ပိုးလမ်းမ နှင့် အနောက်အာရှနိုင်ငံများ
ပိုးလမ်းမရဲ့ ကုန်းတွင်းကူးသန်းဆက်သွယ်ရေး အဓိကလမ်းမကြီးကတော့ တူရကီနိုင်ငံ အစ်စတန်ဘူနှင့် အီရန်နိုင်ငံ တာ့ခ်ဟန် ကိုဖြတ်သန်းကာ တာ့ခ်မန်နစ်စတန်အရှေ့ပိုင်း နှင့် အူဘတ်ကစ်စတန်အရှေ့ပိုင်း ဖြတ်၍ တာဂျစ်ကစ်စတန်အရှေ့ပိုင်းကနေ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း Umurqi ကို ဆက်သွယ်ပေးထားတာပါ ။
အကြမ်းအားဖြင့် တရုတ်ပြည်အနောက်ဖက်ကုန်းတွင်းပိတ်ဒေသများနှင့် ဥရောပကို ချိန်ဆက်ပေးမည့် ကုန်းတွင်းပိုင်းကုန်သွယ်ရေးလမ်းကြောင်းဟု ဆိုနိုင်ပါတယ် ။တရုတ်နိုင်ငံအနောက်ပိုင်းဒေသအတွက် တရုတ်၊ ရုရှား ၊ မွန်ဂိုလီးယား စီးပွားရေး စင်္ကြန်လမ်းလည်းရှိပါတယ် ။
{ ၎င်းကုန်းတွင်းကူးသန်းဆက်သွယ်ရေးလမ်းမကြီးနှင့် ဆက်စပ်သော စီးပွားရေးစင်္ကြန်လမ်းများစွာရှိသော်လည်း post အရမ်းရှည်နေမည်စိုးသဖြင့် အကုန်လုံးအား အသေးစိတ်မရေးလိုတော့ပေ ။}
ဥရောပနှင့် ချိတ်ဆက်ပေးမည့် ကုန်တွင်းပိုင်း ကုန်သွယ်ရေးလမ်းကြောင်းအတွက် တူရကီနိုင်ငံသည် ပေါင်းကူးပေးမည့်တံတားဟုလည်း ခေါ်ဆိုနိုင်ပါသည် ။ တရုတ်နဂါးခေါင်းက အဲ့ဒီဖက်မှာ ကျပါတယ် ။
တရုတ်ဟာ ၂၀၀၆ မှ ၂၀၁၆ အထိတူရကီသို့ဒေါ်လာ ၁၈.၇ ဘီလီယံရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်ပါတယ်။ တရုတ်ဟာ တူရကီနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းနှင့်ပိုးလမ်းမကြီးတည်ဆောက်ရန်တူရကီနှင့်ပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ် ။
အီရန်နိုင်ငံမှာတော့ တရုတ်ရင်းနှီးမြှုပ်နှံမှုကဒေါ်လာ ၄၀၀ ဘီလီယံတန်ကြေးရှိလိမ့်မည်ဟုကတိပြုထားတာကြောင့် အမေရိကန်၏အီရန်နိုင်ငံအား သီးခြားစီထားရှိရန်အမေရိကန်၏အစီအစဉ်များကို ရှုပ်ထွေးစေခဲ့ပါတယ်။ သို့သော် ထိုရင်းနှီးမြှုပ်နှံမှုများအတွက် အီရန်က ဘာတွေပြန်ပေးဆပ်ရမည်နည်း။
ရေနံကို လျော့စျေးနဲ့ရောင်းပေးရမလား ??
ပိုးလမ်းမဖောက်လုပ်ရေးမှာ တရုတ်ဆန္ဒအတိုင်း ခွင့်ပြုပေးရမလား ??
တရုတ်ရဲ့ အီရန်အပေါ် ရင်းနှီးမြှုပ်နှံမှုများက အီရန်အားစီးပွားရေးအထောက်အပံ့များသာမကလက်ရှိကမ္ဘာ့ဟန်ချက်ညီမှုနှင့်အရှေ့အလယ်ပိုင်း၏ပထဝီနိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုများတွင်အဓိကအပြောင်းအလဲဖြစ်ပေါ်စေမယ်ဟု ဆိုပါတယ် ။
တရုတ်နိုင်ငံသည်အီရန်၏ရေနံ၊ သဘာဝဓာတ်ငွေ့နှင့်ရေနံဓာတုကဏ္ဍဖွံဖြိုးရေးအတွက်ဒေါ်လာဘီလီယံ ၂၈၀ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မှာပါ ။
နောက်ထပ်ဒေါ်လာဘီလီယံ ၁၂၀ ကတော့ အီရန်၏သယ်ယူပို့ဆောင်ရေးနှင့်ကုန်ထုတ်လုပ်မှုအခြေခံအဆောက်အအုံများကိုအဆင့်မြှင့်တင်ရန်ဖြစ်ပါတယ်။
အနောက်အာရှ၏ လူမျိုးရေး ၊ဘာသာရေး ၊ နိုင်ငံထူထောင်ရေး ၊နယ်မြေခွဲရေး ၊ စစ်ရေး နှင့် နိုင်ငံများ၏ ပါဝါချိန်ခွင်ရှာညှိရေးတို့ကို ပြောမယ်ဆိုရင် ကာဒစ်စတန်လို့ခေါ်တဲ့ အီရန်မျိုးနွယ်စုအကြောင်းမပါလို့ မပြီးပေ ။ နိုင်ငံတွေရဲ့ ပါဝါချိန်ခွင်ရှာညှိရေးနှင့် ပဋိပက္ခဖမ်းတီးရာမှာ အသုံးချခံတွေ ဖြစ်နေကြလို့ပါပဲ ။
