ယိုစိမ့်ပေါက်ကြားထားသည့်ဖိုင်များအရ AstraZeneca, Rolls Royce, HSBC နှင့် Jaguar Land Rover စသည့်တို့တွင် တရုတ်ကွန်မြူနစ်ပါတီဝင်များက အကြီးအကျယ်ထိုးဖောက်ဝင်ရောက်လျက်ရှိ

တရုတ်ကွန်မြူနစ်ပါတီ၏သစ္စာရှိအဖွဲ့ဝင်များဟာ ဗြိတိသျှကောင်စစ်ဝန်ရုံးများ၊ တက္ကသိုလ်များနှင့်ယူကေ၏ထိပ်တန်းကုမ္ပဏီများအတွက်အလုပ်လုပ်နေကြကြောင်း The Mail က ဖော်ပြခဲ့ပါတယ် ။

ယိုစိမ့်ပေါက်ကြားခဲ့သောဖိုင်တွင် မှတ်ပုံတင်ထားသော ၁.၉၅ သန်းသောကွန်မြူနစ်ပါတီ၀င်များဟာ ဗြိတိန်၏ကာကွယ်ရေးကုမ္ပဏီများ၊ ဘဏ်များနှင့်ဆေးဝါးကုမ္ပဏီများ ၊ ဗြိတိန်ထိပ်တန်းကုမ္ပဏီကြီးများအပါအ၀င် ဗြိတိန်၏လူနေ့မှုဘဝများအတွင်းသို့ ပြန့်နှံ့လျက်ရှိကြောင်းကို ဖော်ပြထားပါတယ် ။

စိတ်ပျက်စရာအကောင်းဆုံးအချက်မှာ  " ပါတီရဲ့လျှို့ဝှက်ချက်များကိုစောင့်ရှောက်ပါ၊ ပါတီအပေါ်သစ္စာရှိပါ၊ ကြိုးစားအားထုတ်ပါ၊ ကျွန်ုပ်ဘဝတစ်လျှောက်လုံးကွန်မြူနစ်ဝါဒအတွက်တိုက်ပွဲဝင်ပါ၊ ပါတီကိုမည်သည့်အခါကမျှသစ္စာမမဲ့ပါ" ဟုကျိန်ဆိုသောအဖွဲ့ဝင်အချို့ဟာ ဗြိတိသျှကောင်စစ်ဝန်ရုံးများတွင်အလုပ်အကိုင်များရှိသည်ဟုလည်း ဖော်ပြထားပါတယ်။၎င်းတို့အနက် ရှန်ဟိုင်းရှိဗြိတိသျှကောင်စစ်ဝန်ရုံးမှအကြီးတန်းအရာရှိဖြစ်နေသည်ဟုလည်းပါ၏။


၎င်းဒေတာဘေ့စ်ကို မူလကစာဝှက်ထားသောလက်ငင်းစာတိုပေးပို့ရေးအက်ပလီကေးရှင်းတွင်ပေါက်ကြားခဲ့ပြီး  တရုတ်ဆန့်ကျင်သူက စက်တင်ဘာလတွင်ကမ္ဘာပေါ်ရှိဥပဒေပြုသူ ၁၅၀ ကျော်ပါ၀င်သောတရုတ်နိုင်ငံရှိပါလီမန်မဟာမိတ်အဖွဲ့သို့လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည် ။  

The Inter-Parliamentary Alliance on China (IPAC) လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ဥပဒေပြုအမတ်များညီညွတ်ရေးအဖွဲ့ဟာ တရုပ်ပြည်ကခိုလှုံလာသူတဦးထံက ရရှိတဲ့ database ကိုကိုးကားထားသလို မီဒီယာအဖွဲ့အစည်း( ၄ ) ခုနဲ့လည်း မျှဝေထားပြီး အဲဒီစာရင်းကို ကျွမ်းကျင်သူတွေနဲ့လည်း စစ်ဆေးအတည်ပြုထားသည်ဟုလည်း ဆိုသည်။ 

၂၀၁၆တုန်းက တရုပ်ပြည်ကနေ ထွက်ပြေးခိုလှုံလာတဲ့သူတွေက ရှန်ဟဲမြို့ရှိ ဆာဗာကနေ ကူးယူလာခဲ့ကြောင်း ဖော်ပြထားပြီး အမည်၊ မွေးနေ့၊ လူမျိုး၊ လိပ်စာ၊ ဖုံးနံပါတ်စသည်တွေပါဝင်သည်ဟု ဆိုသည် ။ 

MoS ၏အသေးစိတ်ခွဲခြမ်းစိတ်ဖြာမှုအရ  ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများဖွံဖြိုးတိုးတက်ရေးလုပ်ကိုင်လျက်ရှိသော ဆေးဝါးကုမ္ပဏီကြီးများဖြစ်သည့် Pfizer နှင့် AstraZeneca တို့တွင် ကွန်မြူနစ်ပါတီ၏ထောက်ခံသူစုစုပေါင်း ၁၂၃ ဦးရှိခဲ့သည်ဟုလည်း ပါရှိသည်။

၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်ထားသည့်ဗြိတိန်ဘဏ်များဖြစ်သော HSBC နှင့် Standard Chartered တွင် ဘဏ်ခွဲပေါင်း ၁၉ ခု၌ ပါတီဝင် ( ၆၀၀ )ကျော်ရှိကြောင်းခွဲခြမ်းစိတ်ဖြာမှုကဖော်ပြထားသည်။

Airbus၊ Boeing နှင့် Rolls-Royce အပါအ၀င်ကာကွယ်ရေးဆိုင်ရာအကျိုးစီးပွားရှိသောကုမ္ပဏီများတွင် ရာပေါင်းများစွာသောကွန်မြူနစ်ပါတီ၀င်များကို အလုပ်ခန့်ထားလျက်ရှိသည်ဟု ပါရှိသည်။

 Airbus၊ Boeing နှင့် Rolls-Royce စသည့်ကာကွယ်ရေးကဏ္ဍများတွင် ပါ၀င်သည့်ပါတီ၀င်စာရင်းတွင် ပါ၀င်သူမည်သူဟူ၍လည်းကောင်း ၊ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်သည်ဟူသော သက်သေအထောက်အထားမရှိသော်လည်း များစွာသောကွန်မြူနစ်ပါတီဝင်တို့သည် သူတို့၏အလုပ်အကိုင်အခွင့်အလမ်းများကို မြှင့်တင်ရန်အတွက်မှတ်ပုံတင်ထားကြသည်တော့ ဖြစ်သည် ။

တရုပ်ပညာရှင်များနှင့်ကွန်မြူနစ်ပါတီဝင်တွေဟာ ဗြိတိသျှတက္ကသိုလ်တွေနဲ့အလုပ်လုပ်နေကြသည့်အပြင် နိုင်ငံတော်လုံခြုံရေးအတွက်အရေးပါသော aerospace engineering နှင့်ဓါတုဗေဒပညာရပ်တွေရဲ့သုတေသနလုပ်ငန်းတွေ၌ ပါဝင်နေသည်ဟုလည်း ဆိုသည်။ 


ကျွမ်းကျင်သူများက သူလျှိုလုပ်ခြင်းတွင် ပါဝင်မှုမရှိကြောင်းနှင့် ၎င်းယုံမှားမှုကို ငြင်းဆိုကြသည်။  

တွေ့ရှိချက်များကိုတုံ့ပြန်သည့်အနေဖြင့် ပါလီမန်အမတ် ( ၃၀ ) မှ အစုအဖွဲ့က ၎င်းတို့သည် ပြဿနာနှင့်ပတ်သက်၍ အရေးပေါ်မေးခွန်းတစ်ခုထုတ်ပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

ယူအက်စ်အမျိုးသားလုံခြုံရေးဒါရိုက်တာဂျွန်ရက်ကလစ်သည်ဒုတိယကမ္ဘာစစ်ပြီးကတည်းကတရုတ်သည် 'ဒီမိုကရေစီနှင့်လွတ်လပ်ခွင့်အတွက်အကြီးမားဆုံးခြိမ်းခြောက်မှု' ဖြစ်ကြောင်း 'ကမ္ဘာကိုစီးပွားရေး၊ စစ်ရေးနှင့်နည်းပညာအရလွှမ်းမိုးချုပ်ကိုင်ရန်ကြိုးပမ်းနေခြင်း' ဖြစ်ကြောင်းသတိပေးခဲ့သည်။

ဟင်နရီဂျက်ဆန်အသင်း၏နိုင်ငံခြားရေးမူဝါဒအကြံပေးအဖွဲ့မှဆမ်အမ်းစထရောင်းက“ ဒါကကမ္ဘာ့အနှံ့အပြားကို တရုတ်ပြန့်နှံ့နေတာကိုပြသနေတာဖြစ်ပါတယ် ၊တော်တော်စိတ်ပျက်စရာကောင်းတယ် " ဟု ဆိုသည် ။

ထို့ကြောင့်လည်း ရှီကျင်းပင်က" တရုတ်သည် ကမ္ဘာ့အင်အားအကြီးဆုံးစစ်အင်အားတစ်ရပ်ကို  ၂ဝဝ၈ ခုနှစ်တွင် ရှိလိမ့်မည်" ဟု ပွင့်ပွင့်လင်းလင်းပြောခဲ့သည်မှာအံ့သြစရာတော့မဟုတ်ပေ ။

myanmar fb society🇲🇲


(ကောက်နှုတ်ဘာသာပြန်ဆိုထားခြင်းသာ ဖြစ်ပါတယ် )

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