ပိုးလမ်းမအား သိမ်းပိုက်ခြင်း

၂၀၁၆ အောက်တိုဘာ ၉ရက်နေ့မှာ ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရ ရခိုင်နယ်စပ်ကင်းစခန်း( ၃ ) ခု ဘင်္ဂလီအကြမ်းဖက်အင်အား ၅၀၀ကျော်နဲ့ဝင်တိုက်ခဲ့ပါတယ် ။အကြမ်းဖက်သမားတွေကို ဖမ်းဆီးစစ်ဆေးခဲ့ချိန်မှာ ကြံ့ခိုင်ရေးအမတ်ဟောင်း အောင်ဇော်ဝင်းခေါင်းဆောင်ပြီး လက်နက်နဲ့ငွေကြေးထောက်ပံ့ခဲ့တယ်လို့ ထွက်ချက်ပေးခဲ့ပါတယ် ။ဒီသတင်းကို လုံးဝအမှောင်ချထားခဲ့ပါတယ် ။


ဆိုလိုချင်တာက အောင်ဇော်ဝင်းကို ၂၀၁၈ ဖေဖော်ဝါရီ( ၂၈ )ရက်မှာ ဖမ်းပြီး ၂၀၁၈ ဇွန်လ၂၀ရက်မှာ ရဲလုပ်ငန်းစစ်ဆေးမှုမပြီးခင် သံသယရှိတဲ့တရားခံ
ကို လွတ်ပေးလိုက်တဲ့အပေါ်  ဦးကျော်ဆွေအနေနဲ့ ဘာဖြေရှင်းချက်မှ မထုတ်ခဲ့ပါဘူး ။ ပြည်ထဲရေးဝန်ကြီးဌာနအနေကို နောက်ကွယ်က ထိန်းချုပ်ထားတဲ့ စစ်အာဏာရှင်တွေအနေနဲ့ ခိုင်လုံတဲ့ဖြေရှင်းချက်မပေးမခြင်း စစ်အာဏာရှင်တွေနဲ့ ARSAဟာဆက်နွယ်တယ်လို့ ယူဆရပါတယ် ။ 

ဒီဗျူဟာပေါက်သွားပြီးနောက် နဂိုကမထွက်ပြေးချင်တဲ့ဘင်္ဂလီတွေ (ရခိုင်ဒေသမှာ မွေးဖွားခဲ့တယ်လို့ ယူဆနေသူတွေကို) စစ်တပ်ကနယ်မြေရှင်းလင်းရေးလုပ်တဲ့အပေါ်မှာ နိုင်ငံတကာက " လူမျိုးရေးသန့်စင်မှု" လုပ်တယ် လို့သတ်မှတ်ခဲ့ကြပါတယ် ။ အဲ့လိုလူမျိုးရေးသန့်စင်မှုလို့ သတ်မှတ်တာကလည်း စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ ၂ ဖွဲ့ထက်မနည်းဝင်စစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အစိုးရကို အကဲဖြတ်ပြီးမှ " လူမျိုးရေးသန့်စင်မှု"ဆိုတဲ့ စကားရပ်ကို သတ်မှတ်ခဲ့ကြတာပါ ။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အစိုးရအဖွဲ့သာ ပါးရည်နပ်ရည်မရှိရင် "လူမျိုးတုန်းသတ်ဖြတ်မှု"ဆိုတဲ့ စကားရပ်နဲ့  ကျရှုံးခန်းတိုင်နေလောက်ပါပြီ ။ လူ ၅၀၀ ကျော်ဆိုတဲ့  ARSA ဆိုတာကလည်း အဲ့ကတည်းက ကြက်ပျောက်ငှက်ပျောက် ပျောက်နေခဲ့ပါတယ် ။ (စစ်အာဏာရှင်တွေရယ် ၊ ဘင်္ဂလားဒက်ရှ်ရယ် ၊ တရုတ်ရယ် ပေါင်းကြံတဲ့ အစီအစဥ်ဟုသာ ယူဆရပါတယ် ။ ကံကောင်းချင်တော့ တရုတ်-အမေရိကန်အားပြိုင်မှုတွေမှာ မြန်မာဟာ မဟာဗျူဟာကျတဲ့နယ်မြေဖြစ်နေခဲ့တဲ့အတွက် အမေရိကန်ကြားခံနေ၍သာ အတော်အသက်ရှုချောင်ခဲ့ရတာပါ ။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အစိုးရကိုသာမက မြန်မာနိုင်ငံကိုပါ အပြုတ်နှံတဲ့ ၎င်းလုပ်ကြံမှုအကွက်မျိုးကို စဥ်းစားနိုင်တာ တရုတ်ကြီးအပြင် နောက်လူမရှိနိုင်ပါ ။ )

