ဤလမ်းတော့ဖြင့် မလျောက်စေလို
စစ်ကောင်စီကို ICC မှာ တရားစွဲဖို့ NUG ကို
အထူးအကြံပေးကောင်စီ တိုက်တွန်းခဲ့တယ် ဆိုပါတယ်။အထူးအကြံပေးကောင်စီ SAC-M က အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို တရားဝင်အစိုးရလို့ဖော်ပြ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် NUG အနေနဲ့ Rome Statute မှာ အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးပြီး စစ်တပ်ကို ICC မှာ တရားစွဲဖို့ SAC-M ရဲ့ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။ထုတ်ပြန်ချက်မူရင်းနှင့် website link ကို အောက်တွင်ဖော်ပြပေးထားပါသည်။
မိမိရဲ့နိုင်ငံရေးအမြင်အရတော့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ICC နဲ့ မပက်သက်စေချင်ဘူး။အထူးအကြံပေးကောင်စီ SAC-M အမျိုးသားညီညွတ်ရေးအစိုးရကို ဘယ်လိုပင်ထောက်ခံနေပါစေ မိမိကတော့ သိပ်သဘောမကျလှပါဘူး ။ ထောက်ချောက်တစ်ခုလို့သာ မိမိမြင်ပါတယ် ။ အရင်ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ပြည်သူ့အစိုးရလက်ထက်တုန်းကလည်း ICC လမ်းကြောင်းကို ချွေးချယ်ခဲ့ခြင်းမရှိတာကိုလည်း တွေ့ရပါတယ် ။
မြန်မာ့အနောက်တံခါးပေါက်ပြဿနာဟာ တရုတ် + အာဏာသိမ်းစစ်တပ် + AA + ARSA + ဘင်္ဂလားဒေ့ရှ် + OIC နိုင်ငံတချို့ပါ ပါဝင်ပက်သက်နေတဲ့ အကြောင်းတွေ အကျယ်ရေးခဲ့ပြီးလည်း ဖြစ်ပါတယ် ။
စစ်အာဏာရှင်တွေဟာ သူတို့ ခိုးဝှက်ထားတဲ့သုံးမကုန်ဖြုံးမကုန်နိုင်တဲ့ စည်းစိမ်တွေကို သုံးဖြုန်းနိုင်ဖို့အတွက် နှင့် သူတို့သားသမီးတွေ ၊ မြေးမြစ်တွေကို ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ပညာသင်ကြားနိုင်ဖို့အတွက် ဒီမိုကရေစီအယောင်ဆောင် ၂၀၀၈ အခြေခံဥပဒေကြီးကို ပြဌာန်းခဲ့ကြတာပါ ။ ပြည်သူတွေအပေါ်မှာ စေတနာရှိလွန်းလို့ မဟုတ်ဘူးဆိုတာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာ့အာဏာသိမ်းမှုက သက်သေခံနေပါတယ် ။
တဆက်တည်းမှာပဲ သူတို့ရဲ့ဒီမိုကရေစီဟန်ဆောင် အခြေခံဥပဒေကြီးကို ပြည်ပနိုင်ငံတွေ အဟုတ်ထင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အာ အကျယ်ချုပ်ကလွှတ်ပြီး( ၅ )နှစ်တာခရီးကို ကစေခဲ့ပါတယ် ။တချိန်တည်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့နိုင်ငံရေးစင်မြင့် ၊ ကမ္ဘာ့နိုင်ငံရေးစင်မြင့်ပေါ်ကနေ မြန်မာ့အနောက်တံခါးပေါက်အရေးနဲ့ ရိုက်ချဖို့ ကြိုတင်ကြံစည်ခဲ့ပြီးသားလည်း ဖြစ်ပါတယ် ။
