ကုန်သွယ်ရေးစစ်ပွဲနှင့်ဆက်နွယ်သော အမေရိကန် -တရုတ် အားပြိုင်မှုများ နှင့် မြန်မာပြည်၏ အနောက်တံခါးကျိုးပျက်ခြင်း
ကုန်သွယ်ရေးစစ်ပွဲအတွက် တေ့ဆိုင်အားပြိုင်နိုင်ငံကတော့ တရုတ် နှင့် အမေရိကန် ပဲဖြစ်ပါတယ် ။
အကြမ်းအားဖြင့် အမေရိကန်ဖက်မှာတော့ အိန္ဒိယ ၊ မြန်မာ ၊ ဂျပန် ၊တောင်ကိုရီယား ၊ ဖိလစ်ပိုင် စသည့်နိုင်ငံများပါဝင်ပြီး တရုတ်ဖက်မှာတော့ ဘင်္ဂလားဒေ့ရှ် နှင့် ၎င်းနှင့် ဆက်စပ်သော OIC နိုင်ငံများ ၊ မြောက်ကိုရီယား အစရှိသည့်နိုင်ငံများပါဝင်ပါတယ် ။ဒီကြားထဲမှာ နိုင်ငံများရဲ့ အားပြိုင်မှုနဲ့အတူ ကြားနေနိုင်ငံများ ၊ အဖွဲ့အစည်းများလည်း ပါရှိပါတယ် ။
အားပြိုင်မှုတွေရဲ့ ထုံးစံအတိုင်း ထိုသူတို့ရဲ့ မိတ်ဖက် နိုင်ငံတွေဆိုတာလည်း ပါဝင်ပါတယ် ။ မိတ်ဖက်ဆိုတာကတော့ ရည်ရွယ်ချက်မတူသော်ငြားလည်း လမ်းကြောင်းတူရင် ပေါင်းလုပ်ကြတဲ့ သဘောမျိုးပါ ။ လမ်းကြောင်းမတူတဲ့အခါ လမ်းခွဲကြတယ်ပေါ့ ။ ဒါကြောင့် နိုင်ငံရေးမှာ အမြဲတမ်း ရန်သူ၊ အမြဲတမ်း မိတ်ဆွေရယ် မရှိဘူးလို့ ဆိုလိုပုံရပါတယ် ။
၂၀၁၈ ခုနှစ်က စလို့ ကုန်သွယ်ရေးစစ်ပွဲကို အစပြုခဲ့တာ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ အရှိန်အဟုန်မြင့်မြင့်ဖြင့် အပြန်အလှန်ထိုးနှက်မှုတွေ ဖြစ်ပွားလို့ နေပါတယ် ။ ၂၀၁၇ ခုနှစ်ကာလ မတိုင်မီကတည်းက တရုတ်ဟာ ဉာဏပိုင်းဆိုင်ရာရပိုင်ခွင့် အခွင့်အရေးကို ချိုးဖောက်ခိုးယူမှုတွေ တစိုက်မတ်မတ်လုပ်လာခဲ့တာဖြစ်ပါတယ် ။ ဥပမာ - apple ဖုန်း ၊ ဆမ်ဆောင်းဖုန်း ၊ မာစီဒီးကါး ၊ အမေရိကန် စစ်လေယာဥ် design တွေအထိ ပေါ်ထင်ပုံတူကူးပြီး ဉာဏပိုင်းဆိုင်ရာ ရပိုင်ခွင့်အခွင့်အရေးကို ချိုးဖောက်ခဲ့တာပါ ။ အောင်မြင်တဲ့ design ၊နည်းပညာတစ်ခုရဖို့ အချိန်အားဖြင့် ၁၀ နှစ်တန်သည် ၊ နှစ် ၃၀ တန်သည် အချိန်ယူရပြီး သုတေသနလုပ်ငန်းအတွက် ငွေကြေးများစွာသုံးပြီး လုပ်ရတာမျိုးပါ ။အဲ့လို အချိန်တွေ ၊ငွေတွေရင်းနှီးမြှုပ်နှံပြီးမှ ရလာတဲ့ အသီးအပွင့်ကို ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ခိုးယူခြင်းဟာ ကိုယ်ကျင့်သိက္ခာဖောက်ပြန်ချင်းပါ ။
5 G နည်းပညာနဲ့ ဟွဝေးဖုန်းကို ကမ္ဘာ့စျေးကွက်ထဲကို ဖြန့်ချိတော့မယ်ဆိုတော့မှ ဉာဏပိုင်းဆိုင်ရာအခွင့်အရေးတွေ ချိုးဖောက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန်ရဲ့ ရိုက်ချမှုကို ခံရပါတော့တယ် ။ အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီတွေရဲ့ နည်းပညာပိုင်ဆိုင်ရာ သုံးစွဲခွင့်ပေးထားတဲ့ အခွင့်အရေးကို ရုပ်သိမ်းခဲ့တာကြောင့် 5 G နည်းပညာ နှင့်အတူ ဟွဝေးဖုန်းဟာ ကျရှုံးသွားရတဲ့ အခြေအနေဆိုက်ရောက်သွားရပါတော့တယ် ။ ဒါတွေကတော့ မြင်သာတဲ့ အပိုင်းတွေရဲ့ ဖြစ်ပျက်မှုတွေပဲ ဖြစ်ပါတယ် ။