အဲ့သည့်နောက်ပိုင်းမှာ ပျောက်သွားလိုက်တဲ့  ARSA ဆိုတာ ၂၀၂၀ မေလ ပိုင်းကျမှ  ပြန်ပေါ်လာတယ် ။ဒီရက်ပိုင်းမှာ စစ်တပ်နှင့် ARSA အဖွဲ့ ထိတွေမှုအကြိမ်ကြိမ်ဖြစ်တယ်လို့  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ် ။ အဲ့သည်ပျောက်သွားတဲ့ကြားကာလထဲမှာတော့ တရုတ်ရဲ့လက်ပါးစေ ထွန်းမြတ်နိုင်ခေါင်းဆောင်တဲ့ AA အဖွဲ့နှင့် စစ်အာဏာရှင်တွေ တဂျိန်းဂျိန်းချလို့  ပြည်သူတွေ သွေးချောင်းစီးခဲ့ရပါတယ် ။


ICJ ကြားဖြတ် ( ၄ )လပတ် အစီးရင်ခံစာနီးမှ ARSA ဆိုပြီး ကောက်ခါငင်ကာ ပေါ်လာတာက သွေးရိုးသားရိုး တိုက်ဆိုက်မှုမှ  ဟုတ်ပါလေစ ။
ARSA ဆိုတာ လိုလျှင်ပေါ် လာပြီး မလိုလျှင်ငုပ်လျှိုး တတ်သော သဘောသဘာဝရှိဟန် တူ၏ ။


ဒီလောက်ရှုပ်ထွေးနက်နဲပြီး ကမ္ဘာ့စင်မြင့်ပေါ်တက်ကာ ဖြေရှင်းရလောက်တဲ့ အန္တရာယ်များတဲ့ပြဿနာမီးမွေးမှုကြီးကို  ပြည်တွင်းစစ်အာဏာရှင်တွေရဲ့ အစွမ်းလောက်နဲ့  မရတာသေချာပါ ။သူတို့အစွမ်းအစလောက်နဲ့ဆိုရင် ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး ခွေအလှည်းနင်းဖြစ်ရမဲ့အကွက်မျိုးပါ ။

အခြေခံဥပဒေပါပေးထားတဲ့အခွင့်အရေးနဲ့တင် ဒူးနှံ့ပြီးအေးဆေးနေလို့ရတဲ့အနေအထားမျိုးမှာ ကိုယ့်သေတွင်းကိုယ် တူးကြလိမ့်မယ် မထင်ပါ ။ အဲ့လိုဖြစ်မှာ သိသိကြီးနဲ့ လုပ်ခဲ့ကြတယ်ဆိုတော့ နောက်ကွယ်မှာ အထောက်ခံပေးမဲ့သူ ရှိနေလို့သာဖြစ်ပါမယ် ။ သို့ပေမဲ့ အမေရိကန်-တရုတ် တင်းမှာမှုတွေကြောင့် ထင်မှတ်မထားတဲ့ ရလဒ်မျိုးတွေထွက်လာပြီး  နောက်ဆုတ်လို့မရတော့တဲ့အနေအထားမှာ စစ်အာဏာရှင်တွေဟာ တရုတ်နဲ့ပေါင်းပြီး ဇွတ်တိုးမိုက်ဖို့ပဲ ရှိတော့တယ်လို့ သုံးသပ်ကောက်ချက်ဆွဲက လွန်အံ့မထင် ။  ကမ္ဘာ့ခုံရုံးတက်သွားလို့  စစ်အာဏာရှင်တွေကို ကယ်နိုင်တာကတော့  စစ်အာဏာရှင်တွေနဲ့ ပလဲပနံ့သင့်တဲ့ ၊ တိုင်းရင်သားလက်နက်ကိုင်တို့ရဲ့ခေါင်းကိုင်ဖခင်ကြီးဖြစ်တဲ့  တရုတ်ကြီးမှတပါးအခြားမရှိနိုင်ပါ ။ ထိုသူတို့ရဲ့ခေါင်းကိုင် ဖခင်တရုတ်ကြီးက မဖြစ်နိုင်တော့တဲ့အဆုံး စစ်အာဏာရှင်တွေကို လွှတ်ချလိုက်တဲ့အချိန်က မြန်မာပြည်ကံကောင်းတဲ့နေ့ပဲ ဖြစ်ပါလိမ့်မယ် ။

