမ်ကြက်ချင်းအိုးမဲသုတ်ပြီး ရန်ဖြစ်ခိုင်းတဲ့သဘောတရားပါပဲ။အဲ့သည်လိုနည်းနဲ့ Deep Stae ဟာ မြန်မာ့နိုင်ငံရေးကို အစဉ်အဆက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။၎င်းသံသရာစက်ဝန်းကနေ ချိုးဖျက်ရုံးထွက်နိုင်ဖို့ လိုပါတယ်။
ပြည်ပနိုင်ငံတွေကပြောပြောနေတဲ့ မြန်မာပြည်အတွက် ဒီမိုကရေစီဆိုတာ ရွှေရည်စိမ်ဒီမိုကရေစီ (၂၀၀၈ ခုနှစ် အခြေခံဥပဒေ)ကို ရည်ရွယ်ပြောနေကြတာပါ။သူတို့ထိန်းချုပ်လို့ရမည့်၊ဝင်ရောက်ကြိုးကိုင်လို့ရမည့် ဒီမိုကရေစီကိုပဲ သူတို့ကပေးချင်တာ ဖြစ်ပါတယ်။ပြည်သူတွေလိုလားတဲ့ " ဖက်ဒရယ်ဒီမိုကရေစီ"မျိုး မဟုတ်ပါဘူး။
နွေဦးတော်လှန်ရေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊တော်လှန်ရေးဖက်ယိမ်းကြသော EAOs၊ ပြည်သူ့ကာကွယ်ရေးတပ်များ - PDFs ၊ မြန်မာပြည်သူတွေဟာ သူတို့လမ်းကြောင်းပေးထားတဲ့ ဆိုရှယ်လစ် (သို့မဟုတ်) ကွန်မြူနစ်စနစ်ကနေ ခွဲထွက်လာသည့်လမ်းကြောင်းသစ်တစ်ခုဖြစ်နေလို့ သူတိုက အားမပေးချင်ကြတာ၊မကူကြတာ၊စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။
[ တော်လှန်ရေးဖက်က ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို သည့်ထက်ပိုစုစည်းသင့်တယ်။အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း ဒီထက်ပိုအသိအမှတ်ပြုပေးသင့်ပါတယ်။အဲ့ဒါဆိုရင် ကမ္ဘာ့နိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းနိုင်ဖို့ ပိုပြီးအခွင့်အလမ်း များလာနိုင်ပါတယ်။ငါ့မျိုးနွယ်စု၊ငါ့ကိုယ်ပိုင်အုပ်ခွင့်ရဒေသ၊ငါ့ပြည်နယ်ဆိုတာလောက်နဲ့ တိုင်ပတ်မနေသင့်ပါဘူး။ကမ္ဘာကြီးနဲ့ချိတ်ဆက်နိုင်ဖို့အတွက် နိုင်ငံအဆင့်မဟာဗျူဟာနိုင်ငံရေးအရွေ့ကို တွန်းတင်နိုင်လောက်သည်အထိ ရှေ့ရှုဦးတည် လုပ်ဆောင်နိုင်ကြဖို့ လိုပါတယ် ]
လက်ရှိနွေဦးတော်လှန်ရေးဖက်ကို ယိမ်းကြတဲ့ EAOs အုပ်စုတွေကို ပြည်သူတွေက တခဲနက်အားပေးကြတာဟာ "ဖက်ဒရယ်ဒီမိုကရေစီလမ်းစဉ်" သွားကြမယ်ဆိုလို့ အားပေးကြတာ ဖြစ်ပါတယ်။ အရင်လို ကွန်မြူနစ်ယောင်ယောင် ဘာယောင်ယောင်ဆိုရင် ပြည်သူတွေက ယခုလောက်အားပေးကြလိမ့်မယ် မဟုတ်ပါဘူး။
" လူထုနှင့်တိုင်းပြည်မျက်နှာကိုထောက်ပြီး ပြတ်ပြတ်သားသားဆောင်ရွက်ကြ "
- ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၇ ခုနှစ်လောက်က ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာ စကားဖြစ်ပါတယ်။အဲ့သည်ခေတ်ကတည်းက ခေါင်းဆောင်များဟာ မပြတ်မသားဆောင်ရွက်နေခဲ့ကြတယ်လို့ ခြုံယူဆင်ခြင်လို့ရနေပါတယ်။အဲ့သည်ခေတ်ကတည်းက အစေးမကပ်၊ခွထိုင်၊ကြားနေ၊ဘေးထိုင်၊ဘုပြော အခွင့်အရေးသမားတွေ များခဲ့ဟန် ရှိပါတယ်။
ယခုရော .....
"ပြတ်ပြတ်သားသား ဆောင်ရွက်နေကြပြီလား"လို့ ခေါင်းဆောင်တွေကို မေးခွန်းထုတ်ရမည့်သဘောမှာ ရှိပါတယ် 😁။
myanmar society 🇲🇲