Kurds (ကာ့ဒ် - ,ورد, Kurd) ဆိုသည်မှာ ကာဒစ်စတန်ဟုလူသိများပြီး အနောက်အာရှတောင်တန်းများပေါ်တွင် အခြေပြုပေါက်ဖွားလာကြပြီး တူရကီအရှေ့တောင်ပိုင်း၊ အီရန်နိုင်ငံအနောက်မြောက်ပိုင်း၊ အီရတ်မြောက်ပိုင်းနှင့်ဆီးရီးယားမြောက်ပိုင်းတို့တွင်နေထိုင်သော အီရန်လူမျိုးစုဖြစ်ပါတယ်။ အမ်နာတိုလီယား နှင့် ခိုရာဆန် အလယ်ပိုင်းတွင် ကာဒ့် ၏ အနွယ်များလည်းရှိပါတယ်။ထို့အပြင် တူရကီအနောက်ပိုင်းမြို့များ ၊ အထူးသဖြင့်အစ္စတန်ဘူလ်တွင် ကာဒ့်လူမျိုးများနေထိုင်ရာလူမှုအသိုင်းအဝိုင်းများရှိပြီး အနောက်ဥရောပ၌ အဓိကအားဖြင့်ဂျာမနီနိုင်ငံတွင် ကာဒ့်လူမျိုးများနေထိုင်ကြသည်။ အရေအတွက်အရ ကာဒ့်လူမျိုးများသည် ခန့်မှန်းခြေအားဖြင့်သန်း ၃၀ မှ ၄၅ သန်းအထိရှိပါတယ်။
ကာဒ့် အားလုံးနီးပါးဟာ ဆွန်နီမူဆလင်တွေပါ။
ဘာသာစကားက အီရန်ဘာသာစကားအုပ်စုက ဖာရဆီဘာသာစကားနဲ့ ဆက်နွယ်ပါတယ် ။
နိုင်ငံ ( ၄ ) နိုင်ငံ ပြန့်ကျဲနေထိုင်နေရပါတယ်။
၎င်းနိုင်ငံများကတော့ တူရကီ၊ အီရတ်၊ အီရန် ၊ဆီးရီးယားနိုင်ငံတွေ မှာပါ ။
ပထမကမ္ဘာစစ်အပြီး အော့တိုမန်အင်ပါယာပြိုကွဲရှုံးနိမ့်ပြီးနောက် အနိုင်ရရှိခဲ့သောအနောက်တိုင်းမဟာမိတ်များက ၁၉၂၀ ခုနှစ် Sevres စာချုပ်တွင်
ကာဒစ်စတန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်နယ်မြေ သတ်မှတ်ပေးဘို့ ဗြိတိန်က အဆိုပြုခဲ့ပါတယ်။
သုံးနှစ်ကြာပြီးနောက် Lausanne စာချုပ်တွင် ယနေ့တူရကီ၏နယ်နိမိတ်ကိုသတ်မှတ်ခဲ့ပြီး ကာဒ့်လူမျိုးများအား ၎င်းတို့၏သက်ဆိုင်ရာတိုင်းပြည်များတွင်လူနည်းစုအဆင့်အတန်းသာထားရှိခဲ့ခြင်းနှင့် နယ်မြေခွဲဝေပေးမှု မပြုခဲ့ခြင်းက တူရကီ၊ အီရန်နှင့်ဆီးရီးယား / ရိုဂျာဗာတို့တွင်ဖြစ်ပွားနေသောလက်နက်ကိုင်ပြောက်ကျားပဋိပက္ခများနှင့်အတူ လူမျိုးတုံးသတ်ဖြတ်မှုနှင့်ပုန်ကန်မှုများစွာဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ပါတယ်။
လူမျိုးရေး ၊ ဘာသာရေး ၊ နိုင်ငံတည်ထောင်ရေး ၊ နယ်မြေခွဲရေး ၊ စစ်ရေး ပြင်းထန်လျက်ရှိပြီး ပြဿနာပေါင်း သောင်းခြောက်ထောင်တက်နေသော တူရကီ ၊အီရန် ၊ အီရတ် ၊ဆော်ဒီလို နေရာမျိုးတွေထိ ခြေဆန့်နိုင်သော တရုတ်၏ ဉာဏ်ပြေးမှုကို လစ်လျူရှု၍ မရပေ။ အမေရိကန်၏သြဇာလွမ်းမိုးမှုနှင့် စစ်ရေး ၊ စီးပွားရေးအုပ်စိုးမှု ကို လျော့ချချင်သော မူစလင်နိုင်ငံများ၏သော့ချက်ကို သိသောကြောင့် တရုတ်သည် အချိန်တိုအတွင်း ဤမျှအထိခရီးပေါက်ခဲ့ခြင်းလည်း ဖြစ်သည်။
အင်းအားကြီးနိုင်ငံများသည် နိုင်ငံများ၏နိုင်ငံရေးမငြိမ်မသက်ဖြစ်ခြင်း ၊ မျိုးနွယ်စုပြဿနာဖြစ်ပွားခြင်း ၊ ပြည်တွင်းစစ်မီးတောက်လောင်ခြင်းများတို့အပေါ်အခွင့်ကောင်းယူကာ အမြတ်ထုတ်ရန် အမြဲချောင်းမြောင်းနေကြသည်ကို သတိပြုမိရန် ကောင်းလှပေတော့သည် ။ မြန်မာပြည်တွင်မူကား ထိုကဲ့သို့သော ပြဿနာများမဖြစ်ဖြစ်အောင် ဖန်တီးခံနေကြရသည် မဟုတ်လော ??
Ref :Wekipedia
myanmar society🇲🇲