ခံနိုင်ဝန်ထက်ကျော်လွန်သော်


ကိုဗစ်အသုံးချပြီး ဒေါ်နယ်ထရန့်ကို ပြုတ်ကျအောင် ဖြုတ်ချနိုင်ခဲ့တယ် ။
(သို့သော် ထင်ထားသလို ဖြစ်မလာတာတွေ့ရတယ်)

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းနှင့်ဖြုတ်ချနိုင်ခဲ့တယ် ။
(သို့သော် ထင်ထားသလို ဖြစ်မလာတာတွေ့ရတယ်)

ကိုဗစ်ကိုအသုံးချပြီး မိုဒီကိုဖြုတ်ချဖို့  ကြိုးစားခဲ့တယ်။
(သို့သော် ထင်ထားသလို ဖြစ်မလာတာတွေ့ရတယ်)

WHO ကရော တရုတ်ပြည်မကြီးအတွက် ဘယ်လောက်အချိန်ကာလအထိ ကာကွယ်ပေးနိုင်မှာလဲ ။ 

UN ကရော အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ လူမဆန်တဲ့လုပ်ရပ်ကို ဘယ်အချိန်ကာလအထိ ဆွဲဆန့်ပြီး ကာကွယ်ပေးထားနိုင်မလဲ။

ASEAN ကရော အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်တွေဖက် ဘယ်လောက်အချိန်ကာလအထိ  ယိမ်းပေးနိုင်ကြမလဲ ။

အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်တွေအတွက် တရုတ်နှင့်ရုရှားကရော ဘယ်လောက်အချိန်ကာလအထိ အချိန်ဆွဲဆန့်ပေးထားနိုင်ကြမလဲ။ 

မြန်မာ့အာဏာသိမ်းကိစ္စအားဖုံးကွယ်ဖို့ ကမ္ဘာပတ်ပြီး အမျိုးမျိုးသောပြဿနာတွေ မီးထွန်းရှာပြီး အာရုံလွှဲဖုံးကွယ်ဖို့ သူတို့ကြိုးစားခဲ့ကြတယ်။အဲ့ဒါတွေအားလုံးဟာ ဖြေရှင်းနည်းတွေ မဟုတ်ပါဘူး။ ပြဿနာတစ်ခုကို အခြားပြဿနာတစ်ခုနဲ့ ဖုံးကွယ်ခြင်းမျှသာ ဖြစ်ပါတယ် ။

ရူပဗေဒသဘောတရားအရ ဝန်နှင့်အားဆိုတာ ရှိပါတယ်။ခံနိုင်ဝန်ထက်ကျော်ရင်  ကောက်ရိုးတစ်မျှင်စာတောင်ထပ်တင်လို့ မရနိုင်ပါဘူး။ ပြိုကျသွားမည့်ဆုံမှတ်တစ်ခုဟာ မလွဲဧကန်ရောက်လာမှာပဲ ။

နောက်တစ်ချက်က -
တရုတ်ပြည်မကြီးဟာ သူ့ရဲ့ကိုဗစ်ပြဿနာအလိမ်ကြီးကို ဘယ်လိုပြန်ဖြည်ချမလဲဆိုတာ မှန်းဆကြည့်နေမိခဲ့တယ်။ဘယ်လိုနည်းနဲ့ဖြေရှင်းရင် အပြေလည်နိုင်ဆုံးဖြစ်မလဲပေါ့ ။အရင်ကလည်း တွေးခဲ့သလို ၊ လက်ရှိလည်း တွေးမိနေတုန်းပါပဲ ။

အတောမသတ်နိုင်တဲ့ပြဿနာတွေဖန်တီးပြီးအချိန်ဆွဲရင်း ကမ္ဘာကြီးကို နှစ်သိမ့်ဖို့ ကြိုးစားမှာလား။၎င်းနည်းသည်​ ပြေလည်သွားမည့် နည်းလမ်းမဟုတ်ဟု မိမိယူဆပါသည် ။သို့တည်းမဟုတ် အများနဲ့တစ်ယောက်လက်နက်ချင်း အင်အားပြိုင်မှာလား။၎င်းနည်းသည်လည်း ဖြေရှင်းနည်းကောင်းတစ်ခုတော့ မဟုတ်ပေ ။ သူ့ပြည်သူတွေကို ချနင်းတော့မှာလား🤔...အတွေးပေါင်းများစွာဖြင့်....

myanmar society🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