အထက်ဖော်ပြပါ အကြောင်းအရာများကတော့ ပြည်တွင်းက အကောက်ကြံ  ခလောက်ဆန်နေတာတွေထဲ  တစ်ခုမျှသာပါ ။ ပြည်တွင်းက အဖျက်သမားတွေဟာ  အခွင့်အရေးရလျှင်ရသလို အမဲဖျက်ဖို့ ချောင်းနေကြတာပါ ။ဒါကို ပြည်သူတွေ နားလည်သဘောပေါက်ပြီး စည်းစည်းလုံးလုံးတွန်းလှန်နိုင်ဖို့တော့  လိုပါလိမ့်မယ် ။ ဤသည်ကား တစ်ပိုင်း ။

ပိုးလမ်းအကြောင်းတွေ ၊ ကုန်သွယ်ရေးစစ်ပွဲအကြောင်းတွေတော့ အလျင်းသင့်ရင်သင့်သလို  မကြာမကြာရေးတင်ခဲ့တာဖြစ်လို့  ထူးပြီး အစပြန်ကောက်မနေတော့ပါဘူး ။

ဝူဟန်ဗိုင်းရပ်စ်ကြောင့် ကမ္ဘာကလျော်ကြေးတောင်း တရုတ်အပေါ်မှာ ဖိအားများလာစဥ်မှာ  ကင်ဂျုံသေဆုံးတယ်တဲ့ဆိုတဲ့သတင်းတက်လာတာဟာ ကမ္ဘာ့အာရုံကိုလွှဲဖို့ကလွဲပြီး အခြားမရှိနိုင်ပါ ။ ခုနောက်ပိုင်း တောင်-မြောက်  ကိုရီးယားနယ်စပ်မှာ  တင်းမာမှုဖြစ်ပြီး သေနတ်နဲ့ပစ်ခတ်မှုတွေ ဖြစ်တယ်ဆိုတဲ့သတင်းပါတက်လာတယ် ။ လျော်ကြေးတောင်းတဲ့ဖြစ်စဥ်ကို အာရုံလွှဲဖို့ကလွဲပြီး  တခြားမဖြစ်နိုင်ဟု သုံးသပ်မိပါတယ် ။သို့ပေမဲ့ တစ်ခါတလေတော့လည်း လူသိပ်မသိစေချင်တဲ့  အကြောင်းအရာတစ်ခု လုပ်ချင်ရင် hot  issue ရှာလေ့ရှိတာလည်း  သတိထားရမယ်ပေါ့ ။

၂၀၂၀ ဧပြီ ၂၇ ရက်နေ့က ထရန့်နှင့် ပူတင်တွေ့ဆုံမှုကိစ္စဟာ တစ်ခုခုကို အပေးအယူလုပ်ခဲ့တဲ့ပုံပါပဲ ။ အဲ့ဒီနောက်ပိုင်းမှာ ရုရှားနောက်ဆုတ်သွားတဲ့  သဘောမျိုးတွေ့ရပေမဲ့ အပေးအယူလုပ်တာ ဘယ်လောက်တာသွားသလည်းကတော့  စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ် ။ ပူတင်ကို  ဒုတိယကမ္ဘာစစ်က အကြောင်းတွေ ပြန်လှန်တယ်ဆိုတော့  ထရန့်နောက်ကွယ်မှာ  သတင်းအချက်အလက်ပံ့ပိုးသူ ကြီးကြီးမားမားရှိလိမ့်မယ် ယူဆတယ် ။ 

