အချုပ်အနှောင်မှ ရုန်းကန်ခြင်း

အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ဖြစ်တော့ တရုတ်ပြည်တွင်းကုမ္ပဏီတွေ  ထိုင်း ၊ လာအို ၊ ဗီယက်နမ်ကို ပြောင်းသွားကြတယ် ။အကောက်ခွန်စီးကြပ်မှုကို ရှောင်ဖို့အတွက် ရှောင်ရှားသွားကြတာဖြစ်ပါတယ် ။ ကိုဗစ်ကာလအတွင်းမှာလည်း  အမေရိကန် ကုမ္ပဏီတစ်ရာကျော် အိန္ဒိယကို ပြောင်းသွားပြန်တယ် ။ ဂျပန်အစိုးရကလည်း  သူ့နိုင်ငံသားကုမ္ပဏီတွေကို ဒေါ်လာ  ၂..၂ ဘီလျံ သုံးပြီး  တရုတ်ပြည်တွင်းကနေ  ထွက်ခွာစေတယ် ။ အဲ့ဒီ ဂျပန် ၊ ကိုရီယား ကုမ္ပဏီတွေလည်း ဘင်္ဂလားဒေ့ရှ်မှာ အခြေစိုက်ကြလိမ့်မယ် ။ ခုတဖန် အမေရိကန်စက်ရုံတွေ အင်ဒိုနီးရှားကို  ပြောင်းရွေ့သွားဖို့ လုပ်ဆောင်နေကြပြန်ပါပြီ ။

ကုန်သွယ်ရေးစစ်ပွဲရဲ့ ဦးတည်ချက်က စီးပွားရေးမဟာဗျူဟာပြောင်းလဲတဲ့ သဘောပါ ။ တရုတ်ပြည်တွင်းမှာပဲ မလုပ်တော့ဘဲ တရုတ်နိုင်ငံပတ်ပတ်လည်မှာ စီးပွားရေးလုပ်မဲ့ မဟာဗျူအစီအစဥ် မျိုးပါ ။တနည်းအားဖြင့် တွေးကြည့်ရင် တရုတ်ရဲ့ခြိမ်းခြောက်မှုကိုခံနေရတဲ့ အိမ်နီးချင်း နိုင်ငံငယ်လေးတွေ ဆွဲတင်ပေးခြင်းဟာလည်း တရုတ်ကိုအရမ်းကြီးထွားမလာအောင် လုပ်ဆောင်တဲ့ ဗျူဟာတစ်မျိုးဆိုလည်း မမှားဘူးပေါ့ ။ မြင်သာအောင် ဥပမာ ပေးရရင်  ကမ္ဘာအနှံ့ကနေ တရုတ်ပြည်မကြီးဆီကို  စီးဝင်လာတဲ့  စီးပွားရေးရေစီးကြောင်းကို တရုတ်ပတ်ပတ်လည် ဘေးအိမ်နီးချင်းနိုင်ငံတွေကို ခွဲဝေစီးဆင်း စေလိုက်တဲ့ သဘောတရားပဲ ဖြစ်ပါတယ် ။ 

တရုတ်ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံနေတဲ့  ပြည်ပကုမ္ပဏီတွေ ထွက်ခွာသွားခြင်းအားဖြင့်  ကုမ္ပဏီတွေပေါ်ကနေရနေတဲ့ အကောက်ခွန်တွေ ကျဆင်းသွားပါမယ် ။ ကုမ္ပဏီမှာ ခန့်ထားတဲ့ တရုတ်လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်မယ် ။တရုတ်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းကို မည်သူမှ  တိတိကျကျမသိနိုင်ပေမဲ့  ခန့်မှန်းခြေအရတော့  ၂၀၅ သန်း ရှိမည်ဟု  ခန့်မှန်းကြသည် ။ ထိုထက်လည်း ပိုနိုင်သည် ။ထွက်သွားတဲ့ ပြည်ပကုမ္ပဏီတွေနေရာမှာ  အစားထိုး ပြန်လည် လည်ပတ်ပြီး တရုတ်လုပ်သားတွေကို ခန့်ပေးနိုင်ဖို့  အလျင်အမြန်ဆောင်ရွက်နိုင်မှု မရှိရင် စီးပွားရေး ယိမ်းယိုင်တာမျိုးတွေ ဖြစ်လာပါမယ် ။ နိုင်ငံစီးပွားရေးလည်ပတ်မှုကို ချိန်ညှိပြီး ချထားတဲ့  ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ ထွက်သွားတာကြောင့်  နိုင်ငံစီးပွားရေးလည်ပတ်မှုယန္တရားကို  အချိန်မီ ပြန်လည်တည့်မတ်ပေးနိုင်ဖို့  လိုတာတွေ  ဖြစ်လာပါမယ် ။ဤသည်က တပိုင်း ။


