ရခိုင်အနောက်တံခါးပြဿနာ ( သို့မဟုတ် ) နိုင်ငံရေးလုပ်ကြံမှု

၂၀၁၆ အောက်တိုဘာ( ၉)ရက်နေ့မှာ ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရ ရခိုင်နယ်စပ်ကင်းစခန်း( ၃ )ခုအား ဘင်္ဂလီ( ရိုဟင်ဂျာ )အကြမ်းဖက်အင်အား ၅၀၀ကျော်နဲ့ဝင်တိုက်ခဲ့တယ်။အကြမ်းဖက်သမားတွေကို ဖမ်းဆီးစစ်ဆေးချိန်မှာ ကြံခိုင်ရေးအမတ်ဟောင်း အောင်ဇော်ဝင်း(ခ)ဇော်ကိရ်အာမက်ခေါင်းဆောင်ပြီး လက်နက်နဲ့ငွေကြေးထောက်ပံ့ခဲ့တယ်လို့ ထွက်ချက်ပေးတယ် ။ဒီသတင်းကို လုံးဝအမှောင်ချထားခဲ့ပါတယ် ။

ဆိုလိုချင်တာက အောင်ဇော်ဝင်းကို ၂၀၁၈ ဖေဖော်ဝါရီ၂၈ရက်မှာ ဖမ်းပြီး ၂၀၁၈ ဇွန်လ၂၀ရက်မှာ ရဲလုပ်ငန်းစစ်ဆေးမှုမပြီးခင် သံသယရှိတဲ့တရားခံကို လွတ်ပေးလိုက်တဲ့အပေါ် ကိုကျော်ဆွေအနေနဲ့ ဘာဖြေရှင်းချက်မှ မထုတ်ခဲ့ပါဘူး။ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ နောက်ကွယ်က ထိန်းချုပ်ထားတဲ့ စစ်တပ်အနေနဲ့ ခိုင်လုံတဲ့ဖြေရှင်းချက်မပေးမခြင်း စစ်တပ်နဲ့ ARSAဟာဆက်နွယ်တယ်လို့ ယူဆရပါတယ် ။ 

ဒီဗျူဟာပေါက်သွားပြီးနောက် နဂိုကမထွက်ပြေးချင်တဲ့ဘင်္ဂလီတွေ (ရခိုင်ဒေသမှာ မွေးဖွားခဲ့တယ်လို့ ယူဆရသူ ရိုဟင်ဂျာတွေကို) စစ်တပ်ကနယ်မြေရှင်းလင်းရေးလုပ်တဲ့အပေါ်မှာ နိုင်ငံတကာက " လူမျိုးရေးသန့်စင်မှု" လုပ်တယ် လို့သတ်မှတ်ခဲ့ကြပါတယ် ။အဲ့ဒီနောက်ပိုင်းမှာ လူ ၅၀၀ ကျော်ဆိုတဲ့  ARSA ဆိုတာကလည်း  ကြက်ပျောက်ငှက်ပျောက် ပျောက်နေခဲ့ပါတယ် ။ 

စစ်အာဏာရှင်တွေရယ် ၊ ဘင်္ဂလားဒက်ရှ်ရယ် ၊ တရုတ်ပြည်ရယ် ပေါင်းကြံတဲ့ အစီအစဥ်ဟုသာ ယူဆရပါတယ် ။

သို့သော်ငြား OIC ၊ ICC  ၊ EU ၊ UN  ၊ ယန်ဟီလီး စသည့် စုံစမ်းရေးကော်မရှင်တွေ ၊ သူတို့ရဲ့အစီရင်ခံတွေမှာလည်း ARSA အကြောင်း သိပ်မပါကြဘူး ၊ ထူးဆန်းပေစွ ။ ဒီအပိုင်းက အရင်တုန်းက အချက်အလက်တွေပေါ့ ။

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က  Mobhib Ullah အသတ်ခံရတဲ့သတင်းကို VOA က တင်ခဲ့ပါတယ် ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ကော့ဘဇာခရိုင် ၊ ကူတုပါလောင်ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာခေါင်းဆောင် Mobhib Ullah အသတ်ခံရတဲ့ကိစ္စကို တချက်ပြန်ထောက်ကြည့်ရရင်  အသတ်ခံရတဲ့ ရိုခေါင်းဆောင်​မိသားစုဝင်ပြောချက်အရဆိုရင် ARSA  ဆိုတာ ရှိတဲ့သဘောမျိုးပေါ့ ။ အကြမ်းဖက်  ( ၈ )ယောက်က လာသတ်သွားတာလို့  ပြောခဲ့ပါတယ် ။ တနည်းပြန်ပြောရရင်  ARSA အကြမ်းဖက်အဖွဲ့ဆိုတာ ရိုဟင်ဂျာအသိုင်းအဝိုင်းမှာ  ရှိတယ်လို့လက်ခံထားကြတဲ့သဘော သက်ရောက်ပါတယ်။

ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးကို ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ ARSA က သတ်တယ်ဆိုတော့  ကိုယ်အကျိုးအတွက်  ရိုအချင်းချင်းချနင်းမဲ့သူတွေ ရိုဟင်ဂျာထဲမှာ ရှိနေတယ်လို့  သုံးသပ်လို့ရတယ်။

ရိုဟင်ဂျာတွေထဲမှာ ရိုဟင်ဂျာအကြမ်းဖက်ရှိတဲ့သဘောပဲ ။ယခင်ဖြစ်စဥ် နှင့်ယခုဖြစ်စဉ်(  ၂ )ရပ်ပေါင်းပြီးသုံးသပ်ရရင်  ရိုဟင်ဂျာလူမျိုးရေးသန့်စင်မှုဆိုတဲ့ကမ္ဘာကျော်ပြဿနာကြီး ဖြစ်သွားအောင်  အကြမ်းဖက်စစ်တပ်နှင့်ရိုဟင်ဂျာအကြမ်းဖက်အုပ်စုဟာ  လက်ဝါးချင်းရိုက်ပြီး  အရေးအခင်းဖြစ်အောင်  ဖန်တီးခဲ့လေသလားဆိုတဲ့စဥ်းစားစရာအချက်က ခိုင်မာသည်ထက် ပိုခိုင်မာလာတယ်။

ICJ မှာတုန်းက ဂမ်ဘီယာဖက်ကလိုက်ပါဆောင်ရွက်သူတွေရဲ့အစီရင်ခံစာမှာရော ၊ ရိုဟင်ဂျာအစီရင်ခံတွေမှာကျတော့  ARSA အကြမ်းဖက်အဖွဲ့အကြောင်း ပါတာသိပ်မတွေ့သလိုပါပဲ ။ခုကျမှ  ARSA ဆိုတာ အကြမ်းဖက်အဖွဲ့ဆိုပြီး  ငေါငေါကြီးထွက်လာပြန်ပါတယ်။မြန်မာ့နိုင်ငံရေးကို ခလောက်ဆန်ဖို့  ARSA ကို ပွဲထုတ်တဲ့သဘောများလားဆိုတာ တွေးစရာရှိပါတယ်။

ရိုဟင်ဂျာအရေးအခင်းနောက်ကွယ်မှာ မြှုပ်ကွက်ကြီးကြီးမားမား ရှိပုံရပါတယ်။ ပူးပေါင်းကြံစည်မှု (သို့မဟုတ်) တဦးတည်းက ကြိုးကိုင်ကြံစည်ခဲ့တယ်လို့  ယူဆနိုင်ဖွယ်ရာ ရှိပါတယ်။နိုင်ငံရေးလုပ်ကြံမှုတစ်ရပ်ဖြစ်တယ်ဆိုတာ ကောက်ချက်ဆွဲလို့  ရနိုင်တဲ့လမ်းကြောင်း ဖြစ်ပါတယ် ။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ဘင်္ဂလီ(ရိုဟင်ဂျာ)အရေးအား ကိုင်တွယ်ပြောဆိုရာမှာ အထူးသတိထားဖို့လိုအပ်ပါတယ် ။

_______________________

သတင်းအားဖတ်ရှု့လိုလျှင် 👇

ထင်ရှားတဲ့ ရိုဟင်ဂျာ ခေါင်းဆောင် ပစ်သတ်ခံရခြင်းက ARSA လက်ချက်လို့ မိသားစုဝင် ပြော 
(အောက်တိုဘာ - ၁)

ရိုဟင်ဂျာ အသိုင်းအဝန်း ခေါင်းဆောင် မိုဟစ် အူလာရှ်ဟာ သူရဲ့ ထင်ရှားကျော်ကြားမှုနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတစ်ခုမှာ စစ်သွေးကြွတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ ဖြစ်တယ်ဆိုပြီး ညီဖြစ်သူက ကြာသပတေးနေ့မှာ ပြစ်တင်ပြောဆိုပါတယ်။ 

၂၀၁၇ ခုနှစ် ဖြိုခွင်းမှုတွေကြောင့် မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီးကတည်းက ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ သောင်တင်နေကြတဲ့ ရိုဟင်ဂျာ ၈၅၀၀၀၀ နီးပါးအတွက် ထင်ရှားကျော်ကြားတဲ့ ကိုယ်စားပြုသူ တော်တော်များများမှာ မိုဟစ် အူလာရှ်ဟာ မကြာသေးတဲ့နှစ်တွေအတွင်း ပါဝင်လာခဲ့သူတစ်ဦးပါ။ 