မမြင်သာတဲ့အပိုင်းတွေကတော့ တရုတ်နိုင်ငံဟာ ကမ္ဘာ့နံပတ် ( ၁ )နေရာကို ရည်မှန်းပြီး နိုင်ငံငယ်တွေအပေါ် အကြွေးထောင်ချောက်ပိစေပြီး တရုတ်ရဲ့ ခေတ်သစ်ပိုလမ်းမစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ပြီး ကမ္ဘာကို အုပ်စိုးဖို့ပဲ ဖြစ်ပါတယ် ။
တရုတ်ရဲ့ ဗျူဟာတစ်ရပ်ကတော့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းလာဘ်စားမှု နှင့်လူမျိုးရေး ဘာသာရေး ပဋိပက္ခ အပေါ် သွေးထိုးလှုံဆော်ပြီး အကြွေးထောင်ချောက်ဆင်ကာ အဲ့ဒီနိုင်ငံကို လှုပ်မရအောင်တုပ်ပြီး နိုင်ငံရဲ့ အရေးပါအချက်အခြာကျတဲ့နေရာကို ရယူခြင်း နှင့် သံယံဇာတနှိုက်ထုတ်ခြင်းတို့ကို လုပ်ပါတယ် ။
အကြမ်းအားဖြင့်ပြောရရင် ခေတ်သစ်ပိုးလမ်းမစီမံကိန်းဆိုတာ တရုတ်နိုင်ငံ ယူနန်ဖက်ကနေ မြန်မာနိုင်ငံ ရခိုင်ကမ်းမြောင်ဒေသ ၊ ဘင်္ဂလားဒေ့ရှ် ၊ပါကစ်စတန် ၊ သီရိလင်္ကာ ၊ အနောက် ဥရောပနိုင်ငံများနှင့် မူစလင်ကမ္ဘာကို ဖြန့်ကျက်မဲ့ ရေကြောင်းစီးပွါးရေး ကူးသန်းလမ်းကြောင်းပဲ ဖြစ်ပါတယ် ။
ကုန်သွယ်ရေးစစ်ပွဲဖြစ်ရတဲ့ အကြောင်းအရင်းကတော့ အထက်မှာပြောခဲ့သလို ဉာဏပိုင်းဆိုင်ရာရပိုင်ခွင့်အခွင့်အရေးချိုးဖောက်မှုများ ၊ နိုင်ငံငယ်တွေအပေါ် အကြွေးထောင်ချောက်ပိစေပြီး တရုတ်လက်အောက်ခံနိုင်ငံအဖြစ်သွပ်သွင်းခြင်းများ နှင့် ခေတ်သစ်ပိုးလမ်းမစီမံကိန်းကြောင့် ဖြစ်ပါတယ် ။အမေရိကန်ဟာ အမြဲတမ်းပထမနေရာ ရယူထားမှုကို တရုတ်ကို မပေးလိုတဲ့အတွက် ၊ တရုတ်ရဲ့ ဖျံကျမှုကို လက်တုန့်ပြန်ချင်တဲ့အတွက်ကြောင့် ကုန်သွယ်ရေးစစ်ပွဲအဖြစ်ကြေငြာပြီး တရုတ်ရဲ့ အရံငွေ ၃ ထွီလီယံ ထွက်သွားအောင် စီးပွါးရေး ၊နိုင်ငံရေးနဲ့ ကစားခြင်းဟု ပြောလျှင်ရပါတယ် ။
တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲအားပြိုင်မှုအတွက် တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းဖော်ဆောင်ရေးမှာ အချက်အခြာကျတဲ့ မြန်မာနိုင်ငံ ၊ မြန်မာနိုင်ငံထဲကမှ ရခိုင်ကမ်းမြှောင်ဒေသ ဟာ အရေးပါပြီး အချက်အခြာကျတဲ့ ကမ္ဘာ့နိုင်ငံများရဲ့ အာရုံစိုက်မှုကို အထူးခံထားရတဲ့နေရာလည်းပဲ ဖြစ်ပါတယ် ။ ရခိုင်ဘင်္ဂလီအရေးအခင်းဟာ တရုတ်နှင့် အမေရိကန် အတွက် အားပြိုင်မှုတွေထဲ အထူးအရေးပါတဲ့နေရာ တစ်နေရာပါ ။
ရခိုင်အရေးမှာ ပါဝင်နေတဲ့ နိုင်ငံများကတော့ မြန်မာ ၊ ဘင်္ဂလားဒေ့ရှ် ၊ အမေရိကန် ၊တရုတ် ၊အိန္ဒိယ၊ ဂျပန် ၊ တောင်ကိုရီယား ၊ ဗြိတိန် နှင့် OIC အဖွဲ့ဝင်နိုင်ငံများ ဖြစ်ပြီး အဖွဲ့အစည်းအနေဖြင့် ဥရောပသမ္မဂ္ဂ ၊ ကုလသမ္မဂ္ဂ နှင့် တခြား NGO အဖွဲ့အစည်းများစွာ ပါဝင်ပါတယ် ။
