လူသားချင်းစာနာမှု ၊ လူ့အခွင့်အရေးနှင့်နိုင်ငံရေးဟု ဆိုရာဝယ် ( အပိုင်း- ၂ )
ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်က မူစလင်အသိုင်းအဝိုင်းဆိုတဲ့စကားကို သုံးတာ အကြောင်းမဲ့မဟုတ်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ့်ကိုယ်ကို ကြိုးကွင်းစွပ်ခံပြီး ICJ တရားရုံးမှာ နိုင်ငံ၏အချုပ်အခြာနှင့်လူမျိုးအတွက် လိုအပ်လို့သွားဖြေရှင်းခဲ့တာပါ ။ ဂမ်ဘီယာကလည်း နိုင်ငံနှင့်လူမျိုးကို ဦးတည်ပြီး တရားစွဲခဲ့တဲ့အတွက်ကြောင့်ပါ ။ အကြမ်းဖက်စစ်တပ်ကို ကာကွယ်ပေးဖို့ ICJ တရားရုံးမှာ သွားဖြေရှင်းခဲ့တာ မဟုတ်ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချချင်လို့ အကြမ်းဖက်စစ်တပ်ကို ကာကွယ်ပေးတယ်ဆိုတဲ့စကား ဟုတ်/မဟုတ်ဆိုတာ ICJ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းခဲ့တဲ့ လျောက်လဲချက်တွေ နားထောင်ကြည့်ရင် သိသာပါတယ် ။
ဘင်္ဂလီအရေးအခင်းဖြစ်တော့ ICC နဲ့တရားစွဲမယ်ဆိုပြီး ရိုအမည်ခံနိုင်ငံရေးလှုပ်ရှားသူတွေရော ၊ ဘင်္ဂလားဒေ့ရှ်ရော ၊ OICs နိုင်ငံတွေရော Rome Statue မှာ လတ်မှတ်ထိုးပါ ၊ ICC နဲ့အရေးယူမယ်ဆိုပြီး မင်းအောင်လှိုင်ကို ငါးစာလုပ်ပြီး ကြိုးဝိုင်းထဲ ခေါ်ပြီး ဓားနဲ့ထိုးမဲ့ အရေးတွေကို ဒေါ်အောင်ဆန်းစုကြည်ဟာ ကြိုမြင်ခဲ့လို့ ရှောင်ကွင်းခဲ့တာပါ။
တကယ်ကတော့ မြန်မာဖက်က Rome Statueမှာလတ်မှတ်ထိုးမထားလို့ဘဲ ဖြစ်ဖြစ် ၊ သဘောတူတူ/မတူတူ ICC မှာ တရားစွဲလို့ရပါတယ် ။ သူတို့လိုချင်တဲ့အကွက်က Rome Statue မှာ မြန်မာကို လတ်မှတ်ထိုးစေချင်ခဲ့တာပါ ။ တကယ်လို့သာ သူတို့မူစလင်အသိုင်းအဝိုင်းကသာ ICC မှာ တရားစွဲခဲ့ရင် ဂျာကာတာမှာကျင်းပတဲ့ အာစီယံအစည်းအဝေးလုပ်တုန်းက အေးအေးဆေးဆေး ဖမ်းချုပ်ထားလိုက်လို့ရပါတယ် ။ မင်းအောင်လှိုင် ဂျာကာတာအစည်းအဝေးသွားတုန်းကလည်း ဘယ်မူစလင်နိုင်ငံကမှာ မင်းအောင်လှိုင်ကို ဖမ်းချုပ်လိုက်ပါလို့ အသံမထွက်ခဲ့ဘူး ။ ဒါကြောင့် ဘင်္ဂလီအရေးလှုပ်ရှားသူတွေဟာ မင်းအောင်လှိုင်ကို ဖမ်းချုပ်ကြိုးပေးသတ်ချင်တာထက် မြန်မာကို Rome Statue မှာ လတ်မှတ်ထိုးစေပြီး အပိုင်ချုပ်ကွက်ကစားချင်ခဲ့တာက သူတို့ရည်ရွယ်ချက်လို့ မှတ်ယူလို့ရပါတယ် ။
