နိုင်ငံရေးကစားကွက်၏ အထွက်ထိပ်


တချို့တွေလည်းပြောကြတယ် ...
အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ စီးပွားရေးသမားမို့စီးပွားရေးအကြောင်းပဲ နားလည်သူဖြစ်တယ် ။ တခြားသော နိုင်ငံရေး ၊ စစ်ရေးအားနားမလည်သူလို့ သမုတ်ကြတယ် ။ 

အဲ့ဒါနဲ့ပဲ ဒေါ်နယ်ထရန့်ရဲ့ Profile ကို အနည်းနှင့်အများ လေ့လာဖြစ်ခဲ့ပါတယ် ။ စစ်မှုထမ်းကာလ ၅  နှစ်အတွင်းမှာ ဆုတံဆိပ်များစွာဆွတ်ခူးခဲ့သလို Captain - senior staff အထိရရှိခဲ့သူဖြစ်ပါတယ် ။ မခေသူပါပဲ ။ ဉာဏ်ရည်ထက်မြက်သည့်အပြင် လုပ်ရည်ကိုင်ရည် ရှိသူတစ်ယောက် ဖြစ်သည်ကိုတွေ့ရသည် ။

အိမ်ခြံမြေပွဲစားလုပ်ပြီး သန်းကြွယ်သူဌေးအဖြစ်ချမ်းသာလာသူ ဒေါ်နယ်ထရန့်ဟာ အမေရိကန်မော်ဒယ်ပေါင်းများစွာနဲ့ ပါတီပွဲကျင်းပပြီး  သူ့လုပ်ငန်းတွေကို လူသိများအောင် ထင်ပေါ်လာအောင်  အမျိုးမျိုးအဖုံဖုံကြိုးစားလာသူလည်း ဖြစ်ပါတယ် ။ တချို့သောရုပ်ရှင်ဇာတ်လမ်းမှာ ဖြတ်လျှောက် တဲ့အခန်းရိုက်ပေးဖို့ တောင်းဆိုခဲ့သူ ဖြစ်တယ်ပေါ့ ။အခွန်ရှောင်တဲ့သူအဖြစ်လည်း ပြောကြသေးတယ် ။စီးပွားရေးသမားတစ်ယောက်ဖြစ်ခဲ့တဲ့အားလျော်စွာ  ဘယ်လိုနည်းလမ်းက အခွန်းအနည်းဆုံးပေးရမလဲဆိုတာမျိုးနဲ့  ဆောင်ရမဲ့အခွန်ငွေကို ဘောင်ထဲကနေ လျော့ချတာမျိုးကတော့ စီးပွားရေးသမားတိုင်းလိုလို လုပ်ကြမှာပါပဲ ။ သူကတော့ ထင်ပေါ်တော့ လူပြောခံထိတဲ့သဘောပါပဲ ။ 

လူအတော်များများသဘောမကျတဲ့အချက်က  အပြောကြမ်း၍  ဟောင်ဖွာဟောင်ဖွာနိုင်သည် ဟုပင် ဖြစ်သည်။ သူပြောတဲ့စကားတွေမှားလားဆိုတော့လည်း  မမှားပါဘူး။ မှန်တာတွေကို အာပေါင်အာရင်းသန်သန်ပြောတော့  လူမုန်းများတဲ့သဘောမျိုးပါ ။

အရင်က ထရန့်ကိုယ်တိုင်က ဒီမိုကရက်တစ်ပါတီကို အားပေးထောက်ခံခဲ့သူတစ်ဦးလို့ သိရပါတယ် ။ အဲ့ဒီအချိန်တုန်းက ဒေါ်နယ်ထရန့်ကြီးကို  ချီးမွမ်းခန်းတွေ ဖွင့်ကြတာပေါ့ဗျာ ။ ရီပက်ဗလစ်ကန်ကနေ  သမ္မတလည်း ဝင်ပြိုင်ရော ရလဒ်က ပြောင်းပြန် ဖြစ်သွားပြီး အပုတ်ချတိုက်ခိုက်နေကြတာတွေ့ရတာပါပဲ ။ယနေ့အချိန်အထိ အမေရိကန်မီဒီယာကြီးတွေရဲ့  ဒေါ်နယ်ထရန့်ရဲ့ မကောင်းကြောင်းကို ဆီလိုအပေါက်ရှာပြီး  လိုက်ရှာတာတောင်   ပြစ်ချက်မတွေ့သူဆိုတော့  တော်ယုံအရည်အချင်းရှိသူတော့  မဟုတ်ဘူးလို့ ကောက်ချက်ချမိပါတယ် ။

