မြန်မာပြည်နှင့် နောင်နှစ်ပေါင်း ၅၀

Politics is war without bloodshed While war is politics with bloodshed.
Mao Zedong(1893-1975)

နိုင်ငံရေးဆိုတာ  သွေးမြေမကျတဲ့ စစ်ပွဲဖြစ်ပြီး စစ်ပွဲဟာနိုင်ငံရေးဖြစ်လာတဲ့အခါ သွေးမြေခတယ် ။
မော်စီတုံး ( ၁၈၉၃-၁၉၇၅ )


အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲသည် သွေးမြေမကျတဲ့ စစ်ပွဲဟု  ဆိုလျှင်လည်း ဆိုနိုင်ပါသည် ။
ထိုသို့ဆိုလျှင် မြန်မာပြည်တွင်ဖြစ်ပွါးလျက်ရှိသော စစ်ပွဲများကား နိုင်ငံရေးအသွင်ဆောင်နေပြီလောဟု မေးစရာရှိလာပါသည် ။ ကာလရှည်ကြာ စစ်ပွဲဖြစ်နေသည့်တိုင် အဖြေမပေါ်  ၊ အမြစ်မပြတ်ခြင်းကို ထောက်ရှု့လျှင်  စစ်ပွဲကိုအကြောင်းပြကာ  စီးပွါးဖြစ်နေကြ​သည်ဟု  ရိုးစွပ်နိုင်ဖွယ်ဖြစ်နေတော့သည် ။
ဖြစ်ပွါးလျက်ရှိသော ပြည်တွင်းစစ် အမြန်ချုပ်ငြိမ်းပါမှ  နိုင်ငံတိုးတက်ရေးကို  ဦးတည်နိုင်မည် ။
တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေလည်း အမြင်မှန်ရသင့်နေပါပြီ။

၂၀၁၉ စစ်တမ်းများအရ  တရုတ်နိုင်ငံ၏လူဦးရေမှာ သန်း ၁၄၂၀ ခန့်ရှိပြီဟုခန့်မှန်းရပြီး အိန္ဒိယနိုင်ငံ၏ လူဦးရေမှာ သန်း ၁၃၇၀ ခန့်ရှိပြီဟု ခန့်မှန်းရပါသည်။ လက်ရှိ ကမ္ဘာ့လူဦးရေသည်  ၇.၇ ဘီလီယံ ရှိသောကြောင့် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်သည် အိန္ဒိယနှင့်  တရုတ် တွင်ရှိသည်ဟု ဆိုနိုင်အံ့ ။ ဤသည်ကပင် ကမ္ဘာ့အကြီးမားဆုံးစျေးကွက်ကို ဖန်တီးဖို့ရန် အခွင့်ကောင်းတစ်ရပ်ဖြစ်နေပေသည် ။ ထို​သို့သော လူဦးရေကြီးမားသော နိုင်ငံကြီး  ၂ ခုကြားတွင်ရှိသော  မြန်မာသည် အနာဂတ်တွင် ကမ္ဘာ့အကြီးဆုံးစျေးကွက်များ ချိတ်ဆက်ရာ ၊ ကုန်သွယ်မှုလမ်းကြောင်း ချိတ်ဆက်ရာနေရာ တစ်ခုဖြစ်လာမည်ဟု  ဆိုနိုင်ပါသည် ။

 တရုတ်နိုင်ငံမှ ဖော်ဆောင်နေသော ခေတ်သစ်ပိုးလမ်းမစီမံကိန်းဆိုသည်မှာ   တရုတ်နိုင်ငံ  ယူနန်ဖက်မှ မြန်မာနိုင်ငံ ရခိုင်ကမ်းမြောင်ဒေသကနေ  ဘင်္ဂလားဒေ့ရှ် ၊ပါကစ်စတန် ၊ သီရိလင်္ကာ ၊ အနောက် ဥရောပနိုင်ငံများနှင့်  မူစလင်ကမ္ဘာကို ဖြန့်ကျက်မဲ့  ရေလမ်းစီပွါးရေး ကူးသန်းလမ်းကြောင်းဟု အကြမ်းအားဖြင့် ဆိုနိုင်ပါတယ် ။

တရုတ်နိုင်ငံက  အမိမြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအရေးပါမှုကို အသုံးချ၍  ခေတ်သစ်ပိုးလမ်းမစီးပွါးရေးလမ်းကြောင်းဖြင့်  အကျိုးအမြတ်များစွာ ရရှိသွားမည်ကို  လက်ပိုက်၍ ကြည့်နေကြမည်လော ။ သို့သော် မြန်မာနိုင်ငံအနေဖြင့်လည်း  တရုတ်အားယှဥ်ပြိုင်နိုင်သော တောင့်တင်းသော စီးပွါးရေး အင်အားတစ်ရပ်မရှိပေ ။
သို့အတွက်ကြောင့်  ကမ္ဘာ့နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ်  ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်၍  လက်ဝါးကြီးအုပ်ကြီးစိုးမှုကို မျှခြေအနေအထား ဖန်တီးရန်သာရှိတော့သည် ။ " မြန်မာ"ဆိုသည့်အတိုင်း မြန်လည်းမြန် မာလည်းမာမှ   တော်ကာကျပေမည် ။ သို့မဟုတ်လျှင် ပြုသမျှ နုကာ ကျောကော့၍ ခံရုံမျှသာ ။

