ရိုအမည်ခံလုပ်စားသူများ၏ ယုတ်မာပုံ
ဘင်္ဂါလီအရေးအခင်းတုန်းက မြန်မာဟာ လုပ်ကြံသတင်းဓါတ်ပုံတွေကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အထင်အမြင်လွဲမှားမှုကို ခံခဲ့ရပါတယ်။
(Al-Jazeera) အယ်လ်ဂျာဇီးရားသတင်းဌာနရဲ့ တီဗီအစီအစဉ်မှာပါတဲ့သတင်းကို Global New Light of Myanmar က(2017)မှာ ဆောင်းပါးအဖြစ်ပြန်လည်တင်ပြခဲ့ပါတယ်။ ထိုဆောင်းပါး ကိုဘာသာပြန်တင်ပြခြင်းဖြစ်ပါတယ်။
………………………………………………………………
မူရင်းလင့်ခ်ကို ဝင်ကြည့်ချင်ရင်👇
ဒါက video file သက်သေ 👇
အယ်လ်ဂျာဇီးရားတီဗီသတင်းဌာနက ဆိုရှယ်မီဒီယာများတွင်ရခိုင်၌လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်သည့်သတင်းအတုများအကြောင်းသတိပေးခဲ့ပါသည်။ သတင်းအတုများနှင့်ဓာတ်ပုံအတုများကို အယ်လ်ဂျာဇီးရားသို့ပို့ပေးခဲ့သည့် လူတစ်ယောက်အကြောင်းကိုဖော်ပြခဲ့ပါသည်။
ထိုလူ၏အမည်မှာ" ရိုနေဆန်းလွင်" ဖြစ်ပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့သည် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိမီးလောင်နေသောအိမ်များ၏ဂြိုဟ်တုဓာတ်ပုံများကိုဖြန့်ချိပြီးနောက် ရခိုင်မြောက်ပိုင်းတွင်လူ့အခွင့်အရေးချိုးဖောက်မှုဓာတ်ပုံများကို ရိုနေဆန်းလွင်၏ တွစ်တာလူမှုမီဒီယာတွင်တင်ခဲ့သည်ဟု အယ်ဂျာဇီးရား သတင်းပြောသူ Lea Harding က ပြောပါသည်။
(YouTube မှာတင်ထားတဲ့ ဒီသတင်းအစီအစဉ်ကို ဖျက်လိုက်ပြီဖြစ်ပါသည်)
Ro Nay San Lwin သည် Al Jazeera (ပရိုဂျုဆာ) ထုတ်လုပ်သူထံသို့လုပ်ကြံထားသောသတင်းများနှင့်ဓာတ်ပုံများကိုပေးပို့ခဲ့တယ်။
ဓာတ်ပုံများစွာသည် AJ News Grid အစီအစဉ်သို့ ရောက်ရှိခဲ့ပြီး ထိုအစီအစဉ်မှာပါဝင်တဲ့အဖွဲ့ကို အလွန်စိတ်ပျက်စရာဖြစ်စေခဲ့ပါသည် ဟုသူမကဆိုပါသည်။
နိုင်ဂျီးရီးယားတွင်လွန်ခဲ့သောငါးနှစ်ကဖြစ်ပျက်ခဲ့သည့်ဓါတ်ပုံများများကို မြန်မာနိုင်ငံမှ ပုံများအဖြစ် ပို့ပေးလာသောကြောင့် မြန်မာနိုင်ငံသည်လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်သောနိုင်ငံဟု ကမ္ဘာကစွပ်စွဲခံနေရပါသည်ဟု သူမကဆိုပါသည်။
ရခိုင်မြောက်ပိုင်းနှင့်ပါတ်သက်ပြီး သတင်းနှင့်ရုပ်ပုံအတုများ အွန်လိုင်းပေါ်တွင် အများအပြားရှိနေသောကြောင့် အခြားသတင်းမီဒီယာများနှင့်လူမှုရေးမီဒီယာများမှသတင်းများကိုသတိထားရန် အယ်ဂျာဇီးရားအစီအစဉ်ကသတိပေးထားပါသည်။
ရိုနေဆန်းလွင်သည်လူမှုမီဒီယာနှင့် သတင်းဌာနများမှာ ရခိုင်ပြည်နယ်တွင်အတင်းအဓမ္မကာကွယ်ဆေးထိုးခြင်းကြောင့်ကလေးငယ် တစ် ဦး သေဆုံးခဲ့သည်ဟူသောသတင်းကိုအတုအယောင် ဓါတ်ပုံများဖြင့်ဖော်ပြခဲ့ပါသည်။
အလှူရှင်များစွာထံမှ ငွေကြေးအမြောက်အများ အကူအညီများရရှိနေသည့် ပြည်ပ အဖွဲ့အစည်းအသိုင်းအဝိုင်းတစ်ခုသည် မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေသော ပဋိပက္ခများကို သွေးထိုးလှုံ့ဆော်နေသည်ဟုနိုင်ငံတော်ကောင်စီရုံးသတင်းပြန်ကြားရေးကော်မတီ ၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။
Author : Thein Lwin