Rome Statue မှာ မြန်မာကို လတ်မှတ်ထိုးဖို့ ဆွယ်မရတဲ့နောက်မှာ ICJ ခုံရုံးကနေ နိုင်ငံနှင့်လူမျိုးကို ဦးတည်ပြီး တရားစွဲခဲ့ပါတယ် ။။ ICJ နဲ့တရားစွဲခဲ့တာ ဂမ်ဘီယာနိုင်ငံ ၊ ဂမ်ဘီယာကို ထောက်ပံ့ခဲ့တာ ICC နဲ့တရားစွဲလို့ မအောင်မြင်ခဲ့တဲ့ OIC နိုင်ငံတွေ ၊ OIC နိုင်ငံတွေကို တွန်းအားပေးတာ ဘင်္ဂလားဒက်ရှ် ၊ ဘင်္ဂလားဒက်ရှ် ရဲ့နောက်ကွယ်က လက်မဲက ဘယ်သူဖြစ်မလဲ ?? တရုတ်က လွဲလို့ တခြားသူမဖြစ်နိုင်ပါဘူး 😉 ။
ရခိုင်ပြည်က ဘင်္ဂလီအရေးဆိုတာ တရုတ်နှင့် အကြမ်းဖက်စစ်ကောင်စီတို့ရဲ့ လက်ဝါးချင်းရိုက်ထားတဲ့ ကလိမ်အကျစ်အကြံဉာဏ်တွေပါ ။ တရုတ်ပြည်မကြီးဟာ သူ့ရဲ့သြဇာခံတွေကို အမေရိကန်လွှတ်တော်ထဲထိ စည်းရုံးထားနိုင်ခဲ့တာကြာပါပြီ ။ အမေရိကန်အမတ်တွေ ၊ အရာရှိတွေနဲ့ ဆက်ဆံတဲ့အခါ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ အရမ်းသတိထားဖို့လိုပါတယ် ။
ဘင်္ဂလီအရေးမဖြစ်ခင်ကတည်းက မဘသ ခေါင်းဆောင် ဝိရသူကို အသုံးချပြီး Times မဂ္ဂဇင်းမျက်နှာဖုံးပေါ်ဆွဲတင်ခဲ့တယ် ။ ဝီရသူက ပြည်တွင်းက အထောင်ကစားတယ် ။ ယန်ဟီးလီးက ပင့်ပေးတယ် ။ အခံနဲ့အရိုက်နဲ့ အဲ့ဒီလိုကစားပြီး ဘင်္ဂလီအရေးကို ကမ္ဘာ့စာမျက်နှာပေါ် စနစ်တကျ ဆွဲတင်သွားခဲ့တာပါ ။ ဟန်ဟီးလီးခေါင်းဆောင်တဲ့ SAC-M ဆိုတာကလည်း တကျော့ပြန် အသက်သွင်းထားတဲ့ အဖွဲ့မျိုးပါပဲ ။
ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ဘင်္ဂလီတွေဟာ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခင်းအကျင်း၊ တင်းမာမှုတွေ မသိကြပါ ။ အဲ့လောက်လည်း သူတို့မတွေးနိုင်ကြပါဘူး ။ သူတို့ရဲ့ရည်မှန်းချက်က သူတို့နေခဲ့တဲ့နေရာပြန်ပြီး အေးချမ်းစွာ နေထိုင်စားသောက်ရေးထက်မပိုပါဘူး ။