သမိုင်းစာမျက်နှာဆိုတာကလည်း သူတို့ပေးသိသလောက်  ကျနော်တို့က သိရတာမို့လား ။ ဘာအောက်ဖဲတွေ သွားလှန်သလဲတော့ မသိနိုင်ဘူး ။ ကျနော်တို့ မသိသေးတဲ့  မြှုပ်ကွက်သမိုင်းစာမျက်နှာတွေ ရှိနေနိုင်တာပေါ့ ။နောက်တစ်ချက်က ထရန့် နှင့်  ဟီလာရီ ကလင်တန် နောက်ဆုံး  အကြိတ်အနယ် ပြိုင်နေတုန်း ဟီလာရီရဲ့  အနာအဆာကို  အထုပ်ဖြည်လိုက်ကတည်းက  ထရန့်ကို  တက်စေချင်နေတယ်လို့  ယူဆလို့ရပါတယ် ။ 

ဒါကြောင့် ထရန့်ကို  တက်စေချင်လို့  အုပ်စုတစ်ခုက  ထိုးတင်လိုက်တာ ဖြစ်နိုင်တယ်ပေါ့ ။နောက်တစ်ခုက  ဗိုင်းရပ်ပြဿနာတွေကြောင့်  ဒီမိုကရက်တွေနှင့် ထရန့်  အကြိတ်အနယ် ဖြစ်နေစဥ်မှာ  ထရန့်ပါးစပ်က  Deep State ဆိုတဲ့စကားမျိုး   ထွက်လာတာဟာ  ဘာကိုပြောချင်တာလဲ ?? ဒီမိုကရက်တွေနှင့် Deep State ရဲ့ ဆက်စပ်မှုကို ပြောချင်တာလား ။အဲ့လို တွေးဆစရာမျိုးတွေ ရှိတယ်ပေါ့ ။ 

ကုန်သွယ်ရေးစစ်ပွဲရဲ့နောက်ဆုံးအရွေ့အား သုံးသပ်ရမည်ဆိုလျှင်လည်း ကမ္ဘာအဝှမ်း ဝယ်လိုအားကျဆင်းမှုကြောင့်  တရုတ်ထုတ်ကုန်များ ပြိုလဲခဲ့ရတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ရပါတယ် ။ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်အပေါ်  ယုံကြည်မှုမရှိတော့တဲ့  side effect ကို တရုတ်ဟာ စတင်ခံစားနေရပြီလို့ သုံးသပ်လို့ရပါတယ် ။ ပို့ကုန်ရဲ့အရည်အသွေးချင်းတူရင် တရုတ်ပစ္စည်းမရွေးတော့တာမျိုးတွေ ဖြစ်လာမယ် ။ အများသူငါထက် သာလွန်တဲ့အရည်အသွေးမျိုးဖြစ်အောင် ပိုကြိုးစာရတော့မယ် ။ ယုံကြည်မှုတွေ တဖန်ပြန်လည်တည်ဆောက်ရတော့မယ် ။ နှစ်ပေါင်း ၂၀ ၊ ၃၀ မျှသော အချိန်အတိုင်းအတာတစ်ခု ပြန်လည်ကြိုးစားယူရတော့မှာ  ဖြစ်ပါတယ် ။

၂၀၂၀ ဧပြီ ၂၁ ရက်နေ့က တရုတ်ဘဏ် (BoC)က ရေနံစိမ်းအနာဂတ်စျေးနှုန်းများတွင်ပုံမှန်မဟုတ်သောအတက်အကျပြောင်းလဲမှုများကြောင့်
စွမ်းအင်ဈေးကွက်တွင်မကြုံစဖူး ပြိုကျပြီးနောက်ရေနံနှင့်ဆက်နွယ်သောရင်းနှီးမြှုပ်နှံမှုထုတ်ကုန်အပေါ်အကြီးအကျယ်ဆုံးရှုံးမှုများ​ရတယ်လို့ဆိုပါတယ် ။ဆုံးရှုံးမှုတန်ဖိုး  ၁  ဘီလီယံရှိ၏ဟု သိရပါတယ် ။