သူ့ကို ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ အမည်မသိ လုပ်ကြံသတ်ဖြတ်သူတွေက သေနတ်နဲ့ ပစ်သတ်သွားခဲ့တာ ဖြစ်ပြီး ဒီအတွက် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ အရန်လက်နက်ကိုင်ရဲ အင်အာ ရာနဲ့ချီကို ကြာသပတေးနေ့မှာ ဒုက္ခသည်စခန်းတွေဆီ တပ်ဖြန့်ချထားခဲ့ရပါတယ်။ 

မိုဟစ် အူလာရှ်ရဲ့ ဇနီးဖြစ်သူ နာစီမာ ခါတွန်က “သူ့ အတွက် လုံခြုံရေး လိုအပ်နေခဲ့တာပါ၊ ရဲတွေဟာ သူကို အစောင့်အရှောက် ပေးသင့်တယ်၊ ဒါပေမဲ့ ပစ်သတ်ခံရပြီးနောက်မှာတောင့် သူတို့တွေ တော်တော်နဲ့ မရောက်လာဘူး”လို့ ပြောဆိုပါတယ်။ 

Arakan Rohingya Salvation Army (ARSA) အဖွဲ့ကနေပြီး မကြာသေးတဲ့ လတွေမှာ အစ်ကိုဖြစ်သူ မိုဟစ် အူလာရှ်ကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိလာခဲ့ပြီး အခု သတ်ဖြတ်သွားရာမှာလည်း အဲဒီ အဖွဲ့က အနည်းဆုံး ရှစ်ဦး လာရောက်တိုက်ခိုက်သွားတာဖြစ်တယ်လို့ ညီဖြစ်သူ ဟာဘစ် အူလာရှ်က အေအက်ဖ်ပီကို ပြောပါဝယ်။ 

“ဒီ လူသတ်မှုကို ARSA က ကျူးလွန်ခဲ့တာပါ၊ သူတို့က ကျွန်တော်အစ်ကိုဆီကို ဖုန်းနံပါတ် အမျိုးမျိုးနဲ့ လှမ်းဆက်ပြီး သတ်မယ်ဖြတ်မယ် မကြာခဏ ခြိမ်းခြောက်နေတာပါ”လို့ သူက ပြောပါတယ်။ 

“ကျွန်တော့် အစ်ကိုကို ARSA က သတ်သွားတာမဟုတ်ဘူး၊ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကောင်းတစ်ဦးကို သတ်သွားတာ”လို့ ဟာဘစ် အူလာရှ်က ပြောခဲ့ပါတယ်။ 

မိုဟစ် အူလာရှ်ဟာ သူ့ ရုံးအပြင်ဖက်မှာ အခြား ရိုဟင်ဂျာ အသိုင်းအဝန်းစု ခေါင်းဆောင်တွေနဲ့ စကားစမြည် ပြောနေချိန် ဖြစ်ပွားခဲ့တဲ့ ဒီ သတ်ဖြတ်မှုမှာ အနည်းဆုံး အမည်မသိ လုပ်ကြံသတ်ဖြတ်သူ လေးဦး ပါဝင်တယ်လို့ ရဲက ဆိုပါတယ်။ 

မိုဟစ် အူလာရှ်ဟာ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ရခိုင်ရိုဟင်ဂျာအဖွဲ့အစည်း ARSPH ကို တည်ထောင်ခဲ့သူဖြစ်ပြီး လူထုအခြေပြု ဒီ အခွင့်အရေးအဖွဲ့အစည်းဟာ ၂၀၁၇ ထိုးစစ်တွေမှာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ရက်စက်စွာ ကျူးလွန်မှုတွေကို မှတ်တမ်းရယူကြတာပါ။ 

ကျောင်းဆရာဟောင်းတစ်ဦးဖြစ်တဲ့ သူဟာ ၂၀၁၉ ခုနှစ်မှာ စစ်တပ်ရဲ့ ဖြိုခွင်းခံရမှု ဒုတိယနှစ်ပတ်လည်နေ့ကို သူ့ အဖွဲ့အစည်းက ကြီးမှူးကျင်းပနိုင်ခဲ့ပြီးနောက်မှာ လူသိများ ထင်ရှားလာခဲ့တာပဲ ဖြစ်ပါတယ်။ 

အဲဒီ နှစ်မှာပဲ အမေရိကန် အိမ်ဖြူတော်က ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ရပ်မှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့ရသလို ကုလသမဂ္ဂ လူ့အခွင့်အရေးအစည်းအဝေးမှာလည်း မိန့်ခွန်းပြောဆိုခဲ့ရသူ ဖြစ်ပါတယ်။

myanmar society🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း