ပိုးလမ်းစီမံကိန်းကြီးနဲ့တွဲဖက်မဲ့ ဒစ်ဂျစ်တယ်ငွေကြေးစီမံကိန်းပိုင်းကို တချက်ကြည့်မယ်ဆိုရင်   Blockchain စီမံကိန်းပေါင်း ၅၀၀ ကျော်ကို China Cyber ​​Administration တွင်မှတ်ပုံတင်ခဲ့ပြီး Tencent မှ Huawei အထိ တရုတ်နိုင်ငံ၏အကြီးဆုံးအင်တာနက်ကုမ္ပဏီများဟာ စီမံကိန်းများကိုမှတ်ပုံတင်ထားခဲ့ကြပါတယ် ။ Huawei ဟာ အမေရိကန်အခြေစိုက်ကုမ္ပဏီတွေရဲ့ ပိတ်ဆို့မှု ၊ ကန့်သတ်ချက်တွေကြောင့်  ပြိုကျလုနီးပါး ဖြစ်ခဲ့ရပါတယ် ။ ထိုနည်းတူး Tencent ကုမ္ပဏီဟာလည်း  အကြွေး ၆ ဘီလျံ တင်ရှိနေပါပြီ ။ ဒါကြောင့် ပိုးလမ်းမနှင့်တွဲဖက်မည့် ဒစ်ဂျစ်တယ် ငွေကြေးစီမံကိန်းကဏ္ဍဟာလည်း အခြေအနေ မကောင်းတော့ပါ ။

ဆိုလိုချင်တဲ့ သဘောက အဲ့ဒါတွေကို အချိန်ယူတည့်မတ်ရမှာ ဖြစ်တဲ့အတွက် ခေတ်သစ်ပိုးလမ်းမစီမံကိန်းကို  ရပ်တန့်ထားရဖွယ်ရှိပါတယ် ။ပြည်တွင်းမှ အခြေကျအောင်မတည့်မတ်နိုင်ဘဲ ပိုးလမ်းစီမံကိန်းတွေကို ရှေ့ဆက်တိုးမယ်ဆိုရင် ခါးပြတ်ကျမှာ မလွဲပါ ။

ဒါကြောင့်  နဂိုကတရုတ်ကိုဗဟိုပြုပြီး နိုင်ငံငယ်တွေအပေါ်ဂုတ်သွေးစုပ်အမြတ်ထုတ်မည့် ခေတ်သစ်ပိုးလမ်းမကြီးကနေ  ပိုးလမ်းမကြီးကိုအဆင်သင့်အသုံးချပြီး နိုင်ငံအများကို ဗဟိုပြုကာ အကျိုးပြုမည့် လမ်းမကြီးအသွင် ရုန်းကန်ပြောင်းလဲလာနေတာကို မြင်တွေ့လာနေရပြီ  ဖြစ်ပါတယ် ။

အမှတ်တမဲ့ကြည့်မယ်ဆိုရင်တော့  ဝူဟန်ဗိုင်းရပ်စ်ကြောင့် ၊ ကုန်သွယ်ရေးစစ်ပွဲကြောင့်  ပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ လွတ်ရာကျွတ်ရာ ပြောင်းရွေ့သွားကြတယ်လို့ မြင်ကောင်းမြင်နိုင်ပါတယ် ။ အမှန်ကတော့ မဟာဗျူဟာအသာစီးရစေရန် စနစ်တကျရွေ့ပြောင်း အကွက်ချလုပ်ကိုင်ခြင်းသာဖြစ်ပါတယ် ။ ဤသည်ကို  ပိုးလမ်းမအား ချိန်ခွင်လျှာညှိခြင်း ( သို့ ) ပိုးလမ်းမအား သိမ်းပိုက်ခြင်းလို့ စာရေးသူမှ ယခင်ကတည်းက မှတ်ချက်ပေးခဲ့ပြီးပါပြီ ။

