အမေရိကန်ရွေးကောက်ပွဲတင်းမာမှု၏ အကျိုးဆက် ဂယက်အား တတိယနိုင်ငံတွေ အထင်မသေးစေလို
တန်ပြန်အဖျက်အမှောက်ပြုလုပ်ခြင်း...
အရေးအခင်းအားပုံဖျက်ခြင်း ...
လက်ပတ်နီစွမ်းအားရှင်များ ...
အမည်မသိ လူတစ်စု ..
ဒေါသထွက်နေသောလူအုပ်ကြီး ...
နေ့စားလိုက်၍ ဆန္ဒပြသူများ ...
လက်မဲကြီး ...
အထက်ပါစကားရပ်တွေဟာ မြန်မာပြည်သူပြည်သားတွေနဲ့ အထူးရင်းနှီးပြီးသား စကားလုံးတွေ ဖြစ်ပါတယ် ။
လိုရင်းတိုရှင်းပြောရရင် ၈၈ အရေးအခင်းကို တန်ပြန်အဖျက်အမှောက်လုပ်ပြီး ပုံဖျက်တံဆိပ်ကပ်သလိုပေါ့ ။
လူထုအုံကြွမှု ၊ ထကြွမှုဖြစ်ရင် ဖိအားပေးခြင်းမှ ရှောင်လွှဲနိုင်အောင် တန်ပြန်အဖျက်အမှောက်လုပ်ပြီး အရေးအခင်းကို ပုံဖျက်တံဆိပ်ကပ်တာမျိုးလုပ်ပြီး လူထုဆန္ဒကို နင်းခြေလေ့ရှိတာ အာဏာရှင်တွေရဲ့ထုံးစံပါ ။
အဲ့ဒီစကားရပ်တွေပါတဲ့ အဖြစ်အပျက်တွေဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ အမေရိကန် ၊ ဝါရှင်တန်ဒီစီမှာ ဖြစ်ပျက်သွားခဲ့ပါတယ် ။ ဝါရှင်တန်ဒီစီဆိုတာ မြန်မာပြည်နဲ့နှိုင်းပြောရရင် အုပ်ချုပ်ရေးမြို့တော် ပြည်ထောင်စုနယ်မြေ နေပြည်တော်လိုနေရာမျိုးပေါ့ဗျာ ။
BLM မှာ ဝါဝင်လှုပ်ရှားခဲ့သူတစ်ဦးဟာ ဒေါ်နယ်ထရန့်ထောက်ခံသူအဖြစ်အသွင်ယူပြီး လွှတ်တော်ထဲကို ဦးဆောင်ဝင်ရောက်ခဲ့တယ် ဆိုပါတယ် ။ ထိုသူဟာ အရီဇိုးနားပြည်နယ်ကဖြစ်ပြီး ၂၀၂၀ခုနှစ် ဇွန်လကလုပ်ခဲ့တဲ့ BLM လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူလို့ သိရပါတယ် ။ 👇အောက်မှာ ပုံနဲ့တကွ ဖော်ပြပေးထားပါတယ်။ ၎င်းအဖြစ်အပျက်မှာ ပစ်တာခတ်တာ အနည်းငယ်ရှိခဲ့ပြီး လူတချို့ဒဏ်ရာရခဲ့တယ် ဆိုပါတယ် ။
ဒေါ်နယ်ထရန့်ကို ထောက်ပံ့ထောက်ခံပေးတဲ့အဖွဲ့ Proud Boys ခေါင်းဆောင်ကို ပွဲမစခင်ကတည်းကကြိုတင် ဖမ်းဆီးခဲ့တယ် ဆိုပါတယ် ။ ထူးခြားတာက အထိကရုန်းခိုက်ရန်ဖြစ်ပွားမှု မဖြစ်အောင် လုံခြုံရေးအထူးချပြီး တင်းကြပ်ထားတဲ့ကြားက လွှတ်တော်ထဲရောက်သည်အထိ ဝင်ရောက်နိုင်တယ်ဆိုတာဟာ တမင်သက်သက် " ဟ" ပေးလိုက်လို့သာ ဖြစ်ပါတယ် ။
ရလဒ်ကတော့ ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးဖို့ နောက်ရွေ့လိုက်ရတယ်ဆိုတာပါပဲ ။