နောက်တစ်ခုက ထိုင်းကို အမေရိကန်က ကုန်သွယ်ခွန်ကင်းလွတ်ခွင့်  ရုပ်သိမ်းမယ်လို့  ပြောလာတာ ရှိတယ်ပေါ့ ။  ထိုင်းမှာက  တရုတ်လူမျိုးတွေရဲ့  ရင်းနှီးမြှုပ်နှံမှုတွေ  အများအပြားရှိတာကြောင့်  အလုပ်သမားအခွင့်အရေးအကြောင်းပြ ပိတ်ဆို့မဲ့သဘော ရှိပါတယ် ။ကုန်သွယ်ရေးစစ်ပွဲအတွင်းမှာ တရုတ်ပြည်က ရင်းနှီးမြှုပ်နှံသူတွေဟာ ထိုင်း၊ ဗီယက်နမ် ၊ လာအိုကို ပြောင်းရွေ့သွားတာမျိုးတွေ ရှိခဲ့တယ်ပေါ့ ။ ဒါတွေကို သိလို့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေများတဲ့ ထိုင်းကို ကုန်သွယ်ခွန် ကင်လွတ်ခွင့် ရုပ်သိမ်းခဲ့ဟန်ရှိပါတယ် ။ အကယ်၍သာ  ထိုင်းကို  အခွန်ကင်းလွတ်ခွင့်ရုပ်သိမ်းရင်   လုပ်သားတွေ လျော့ချတာမျိုးတွေ ဖြစ်လာနိုင်စရာရှိတယ်ပေါ့ ။ ထိုင်းမှာသွားလုပ်နေတဲ့ မြန်မာလုပ်သား အများအပြားရှိတာကြောင့်  မြန်မာလုပ်သားတွေအပေါ်  အကျိုးသက်ရောက်မှု အနည်းနှင့်အများ ရှိလာနိုင်ပါတယ် ။

နောက်ထပ်ထူးခြားတာ တစ်ခုကတော့ တရုတ်ဟာ သူ့ကို နောက်ရွေးကောက်ပွဲမှာ ရှုံးနိမ့်စေချင်တယ်လို့  အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောပါတယ် ။


အဲ့စကားဟာ အတော်လေး တာသွားမှာ ဖြစ်ပါတယ် ။ အမေရိကန်ပြည်သူတွေကို အုပ်ချုပ်နေတဲ့ သမ္မတတစ်ယောက်ရဲ့ ပြောစကားဖြစ်နေလို့ပါ ။ 
အဲ့တော့ အမေရိကန်ပြည်သူတွေ စဥ်းစားလာပါလိမ့်မယ် ။ ဘာကြောင့် ထရန့်ကို တရုတ်က ရှုံးနိမ့်နေစေချင်တာလဲ ။ မရှုံးရင် ဘာဖြစ်မလဲ ။ ရှုံးနိမ့်ရင် ဘယ်လိုအကျိုးဆက် ဖြစ်လာမှာမို့လဲ ။ 

ဒီစကားဟာ ထရန့်ကို  နောက်ရွေးကောက်ပွဲမှာ သူ့ပြည်သူတွေ မဲပေးသင့်/မပေးသင့်  စဥ်းစားခိုင်းလိုက်တဲ့သဘောပါ ။ သဘောကတော့  အမေရိကန်ရဲ့ အနာဂတ်ကို  မင်းတို့ ဘယ်လိုဖြစ်စေချင်တာလဲလို့  ပြည်သူတွေကို  သမ္မတက မေးခွန်းထုတ်လိုက်ခြင်းဖြစ်ပါတယ် ။