       ၂၀၁၇  ခုနှစ်  ဂျပန်ခရီးစဥ်တွင်  NHK သတင်းဌာန အင်တာဗျူးမှာ  ဒေါ်အောင်ဆန်းစုကြည်မှ  " ရခိုင်ဒေသမှာ  ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဖို့  အခွင့်အလမ်းကောင်းများစွာ ရှိတယ်၊ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပါတယ်  "ဟု ပြောဆိုခဲ့ပြီးသည့်နောက်ပိုင်း  ကမ္ဘာ့နိုင်ငံများသည်  မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှု လုပ်ရန် အထူးစိတ်ဝင်စားလာခဲ့ကြသည် ။

  ၂၀၁၉ ခုနှစ် နှောင်းပိုင်းကာလ၌ အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲနှင့်အတူ ပိုးလမ်းမစီမံကိန်းကိုမျှခြေ ဖြစ်ရန်  ကမ္ဘာ့နိုင်ငံများမှ  ရင်းနှီးမြှုပ်နှံမှုများ  မြန်မာနိုင်ငံသို့  ဝင်ရောက်လာကြသည် ။ကမ္ဘာ့နိုင်ငံများက ခေတ်သစ်ပိုးလမ်းမ လမ်းကြောင်းကို တရုတ်နိုင်ငံတစ်ခုတည်းက  မောင်ပိုင်စီး၍ သွားမည်ကို မလိုလားကျခြေ ၊ ထို့အတွက်ကြောင့်  မျှခြေဖြစ်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြခြင်း ဖြစ်သည် ။

ထိုနည်းတူစွာ အရှေ့အနောက်စီးပွားရေးစင်္ကြန်လမ်းဖြစ်သည့်  မြန်မာ ၊ ထိုင်း ၊ လာအို ၊ ဗီယက်နာမ် လေးနိုင်ငံကို ဆက်သွယ်သောကုန်သွယ်လမ်းကိုလည်း ဖော်ဆောင်လျက်ရှိပေသည် ။ ထိုသို့သော ရင်းနှီးမြှုပ်နှံမှုများကြောင့် မြန်မာနိုင်ငံသားများ အလုပ်အကိုင်ရရှိလာကာ လူနေမှုဘဝများ တဖြည်းဖြည်းမြင့်မားလာ၍ တိုးတက်သောနိုင်ငံတစ်နိုင်ဖြစ်လာမည်ဟု မျှော်မှန်းရပေသည် ။

တဖက်က ပြန်စဥ်းစားကြည်မည်ဆိုလျှင်လည်း လူဦးရေ ပေါက်ကွဲမှု ဖြစ်နေသော တရုတ် ၊ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ်တို့ဖြင့်  ထိစပ်နေသောကြောင့်  နိုင်ငံ၏ အချုပ်အခြာခိုင်မာရေး ၊ နိုင်ငံသားအခွင့်အရေး ၊ နိုင်ငံ၏မျိုးနွယ်စုများအပေါ် ကာကွယ်ပေးရေး ၊ လူဝင်မှုကြီးကြပ်ရေးတို့ကို   စနစ်တကျဆောင်ရွက်ရေးဆိုသော  အချက်အလက်ပေါင်းများစွာကို  စနစ်တကျ ကိုင်တွယ်နိုင်မှ  တော်ကာကျပေလိမ့်မည် ။မြန်မာပြည်သို့ ဝင်ရောက်လာသောရင်းနှီးမြှုပ်နှံမှုများကို  စနစ်တကျ ကိုင်တွယ်၍ ထိုရင်းနှီးမြှုပ်နှံမှုအပေါ် အခြေပြု၍ ကိုယ်တိုင်ကုန်သွယ်လုပ်ကိုင်နိုင်သော အနေအထားတစ်ခုကို  အရောက်သွားရန်လိုအပ်ပေလိမ့်ဦးမယ် ။ ထိုသို့သောအကြောင်းအရာများကြောင့် မြန်မာပြည်၏ လူသားအရင်းအမြစ်ဖွံ့ဖြိုးရန်  လျင်မြန်သောအရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်ပေးဖို့  အထူးလိုအပ်လျက်ရှိပါသည် ။ သို့မဟုတ်ပါက ကမ္ဘာ့နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ မည်သို့ပင်ဝင်ရောက်လုပ်ကိုင်စေကာမူ ၊ မည်သို့ပင်  ပထဝီနိုင်ငံရေးအရ အချက်အချာ ကျနေစေကာမူ မြန်မာပြည်သူများအဖို့  တိုင်းတပါးသို့သွားရန်မလိုပဲ မြန်မာပြည်၌ပင်လျှင် အပြည်ပြည်ဆိုင်ရာလုပ်သား( ဘုံကျွန် )အဖြစ်သာ ဖြစ်ရန်ရှိတော့သည် ။ ထိုဘဝမျိုး မဖြစ်စေရန် ယခုကတည်းက နိုင်ငံသားတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်  မြင့်မားနေပါမှသာ လူမျိုးဂုဏ် ၊ နိုင်ငံ့ဂုဏ်ပြောင်ပေမည် ။

myanmar  society🇲🇲


မိသားစုတစ်စုချင်းစီကနေ  မိမိ၏မျိုးဆက်သစ်များ စွမ်းဆောင်ရည် မြင့်မားစေရန်  နိုင်ငံရေး ၊လူမှုရေး ၊စီးပွါးရေး ၊ ပညာရေးမှာ တတ်နိုင်သမျှ  ပျိုးထောင်ပေးကြပါ ။ မိမိသိရှိသော ဗဟုသုတများကို အများအကျိုးအတွက် ၊ နောင်မျိုးဆက်သစ်များအတွက် ဖြန့်ဖြူးပေးကြပါလို့ တိုက်တွန်းနိုးဆော်လိုက်ရပါတယ်ခင်ဗျာ ။

မြန်မာပြည်သူပြည်သား  အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