အဲ့လိုအခြေအနေမှာ ရှီကျင်းပင်ဟာ တရုတ်ယွမ်တန်ဖိုးချပြီး  ထုတ်ကုန်တွေ ထွက်ဖို့ကြိုးစားလာတာတွေ့ရပါတယ် ။ အဲ့လိုလုပ်ခြင်းအားဖြင့်  တရုတ်ပြည်တွင်းက အရောင်းထိုင်းနေတဲ့ ထုတ်ကုန်တွေ ထွက်သွားနိုင်ခြေ ရှိတယ်ပေါ့ ။ ကမ္ဘာ့နိုင်ငံတွေရဲ့ အယုံအကြည်နည်းလာမှုကြောင့်  မျှော်မှန်းသလောက်တော့ အရောင်းသွက်မယ်မထင်ပါ ။ နောက်တနည်းစဥ်းစားကြည့်ရရင်  တရုတ်ယွမ်တန်ဖိုးလျော့ချခြင်းဟာ  တရုတ်လုပ်သားတွေရဲ့  လုပ်အားတန်းဖိုးကို ထိခိုက်စေမှာ ဖြစ်ပါတယ် ။ ဥပမာ - ၁၀ ယွမ်တန်တဲ့  လုပ်အားဟာ ၈ ယွမ်ဖြစ်သွားတဲ့ အတွက်  လုပ်အားတန်ဖိုး ၂ ယွမ်နစ်နာမှာ ဖြစ်ပါတယ် ။ လုပ်အားတန်ဖိုးလျော့ကျခြင်းနှင့်အတူ လုပ်သားတွေရဲ့လုပ်အားခကိုပါ အကျိုးသက်ရောက်စေပြီး  လုပ်အားခကို မှီခိုနေရတဲ့ သူတို့ရဲ့ပတ်ဝန်းကျင်များစွာကို  အကျိုးသက်ရောက်မှု ရှိလာမှာဖြစ်ပါတယ် ။

နောက်တစ်ချက်က အမေရိကန် ၊ ဂျပန် ၊ ဥရောပ စသည့် ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေ တရုတ်ပြည်တွင်းက ထွက်သွားကြတဲ့အခါမှာ  ရှီကျင်းပင် အနေနဲ့ အတော်တုန်လှုပ်သွားရတဲ့အနေအထားကို  ဖြစ်ပေါ်စေခဲ့ပါတယ် ။ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားတာကတစ်ကြောင်း ၊ နောက်တစ်ကြောင်းက စစ်ရေးအရ  လွပ်လပ်မှုကို  ဖြစ်ပေါ်စေလာတဲ့အတွက်ကြောင့် ဖြစ်ပါတယ် ။ တရုတ် နှင့်  မဟာမိတ်တွေ ဘယ်လောက်ပဲ တင်းမာမှု ရှိနေပါစေ  မဟာမိတ်တွေရဲ့အကျိုးစီးပွားတွေလည်း တရုတ်ပြည်တွင်းမှာ အခြေချထားတာဖြစ်တဲ့အတွက်  စစ်ဖြစ်နိုင်လောက်တဲ့ အခင်းအကျင်းမျိုးဖြစ်ပေါ်ခဲ့ရင်တောင်  တရုတ်ကို ထုဖို့အတော်စဥ်းစားကြရမှာ ဖြစ်ပါတယ် ။ ယခုမူ မဟာမိတ်တွေရဲ့ အကျိုးစီးပွားတွေ တရုတ်ပြည်တွင်းမှာမရှိတော့တာကြောင့်  စစ်ဖြစ်နိုင်လောက်တဲ့အခင်းအကျင်းမျိုးဖြစ်လာခဲ့ရင်  တရုတ်ပြည်မထဲကို ဒုံးကျည်တွေ ပစ်သွင်းဖို့ဟာ  အရင်ကထက်စာရင် ရာခိုင်နှုန်းပိုများလာပြီလို့  ဆိုရမှာ ဖြစ်ပါတယ် ။