လူထုရဲ့ဆန္ဒ ထုတ်ဖော်မှုကို သပ်ပင်းလျှိုပြီး ချိန်ကိုက်လှုပ်ရှား ၊ တန်ပြန်အဖျက်အမှောက်လုပ်ပြီး လူ့ထုအုံကြွမှုကို တံဆိပ်ကပ်သွားတာဟာ ကြိုတင်ချိန်းချက်လုပ်ထားတဲ့အတိုင်းပါပဲ ။
ထရန့်ကလည်း လူထုကို ဆွဲခေါ်တယ် ။ ဒီမိုကရက်တွေက တန်ပြန်အဖျက်အမှောက်လုပ်ပြီး လူထုအုံကြွမှုကို တံဆိပ်ကပ်တယ် ။
ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အရမ်းတော်တယ်ပြောရမယ် ။ မြန်မာလူထုရဲ့ဆန္ဒထုတ်ဖော်မှုအတွက် လူထုဆန္ဒမထုတ်ဖော်ခင် တံဆိပ်အရင်ကပ်ပေးပါတယ် ။ မလိုသူများရဲ့တံဆိပ်ကပ်တာ မခံပါဘူး ။ ( ဥပမာ - ခြေဥပြင်ဆင်ရေးလှုပ်ရှားမှု ၊ NLD အောင်နိုင်ရေးဆန္ဒထုတ်ဖော်မှု စသည်ဖြင့် ... )
မိမိကတော့ အမေရိကန်လူထုဆန္ဒထုတ်ဖော်မှုဟာ အဲ့ဒီလိုပဲဖြစ်လာလိမ့်မယ် မျှော်မှန်းထားပြီးသားမို့ ထူးပြီးအံ့သြမနေတော့ပါဘူး ။
အမေရိကန်ရွေးကောက်ပွဲဟာ တတိယကမ္ဘာတွေထက်တောင် ဆိုးဆိုးရွားရွားဖြစ်နေခဲ့တာပါလို့ ဒေါ်နယ်ထရန့်ကိုယ်တိုင်လည်း ပြောဆိုခဲ့တာပါ ။
နိုင်ငံရေးတင်းမာမှု ၊ လွန်ဆွဲမှုတွေကတော့ ဇာတ်ရှိန်ရဲ့အထွဋ်အထိပ်ပါပဲ ။ ဇာတ်ရှိန်ပြန်ကျသွားချိန်မှာ ဘယ်သူတွေ မျောပါသွားမလဲ ။
လက်ရှိအမေရိကန်ပါတီတွေရဲ့နိုင်ငံရေးတင်းမာမှုမှာ ဓမ္မ နှင့် အဓမ္မ လွန်ဆွဲမှုဖြစ်တာကြောင့် ရွေးကောက်ပွဲအရှုံး/အနိုင်က ဂျိုးဘိုက်ဒန် နှင့် ဒေါ်နယ်ထရန့်တို့နှစ်ယောက်တည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး ။နစ်နာစရာရှိရင် အမေရိကန်ပြည်သူတွေသာ နစ်နာမှာ ဖြစ်ပါတယ် ။
ထိုနည်းတူစွာ ၎င်းနှင့်စပ်ဆိုင်သော တတိယနိုင်ငံတွေ နစ်နာစရာ ဖြစ်လာမှာ ဖြစ်ပါတယ် ။ အဲ့ဒါကို ကိုယ်နဲ့မဆိုင်သလို ထိုင် ရယ်နေခဲ့မယ်ဆိုရင် ၎င်းဂယက်ရဲ့အကျိုးဆက် ကိုယ့်ဆီလာရိုက်ချိန်မှာ မရှူနိုင်မကယ်နိုင်အဖြစ်မျိုးနဲ့ ရင်ဆိုင်ရဖွယ် ရှိပါတယ် ။ တတိယနိုင်ငံတွေအနေနဲ့ တွက်ချက်ပြင်ဆင် ကြိုကာထားဖို့ လိုပါတယ် ။
အမှန်တရားက နိုင်ပါစေလို့ ဆန္ဒပြုပါတယ်ဗျာ ။ မဟုတ်ရင် အမေရိကန်ရဲ့ဂယက်က မြန်မာကို လာရိုက်နိုင်ခြေ အများကြီးရှိနေလို့ပါ😔
myanmar society🇲🇲
မေတ္တာဖြင့် ~~