ရခိုင်အနောက်တံခါးပြဿနာဟာ ခုမှ ဖြစ်လာတာတော့မဟုတ်ပါဘူး ။အရင့်အရင်အစိုးရအဆက်ဆက်ကတည်းက ရှိနေတဲ့ မီးပွါးတစ်ခုပါ။ ခေတ်အဆက်ဆက်မရှင်းနိုင်ခဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ပြည်သူ့အစိုးရတက်လာတော့မှ စစ်တပ်ရယ် ၊တရုတ်ရယ် ၊ ဘင်္ဂလားဒေ့ရှ်ရယ်ပေါင်းပြီး ဆီထိုးလိုက်လို့ ကမ္ဘာကျော်မီးဟုန်းဟုန်းတောက်မှုကြီး ဖြစ်ပွါးခဲ့ရတာမျိုးပါ ။
ရခိုင်စစ်မီးမွေးရတဲ့ အဓိကရည်ရွယ်ချက်ကတော့ စစ်တပ်ခေါင်းဆောင်တွေဟာ သူတို့ အာဏာတည်မြဲရေး နှင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးစင်မြင့်ကနေ ရိုက်ချလိုတဲ့အတွက်ကြောင့်ဖြစ်ပြီး ၊ တရုတ်ရဲ့ ရည်ရွယ်ချက်ကတော့ စစ်တပ်တည်မြဲပြီး ပြည်သူ့အစိုးရပြုတ်ကျသွားမှ မြန်မာပြည်ကိုစိတ်ကြိုက်ချယ်လှယ်နိုင်ရေး ၊ ရခိုင်ရေနက်ဆိပ်ကမ်းနှင့် မြန်မာ့သယံဇာတတူးဖော်လုပ်ကိုင်ရေးတွေမှာ အလကားမတ်တင်းနီးပါး ရရှိနိုင်ရေးကြောင့်ဖြစ်ပြီး ၊ ဘင်္ဂလားဒေ့ရှ်ကတော့ သူ့လူမျိုးဘင်္ဂလီတွေကိုအကြောင်းပြပြီး ကမ္ဘာကိုတက်မျက်ရည်ခံထိုးကာ ရခိုင်ကမ်းမြောင်အပိုင်ရရှိရေး နှင့် ဘင်္ဂလားဒေ့ရှ်ရေပိုက်နက်ချဲ့ထွင်ရေးတို့ပဲ ဖြစ်ပါတယ် ။
စစ်တပ် ၊တရုတ် နှင့် ဘင်္ဂလာဒေ့ရှ်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သောပြည်သူ့အစိုးရကို ထောက်ချောက်ဆင်ထားစေကာမူ သူတို့ဆင်ထားတဲ့ ထောင်ချောက် သူတို့ပြန်နင်းမိကာ အခြေအနေမလှ ဖြစ်ခဲ့ရပါတယ် ။
လက်တလောမှာတော့ -
ဂျပန် ၊ ထိုင်ဝမ် ၊ တောင်ကိုးရီးယား၊
စင်္ကာပူရေလက်ကြား ၊ အိန္ဒိယသမုဒ္ဒရာ ၊
ပစ္စဖိတ်ရေပြင် အကုန်လုံးမှာ
အမေရိကန်ရဲ့ ရေတပ်စစ်ဌာချုပ်များ
အခြေစိုက်ထားသလို တောင်တရုတ်ပင်လယ်ထဲက တရုတ်ရေသွားလမ်းကြောင်းတွေကို အမေရိကန်ရဲ့ဖျက်သင်္ဘောတွေနဲ့ ပိတ်ဆို့ထားတာကို မဟန့်တားနိုင်တဲ့ အခြေအနေမျိုးနဲ့ တရုတ်ကြီး ရင်ဆိုင်နေရပါတယ် ။
ရခိုင်ကနေ ယူနန်ကို ပိုက်လိုင်းသွယ်တန်းပြီး လောင်စာဆီတွေတင်ပို့မှုကိုတော့ မပိုင်သေးလို့ မနင်းသေးပုံရတယ် ။ ရခိုင်ကနေ ယူနန်ကို လောင်စာဆီပို့နေတာကို အနှောက်ယှက်ခံရရင် တရုတ် လည်မြိုအညစ်ခံရသလိုဖြစ်ပြီး အမေရိကန်- တရုတ် စစ်ဖြစ်ဖို့ပဲ ရှိပါတော့တယ် ။
တစ်ဘက်ကပြန်စဉ်းစားရင်
ငွေတိုက်စာချုပ်တွေရှိနေသရွေ့ တရုတ်ဟာ ကုန်သွယ်ရေးစစ်ပွဲ ကိုဆက်တိုက်နိုင်လောက်တယ်လို့ ယူဆရပါတယ် ။ရခိုင်ကကလည်း ခပ်ယဲ့ယဲ့ ။တရုတ်ပြည်အတွက် ကုန်ကြမ်းသယ်ယူပို့ဆောင်ရေးစွမ်းအင်မှာ ရခိုင်ကအသက် ။ သူ့အတွက်စားရိတ်ထက်၀က် ချွေတာနိုင်တယ် ။
ဟောင်ကောင်အရေးကလည်း ကလည်းပူနေပြီ ။
