တရုတ်နိုင်ငံရေးသမားတစ်ဦး အမေရိကန် စတော့များရောင်းဝယ်သည့် ကုမ္ပဏီပိုင်ဆိုင်ထားကြောင်း သတင်းပေါက်ကြား

လျှို့ဝှက်သောငွေကြေးဆိုင်ရာမှတ်တမ်းသန်းပေါင်းများစွာကို စုံစမ်းစစ်ဆေးသည့် Pandora Papers စာတမ်း တွင် ဖော်ပြခံရသည့် တရုတ်နိုင်ငံမှတစ်ဦးတည်းသော နိုင်ငံရေးသမားသည် အမေရိကန် စတော့ ရောင်းဝယ်မှုအတွက် နိုင်ငံခြားမှတ်ပုံတင်ကုမ္ပဏီထောင်ထားသော အမျိုးသမီးတစ်ဦးဖြစ်သည်။

အမျိုးသားပြည်သူ့ကွန်ဂရက်မှ တရုတ်၏ နှစ်စဉ် ပါလီမန်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဖန်ရှီယာသည် ငွေကြေးလွှဲပြောင်းမှု လုပ်ရန် ၂၀၁၆ ခုနှစ်က ဗြိတိန် Virgin Islands ၌ Linkhigh Trading Ltd ဟုခေါ်သော နိုင်ငံခြားမှတ်ပုံတင်ကုမ္ပဏီကို တည်ထောင်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ စုံစမ်း ဖော်ထုတ်ရေးသားသည့် ဂျာနယ်လစ်အဖွဲ့ (ICIJ) က ထုတ်ပြန်ခဲ့သည်။


ကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၂ သန်း ပိုင်ဆိုင်မှုရှိပြီး အမေရိကန် ငွေကြေးသက်သေခံလက်မှတ် လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်နှင့် မှတ်ပုံတင်ထားသော်လည်း လက်ရှိအချိန်တွင် အသက်ဝင်မှုမရှိတော့ဟု ICIJ ကပြောသည်။

Pandora Papers မှပေါက်ကြားခဲ့သော အကြီးမားဆုံးဖွင့်ချချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ICIJ၏အဆိုအရ ဖန်ရှီယာသည် ၂၀၁၉ ခုနှစ်က ပုဂ္ဂလိက ကုမ္ပဏီများနှင့်ပတ်သက်သော အဂတိလိုက်စား မှုများနှင့် ဉာဏလုပ်သားဆိုင်ရာရာဇဝတ်မှုများကို တားဆီးရန် ပိုမိုတင်းကျပ်သောဥပဒေများကို အကြံပြုခဲ့သူ ဖြစ်သည်။ ဥပဒေရေးရာနှင့်ငွေကြေးဆိုင်ရာကုမ္ပဏီ ၁၄ ခုမှ မကြုံစဖူးပေါက်ကြားလာသော မှတ်တမ်း ၁၂ သန်းနီးပါးတွင် လက်ရှိနှင့်ယခင် ကမ္ဘာ့ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးသမား ရာပေါင်းများစွာနှင့် လူသိများသည့် နိုင်ငံရေး ပွဲစားများ အနက် ဖန်ရှီယာလည်း တစ်ဦးအပါအဝင်ဖြစ်သည်။

မှတ်ချက်ပေးရန် ICIJ ၏ထပ်တလဲလဲတောင်းဆိုမှုကိုမူ 
ဖန်ရှီယာက မတုံ့ပြန်ခဲ့ပေ။

အခွန်နိမ့် နိုင်ငံများရှိ မှတ်ပုံတင်အကောင့်အသုံးပြုခြင်းသည် နိုင်ငံအများစုတွင် တရားဝင်ပြီး ပေါက်ကြားလာသောအချက်အလက်ပါ လူအများသည် ရာဇဝတ်မှုဆိုင်ရာအပြစ်များအတွက် စွပ်စွဲခြင်းမခံရပေ။

စုံစမ်းစစ်ဆေးမှုတွင် ဟောင်ကောင်ခေါင်းဆောင် ၂ ဦးကိုလည်း ဖော်ထုတ်ခဲ့သည်။

ဘီလျံနာ တန်ချီဟွာနှင့်မိသားစုသည် နိုင်ငံရပ်ခြား၌ ကုမ္ပဏီ ၃၀ နီးပါး မှတ်ပုံတင်ထားပြီး လျန်ချန်ရင်က ဟောင်ကောင်အုပ်ချုပ်ရေးမှူးအဖြစ်ထမ်းဆောင်ရင်း BVI ကုမ္ပဏီနှစ်ခု၏ ပိုင်ရှင်အဖြစ် စာရင်းဝင်ထားသည်။ လျန်ကို အဂိတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့က စုံစမ်းစစ်ဆေးခဲ့သော်လည်း တရားရေးရာဌာနက သက်သေမခိုင်လုံဟုဆိုကာ ၂၀၁၈ အမှုကို ပယ်ချခဲ့သည်။

Ref : Yahoo 
07 October 2021
#PandoraPapers #VirginIslands #ICIJ
#LinkhighTradingLtd

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