အမေရိကန်ရဲ့နောက်ရွေးပွဲမှာ ဒေါ်နယ်ထရန့်ကို ရှုံးနိမ့်စေပြီး   ဒီမိုကရက်တစ်ပါတီဖက်က ဂျိုးဘိုက်ဒန်ကို  တရုတ်က တက်စေချင်တယ်ဆိုတာလည်း ဟုတ်ပါတယ်  ။ 

ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်အလူးအလိမ့်ခံနေရစဥ်မှာ အိုဘားမားအပါအဝင်  ဒီမိုကရက်တစ်အမတ်ဟောင်းတွေထိ ကူးချီသန်းချီတွေ့ဆုံမှုတွေကို တရုတ်က ပြုလုပ်ခဲ့ပါတယ် ။ကျဥ်းထဲကြပ်ထဲ ရောက်နေချိန်မှာတောင် ထရန့်ကို တရားစွဲခဲ့တာ တရုတ်နဲ့အဆက်အဆံရှိတဲ့ ဒီမိုကရက်တစ်ပါတီဟာ တရုတ်ရဲ့လက်တံတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ် ။ 

ဝူဟန်ဗိုင်းရပ်စ်ကြောင့် အမေရိကန်ပြည်တွင်းမှာ ပြဿနာတွေ ပလုံစီနေစဥ်မှာ ထရန့်ကို သဲသဲမဲမဲ တိုက်ခိုက်နေသလောက် ဝူဟန်ဗိုင်းရပ်စ်နဲ့ပက်သက်လို့  တရုတ်ကိုအပြစ်တင်ဖော်တောင်မရတာလည်း တရုတ်နဲ့ဆက်ဆံမှုရှိတဲ့ ဒီမိုကရက်တစ်ပါတီပါပဲ ။ တရုတ်ကတော့ သူနဲ့ပလဲပနံသင့်တဲ့အမတ်တွေများတဲ့  ဒီမိုကရက်ပါတီကို အနိုင်ရစေပြီး ဂျိုးဘိုက်ဒန်ကို တက်စေချင်ပုံရပါတယ် ။ အမေရိသမ္မတ အိုဘားရဲ့  ပေါ်လစီကို လိုက်မဲ့သူဖြစ်လို့  တရုတ်ကို အများကြီး အသက်ရှုချောင်စေလိမ့်မယ်လို့  ယူဆကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

နောက်ပြီးတော့  အမေရိကန်ကုမ္ပဏီ ၁၀၀ ကျော်  အိန္ဒိယကို ရွေ့မယ်ဆိုတဲ့သတင်းတွေလည်း ရှိပါတယ် ။ ကိုရိုနာဗိုင်းရပ် နှင့် ကုန်သွယ်ရေးစစ်ပွဲတွေကြောင့် ရွေ့ရတဲ့သဘောမျိုးပါ ။  အကုန်လုံး ရွေ့မရွေ့မသေချာပါဘူး ။ ရွေ့ပြောင်းစရိတ်ကို အမေရိကန်အစိုးရက ထောက်ပံ့သင့်တယ်ဆိုတာမျိုးတွေလည်း တွေ့ရတယ် ။ တကယ်တော့ လူမျိုးရေး ၊ ဘာသာရေး ပဋိပက္ခတွေ ရှိတဲ့ အိန္ဒိယကို ကုမ္ပဏီတွေဟာ ပြောင်းချင်လှတယ်တော့ မဟုတ်ဘူး ။ နောက် ၅ နှစ်သာ ဒေါ်နယ်ထရန့်ဆက်လက်နေရာ ရထားမယ်ဆိုရင် ကုန်သွယ်ရေးစစ်ကို ရှောင်ရှားချင်တာနဲ့တင် တရုတ်ပြည်တွင်းကနေ  ရှိသမျှကုမ္ပဏီတွေ အကုန်ထွက်ပြေးဖွယ်ရှိပါတယ် ။

တကယ်တော့ ကုန်သွယ်ရေးစစ်မဖြစ်ခင်ကတည်းက ထရန့်က အမေရိကန်ကုမ္ပဏီတွေကို US ကိုပြန်လာဖို့ပြောခဲ့တာပါ ။ တချို့ကုမ္ပဏီတွေ ပြန်သွားခဲ့တယ် ။ တချို့အထိုင်ကြီးတဲ့ ကုမ္ပဏီတွေ ၊ ဘုမသိဘမသိကုမ္ပဏီတွေသာ ကုန်သွယ်ရေးစစ်ဒဏ်ခံလိုက်ရတာပါ ။ 