ကုန်သွယ်ရေးစစ်ပွဲ ကလည်းမျှင်းပြီးသတ်နေသလိုဘဲ ။ကိုရီယား ၊ အမေရိကန် နှင့် ဂျပန်က စီးပွားရေးကိစ္စခေါင်းစဉ်တပ်ပြီးရှေ့ကျွမ်းနောက်ကျွမ်းတွေပစ်ပြီး မြန်မာဆီကို ၀င်လာနေပြီ ။
သူမောင်ပိုင်စီးထားတဲ့ OBOR Super Plan (ခေတ်သစ် ပိုးလမ်းမစီမံကိန်း ) ကိုအညွန့်ခူးစားမှာလည်းစိုးရိမ်ရ ။
တရုတ်ပြည်တွင်းကဒိတ်ဒိတ်ကျဲကုမ္ပဏီတွေဆိုတာ တရုတ်အစိုးရလို့လည်းပြောလို့ရပါတယ် ။ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီတွေ
စားအိုးကလည်းကြီး
ပင်လယ်ထွက်ပေါက်ကမရှိ
ကုန်းတွင်းပိတ်နိုင်ငံ ။
တရုတ်က သူ့ရဲ့ ပို့ကုန် ၊ သွင်းကုန် ၊ ကုန်ကြမ်းတွေကို မြန်မာနိုင်ငံကို ဖြတ်မသယ်ပဲ တောင်တရုတ်ပင်လယ်အတိုင်းကွေ့သည်မယ်ဆိုရင် သယ်ယူစရိတ် ကုန်ကျစရိတ်ဟာ နှစ်ဆဖြစ်ပါတယ် ။ ဒါကြောင့် တရုတ်က ရခိုင်ကမ်းမြောင်ဒေသကို အသေရရ အရှင်ရရ လိုချင်နေတာပါ ။ ဒါကြောင့် မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေး အနေထားမှာ ဗဟိုချက် ကျနေတယ်လို့ သမုတ်ကြတာပါ ။
ဦးသိန်းစိန် ဆင်းကာနီး ရခိုင်ရေနက်ဆိပ်ကမ်းကို ကမန်းကတမ်း တရုတ်နဲ့ စာချုပ်ကောက်ချုပ်သွားခဲ့တာ ။ပြောရရင် တရုတ်ကို ထိုးအပ်ပစ်ခဲ့တာ ။ ပြည်သူ့အစိုးရတက်လာတော့ ရခိုင်ဆိပ်ကမ်းကို ချေးငွေနဲ့ တည်ဆောက်မဲ့ ၇.၅ ဘီလီယံကို ၁.၃ ဘီလီယံထိ လျော့ချ ပြီး တည်ဆောက်မှု အဆင့်တဆင့်အကြွေးကျေမှ တဆင့်သွားမယ်ဆိုပြီး ပြန်ပြောင်းချုပ်ဆိုလိုက်ခဲ့တဲ့အတွက် ရခိုင်ဆိပ်ကမ်းကို အကြွေးနဲ့သိမ်းမဲ့ တရုတ်ရဲ့ အိပ်မက်ပျက်ပြားသွားခဲ့ရတယ် ။
ဒါတင်မကသေး ပြည့်သူအစိုးရရဲ့ဖိတ်ခေါ်မှုကြောင့် တခြားနိုင်ငံက ရင်နှီးမြှပ်နှံမှုတွေကပါ အစပျိုးနေပြီဆိုတော့ ရခိုင်ဆိပ်ကမ်းကို ကြိုးစားပန်းစားတည်ဆောက်ကာ ပိုးလမ်းမလမ်းကြောင်းပွင့်သွားမှ သူများက အလွယ်တကူကောက်စားသွားမှာလည်း ထပ်ပြီး စိုးရိမ်နေရတဲ့ အနေအထားမျိုးပါ တရုတ် ရင်ဆိုင်နေရပါသေးတယ် ။
( ပိုးလမ်းမစီမံကိန်းကို ထောက်ထားတဲ့ အိန္ဒိယကလာရောက်ရင်းနှီးမြှပ်နှံတဲ့ ကုလားတန်မြစ်ဝှမ်းဖက်စုံသုံးစီမံကိန်းအတွက် သယ်လာတဲ့ သံဘောင်တင် သင်္ဘောကို တဖက်လှည့်နဲ့ AA ကို ထုခိုင်းတာ ဖြစ်မယ်လို့ ယူဆရပါတယ် ၊ ဒါကြောင့် အဲ့ဒီစီမံကိန်း အနှောက်အယှက် ကင်းကင်းလုပ်နိုင်ဖို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီ က ကာချုပ်ကို ခေါ်တွေ့ ညှိနှိုင်းပြီး တော်ပီတိုတွေ နှင့် ရေငုပ်သင်္ဘော ရောင်းပေးလိုက်တယ် ၊ ကာချုပ်ကလည်း ရေငုပ်သင်္ဘောရူးရူးနေတော့ ချက်တည့်သွားပုံရတယ် )