ဒါကြောင့်လည်း Ladakh ၊ Sikkim ဒေသတွေဖြစ်တဲ့ တရုတ်ပြည်အနောက်ပိုင်းမှာ စစ်ရေးအင်အား တိုးချဲ့ချထားခြင်းဖြစ်ပါတယ် ။ အကယ်၍ တောင်တရုတ်ပင်လယ် စစ်ရေးပြင်းထန်ချိန်မှာ တရုတ်အနောက်ပိုင်းကနေ ဝင်တွယ်မှာ စိုးတဲ့အတွက်ကြောင့် ဖြစ်ပါတယ် ။သဘောကတော့ ဟာကွက်ဖြစ်နေတဲ့ တရုတ်ပြည်အနောက်ပိုင်းကို ကြိုကာထားတဲ့ သဘောဖြစ်ပါတယ်။  Ladakh မှာရှိတဲ့တရုတ်စစ်ရေးအင်အားကတော့ ပါကစ္စတန်တပ်တွေနဲ့ ပူးပေါင်းသွားနိုင်အောင်ထိ ရည်ရွယ်ထားဟန်ရှိပါတယ် ။ ကတ်ရှ်မီးယားအရေးကိုလည်း စွက်ဖက်ရင်းပေါ့ ။


တောင်တရုတ်ပင်လယ်ဖက်ကို ကြည့်ရင်  ဟောင်ကောင်ကို  အမျိုးသားလုံခြုံရေးဥပဒေ တင်သွင်းပြီး တင်ကြိုထိန်းချုပ်ဖို့ကြိုးစားလာတာမျိုး တွေ့ရပါတယ် ။ တဖက်ကလည်း ကမ္ဘာ့နိုင်ငံတွေရဲ့  လျော်ကြေးတောင်းအစီအစဥ်ကို အာရုံလွှဲတဲ့အကျိုးသက်ရောက်မှုမျိုးလည်း ဖြစ်စေတယ်ပေါ့ ။ 

မြန်မာပိုင်းမှာတော့ အကယ်၍များ ကမ္ဘာစစ်ဖြစ်ပြီဆိုရင်တော့  တပ်မတော်ဟာ အာဏာသိမ်းနိုင်ချေ အများကြီး ရှိပေမဲ့လို့  စစ်ရဲ့အနိုင်အရှုံးက ရလဒ်ကို ဆုံးဖြတ်မှာ ဖြစ်တဲ့အတွက်   သိပ်တော့လည်း စိုးရိမ်စရာ မရှိလှပါ ။မြန်မာမှာ တရုတ်- အမေရိကန် နှစ်ဖက်စလုံးရဲ့ အကျိုးစီးပွား နည်းတာကြောင့်  ပစ်မှုခတ်မှု နည်းမယ်လို့ မှန်းရတာပါပဲ ။ ရခိုင်ရဲ့ တချို့နေရာ နှင့် ကိုကိုးကျွန်းမှာတော့ အထိအခိုက် အနည်းငယ် ရှိနိုင်ပါတယ် ။  

ယခုတက်လာတဲ့ နောက်ဆုံးသတင်းတွေအပေါ် ဆက်စပ်ကြည့်ရရင် တရုတ်ဟာ သူ့ရဲ့လက်တံတွေကို ငွေလမ်းခင်းပြီး ကမ္ဘာ့အနှံ့အပြားမှာ ဆူခိုင်းနေပါပြီ ။ Sikkin ဒေသတင်းမာမှု ၊ Ladakh တင်းမာမှု ၊ ဆီရီးယား နှင့် အီရတ်မှာရှိတဲ့ IS အကြမ်းဖက်အဖွဲ့တွေ ခေါင်းပြန်ထောင်လာခြင်း၊ သြစတေးလျကို ကိုဗစ်-၁၉ ကိစ္စမှာ စုံစမ်းစစ်ဆေးမယ် တရုတ်ကိုရှုံ့ချတယ်ဆိုလို့  ပို့ကုန်တွေအတွက် ၅၀ ဘီလျံ နစ်နာအောင် ကြံဆောင်နေခြင်း ၊ ဟောင်ကောင် ဥပဒေကြမ်းတင်သွင်းခြင်း ၊ ထိုင်ဝမ်ကို ခြိမ်းခြောက်ခြင်း ၊ မြန်မာဖက်ပိုင်းကို ကြည့်ရင် လွှတ်တော်ဥက္ကဌအား ဖြုတ်ချမဲ့ ဥပဒေတင်သွင်းခြင်း နှင့် ICJ တရားစွဲအစီအစဥ်အား အားကောင်းအောင် မော်လ်ဒိုက်အားထပ်ပေါင်းခြင်းအပြင် ပြည်ထောင်စုလမ်းမကြီးပေါ်  တိုက်ခိုက်မှု ပြန်လည်ဖြစ်ပွားခြင်း ၊ အမေရိကန်မှာ လူမည်းတစ်ဦးသေစေခြင်းမှ အထိကရုန်းအား ဦးတည်စေခြင်း စသည့်  မဟာမိတ်တွေရဲ့ ချုပ်နှောင်မှုအား  ရုန်းကန်ခြင်းကို  မြင်တွေ့လာရပါတယ် ။ 


