ငြိမ်းချမ်းရေးမျက်နှာစာအား ခုတုန်းလုပ်၍
မေးခွန်း ( ၁ ) ။ ။ ၂၀၂၀ခုနှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲကြီးရဲ့ ရလဒ်တွေ မပြီးပြတ်သေးခင်မှာပဲ ။ တပ်မတော်ဖက်ကနေ ငြိမ်းချမ်းရေးကော်မတီဖွဲ့လိုက်တဲ့ ကိစ္စဟာ အရမ်းထူးခြားတဲ့ ဖြစ်စဥ်တစ်ခုပါ ။ ဘာတွေ အလျင်စလိုလုပ်စရာရှိနေလို့ပါလိမ့် .. ??
မေးခွန်း ( ၂ )။ ။ လွှတ်တော်ကိုယ်စားလှယ်ရော၊ ကိုယ်စားလှယ်လောင်းတွေပါ ဖမ်းဆီးထားတဲ့ AA လက်နက်ကိုင်အဖွဲ့က ကြားဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာမတိုင်ခင် လုပ်ပေးဖို့ ကောက်ခါငင်ကာ ဘာကြောင့် တောင်းဆိုရတာလဲ ... ??
မေးခွန်း ( ၃ ) ။ ။ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ဖို့ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့ ညှိနှိုင်းဖို့ လေးစားရတဲ့ ပုဂ္ဂိုလ်တွေဆိုတာ ဘယ်သူတွေကို ရည်ညွန်းချင်တာလဲ ... ??
ရည်ရွယ်ချက်က ဘာလဲ ...???
မေးခွန်း ( ၄ ) ။ ။ ရခိုင်မှာ အလျင်စလိုနိုင်လွန်းတဲ့ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးဖို့ AA လက်နက်ကိုင်ရဲ့သဘောထားကို တပ်မတော် ကြိုဆိုတဲ့ သဘောထားနောက်ကွယ်က ရည်ရွယ်ချက်က ဘာလဲ ... ??
မေးခွန်း ( ၅ ) ။ ။ AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးဖို့ တပြိုင်နက်တည်း အသံထွက်လာတဲ့ မြောက်ပိုင်းလက်နက်ကိုင် ( ၃ ) ဖွဲ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ ..??
အထွေထွေရွေးကောက်ပွဲကြီး၏ ရလဒ်တွေတောင်အကုန် မပြီးပြတ်သေးချိန်မှာ ဒီဇင်ဘာမတိုင်ခင် ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့တောင်းဆိုလာတာဟာ အလျင်လိုတဲ့တောင်းဆိုမှုဟု မြင်ပါတယ်။
အထူးသဖြင့်👉" ဒီဇင်ဘာမတိုင်ခင်"👈ဆိုတဲ့စကားရပ်ဟာ အင်မတန်ထူးခြားလှပါတယ် ။ စဥ်းစားကြည့်ရသလောက်ကတော့ အမေရိကန်ရွေးကောက်ပွဲဟာ ဒီဇင်ဘာလကုန်မှာ အဖြေထွက်လာနိုင်တာကြောင့်ရယ် ၊ ရှေ့ဆက်မဲ့ မြန်မာ့ ICJ ခရီးဟာလည်း ဒီဇင်ဘာလထဲမှာဖြစ်တာကြောင့်ရယ်လို့ ယူဆစရာ ရှိပါတယ် ။
မြောက်ပိုင်းလက်နက်ကိုင် ( ၃ ) ဖွဲ့က AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်ကနေ ပယ်ဖျက်ပေးစေချင်တာဟာ ရှေ့ဆက်လျှောက်ရမည့် မြန်မာ့နိုင်ငံရေးနဲ့ အများကြီးသက်ဆိုင်လှပါတယ် ။ ပို၍တိတိကျကျ ပြောရလျှင် AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်ခြင်း/မပယ်ဖျက်ခြင်းဟာ ရှေ့ဆက်ရမည့် မြန်မာ့အရေးနဲ့ လုံးလုံးလျားလျားသက်ဆိုင်လှပါတယ် ။ အထူးသဖြင့် မြန်မာ့ ICJ အရေးနဲ့တိုက်ရိုက်သက်ဆိုင်ပါတယ် ။ တပ်ပြေး ( ၂ )ယောက်ကို AA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ်ကနေတဆင့် နယ်သာလန်ရှိ ဟိတ်မြို့ကို ပို့ဆောင်ထားတယ်ဆိုတဲ့အချက်ကြောင့်ပါ ။
ဒါကြောင့် AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်ခြင်း/မပယ်ဖျက်ခြင်းက ICJ မှာ ဖိအား အပြင်း၊အပျော့ စသည့်အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာစေနိုင်ပါတယ် ။ဒါကြောင့်မို့လို့ AA လက်နက်ကိုင်အဖွဲ့ကို တရားဝင်လက်နက်ကိုင်အဖွဲ့ဖြစ်စေချင်တာလို့ ယူဆစရာရှိပါတယ်။ တပ်မတော်ဖက်ကရော AAလက်နက်ကိုင်အဖွဲ့ရဲ့ထုတ်ပြန်ချက်ကို ကြိုဆိုတယ်ဆိုတော့ တပ်ပြေး ( ၂ )ယောက်ကိစ္စကို မစဥ်းစားမိလို့လား ??