ကန်ကြီးကတော့ ရှင်းပါတယ် ။ တရုတ်ရဲ့ လက်ထဲမှာ ရှိတဲ့ အရံငွေ ၃ ထရီလီယံ မကုန်မချင်း ဟိုဖက်ကလှည့်ခြောက်လိုက် ဒီဖက်ကလှည့်ကစားလိုက် လုပ်နေဦးမှာပဲ ၊ ကိုင်ထားတဲ့ အရံငွေ ခမ်းရင် ပိုးလမ်းမလမ်းကြောင်း ဖော်ဆောင်ဖို့နှောင့်နှေးသွားမယ် ၊ တရုတ်ဖက်ကလည်း ယွမ်တန်ဖိုး ကျသွားတော့ ( တမင်ချတာလည်း ဖြစ်နိုင်ပါတယ် ) ၊ ရွှေတွေဝယ်စုပြီး ကုန်သွယ်ရေးစစ်ရဲ့ဒဏ်/ဖိအားကို ကာကွယ်လို့ လက်ရှိရွှေစျေးက မြောက်နေတာပါ ။
ဘာတွေ ဘယ်လို ဆက်ဖြစ်အုံးမလဲ ၊ မြန်မာ့ ဒီမိုကရေစီအရွေ့ အခြေအနေကောင်းမလား ၊အခြေခံဥပဒေပြင်ဆင်ရေး အထမြောက်မလား ၊ တပ်မတော်ကရော ရာထူးအပြောင်းအလဲ လုပ်ကာ နိုင်ငံရေးကို ကစားမလား ၊ပြည်သူ့အစိုးရရဲ့ ဝှက်ထားတဲ့ မှောက်ဖဲက ဘာလဲ ၊ ရရှိလာတဲ့ အခွင့်အရေးတွေကို ပြည်သူ့အစိုးရက ပိုင်နိုင်စွာ အသုံးချနိုင်မလားဆိုတာကတော့ ပိတ်ကားပေါ်မှာ
ဆက်လက်စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ် ။
တချို့လူတော်တော်များများပြောနေ ၊ ရေးနေကြတာတွေ့တယ် .. ICC မှာ လတ်မှတ်ထိုးပြီး အရေးယူလိုက်ပါ့လားပေါ့ ။တကယ့်တကယ်ကတော့ သူတို့ပြောသလို ICC မှာ လတ်မှတ်ထိုးပြီး စစ်အာဏာရှင်တွေကို အရေးယူဖို့ မလွယ်ပါ ။ ဘာကြောင့်လဲ ???
ICC မှာ မူစလင်နိုင်ငံအများစုပါဝင်နေတာ ဖြစ်သောကြောင့် အကယ်၍ မြန်မာအစိုးရက ICC မှာ လတ်မှတ်ထိုးလိုက်ရင် စစ်အာဏာရှင်တွေကို အရေးယူ၍ရမည်မှာ မှန်သော်လည်း မွတ်စလင်နိုင်ငံတွေရဲ့ တောင်းဆိုမှုတွေကိုပါ လက်ခံရပါလိမ့်မယ် ။ မွတ်စလင်နိုင်ငံတွေရဲ့ တောင်းဆိုမှုကတော့ မြန်မာပြည်သူပြည်သားတွေ သိတဲ့အတိုင်း ဘင်္ဂလီတွေကို ရခိုင်ပြည်နယ်ပေးရေး နှင့် မြန်မာတိုင်းရင်းသားအဖြစ် အသိမှတ် ပြုရေးပဲ ဖြစ်ပါတယ် ။ သူတို့တောင်းဆိုမယ့် အချက်တွေဟာ မြန်မာပြည်သူပြည်သားတွေအနေနဲ့ရော ၊ ပြည်သူအစိုးရ အနေနဲ့ပါ လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိပါဘူး ။ကောင်းကျိုးက နည်းပြီး ဆိုးကျိုးကများသော ကြောင့်ဖြစ်သည် ။ ဒါကြောင့် ပြည်သူ့အစိုးရက လိမ်မာပါးနပ်စွာ ICC အဖွဲ့ဝင်နိုင်ငံဝင်ရောက်ဖို့ လတ်မှတ်မထိုးခြင်းဖြစ်ပါတယ် ။
အကယ်၍များ ICC ကို အားကိုးဖြေရှင်းရင် ရခိုင်ပြဿနာ (အနောက်တခါးပြဿနာ)မအေးချမ်းနိုင်သလို ၊ ပြေလည်သွားမှာလည်း မဟုတ်ပါဘူး ။ ရခိုင်ကျရင် ရခိုင်ကမ်းမြှောင်ဒေသတင်မဟုတ်ဘဲ ဘင်္ဂလားပင်လယ်အော်ရေပိုင်နက်ပါ ဆုံးရှုံးရမှာပါ ။ ဒါကိုသိတဲ့ ပြည်သူ့အစိုးရက ICC မဟုတ်တဲ့ တခြားနည်းလမ်းကို ရွေးချယ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ် ..ICC ကို ကိုင်ပြီး ပြည်သူ့အစိုးရက ဖြေရှင်းခဲ့ရင် အတွင်းလောက် ( ပြည်တွင်းက ခြေဥပြင်ဆင်ရေးကန့်လိုက်တိုက်နေသူများ) ကို အကုန်မထုတ်နိုင်သလို အပြင်က ဝင်ရောက်စွက်ဖက်နေတဲ့ပြဿနာ( မူစလင်နိုင်ငံများ၏ ဝင်ရောက်စွပ်ဖက်မှု ) ကို ရှင်းနိုင်မှာ မဟုတ်ပါဘူး ။
တနည်း....