ရိုဟင်ဂျာတွေ အကုန်ပြေးသွားတယ်လို့ပဲ ကမ္ဘာသိတာပါ ။ ကျန်ခဲ့တဲ့ ရိုဟင်ဂျာ ရွာတွေလည်း ရှိတယ်ဆိုတာ ICJ အစီရင်ခံစာမှာ ဒေါ်အောင်ဆန်းစုကြည်ပြောသွားခဲ့ပါတယ် ။ ကိုဖီအာနန်အစီရင်ခံစာမှာလည်း တစိပ်တဒေသပြောထားတယ် ။
ချင်း ၊ ကယား ၊ ကရင် ၊ ကချင်မှာ လေယာဥ်နဲ့လူမျိုးသုဥ်းအသတ်ခံနေရတာပါ ။ စိတ်နာစရာ ကောင်းလိုက်ပုံများကတော့😞 ။ဘယ်ကမ္ဘာ့နိုင်ငံ ၊ ဘယ်ကမ္ဘာ့ခေါင်းဆောင်တွေမှ လူမျိုးသုဥ်းသတ်ဖြတ်မှုအဖြစ် မအော်ဘူး ။ ထွက်ပြေးသွားသူနှင့် ပေကပ်နေသူပဲ ကွာတာပါ ။
စာရွက်ပေါ်မှာ ပြောကြ၊ဆိုကြ၊မြင်ကြရတာတွေဟာ မြေပြင်အနေအထားနဲ့တထပ်တည်းကျနေသလား/မကျဘူးလားဆိုတာ စဉ်းစားရမည့် အချက်ဖြစ်နေပါပြီ ။ ဒီအချိန်မှာ မြေပြင်အခြေအနေကိုအမှန်အတိုင်း မျက်မြင်မဟုတ်တဲ့လူတွေဟာ အဲဒီထွက်ပြေးသွားရတဲ့လူတွေကိုကြည့်ပြီး မြန်မာနိုင်ငံ ရခိုင်ဒေသမှာ ရခိုင်တွေဘဲ ကျန်ရှိနေလိမ့်မယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ မြေပြင်အနေအထားအရကတော့ ယခုဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးနေရပါတယ်ဆိုတဲ့ လူဦးရေရဲ့ ဆယ်ဆလောက်က ရခိုင်မြောက်ပိုင်းမှာ တရားဝင်နိုင်ငံသားအဖြစ်လိုလို ဆက်ပြီးနေထိုင်နေကြဆဲဆိုတာ မယုံရင် သွားကြည့်နိုင်ပါတယ် ။ထွက်ပြေးသွားပါတယ်ဆိုတဲ့လူတွေနဲ့ကွာခြားတာတခုက ဒေသအာဏာပိုင်(အစိုးရဌာနဆိုင်ရာ)တွေကို ငွေ(လာဘ်)ပေးနိုင်ခြင်း/မပေးနိုင်ခြင်းနဲ့ဘဲ ဆိုင်ပါတယ်။
ငွေမပေးနိုင်လို့ ပြေးသွားရတဲ့သူတွေကိုသာ "ရို"လုပ်စားကောင်တွေက ရိုဟင်ဂျာလို့ဖင်ပိတ်ပြောနေကြတာပါ ။ ကျန်နေတဲ့ မွတ်ဆလင်တွေရဲ့ ကိုင်ဆောင်ထားတဲ့ သက်သေခံကတ် တခုခုပေါ်မှာတော့ ရိုဟင်ဂျာဆိုပြီး ဘယ်ကောင်မှ(အာဏာပိုင်တွေ) ထည့်မပေးပါဘူး။ ဘင်္ဂလီလို့ဘဲ အများစုထည့်ပေးခဲ့ကြတာပါ။ ပြဿနာက အဲဒါပါဘဲ။
အခုထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဆိုတဲ့လူတွေကို မင်းတို့ကို တရားဝင်ကတ်ပြား တခုခုထုတ်ပေးမယ် ၊ အဲဒီကတ်ပြားက မင်းတို့မြန်မာနိုင်ငံထဲမှာ လွတ်လပ်စွာနေထိုင်ခွင့်ရှိသလို အခြားနိုင်ငံကိုလည်းသွားနိုင်တဲ့ Passport လျှောက်ထားလို့လည်းရတယ် ၊ ဒါပေမယ့် ရိုဟင်ဂျာအနေနဲ့တော့မရဘူး ဘင်္ဂလီဘဲရမယ်ဆိုပြီး ထုတ်ပေးကြည့်ပါလား ၊ ငါတို့က "ဘင်" မဟုတ်ဘူး " ရို "တွေကွ လက်မခံဘူးဆိုပြီး ပြန်အပ်မယ်မထင်ပါဘူး။