နောက်ထပ်အထိုင်ချစရာနေရာအဖြစ် အမေရိကန်ဟာ  ကနေဒါနှင့် အိန္ဒိယကို  ရွေးထားတယ်ဆိုပါတယ် ။အထူးသဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာ စီးပွားရေးအထိုင်ချကြလိမ့်မယ်ပေါ့။အာဏာရှင်စနစ်ကို မြေတောင်မြှောက်ပေးလို့မရဘူးဆိုတာ သူတို့သိသွားတဲ့အတွက်ကြောင့်ပါ ။


လောလောဆယ်တော့ US နှင့် သူ့မဟာမိတ်ကုမ္ပဏီတွေကို  ကမ္ဘာ့နိုင်ငံအနှံအပြားမှာ အခြေချမယ်ဆိုပါတယ် ။ ဂျပန်ကတော့ တရုတ်နိုင်ငံတွင်းမှာ ရင်းနှီးမြှုပ်နှံနေတဲ့ သူ့နိုင်ငံသား ဂျပန်ကုမ္ပဏီတွေကို အစိုးရထောက်ပံ့ငွေ ၂..၂ ဘီလီယံသုံးပြီး ရွေ့ခိုင်းနေပါပြီ ။  အဲ့ဒီဂျပန် ၊ ကိုရီယားကုမ္ပဏီတွေဟာ ဘင်္ဂလားဒေ့ရှ်မှာ အထိုင်ချကြပါလိမ့်မယ် ။ 

၎င်းအဖြစ်အပျက်တွေရဲ့အရွေ့က ဘယ်ကိုဦးတည်နေသလဲ ??

ဦးတည်ချက်ကတော့ စီးပွားရေးမဟာဗျူဟာပြောင်းလဲတဲ့ သဘောပါ ။ တရုတ်ပြည်တွင်းမှာပဲ မလုပ်တော့ဘဲ တရုတ်နိုင်ငံပတ်ပတ်လည်မှာ စီးပွားရေးလုပ်မဲ့ မဟာဗျူဟာအစီအစဥ် မျိုးပါ ။တနည်းအားဖြင့် တွေးကြည့်ရင် တရုတ်ရဲ့ခြိမ်းခြောက်မှုကိုခံနေရတဲ့ အိမ်နီးချင်း နိုင်ငံငယ်လေးတွေ ဆွဲတင်ပေးခြင်းဟာလည်း တရုတ်ကိုအရမ်းကြီးထွားမလာအောင် လုပ်ဆောင်တဲ့ ဗျူဟာတစ်မျိုးဆိုလည်း မမှားဘူးပေါ့ ။ 

တရုတ်ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံနေတဲ့  ပြည်ပကုမ္ပဏီတွေ ထွက်ခွာသွားခြင်းအားဖြင့်  ကုမ္ပဏီတွေပေါ်ကနေရနေတဲ့ အကောက်ခွန်တွေ ကျဆင်းသွားပါမယ် ။ ကုမ္ပဏီမှာ ခန့်ထားတဲ့ တရုတ်လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်ကုန်မယ် ။ ထွက်သွားတဲ့ ပြည်ပကုမ္ပဏီတွေနေရာမှာ  အစားထိုး ပြန်လည် လည်ပတ်ပြီး တရုတ်လုပ်သားတွေကို ခန့်ပေးနိုင်ဖို့  အလျင်အမြန်ဆောင်ရွက်နိုင်မှု မရှိရင် စီးပွားယိမ်းယိုင်တာမျိုးတွေ ဖြစ်လာပါမယ် ။ နိုင်ငံစီးပွားရေးလည်ပတ်မှုကို ချိန်ညှိပြီး ချထားတဲ့  ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ ထွက်သွားတာကြောင့်  နိုင်ငံစီးပွားရေးလည်ပတ်မှုယန္တရားကို  အချိန်မီ ပြန်လည်တည့်မတ်ပေးနိုင်ဖို့  လိုတာတွေ  ဖြစ်လာပါမယ် ။ဆိုလိုချင်တဲ့ သဘောက အဲ့ဒါတွေကို အချိန်ယူတည့်မတ်ရမှာ ဖြစ်တဲ့အတွက် ခေတ်သစ်ပိုးလမ်းမစီမံကိန်းကို  ရပ်တန့်ထားရဖွယ်ရှိပါတယ် ။ ပြည်တွင်းမှ အခြေကျအောင်မတည့်မတ်နိုင်ဘဲ ပိုးလမ်းစီမံကိန်းတွေကို ရှေ့ဆက်တိုးမယ်ဆိုရင် ခါးပြတ်ကျမှာ မလွဲပါ ။


