တရုတ်ပြည်၏ဖြန့်ကျက်မှုလက်တံများ

တရုတ်၏ သြဇာဖြန့်ကျက်မှုနှင့်သူ့ရဲ့လက်တံတွေကို လေ့လာဆန်းစစ်မယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရမှာ ဖြစ်ပါတယ်။

အမေရိကန်မှာဆိုရင် ဒီမိုကရက်တစ်ပါတီ ။

ကမ္ဘာ့နိုင်ငံတွေကို ကြည့်မယ်ဆိုရင် ရုရှား ၊ မြောက်ကိုရီးယား ၊ မလေးရှား၊ လာအို ၊ ဘင်္ဂလားဒေ့ရှ် ၊ သီရိလင်္ကာ ၊ ပါကစ္စတန် ၊ မော်လ်ဒိုက် ၊ အီရန် ၊ အာဖရိကနိုင်ငံများပဲ  ဖြစ်ပါတယ် ။

ပြည်တွင်းမှာဆိုရင် စစ်အာဏာရှင်များ ၊ ကြံ့ဖွတ် ၊ ခရိုနီတချို့ ၊ တိုင်းရင်းသားလက်နက်ကိုင်များ ၊ တိုင်းရင်းသားပါတီတချို့ ၊ ဝီရသူခေါင်းဆောင်တဲ့မျိုးညစ်အဖွဲ့ဆိုပြီး  တွေ့ရမှာဖြစ်ပါတယ် ။

အဖွဲ့အစည်းအားဖြင့်ဆိုလျှင်  ယန်ဟီးလီးခေါင်းဆောင်တဲ့ လူ့အခွင့်အရေးအဖွဲ့ ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO ) နှင့် တချို့သော NGOs အဖွဲ့များ ။

တရုတ်နှင့်ပက်သက်သော ကယက်တွေ ၊ သတ်လျှိုသွေးခွဲမှုတွေ ၊ နိုင်ငံရေးလှုပ်ရှားမှု တစ်ခုခုလုပ်ပြီဆိုရင် အဲ့ဒီနေရာတွေကနေထွက်လာကြတာကို  တွေ့ခဲ့ရသလို  တွေ့နေရဆဲလည်း  ဖြစ်ပါတယ် ။

👉ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးစင်မြင့်ပေါ်ကနေဆွဲချဖို့  မြန်မာ့ ICJ အရေးပေါ်ပေါက်လာအောင်  လူမျိုးရေးသန့်စင်မှုကြီး လုပ်ခဲ့တာက စစ်အာဏာရှင်တွေ ။ ကမ္ဘာကိုတက်ပြီး မျက်ရည်ချူတာက ဘင်္ဂလားဒေ့ရှ် ။ ယန်ဟီးလီးကို "ဖာသည်မကြီး" ဆဲပြီး Times မျက်နှာဖုံးပေါ်ရောက်အောင်တွန်းတင်ပေးခဲ့တာက ဝီရသူခေါင်းဆောင်တဲ့ ဘမသမျိုးညစ်အဖွဲ့  ။ စစ်အာဏာရှင်ကို "ဘုရားလိုကိုးကွယ်သင့်တယ်" ပြောခဲ့တာလည်း ဝီရသူ။ မြန်မာကို ICJ အရောက်ဆွဲခေါ်တာက ယန်ဟီးလီး ။ ရိုဟင်ဂျာလူမျိုးသတ်မှတ်ပေးရေး နှင့် နယ်မြေခွဲပေးရေး ဝိုင်းအော်ကြတာက OIC ။ မြန်မာကို ခုံရုံးတင်ဖို့ OIC နိုင်ငံတွေခေါ်ပြီး တိုက်တွန်းတာ ဟာစီယာနာ ။ တရားစွဲခဲ့တာက အာဖရိကနိုင်ငံငယ် ဂမ်ဘီယာ ။ကာယကံရှင်နိုင်ငံက တရားမစွဲဘဲ ဘာမဆိုင်တဲ့ အာဖရိက နိုင်ငံငယ်က ထပြီး တရားစွဲတော့ လက်မဲကြီးတွေ နောက်ကွယ်မှာ ရှိတာ ပိုထင်ရှားစေပါတယ် ။