ရခိုင်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် တပ်မတော်နှင် AA လက်နက်ကိုင်အဖွဲ့( ၂ )ခုကြားမှာ ယုံကြည်ရသူတွေက ကြားဝင်စေ့စပ်ဖို့လိုမယ်လို့ ဆိုထားတဲ့အတွက် တရုတ်သံတွေ ၊ အရာရှိတွေ ပါလာနိုင်ပါတယ် ။ သဘောကတော့ AA လက်နက်ကိုင်အဖွဲ့ကို တရုတ်ပြည်မကြီးက တရားဝင်လမ်းကြောင်းကနေ ထိစပ်ပက်သက်မှု ရယူလို၍ဖြစ်မည်ဟု ယူဆလို့ရနိုင်ပါတယ် ။ အတော်လေးကို အလျင်စလိုနိုင်နေပုံထောက်ရင် အတော်လေးကိုအနီးကပ်ညွှန်ကြားဖို့ လိုအပ်နေလို့ဟု သုံးသပ်ရပါတယ် ။
အရင်တစ်ခါတုန်းကလည်း AA လက်နက်ကိုင်အဖွဲ့ဟာ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းပြီးပြန်လွှတ်ခဲ့သလို လက်ရှိဖမ်းထားတဲ့လွှတ်တော်အမတ်/ကိုယ်စားလှယ်သုံးဦးကိုဖမ်းဆီးထိန်းသိမ်းထားတာဟာ နိုင်ငံတော်ပုံကန်မှုပါ ။ ဒါတွေဟာ လုံးဝမေ့ထားလို့မရတဲ့အရာတွေပါ ။
မြန်မာပြည်ရဲ့ မြောက်တံခါးနှင့် အနောက်တံခါးကို လိုသလိုအသုံးချနိုင်ရင် ဘယ်အစိုးရတက်တက် တရုတ်ပြည်မကြီးဟာ သူကြိုးကိုင်စေစားလို့ရလိမ့်မယ်လို့ မျှော်မှန်းထားပုံရပါတယ် ။ တရုတ်ပြည်မကြီးရဲ့ ၎င်းမျှော်မှန်းချက်ကို ခြေဖျက်ပစ်ဖို့လိုပါတယ်။
ပြည်သူ့အစိုးရက AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ပေးလိုက်လို့ ဖြစ်စေ ၊ ၎င်းတို့ရဲ့တောင်းဆိုမှုတစ်စုံတစ်ရာကို မဆိုင်းမတွလုပ်ပေးလိုက်ရင် AA အဖွဲ့ဟာ တရားဝင်လက်နက်ကိုင်အဖွဲ့ဖြစ်သွားနိုင်ပါတယ်။အဲ့ဒီလိုဆိုရင် အဲ့ဒီမူဝါအပြောင်းအလဲ အပေါ်မှာ စစ်အာဏာရှင်တွေဟာ နင်းလျှောက်ဖို့ ကြိုးစားလာနိုင်ခြေ ရှိပါတယ်။ နောက်ပြီး ၎င်းမူဝါဒအပြောင်းအလဲဟာလည်း ICJ အရေးအခင်းနဲ့အများကြီး ဆက်စပ်ပါတယ် ။
လိုရင်းပြောရရင် တရုတ်ပြည်မကြီးဟာ AA လက်နက်ကိုင်အဖွဲ့ကို ICJ မခေါ်ခင် အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်ပေးစေချင်ပုံရပါတယ် ။ဒါမှလည်း AA လက်နက်ကိုင်အဖွဲ့ဟာ အရှည်ရပ်တည်နေနိုင်မယ် ။AAလက်နက်ကိုင်အဖွဲ့ အရှည်ရပ်တည်နေနိုင်မှ တရုတ်ပြည်မကြီးရဲ့ ကြိုးဆွဲချင်သလို ဆွဲပြီး မြန်မာ့နိုင်ငံရေးကို ကစားလို့ရနိုင်မယ် ။ သို့မှလည်း ရခိုင်ဒေသကို တခြားသောနိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေရဲ့လက်ထဲမပါအောင် AA လက်နက်ကိုင်အဖွဲ့နဲ့ ထိန်းထားဖို့ ရည်ရွယ်ဟန်တူပါတယ် ။
တကယ်၍များ ပြည့်သူ့အစိုးရအဖွဲ့က AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့ကနေ မပယ်ဖျက်ရင် နောက် ( ၅ ) နှစ်စာ စစ်စရိတ်အတွက် တရုတ်ပြည်မကြီးဟာ ထပ်မံအကုန်ကျခံရမည့် လမ်းကို ရွေးမလား ( သို့မဟုတ် ) AA လက်နက်ကိုင်အဖွဲ့အား လွတ်ချမည့်လမ်းကိုရွေးမလားဆိုတဲ့ အခြေအနေဖြစ်ပါတယ် ။တရုတ်ပြည်မကြီးဟာ နောက် ( ၅ ) နှစ်စာအတွက် စစ်စရိတ်ထပ်မံအကုန်အကျခံမည့်လမ်းကို ရွေးခဲ့လျှင် အခန့်မသင့်ရင် အရင်လက်စလက်နတွေပါတသီချည်း ပေါ်ပေါက်လာနိုင်ဖွယ်ရာရှိပါတယ် ။
မြန်မာရင်ဆိုင်နေရတဲ့ ICJ အရေးအခင်း မပြီးမချင်း ယုတ်မာနေကြလိမ့်ဦးမယ် ထင်ပါတယ်။
ထပ်ပြောရရင် ...
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်မပြီးသရွေ့ ယုတ်မာနေကြလိမ့်ဦးမယ်လို့ သုံးသပ်ရင်း....
myanmar society🇲🇲
မြန်မာပြည်သူပြည်သားအပေါင်း ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက် ~~