ဒါကြောင့်  နဂိုကတရုတ်ကိုဗဟိုပြုပြီး နိုင်ငံငယ်တွေအပေါ်ဂုတ်သွေးစုပ်အမြတ်ထုတ်မည့် ခေတ်သစ်ပိုးလမ်းမကြီးကနေ      ပိုးလမ်းမကြီးကိုအဆင်သင့်အသုံးချပြီး နိုင်ငံအများကိုဗဟိုပြုကာအကျိုးပြုမည့် လမ်းမကြီးအသွင် ရုန်းကန်ပြောင်းလဲလာနေတာကို မြင်တွေ့လာနေရပြီ  ဖြစ်ပါတယ် ။

အမှတ်တမဲ့ကြည့်မယ်ဆိုရင်တော့  ဝူဟန်ဗိုင်းရပ်စ်ကြောင့် ၊ ကုန်သွယ်ရေးစစ်ပွဲကြောင့်  ပြည်ပရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ လွတ်ရာကျွတ်ရာ ပြောင်းရွေ့သွားကြတယ်လို့ မြင်ကောင်းမြင်နိုင်ပါတယ် ။ အမှန်ကတော့ မဟာဗျူဟာအသာစီးရစေရန် စနစ်တကျရွေ့ပြောင်း အကွက်ချလုပ်ကိုင်ခြင်းသာဖြစ်ပါတယ် ။တနည်းအားဖြင့် မဟာမိတ်တွေဖက်ကကြည့်မယ်ဆိုရင် ဒီဗျူဟာဒီအရွေ့ကို ရွေ့နိုင်စွမ်းတာဟာ  ပိုးလမ်းမအားချိန်ခွင်လျှာ ညှိခြင်း ( သို့မဟုတ် ) ပိုးလမ်းမအားသိမ်းပိုက်ခြင်းမည်ပါတယ်လို့ ပြောရင်း သုံးသပ်ချက်ဆောင်းပါးအား ဒီနေရာမှာပဲ  ရပ်နားပါရစေ ~~

myanmar society🇲🇲


တရုတ်ပြည်တွင်းကနေ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ တသောသောထွက်သွားပြီး  အိန္ဒိယ ၊ ဘင်္ဂလာဒေ့ရှ် ၊ လာအို ၊ ထိုင်း ၊ ဗီယက်နမ် စသည့်နိုင်ငံများကို ပြောင်းသွားကြပေမဲ့  တရုတ်နှင့်စစ်အာဏာရှင်တို့ရဲ့စနက်ဖြင့် ပြည်တွင်းစစ်မီးတောက်လောင်ပြီး နိုင်ငံရေးမငြိမ်မသက်ဖြစ်နေတဲ့ မြန်မာကိုတော့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ခြေဦးမလှည့်ကြပါ ။အခြေအနေ အနေအထားတစ်ခုအရ မြန်မာကိုတော့ ဂယ်ပေါက်အဖြစ်  ထားထားတုန်းပါပဲ ။

ဘာကြောင့်လဲ ??  🤔

စာအရမ်းရှည်နေမစိုးလို့ နောက်ရေးမဲ့ ဆောင်းပါးတွေထဲမှာ ထည့်သွင်းဖော်ပြရေးသားသွားပါ့မယ် ။

မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာ ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျှက် ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