ICJ အခြေအနေမဟန်တော့  AA ကိုအပီအပြင်ဖန်တီးပြီး စစ်လက်နက်တွေထောက်ပံ့ပေးလိုက်တာက တရုတ် ( အိန္ဒိယ website တချို့ရဲ့ရေးသားချက်အရ တရုတ်က ဘင်္ဂလားဒက်ရှ်ကတဆင့် လက်နက်တွေကို AA ကို ဖြန့်ဖြူးတယ် ဆိုပါတယ် ) ။ ရခိုင်မှာ ကုလားတန်မြစ်ဝှမ်းစီမံကိန်း ရပ်တန့်အောင် ၊ ကမ္ဘာ့နိုင်ငံတွေကနေ နောက်ထပ်ရင်းနှီးမြှုပ်နှံမှု ဝင်မလာအောင်  တရုတ်အလိုကျ စစ်ဖြစ်ပြနေကြတာ စစ်အာဏာရှင်နှင့် AA ။ တရုတ်စီးပွားရေးကလွဲရင်  ကျန်တဲ့စီးပွားရေးကို  အခွန်ကောက်မယ် ၊ မပေးရင်ဖျက်ဆီးမယ် ပြောတာ AA စစ်ခေါင်းဆောင်ထွန်းမြတ်နိုင် ။ ထွန်းမြတ်နိုင် မိသားစုကို ဖမ်းမိတာက ထိုင်း ။ သူ့မိသားစု ကိုင်ဆောင်ထားတာ တရုတ်နိုင်ငံသားကတ် ။ ဖမ်းမိတဲ့မိသားစုကို  မြန်မာကိုမအပ်ဖို့နှင့် ဆွစ်ဇလန်ကို အခြေချဖို့ ပို့လိုက်တာက လူ့အခွင့်အရေးအဖွဲ့ ။( ဆွစ်ဇလန်ဆိုတော့ ထွန်းမြတ်နိုင်က  သူ့မိသားစုဆီ ငွေပို့ဖို့လွယ်တာပေါ့ 🙂) 

ခုနောက်ပိုင်းမှာ ရခိုင်ကိုစစ်မီးမွှေးနေရာကနေ ချင်းပြည်နယ် ပလက်ဝကို တက်ပြီး စစ်ဖြစ်ကြတယ်ဆိုတော့ ပြည်သူ့အစိုးရလုပ်တဲ့ ကုလားတန်မြစ်ဝှမ်းစီမံကိန်းကို ပျက်စေချင်လို့လုပ်တာ ပိုသေချာစေပါတယ် ။

ဝူဟန်ဗိုင်းရပ်စ်ဖြစ်တော့ အမေရိကန် နှင့်  အာစီယံထိပ်သီးဆွေးနွေးပွဲ နောက်ရွေ့သွားတယ် ။အဓိကအားဖြင့်  မြန်မာ့မြေပေါ်မှာ  အမေရိကန်ရဲ့  ရင်းနှီးမြှုပ်နှံမှုတွေ  မလာစေချင်တဲ့သဘောပါ။

အာစီယံအသိုင်းအဝိုင်းကြားမှာ အမေရိကန်ရဲ့ မဟာဗျူဟာကျတဲ့  ရင်းနှီးမြှုပ်နှံမှုတွေ  မလာစေချင်ဘူး ။အနည်းဆုံးတော့  တရုတ်ဟာ အာစီယံ နိုင်ငံတွေကို သိမ်းပိုက်မယ်ဆိုတဲ့  အကြံကို မစွန့်လွှတ်နိုင်ဘူး ။သူဂုတ်သွေးစုပ်မဲ့ နိုင်ငံငယ်တွေအပေါ် တခြား ရွေးချယ်စရာ နောက်တစ်ခု ရှိလာမည့်  အခွင့်အရေးကို  မလိုလားဘူး။အဓိအားဖြင့်  ရခိုင်မှာ  အမေရိကန်  ရင်းနှီးမြှုပ်နှံမှာ  ကြောက်တာ ။စစ်အာဏာရှင်ရော ၊ တရုတ်ရောရဲ့  ဘုံ  သဘောတူညီချက်နဲ့  ကြောက်တာ။