သို့သော် နိုင်ငံရေးလုပ်စားသူတွေ ၊ ကမ္ဘာ့နိုင်ငံတွေကြားမှာ ဘင်္ဂလီအရေးဟာ တည်ကြက်ဖြစ်နေခဲ့တာပါ ။ လက်ရှိမြန်မာ့နိုင်ငံရေးမှာ မြန်မာ့နိုင်ငံရေးအကြပ်အတည်းကို အသုံးချပြီး တဖက်ကသူတွေဟာ " ရိုဟင်ဂျာ"ဆိုတဲ့ လူမျိုးကို အရယူသွားနိုင်ခဲ့ပါပြီ ။ ရိုဟင်ဂျာဆိုတဲ့ လူမျိုးဟာ ကမ္ဘာသိဖြစ်သွားပြီ ။ ရိုဟင်ဂျာဆိုတဲ့လူမျိုးကို ကမ္ဘာမှာ မွေးဖွားပေးနိုင်ခဲ့ပြီ ။ရိုအရေးလှုပ်ရှားသူတို့ရဲ့ ပထမအဆင့်အောင်မြင်သွားပြီလို့ ဆိုနိုင်တယ် ။
အချုပ်အားဖြင့်ကတော့ ဘင်္ဂလီကနေ " ရိုဟင်ဂျာ " ဖြစ်သွားခဲ့ရပြီပဲဆိုပါတော့ ။
ဖြစ်ပြီးသားကိစ္စတွေကတော့ ရှိစေတော့...
အဲ့ဒါကို ဘယ်လိုပြန်ဆွဲချုပ်မလဲဆိုတဲ့အပိုင်းက အရမ်းအရေးကြီးလာပြီလို့ ဆိုလို့ရတယ် ။
( ၁ ) ဖက်ဒရယ်အခြေခံဥပဒေ
( ၂ ) ၁၉၉၃ ခုနှစ်ပြန်လည် လက်ခံရေးဥပဒေ နှင့် ၁၉၈၂ နိုင်ငံသားဖြစ်ရေးဥပဒေ
( ၃ ) ရခိုင်ပြည်သူနှင့်ရခိုင်နိုင်ငံရေးသမားတွေရဲ့ ပြည်ထောင်စု စိတ်ဓာတ်
အဲ့ဒီ အချက် ( ၃ )ချက်နဲ့ ပြန်ဆွဲဖမ်းထိန်းလို့ ရနိုင်ကောင်းတယ် ။ အဲ့ဒီအချက် ( ၃ )ချက်နဲ့ကောင်းကောင်း ပြန်ဆွဲမချုပ်နိုင်ခဲ့ရင်
ကမ္ဘာ့အရပ်ရပ်ကရိုဟင်ဂျာအမည်ခံခိုဝင်တွေရဲ့စုရပ်( သွားထိရင်ကမ္ဘာတက်မျက်ရည်ချူမဲ့သူတွေ) ဖြစ်လာနိုင်သလို ၊ မူစလင်နိုင်ငံတချို့ရဲ့ထောက်ပံ့မှုနဲ့ ARSA လို ၊ ISIS လိုကောင်တွေ ရခိုင်ပြည်မှာ ခြေကုပ်ရသွားရင် ရခိုင်ဟာ ကမ္ဘာ့ဒုတိယ ဂါဆာကမ်းမြှောင်ဖြစ်လာနိုင်ဖွယ် ရှိသလို ၊ ရခိုင်ပြည်ဟာ နှစ်ခြမ်းကွဲထွက်ပြီး ရခိုင်တောင်ပိုင်းနိုင်ငံနှင့်ရခိုင်မြောက်ပိုင်းနိုင်ငံဆိုပြီး ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ပြောပါရစေ ~~
myanmar society🇲🇲
မြန်မာပြည်သူပြည်သားများ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ ~~