( မြန်မာပြည်မှာလည်း နိုင်ငံရေးပါတီအသိုင်းအဝိုင်းကလူတွေနဲ့  နိုင်ငံရေးအကြောင်းအချေအတင်ဆွေးနွေးရင်  မင်းက ဘာသိလို့လဲ ၊ ငါတို့နိုင်ငံရေးအသိုင်းအဝိုင်းက လူတွေလောက်  မင်းမသိပါဘူးဆိုတဲ့ အယူအဆမျိုး ၊ အပြောမျိုးတွေ စာဖတ်သူလည်း ကြုံဖူးပါသည် ။ ထိုနည်းတူစွာ ဒေါ်နယ်ထရန့်လို စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၏ ဆောင်ရွက်ချက်ကို နိုင်ငံရေးအသိုင်းအဝိုင်းက လူတွေက အထင်မကြီးကြပါချေ ။ မြန်မာပြည်ကတပ်လော်ဘီတွေပြောလေ့ပြောထ ရှိတဲ့စကားလိုမျိုးပေါ့ဗျာ ။ ခေါင်းဆောင်လုပ်မယ်ဆိုရင်  စစ်ရေးအမြင်ရှိရမယ်ဆိုသောအပြောမျိုးပင် ။ ထိုသို့ပြောလို့  ထိုသူတို့ကိုယ်တိုင်  စစ်ရေးအမြင်မှာ ကျွမ်းဘိဖြစ်နေသလားဆိုသော်  ပြည်တွင်းစစ်ဖြစ်နေသည်မှာ  နှစ် ၆၀ ကျော်ကြာသည်အထိ မငြိမ်းနိုင်ဘဲ  မြန်မာ့ပိုင်နယ်မြေတချို့အား အိမ်နီးချင်းနိုင်ငံက အပိုင်ကြံခံလိုက်ရသည်သာ အဖတ်တင်တာတွေ့ရသည် ။ ထိုထက်ပို၍ သူတို့လည်း ပိုမလုပ်တတ်ကြပါချေ ။ )

အခုနောက်ပိုင်း ၂၀၂၀ ခုနှစ် အမေရိကန်ရွေးကောက်ပွဲမဲမသမာမှုနဲ့ပက်သက်လို့   မဲမသမာမှုလုပ်နည်းပေါင်း သောင်းခြောက်ထောင်သတင်းတွေ အလျိုလျိုပေါ်လာပေမဲ့  ဒီမိုကရက်တွေရဲ့မျက်နှာမပျက်ပါ ။ ဒီမိုကရက်တွေရဲ့ အရှုပ်ထုပ်တွေ ဗူးပေါ်သလိုပေါ်လာသော်လည်း မျက်နှာက ပြောင်လျက်ပင် ။  ဒေါ်နယ်ထရန့်ကိုတောင်  အာဏာငန်းဖမ်းနေသယောင် ဝိုင်းထိုးနှက်နေကြသေးအဖြစ်က  မြန်မာပြည်က ရှက်ကြောပျက်နေသော စစ်အာဏာရှင်သာဝတွေအလားပင် ။ အရှက်မဲ့စွာ မျက်နှာပြောင်တိုက်လွန်း လှသည် ။


