ဒစ်ဂျစ်တယ်ငွေကြေး ( Block chain/ Cryptocurrency)
Blockchain သည် cryptocurrency bitcoin နှင့်စတင်သောနည်းပညာကိုရည်ညွှန်းသည်။
Block chain လို့ပြောလာရင် ....
ပထမ တစ်ခုက -
ပါပူဝါ နယူးဂီနီ မှာ အမေရိကန် block chain ကုမ္ပဏီ တစ်ခု က လုပ်တာပါ။ ပါပူဝါ နယူးဂီနီ ရဲ့ ဒုသမ္မတ ကိုယ်တိုင် ဦးဆောင် ပြီး လုပ်နေတာ ဖြစ်ပြီး နယ်ပယ် သတ်မှတ်တာ၊ regulations ချမှတ်တာ တွေ လုပ်တုန်းပဲ ရှိပါသေးတယ်။
ဒုတိယ တစ်ခုက -
Block chain ရဲ့အကျိုးဆက်ဟာ မှန်းဆလို့မရနိုင်လောက်အောင်ကျယ်ပြန့်တာကြောင့် ပြိုလဲမှုဖြစ်ခဲ့ရင် လူမှုအဖွဲ့အစည်းကို ဆိုးရွားစွာထိခိုက်နိုင်တာကြောင့် တရုတ်နိုင်ငံတွင် မစမ်းသပ်ဘဲ လူပတ်ဝန်းကျင်နှင့် အဆက်အသွယ်သိပ်မရှိတဲ့ မြန်မာနိုင်ငံ ယုံပန်း ဒေသကိုရွေးချယ် လုပ်ကိုင်ရခြင်း ဖြစ်တယ်လို့ Jane Zhang ဆိုခဲ့ပါတယ် ။
Jane Zhangဆိုတဲ့ အမျိုးသမီးဟာ ယုံပန်းနိုင်ငံရဲ့အကြီးအကဲလို့လည်း ဆိုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာပိုင်နက်ပေါ်မှာ လောင်းကစားရုံဖွင့်ပြီး အခွန်အခကောက်ယူမယ့်အပြင် မြန်မာရဲ့အချုပ်အခြာအာဏာကို မျက်စိထဲမထည့်ပဲ ထပ်ပြီးစီးပွားရေးနယ်ချဲ့တာလို့ပဲ ယူဆမိတယ် ။
ဒါကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသအမှတ်(၄)ဖြစ်သည့် မိုင်းလားဒေသတွင်းရှိ ယုံပန်းဒေသပေါ်မှာ ပထမဆုံး ဒစ်ဂျစ်တယ်နိုင်ငံသစ်အဖြစ်လုပ်မယ်ဆိုတဲ့ သတင်းတွေတက်လာခဲ့တာပါ ။ယုံပန်းအထူးစီးပွားရေးဇုံလို့ သုံးထားပေမယ့် မြေဧကငါးသောင်းကျော်ပေါ်မှာ တည်ရှိမယ့် ၎င်းနေရာပေါ်မှာ ယုံပန်းငွေကြေး(Yong Bang Coin)ကို သုံးလိုက်ယုံနဲ့ ယုံပန်းနိုင်ငံသား(e-citizen)ဖြစ်သွားပြီး ဒေသတစ်ခုလုံးကို ဒစ်ဂျစ်တယ်စနစ်နဲ့ ကျင့်သုံးပြီး ဘယ်အစိုးရဩဇာအောက်မှာမှ ရှိမနေဘူးလို့ ဆိုထားခဲ့ပါတယ်။
။
ဖေဖော်ဝါရီ ၂၂ရက် NRPC၌ ပြုလုပ်သည့် NRPC-SSPP ဆွေးနွေးပွဲအပြီး နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှ အစိုးရတာဝန်ရှိသူများက digital စီးပွားရေးဇုန်နဲ့ပတ်သတ်ပြီး တရုတ်သံအမတ်ကြီးကို ခေါ်ယူပြောကြားခဲ့ကြောင်း သိခဲ့ရပါတယ် ။ မိုင်းလားဖက်က လူကြီးတွေကို လှမ်းပြီးမေးတော့ သည်ကိစ္စလုပ်ထားတာမရှိဘူးလို့ ပြန်ဖြေကြားခဲ့ပါတယ်။
တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Shanghai Shellpay Internet Technologyဟာ ရှမ်းပြည်နယ် မိုင်းလားအထူးအုပ်ချုပ်ခွင့်ရဒေသ(၄)တွင်(Yong Bang Blockchain )အထူးစီးပွားရေးဇုန် တည်ထောင်ရန်စီစဉ်နေကြောင်း စင်္ကာပူသတင်းရုပ်သံ Channel News Asia မှ Inside the Crypto Kingdom အစီအစဉ်တွင် ထုတ်လွှင့်ခဲ့ပါတယ် ။Shanghai Shellpay Internet Technology အမှုဆောင်အရာရှိချုပ်က အဆိုပါရုပ်သံအစီအစဉ်တွင် ဒစ်ဂျစ်တယ်စီးပွားရေးဇုန်အကြောင်း ပြောကြားသွားခဲ့ပါတယ်။
ဝ"ဒေသ၊ မိုင်းလားဒေသအပြင် မိုင်းဖြတ်ဒေသပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပုံစံမျိုးလုပ်ကာ တရုတ်တို့၏ ဩဇာခံလုံးလုံးဖြစ်နေခဲ့တာပါ ။ မြန်မာငွေကျပ်ကို မသုံးပဲ တရုတ်ယွမ်ငွေများနှင့် ၎င်းတို့ဘာသာထုတ်ဝေသော ငွေစက္ကူများကို အစားထိုးသုံးစွဲကာ အချုပ်အခြာအာဏာကို သွယ်ဝိုက်စော်ကားနေခြင်းမျှသာ ။ နယ်နိမိတ်ထိစပ်နေသော ယူနန်ပြည်နယ်အစိုးရ၏ ဩဇာကျရောက်နေခဲ့တာပါ။
သို့သော်လည်း မြန်မာအစိုးရဖက်က ကန့်ကွက်ခဲ့တာကြောင့် ယုံပန်းမှာ ဒစ်ဂျစ်တယ်ငွေကြေး စမ်းသပ်မှုပြုလုပ်မဲ့အစီအစဥ် ပျက်သွားတယ်လို့တော့ ကြားသိရပါတယ် ။
Blockchain စီမံကိန်းပေါင်း ၅၀၀ ကျော်ကို China Cyber Administration တွင်မှတ်ပုံတင်ခဲ့ပြီး Tencent မှ Huawei အထိ တရုတ်နိုင်ငံ၏အကြီးဆုံးအင်တာနက်ကုမ္ပဏီများသည်စီမံကိန်းများကိုမှတ်ပုံတင်ထားခဲ့တာလည်းဖြစ်ပါတယ်။
တရုတ်တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်သောဟိုင်နန်သည်နည်းပညာဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် blockchain pilot ဇုန်ဟုခေါ်ဆိုပါတယ်။ Huobi သည် cryptocurrency လဲလှယ်သူဖြစ်ပြီးတရုတ်ရှာဖွေရေးကုမ္ပဏီ Baidu ကဲ့သို့ဟိုင်နန်တွင်ဆိုင်တစ်ဆိုင်ဖွင့်လှစ်ထားပါတယ်။
တချို့ကျွမ်းကျင်သူများက တရုတ်သာ ၎င်းနည်းပညာကို ဦး ဆောင်ခဲ့လျှင် ၎င်းသည်အန္တရာယ်ရှိနိုင်သည်ဟုသုံးသပ်ခဲ့ကြပါတယ် ။
ဘဏ္ဍာရေးကဲ့သို့သောနယ်ပယ်များတွင်စတင်ကျင့်သုံးလာသည်နှင့်အမျှနည်းပညာ၏အဓိပ္ပါယ်ဖွင့်ဆိုချက်ပြောင်းလဲလာပါတယ်။ "Distribed ledger technology" (သို့) DLT စသည့်အခြားအသုံးအနှုန်းများကိုယခုအခါမကြာခဏအသုံးပြုလေ့ရှိပြီးမူလ bitcoin blockchain နှင့်မတူကွဲပြားမှုများလည်းရှိပါတယ်။
တရုတ်နိုင်ငံသည်သမ္မတရှီကျင့်ဖျင်၏ခိုင်မာသောထောက်ခံမှုကိုခံယူပြီးနောက် blockchain တွင် ဦး ဆောင်ရန်အဆင်သင့်ရှိသည်ဟု တချို့ကျွမ်းကျင်သူများက CNBC သို့ပြောကြားတာမျိုးလည်း ရှိခဲ့ပါတယ်။
တရုတ်နိုင်ငံမှ ပြုလုပ်မည့် Block chain ဆိုတာ ပိုးလမ်းမသစ်စီမံကိန်းနှင့် တွဲဖက်မည့်အရာဟု စာရေးသူအနေဖြင့် မှတ်ချက်ပြုလိုပါတယ် ။
myanmar society🇲🇲