တရုတ်နှင့်ဘင်္ဂလားဒေ့ရ်ှပေါင်းပြီး တပ်မတော်အပေါ်ကို ဖျံကျတဲ့အကွက်ဟုလည်း ဆိုနိုင်ပါတယ်။
ပြည်သူ့အစိုးရကသာ ICC ကိုအားကိုးပြီး စစ်အာဏာရှင်တွေကိုအရေးယူခဲ့မယ်ဆိုရင် ရခိုင်ကမ်းမြှောင်ဒေသကို ဘင်္ဂလာဒေ့ရှ် လက်ထဲတွန်းပို့သလိုဖြစ်ပြီး ဘင်္ဂလားဒေ့ရ်ှက ရခိုင်ကို ရသွားတဲ့အခါကျမှ တရုတ်က လိုသလို ကမ်းလွန်ဆိပ်ကမ်းတည်ဆောက်ပြီး ထွက်ပြေးဘင်တွေကို လုပ်အားအဖြစ်ယူသုံးမယ့် တရုတ် အစီအမံတွေဟု ယူဆရပါတယ် ။
တရုတ်က ပြည်သူ့အစိုးရကို ချုပ်ကိုင်လို့ မရဘူးဆိုတာ သိခဲ့တဲ့အတွက်ကြောင့် တပ်မတော်ကိုတော့ သူတို့အာဏာတည်မြဲရေး ၊ ဒေါ်အောင်ဆန်းစုကြည်ဖြုတ်ချရေးကို ပြထားပြီး နောက်ကွယ်ကနေ တရုတ်နှင့်ဘင်္ဂလားဒေ့ရ်ှပေါင်းပြီး ရခိုင်ဒေသကို ဘင်္ဂလားဒေ့ရ်ှလက်ထဲကို တွန်းပို့တဲ့ အနောက်ကနေထပ်ကစားတဲ့ဗျူဟာမျိုး အရိပ်အယောင် တွေ့နေရတယ်လို့ ဆိုချင်ပါတယ် ။
ဟိုဖက်သည်ဖက် ပေါင်းညှပ်ပြီးတိုက်ခဲ့တဲ့အကွက်တွေကို ထိုးဖောက်ရုန်းထွက်ပြီး တန်ပြန်တိုက်စစ်( counter attack) ပြန်ကစားနိုင်တဲ့ ပြည်သူ့အစိုးရကို ချီးကျူးထိုက်တယ်လို့ ဆိုချင်ပါတယ် ။
( ၂၈.၈..၂၀၁၉ ရက်နေ့ )အနောက်တံခါးအခြေအနေအတွက်
ကောက်နှုတ်သုံးသတ်ရရင်ဖြင့် -
မြန်မာ့အရေးနဲ့ ပက်သက်ပြီး နောက်ကွယ်က ကြိုးကိုင်တရုတ်ဟာ အခြေအနေမဟန်မှန်း သိတဲ့ အတွက် သူကိုင်ခဲ့တဲ့ တချို့သော ကြိုးတွေကို ဖြေလျော့ပေးခဲ့ရပြီဟု ယူဆရပါတယ် ။
တရုတ်က ရခိုင်လူမျိုးရေးကိစ္စဟာ ၂ နိုင်ငံချင်း ရှင်းရမည့် ကိစ္စလို့ ပြောလိုက်တဲ့အတွက်ကြောင့် တရုတ်ရဲ့ ချနင်းခြင်းကို သိသွားတဲ့ ဘင်္ဂလားဒေ့ရ်ှက တရုတ်ဆီက လက်နက်တွေ မဝယ်ဘဲ အနောက်နိုင်ငံတွေဆီကပဲ ဝယ်တော့မယ်ဆိုပြီး စိတ်ဆိုးတဲ့ စကားထွက်လာခဲ့ပါတယ် ။
ယခု ဒုက္ခသည်ဘင်္ဂလီတွေကြားမှာ လူဆိုးဂိုဏ်းဆန်ဆန်တွေ့လာရတာ ၊ NGO ကူညီရေး အဆောက်အဦး အဖျက်ခံရတာတွေ ၊ ဒေသခံ လူငယ်ခေါင်းဆောင် သတ်ဖျက်ခံရတဲ့ ကိစ္စတွေ ၊မြန်မာနိုင်ငံ ပြန်ပို့မည့် အစီအစဉ်ကို ငြင်းဆန်တာတွေ ၊မဖြစ်နိုင်သည့် ရိုတိုင်းရင်းသားအသိအမှတ်ပြုပေးခွင့်တောင်းတာတွေ ၊လူသတ်မှု ၊ လူကုန်ကူမှု ၊လက်နက်နှင့် မူးယစ်ဆေးသိမ်းဆည်းရမိမှုတွေကြောင့် ဘင်္ဂလာဒေ့ရ်ှဟာ ဘင်္ဂလီဒုက္ခသည်တွေကို ပိုက်ဘောမိဖွယ် ရှိသွားပါပြီ ။ ဘင်္ဂလီအရေး စောင်းပေးအော်နေတဲ့ NGO နဲ့ ဒုက္ခသည် ကယ်ဆေးရေး ခေါင်းဆောင်တွေဟာလည်း ဘာမျှမပြောနိုင်အောင် ပါးစပ်တွေ ပိတ်သွားရတဲ့ အနေအထားတစ်ခုကို ရောက်သွားခဲ့ရပါပြီ ။
( ၂၇.၉..၂၀၁၉ )နေ့အတွက် သုံးသတ်ရလျှင်-
ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီဒုက္ခသည်တွေကို တတိယနိုင်ငံမှာ အခြေချရေး စိတ်ဝင်စားတယ်ဆိုပြီး လေသံပစ်ပါတယ်။ ပစ်တာပေါ့ဗျာ ။
ဘင်္ဂလီတွေရဲ့ ရည်မှန်းချက်က ဒုက္ခသည်စခန်းကနေ တတိယနိုင်ငံသွားရေးပဲ ။ဒုက္ခသည် ဘဝကနေ ကျွတ်လွတ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေ နေထိုင်ခွင့်ရမဲ့အရေးကို ဘယ်သူက စိတ်မဝင်စားပဲ နေမလဲ ။
သဘောက ရှိတ်ဟာစီရာနာက ရခိုင်အနောက်တံခါးရဲ့ ဘင်္ဂလီပြဿနာဟာ အခြေအနေမဟန်မှန်းသိလို့ တတိယနိုင်ငံ ပို့ရေးကို ပြောလာတာပါ ၊ ဒုက္ခသည်တွေကို ခနဖမ်းထိန်းထားပြီး ဒုက္ခသည်တွေကို လှူတဲ့ ပိုက်ဆံကမြိုးမြိုးမျက်မျက်ကလေး ရပေမဲ့ ရေရှည်မှာ မလွယ်မှန်း သိပ်သိတာပေါ့ ၊ လူလည်မကြီးပဲဟာ ။ ဒေါ်စုနဲ့ကျမှ ခံသွားရတာ ။ မြန်မာပြည်က စစ်အစိုးရနဲ့တုန်းက ဟိုအဘွားကြီးက ခွေးချေးနိုင်သလိုနိုင်ခဲ့တာ ၊ မြန်မာပိုင် ရှင်မဖြူကျွန်း( ခ ) စိန့်မာတင်ကျွန်း ပါသွားတာသာကြည့်တော့ ။ အဲ့တုန်းက အင်္ဂလန်ရယ် ၊ တရုတ်ရယ် ၊ ဘင်္ဂလာဒေ့ရှ်ရယ်ပေါင်းပြီး အိမ်ကျယ်စစ်အစိုးကို ဂျင်းထုသွားတာ ။အဲ့ဒါကို ကျွန်းပေးလိုက်ရပေမဲ့ ရေမိုင်ဘယ်လောက်ပြန်ရလိုက်တယ်ဆိုပြီး အိမ်က ခွေးတွေက ဂျင်းထည့်ကောင်းတုန်းရှိသေးတယ် ။
ကမ္ဘာအနှံ့အပြားမှာ ဒုက္ခသည်စခန်းတွေ မနည်းမနောရှိပါတယ် ။အဲ့ဒီ ဒုက္ခသည်တွေကို ဥရောပသမ္မဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက နှစ်စဥ် ဒုက္ခသည်စခန်းကနေ ဒုက္ခသည်တွေ ရာခိုင်နှုန်းနဲ့ ခွဲယူရတယ် ၊ အင်္ဂလန်က ဥရောပသမ္မဂ္ဂက ထွက်ချင်ရတဲ့ အကြောင်းက ဘင်္ဂလီတွေကို ခွဲမယူချင်တာပဲ ။ ထွက်ရေး /မထွက်ရေးမှာ ဝိရောဓိ ဖြစ်နေရတာက ဥရောပသမ္မဂ္ဂကထွက်ရင် စီးပွါးရေးကုန်သွယ်မှုထိခိုက်မှာစိုးတဲ့အတွက်ပါ ။အဲ့လိုအခြေအနေတွေရှိနေတဲ့ အင်္ဂလန်က ဒုက္ခသည်တွေအပေါ်စာနာပြမှုဆိုတာကလည်း အပေါ်ယံကြောပဲဆိုတာ သိနိုင်ပါတယ် ။
အမေရိကန်က မက်ဆီကိုနယ်စပ်မှာ တံတိုင်းဆောက်တော့ ခိုးဝင်ဒုက္ခသည်တွေက ဖင်ထောင်အော်တယ် ။ ကန်ကလည်း အဲ့ဒုက္ခသည်တွေကို မလိုချင်ဘူး ။ ထရန့်ပြောနေတဲ့ အမျိုးသားရေးက အဲ့ဒါပါပဲ ၊ OIC နိုင်ငံတွေက မြန်မာကိုဖိအားပေးပြီး ရခိုင်ကို ရိုအတွက်နေရာသတ်မှတ်ပေးပြီး ကမ္ဘာအရပ်ရပ်က ရှိသမျှ ဒုက္ခသည်က ရိုပါဆိုပြီး ရခိုင်ကို ဝင်လာမှာ အနည်းဆုံး ၅ သန်းဝန်းကျင်ရှိတယ် ။ မဏိပူရမှာတင် ဘင်္ဂလားဒေ့ရှ်က ခိုးဝင်ဘင်္ဂလီ ၄ သန်းရှိတယ် ။အဲ့ထဲကမှ နိုင်ငံမဲ့ ဘင်္ဂလီက ၁.