တရုတ် ၊ အာဏာသိမ်းစစ်တပ် ၊ ARSA ၊ ဘင်္ဂလားဒေ့ရှ် ၊ OIC နိုင်ငံတချို့ ပေါင်းပြီးမြန်မာကို ICJ တရားရုံးရောက်အောင် တွန်းပို့ခဲ့တာ မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူတွေ သိပါတယ် ။ ICJ အခြေအနေမဟန်မှ AA ပေါ်လာပြီး ရခိုင်မြေကို အသုံးချလို့မရအောင် ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာအောင်ပြည်သူ့အစိုးရကို အကန်လုပ်ပြီး တရုတ် + အာဏာသိမ်းစစ်တပ် + AA တို့ရဲ့ ရိုက်ချက်တွေက စစ်ဘေးရှောင်ဒုက္ခသည် သိန်းချီဖြစ်ပေါ်ခဲ့ရပါတယ် ။
သို့ပေမဲ့ သူတို့ဆင်ထားခဲ့တဲ့ မြန်မာ့အနောက်တံခါးပေါက်ထောင်ချောက်အတွင်းမှာ သူတို့ကိုယ်တိုင်ပြန်မိကုန်ပြီး ဒေါ်အောင်ဆန်းစုကြည်ပြုတ်ကျအောင်လုပ်ဖို့ ဘယ်လိုမှမစွမ်းနိုင်တဲ့အခါ မြန်မာပြည်ကို အာဏာသိမ်းဖို့ အကြောင်းဖန်လာခဲ့ရတာဖြစ်ပါတယ် ။
ICC လမ်းကြောင်းဟာလည်း အများထင်သလို မရိုးရှင်းလှပါဘူး ။ လူမျိုးရေး ၊ ဘာသာရေး ၊ နယ်မြေပိုင်ဆိုင်မှုတွေ ဖိအားပေးလာနိုင်ပါတယ် ။မြန်မာရင်ဆိုင်နေရတဲ့ ICJ အမှုကိုတောင် ICC ကို လွှဲပေးဖို့ ဆော်သြော်ခဲ့တာတွေလည်း ရှိပါတယ် ။ ရခိုင်အရေးတုန်းက ထုတ်ပြန်ခဲ့တဲ့ OIC ရဲ့ထုတ်ပြန်စာတွေ ၊ ဥရောပပါလီမန်ရဲ့ထုတ်ပြန်စာတွေ ပြန်ဖတ်ကြည့်ရင် မြန်မာပြည်အတွက် ဘယ်လောက်အန္တရာယ်များတဲ့လမ်းကြောင်းဆိုတာ သိနိုင်ပါတယ် ။ OIC နိုင်ငံတွေနောက်ကနေ ကြိုးဆွဲလာနိုင်တဲ့ တရုတ်ရဲ့စနက်ကိုလည်း လျော့တွက်လို့မရပါဘူး ။ ALP ရဲ့ အာဏာသိမ်းတပ်နဲ့ပူးပေါင်းမှုတွေ ၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကမ်းလှမ်းချက်ကို ပေလျားကန်လုပ်ပြီး AA လက်နက်ကိုင်မှာ သူတို့ရဲ့လမ်းစဥ်ရှိလာတယ်ဆိုတဲ့ လုပ်ရပ်တွေ ၊ ယန်ဟီးလီးခေါင်းဆောင်တဲ့ အထူးအကြံပေးကောင်စီ SAC-M ရဲ့ Rome Statute မှာ လတ်မှတ်ထိုးပြီး ICC လမ်းကြောင်းက သွားဖို့ ဆွဲခေါ်နေတာဟာ နိုင်ငံရေးအရ တိုက်ဆိုင်မှုတွေ မဟုတ်ဘူးလို့ပဲ မိမိသုံးသပ်ချင်တယ် ။
myanmar society🇲🇲
မြန်မာပြည်သူပြည်သားအားလုံး ကျန်းမာချမ်းသာကြပါစေလို့ ဆန္ဒပြုလျက် ~~