၂၀၂၀ခုနှစ် မြန်မာ့ရွေးကောက်ပွဲတွင်လည်း  စစ်အာဏာရှင်တွေ ရွေးကော်ဥက္ကဌအိမ် လက်ပစ်ဗုံးပစ်ခဲ့တယ် ၊ အသံမိုင်းခွဲခဲ့တယ် ၊ တံဆိပ်တုံးအတုလုပ်ခဲ့တယ် ၊ သန်းခေါင်ယံမဲခိုးတယ် ၊ ကြိုတင်မဲနဲ့လိမ်ခဲ့တယ် ၊ တစ်စုံတစ်ခုသောပါတီကို မဲထည့်ဖို့ ဖိအားပေးတယ် ၊ တစ်စုံတစ်ခုသောပါတီအားပေးထောက်ခံသူကို သတ်ခဲ့တယ် ၊ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်အချို့ကို ဖမ်းခဲ့တယ် ၊ ရွေးကောက်ပွဲနောက်ရွေ့ခိုင်းခဲ့တယ် ၊ ရွေးကောက်ပွဲပျက်ပြားအောင်ကြံစည်ခဲ့သူတွေက  ရိုသားစွာ ယှဥ်ပြိုင်သော NLD ပါတီအား  မဲခိုးသည်ဟု  သူခိုးက လူပြန်ဟစ်ကြသည် ။ နိုင်ငံရေးပါတီတစ်ခုတည်းအား မဲပြုံထည့်သည့်ပြည်သူများအား နိုင်ငံရေးရေချိန်နိမ့်၍ ဉာဏ်မမီ၍ဟု  ယုတ်ရင်းစွာဆိုခဲ့ကြသည် ။ အရှက်မဲ့စွာ မျက်နှာပြောင်တိုက်လွန်းလှပါသည် ။


အချုပ်အားဖြင့်ဆိုရသော်  မြန်မာပြည်ကအာဏာရှင်သာဝများသည် ဘယ်လိုပဲထိုသူတို့၏အရှုပ်ထုပ် နှင့်မသမာတွေပေါ်ပေါက်လာပါစေ ရှက်ကြောပျက်ကာ ရှေ့ဆက်၍လည်း  မျက်နှာပြောင်တိုက်နေဦးမှာ အမှန်ပင်ဖြစ်သည် ။ ထိုကြောင့်  ဒေါ်အောင်ဆန်းစုကြည် မည်သို့ဆက်လုပ်မည်လဲ ၊ မည်သို့ကုစားမည်လဲသာ စောင့်ကြည့်ရမည်ဖြစ်သည် ။

ထိုနည်းတူစွာ  အမေရိကန်ဒီမိုကရက်သာဝများသည်လည်း ဘယ်လိုပဲထိုသူတို့၏အရှုပ်ထုတ်တွေနှင့်မသမာမှုတွေပေါ်လာပါစေ  ရှက်ကြောပျက်ကာ ရှေ့ဆက်၍လည်း မျက်နှာပြောင်တိုက်နေဦးမှာ အမှန်ပင်ဖြစ်သည် ။ ထိုကြောင့် ဒေါ်နယ်ထရန့်  မည်သို့ဆက်လုပ်မည်လဲ ၊ မည်သို့ကုစားမည်လဲသာ တချက်စောင့်ကြည့်ရမည် ဖြစ်သည် ။ ကြိုတင်မဲ mail ballots များနှင့်ပက်သက်၍  ယနေ့လိုအခင်းအကျင်း ညစ်ကွက်တွေ ဖြစ်လာလိမ့်မည်ဆိုတာ ဒေါ်နယ်ထရန့်လည်း တင်ကြိုခန့်မှန်းတွက်ချက်ပြီးဖြစ်ပါလိမ့်မည် ။ အဘယ်ကြောင့်ဆိုသော် စာတိုက်ကနေမဲပေးတာတွေ မလုပ်ဖို့  ကြိုတင်တားမြစ်ခဲ့သောကြောင့် ဖြစ်သည် ။ ထို့ကြောင့်   ယနေ့လိုအခင်းအကျင်းအား  အဆုံးထိဆွဲခေါ်လာပြီးမှ  ၎င်းအကြောင်းအရာအတွက်  ဖြေဆေးတစ်စုံတစ်ရာမရှိလျှင်  ကုစားရန် မလွယ်ကူလှပါချေ ။

myanmar society🇲🇲


မြန်မာပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ မေတ္တာပို့သလျက် ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