၄ သန်းရှိတယ် ။ ဘာလို့ ခိုးဝင်တွေ လက်ခံထားရသလဲဆို တချို့အမတ်တွေက ရွေးကောက်ပွဲမှာ မဲအတွက် အသုံးချဖို့ပါပဲ ။ မြန်မာပြည်မှာ usdp ရဲ့ လုပ်ရပ်နဲ့ ခပ်ဆင်ဆင်တူတယ်ဆိုရင် မမှားဘူး ၊ ခိုးဝင်တွေကို white cards ထုတ်ပေးပြီး မဲ ထည့်ခိုင်းခဲ့တာမျိုးပေါ့ ။ အဲ့ ခိုးဝင် နိုင်ငံမဲ့ ဘင်္ဂလီတွေကို အိန္ဒိယမှာ တရားရုံးပေါင်း ၁၀၀၀ နဲ့စစ်ဆေးပြီး ဘင်္ဂလားဒေ့ရှ်ပြန်ပို့မယ် ၊ ပြန်ခေါ်ဖို့ပြောတော့ ဘင်္ဂလာဒေ့ရှ်က တုပ်တုပ်မလှုပ်ဘူး ။ မသိချင်ယောင်ဆောင်နေတယ် ။မြန်မာပြည်က ဘင်္ဂလီအရေးလည်း တူတူပဲ ၊ မနပ်ရင် ခံသွားရမယ် ။
{ ပြောရရင် ဘင်ဂလားဒေ့ရှ်ဟာ ကိုယ့်နိုင်ငံသားတွေအပေါ်မှာ ဘာမှတာဝန်ခံမှု၊တာဝန်ယူမှု မရှိလို့ ဒီလိုပြဿနာတွေ ဖြစ်လာရတာကို ပြန်ထောက်ပြမဲ့ ပညာရှင် ကမ္ဘာ့စင်မြင့်မှာ တက်ပြောဖို့တော့ လိုနေပြီ။ }
အင်အားကြီးနိုင်ငံတွေက သူတို့ရဲ့ မကောင်းတဲ့ လုပ်ရပ်ကို ဖုံးကွယ်ချင်တဲ့အခါ ခုလိုပဲ နိုင်ငံငယ်တွေကို သတ္တုချတယ် ၊ ဝိုင်းဖိအားပေးတဲ့လုပ်ရပ်ကို လုပ်နေကြတာပါပဲ ။ အထူးအဆန်းတော့လည်း မဟုတ်ပေဘူး ။
ဘိန်းရောင်းတဲ့သူက ဘိန်းနဲ့အလုပ်ဖြစ်တယ် ၊
လက်နက်ရောင်းတဲ့သူက လက်နက်နဲ့ အလုပ်ဖြစ်တယ် ။အခုလည်း ဒုက္ခသည်နဲ့ အလုပ်ဖြစ်နေတဲ့ သူတွေကလည်း မနည်းမနောကိုးဗျ ၊အော်မှ ပိုက်ဆံရမဲ့သူတွေဆိုတော့ ဝိုင်းအော်တာမဆန်းဘူး ။မြန်မာပြည်မှာ ဘုရားကို ခုတုံးလုပ်ပြီး အလုပ်ဖြစ်နေတဲ့ ဂေါပကတချို့ လိုပါပဲ ။
ရခိုင်ကိစ္စသာ တတွင်တွင်အော်နေပေမဲ့လို့
တရုတ်က ဝီဂါမူစလင် အကြောင်းကို UN မ 'ဟ'ဘူး ။ ဘယ် 'ဟ 'မလဲ တရုတ်ရဲ့ အပင်းဆို့နေတာကိုး။တရုတ်ရဲ့ လက်တံကလည်း UN အဖွဲ့ဝင်တချို့ နှင့် အမေရိကန်ဒီမိုကရက်တစ် အောက်လွှတ်တော်အထိ ရောက်တယ် ။ ဒါကို ဒေါ်နယ်ထရန့် ကောင်းကောင်းသိတယ် ။
ရခိုင်ပြဿနာပြီးရင် ဝီဂါမူစလင်ဖက် လှည့်မယ်လို့ ယူဆစရာရှိပါတယ် ။ ဝီဂါမူစလင်တွေ လူမြင်ကွင်း( pulblic )မှာ သူတို့ရဲ့ ဝတ်စုံဝတ်ခွင့်မရှိဘူး ၊ 'အလာ( Allah )' မအော်ရဘူး ၊ကျယ်လောင်စွာ ဝတ်ပြုခွင့် မရှိဘူး ၊ တရုတ်အစိုးရချမှတ်ထားတဲ့ တခြားသော စည်းမျဥ်းမလိုက်နာရင် ပြုပြင်ထိန်းသိမ်းရေးစခန်းအရောက်ပဲ ၊ပြုပြင်ထိန်းသိမ်းရေးစခန်း( re education school ) ဆိုတာ အမည်ခံပါ ၊ တကယ်က ထောင်ပဲ ။
မြန်မာမှာ အဲ့လောက်ဆိုးဝါးတဲ့ လူမျိုးရေး ဘာသာရေး ဖိနှိပ်မှု မရှိဘူး ၊ စစ်အာဏာရှင်တွေရဲ့ ကိုယ်ကျိုးဖက်မှုကို သူတို့တွေ အသုံးချ ပြီး နိုင်ငံက ဖိထောင်းခံနေရတာပါ။
စစ်အာဏာရှင်တွေရဲ့ အဂတိမှု ၊ လူမျိုးရေးသန့်စင်မှု ၊ ပြည်သူပြည်သားတွေအပေါ် သတ်ဖြတ်မှု စတဲ့ စွပ်စွဲချက်တွေကိုအကြောင်းပြုပြီး မြန်မာကို ဖိထောင်းနေတဲ့ အကြောင်းအရင်းတွေပါပဲ ။
#အရင်းစစ်တော့စစ်အာဏာရှင်တွေဖြစ်နေတော့တာပါပဲ 😎
myanmar society🇲🇲