ကမ္ဘာ့အခင်းအကျင်းတွေ တရုတ်အလိုကျ ရွေ့လျားလာဖို့  တရုတ်ဟာ ငွေလမ်းခင်းပြီး ပုံဖော်စေခဲ့တာပါ ။ ဒါကြောင့် ဒေါ်နယ်ထရန့်မဆင်းမချင်း ဒေါ်နယ်ထရန့်ပြုတ်ကျအောင် ဖန်တီးဖို့  ဒေါ်လာအမြောက်အများလိုနေအုံးမှာပါ ။ (တရုတ်ဟာနိုင်ငံရေးအခင်းတွေမှာ ငွေလမ်းခင်းပုံဖော်တဲ့ သာဓကအားမြင်အောင်ပြရမည်ဆိုလျှင် - မြစ်ဆုံစီမံကိန်းနဲ့ပက်သက်လို့ ဆိတ်ဆိတ်နေဖို့   "အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူ"ကို လာပြီး  လာဘ်ထိုးခဲ့တာက အကောင်းဆုံး သာဓက ဖြစ်မှာပါ  ။)

တရုတ်ရဲ့မိတ်ဖက် ရုရှားကလည်း လက်နက်လည်းမရောင်းရ ၊ ရေနံစျေးတွေထိုးကျပြီး သူ့ပြည်တွင်းရေးကို မနည်းဖြေရှင်းနေရတဲ့ အနေအထားပါ ။ ပြည်သူ့ထောက်ခံမှုအားလျော့ကျနေတဲ့ ဗလာဒီမာပူတင်ဟာ တရုတ်ဖက်ကနေ မရပ်တည်နိုင်တဲ့ အခြေအနေဖြစ်နေသလို ၊ တကယ်တမ်း စစ်ဖြစ်နိုင်တဲ့ အခင်းအကျင်းရှိနေချိန်မှာ  မြောက်ကိုရီးယား ကင်ဂျုံအမ်ဟာလည်း သေသလိုလို ၊ ရှင်သလိုလို ၊ မသေမရှင်ဖြစ်နေသလိုလိုနဲ့ ဝပ်ကျင်းထဲ ခုန်ဆင်းပြီး လက်ရှောင်နေခဲ့တာတွေဟာ တရုတ်ကို အားလျော့စေခဲ့ပါတယ် ။

ခြုံငုံပြောရရင်  တရုတ်ဟာ အရမ်းတုန်လှုပ်နေပြီလို့  မှတ်ချက်ပေးလို့ရပါတယ် ။

myanmar society🇲🇲

ပိုးလမ်းမ ၊ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကို ရေရေရာရာမသိသေးတဲ့သူတွေက  ကျနော်အရင်က ရေးခဲ့တဲ့ ဆောင်းပါးကို ပြန်ဖတ်ပေးပါ ။ အဲ့ဒါဆိုရင် တီးမိခေါက်မိ ရှိသွားမှာပါ ။ ဖတ်ပြီးသားသူတွေလည်း ထပ်ဖတ်ပြီး နွှေးချင်တယ်ဆိုရင်ဖြင့် ထပ်ဖတ်ပြီး အားပေးနိုင်ပါတယ် ။ 👇

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