ဂျာကာတာသွားတောလား
လက်တလောအခြေအနေမှာ အိန္ဒိယမှာ ကိုဗစ်ပိုးအခြေအနေ တော်တော်လေးကို ဆိုးဆိုးရွားရွားပြန်မြင့်တက်လာနေတယ် ။ နိုင်ငံရေးအကြပ်အတည်းကြုံတိုင်း ဝူဟန်ဗိုင်းရပ်စ်ဟာ ထကြွသောင်းကြမ်းနေတတ်တယ် ။ ဖြစ်ချင်တိုင်း ဖြစ်နေတာတော့လည်း မဟုတ်ဘူး ။ ဝူဟန်ဗိုင်းရပ်စ်က ဖြစ်စေချင်တဲ့အချိန် ဖြစ်စေချင်တဲ့နေရာမှာ ဖြစ်တတ်တာမျိုး ။ လုပ်စားနိုင်ငံရေး ဗိုင်းရပ်စ်ပိုး ။ ဂျိုးဘိုက်ဒန်တက်လာတော့ ဝူဟန်ဗိုင်းရပ်ကိစ္စပြည်ဖုံးကားချသွားနိုင်လိုက်တာဟာ တရုတ်အတွက်တော့ အတော်ကို အသက်ရှုချောင်သွားရတဲ့အနေအထားပါ ။WHO ကို ပြန်ဝင်တာနှင့်တရုတ်ဗိုင်းရပ်ဆိုတဲ့စကားလုံးကို ဖျက်သိမ်းတာဟာ ဒီမိုကရက်နှင့်တရုတ်ပြည်မကြီးကို အများကြီးအသက်ရှုချောင်သွားတယ်လို့ ဆိုချင်တယ် ။ ဒီမိုကရက် နှင့် တရုတ်ပြည်မကြီးဟာ ဝူးဟန်ဗိုင်းရပ်စ်ကိုသုံးပြီး ဒေါ်နယ်ထရန့်ကို နိုင်ငံရေးစင်မြင်ပေါ်ကနေ ကောင်းကောင်း ရိုက်ချသွားခဲ့တာဖြစ်လို့ပါပဲ ။
ကုလနှင့်အာစီယံကို ကြိုးကိုင်နေတဲ့တရုတ်ဟာ မြန်မာ့အရေးကို တဖက်နဲ့တဖက် ဘောလီဘောပုတ်တမ်းကစားပြီး စစ်အာဏာရှင်ရဲ့သက်တမ်းကို မရမက ဆွဲဆန့်နေတယ် ။
အာစီယံဆွေးနွေပွဲမှာ သိပ်အခြေအနေဟန်ပုံမရဘူး ။ အာစီယံက ပြန်လာပြီး အောင်ပွဲခံတာ မတွေ့ရဘူး ။ အာဏာသိမ်းပြီး ၁ ပတ်ကြာတော့ စစ်ဗိုလ်ချုပ်တွေနှင့်သူ့ဆွေမျိုးတွေ နှစ်ထပ်သင်္ဘောကြီး စီးပြီး အောင်ပွဲခံကြတာကလား ။ မတ်လ ၂၇ ရက်နေ့ကလည်း မီးပန်းတွေဖောက်ပြီး အောင်ပွဲခံခဲ့ကြပါသေးတယ် ။ မင်းအောင်လှိုင်တစ်ယောက် ဂျာကာတာကိုသွားပြီး ပြန်လာနိုင်တာဟာ တရုတ်ပြည်မကြီးက ဂျိုးဘိုက်ဒန်အစိုးရကို ဘယ်လောက်ပိုင်တယ်ဆိုတာ လှစ်ဟပြသလို ဖြစ်နေတယ် ။ တရုတ်ပြည်မကြီးက သူ့အသက်ကို အာမခံပေးလို့သာ ဂျာကာတာကို သွားရဲတာ ထူးပြောဖို့တောင်မလိုဘူးထင်ပါတယ် ။
ဂျိုးဘိုက်ဒန်အစိုးရ သက်တမ်း ရက် ၁၀၀ အား ကျေနပ်မှုရှိသူ ၅၁ ရာခိုင်နှုန်း နှင့် သဘောမကျသူ ၄၂ ရာခိုင်နှုန်း ရလဒ်ရှိတယ်လို့ စစ်တမ်းတွေက ဖော်ပြတယ် ။ အဲ့ဒီရလဒ်ဟာ အားရလောက်စရာကောင်းတဲ့ ရလဒ်မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ် ။ ကိုဗစ်ကာကွယ်မှု ကိုင်တွယ်တာနဲ့ပက်သက်လို့ လူအတော်များများထောက်ခံမှုရတယ်ဆိုပေမဲ့ တခြားသောကိစ္စကိုင်တွယ်မှုတွေမှာ ထောက်ခံမှု အားနည်းတယ်လို့ စစ်တမ်းတွေက ဆိုတယ် ။ ကိုဗစ်ကာကွယ်မှု ကိုင်တွယ်ရေးလမ်းကြောင်းကလည်း ဒေါ်နယ်ထရန့်ချခဲ့တဲ့ လမ်းကြောင်းကို အသာအယာ နင်းလျှောက်တာထက် မပိုခဲ့တာ တွေ့ရပါတယ် ။ တရုတ် - အမေရိကန် တင်းမာမှုမှာ ဒေါ်နယ်ထရန့်ချခဲ့တဲ့ လမ်းကြောင်းကို မျှောလိုက်နေဆဲ ဖြစ်တာကိုသာ တွေ့ရတယ် ။ ဒစ်ပလိုမေစီနည်း၊မဟာမိတ်အသိုင်းအဝိုင်းနဲ့ ချဥ်းကပ်တာကို တွေ့ရပါတယ် ။ ကိုယ်ပိုင်ဟန်နဲ့ ရုပ်ထွက်လာအောင် မစွမ်းဆောင်နိုင်သေးတာကို တွေ့ရပါတယ် ။
အမေရိကန်သမ္မတရွေးကောက်ပွဲသာပြီးသွားပေမဲ့ ရီပက်ဗလင်ကန်နှင့်ဒီမိုကရက်တို့ရဲ့ အားပြိုင်မှုက ပြီးဆုံးသွားတာမဟုတ်ပါဘူး ။ အားရစရာမကောင်းတဲ့ ဘိုက်ဒန်အစိုးရရဲ့ ရက် ၁၀၀ ရလဒ်ကို ဖြေဆည်နိုင်ဖို့ သမ္မတဟောင်း အိုဘားမားတောင် ရှေ့ထွက်ပြောလာရတဲ့ အနေအထား ဖြစ်နေတယ် ။ ရိုဟင်ဂျာအရေးအခင်းတုန်းက အိုဘားမား တစ်ခါထွက်ပြောခဲ့တယ် ။ မကြာဘူး မြန်မာလည်း ICJ ရောက်တော့တာပဲ ။ဂျိုးဘိုက်ဒန်အတွက် မဲဆွယ်တုန်းက တစ်ခါထွက်ပြောတယ် ။ မကြာဘူး ရွေးကောက်ပွဲမှာ မဲလိမ်၊မဲခိုးတွေ ဖြစ်တော့တာပဲ ။လက်ရှိဒီမိုကရက်တွေအတွက် နိုင်ငံရေးအကြပ်ဆိုက်နေပုံရပါတယ် ။ ဒါကြောင့်လည်း အိုဘားမားကိုယ်တိုင်ထွက်ခါ လက်ရှိမြန်မာ့အာသိမ်းကိစ္စကို နင်းပြီး အမှတ်ယူဖို့ လမ်းကြောင်းနေရတဲ့အဆင့်ကို ရောက်နေတယ်။ဘာစနက်တွေ ထပ်ထွက်လာမယ်ဆိုတာ မသိနိုင်ဘူး ။
အဲ့ဒီဖျာခင်းအမှတ်ယူလမ်းကြောင်းကို ကျနော်အစောကတည်းက ရေးသားခဲ့တာဖြစ်ပေမဲ့ ဒီမိုကရက်တွေ လုပ်မလား၊လုပ်မလားနဲ့စောင့်ရင်း လည်ပင်းသာရှည်လာတယ် ဘယ့်နဲ့မှ မဘယ့်နဲ့ဘူး ။ ဖျာကောင်းကောင်းခင်းပြီး အမှတ်ယူမဲ့အရေးဟာ လိုရင်းမရောက် ဖြစ်နေတယ်လို့သာ မှတ်ချက်ပေးချင်တော့တယ် ...😌
ကုလသမဂ္ဂ ၊ ဒီမိုကရက် ၊ တရုတ်ပြည်မကြီး ၊ အာစီယံဒေသတွင်းနိုင်ငံတွေဟာ မြန်မာ့အာသိမ်းကိစ္စအား ထိုသူတို့၏အကျိုးစီးပွားအတွက် အချိန်ဆွဲပြီး ကစားလိုနေကြတယ် ။
နောက်တစ်ခု UN တပ်တွေ ဘင်္ဂလားဒေ့ရှ်ကို အခြေချထားတယ်ဆိုတဲ့ ကိစ္စဟာ မြန်မာပြည်သူအတွက်မဟုတ်ဘဲ တရုတ်ပြည်မကြီးရဲ့အကျိုးစီးပွားချိတ်နေသလားဆိုတာလည်း တွေးဆစရာ ကောင်းနေတယ် ။
တကယ်တော့ လက်ရှိအချိန်ဟာ အာဏာသိမ်းတပ်ရဲ့ ဖရိုဖရဲအနိုင်ဆုံးအချိန်ဖြစ်ပါတယ် ။ ဖွဲ့စည်းပုံလည်း အလျော့ရဲဆုံးအချိန် ဖြစ်ပါတယ် ။ စိတ်ဓာတ်တွေဟာလည်း အပျက်စီးဆုံးအချိန် ဖြစ်နေတယ် ။ ပြည်ပကိုမမျှော်ဘဲ ပြည်တွင်းအားနဲ့ ချေမှုန်းရင်ကို ရနိုင်ပါတယ် ။ ကောင်းမွန်တဲ့အစီအမံနှင့်ထိုက်တန်တဲ့ ရင်းနှီမှုမျိုးတော့ ပြုရမှာပေါ့ ။
myanmar society🇲🇲