ဒါကြောင့်  တရုတ်ကလွဲရင်  တခြားရင်းနှီးမြှုပ်နှံမှုတွေမလာအောင်  အကန်လုပ်ပြီး  တိုက်ပွဲတွေ ဖြစ်ပြနေကြတာပဲ ။ကျေးရွာတွေ ၊ ဘဏ်တွေ ၊ လူနေရပ်ကွက် ၊ ဆေးရုံ ၊ စာသင်ကျောင်းပါမကျန်  ကျည်ဆံတွေသောက်သောက်လဲ ကျနေတမျိုးပဲ ကြားရတယ်။ရခိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေပေမဲ့ AA  ရော ၊ စစ်အာဏာရှင်တွေရောက  တရုတ်ရဲ့  ရင်းနှီးမြှုပ်နှံမှုတွေ  ချော်ပစ်မိတယ်လို့  တခါမှ  မကြားမိဘူး ။
ဟော... ယခု ယန်ဟီလီးကြီး တဖန်နိုးထလာပါပြီ ခင်ဗျာ ၊ ကမ္ဘာက တရုတ်ကို လျော်ကြေးဝိုင်းတောင်းနေစဥ်မှာ  ကမ္ဘာလုံးကစိတ်ဝင်စားတဲ့ မြန်မာ့ICJ အရေးကိုဗန်းပြပြီး  လျော်ကြေးတောင်းမှုကို  အာရုံလွှဲဖို့ ။ နောက်ပြီး ပြည်သူ့အစိုးရကို ကြပ်ဖို့ 😏 ။(ယန်ဟီလီးဟာ ထွက်တာတောင် ရိုးရိုးမထွက်ဘူး ထွက်ခတ် ခတ်သွားသေးတယ် )

ယန်ဟီးလီး ပေါ်လာရတဲ့အကြောင်းက ရခိုင်ပြည်နယ်က ကိုဗစ်၁၉ စောင့်ကြည့်ခံရသူတွေရဲ့ ဓါတ်ခွဲနမူနာတွေကို ရန်ကုန်ကိုပို့ဖို့ သယ်ဆောင်လာတဲ့ WHO အမှတ်တံဆိပ်ပါကားဟာ  ဧပြီ ၂၀ ညနေ ၅ နာရီဝန်းကျင်က မင်းပြားမြို့နယ် ရာမောင်တံတားနားမှာ သေနတ်နဲ့ ပစ်ခတ်လိုက်ခြင်းဖြင့် အစပျိုးတယ် ။အဲ့တော့ WHO က မြန်မာအစိုးရကို ဖိအားပေးတယ် ၊ ယန်ဟီလီးပေါ်လာတယ် ။ အခံနဲ့ အရိုက်ကတော့ ကိုက်နေတာပဲ ။ လုပ်ဇာတ်တွေ 🤮...


👉 စစ်အာဏာရှင်တွေအတွက် လှိုက်ခေါင်းဖောက် ၊ တာလတ်ပစ်ဒုံးထုတ်ဖို့ ငွေယူတည်ဆောက်ပေးခဲ့တာက မြောက်ကိုရီးယား ။ ကမ္ဘာက တရုတ်ကို လျော်ကြေးဝိုင်းတောင်းနေစဥ်မှာ လျော်ကြေးတောင်းတာကို အာရုံလွှဲဖို့ သေသလိုလိုရှင်သလိုလို  လုပ်ပြလိုက်တာက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ် ။ ဆေးတပ်အကူ အူယားဖားယား အပြေးလေးသွားပြတာက  တရုတ် ။သူ့အရပ် သူ့ဇာတ်က ဟတ်နေတာပဲ ။

👉 ဝူဟန်ဗိုင်းရပ် ကမ္ဘာပြန့်ပြီးနောက်  ဝူဟန်ဗိုင်းရပ်စ်ဟာ အမေရိကန်လုပ်တာပါဆိုပြီး  ဦးဦးဖျားဖျား စွပ်စွဲခဲ့တာ အီရန်ပါ ။ အီရန်စစ်ဗိုလ်ချုပ် ဆိုလီမန်နီကို စစ်ဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အမေရိကန်က သတ်ဖျက်ခဲ့တာမျိုးတွေလည်း ရှိပါတယ် ။ ခုကမ္ဘာ့နိုင်ငံတွေက တရုတ်ကိုလျော်ကြေးတောင်း တရားစွဲခံရစဥ်မှာ အမေရိကန်ရဲ့ရန်စမှုကို တုန့်ပြန်သွားမယ်ဆိုပြီး လျော်ကြေးတောင်းမှုကို အာရုံလွှဲဖို့ တစခန်းထလာပြန်ပါတယ် ။ 

👉ဝူဟန်ဗိုင်းရပ်စ် ဖြစ်တဲ့ကိစ္စမှာ တစ်ကမ္ဘာလုံးပြန့်မှ ကမ္ဘာ့ကပ်ရောဂါအဖြစ်နောက်ကျစွာ ကြေငြာခဲ့တာ  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO )။ တရုတ်လုပ်နည်းလုပ်ဟန်တွေ အရမ်းကောင်းပါတယ်ဆိုကာ ချီးကျူးပြီး တရုတ်ကို လေသံဟဟပင်အပြစ်မတင်ခဲ့တာ WHO ။တရုတ်ဖက်က လိုက်လွန်းအားကြီးလို့  ဂျပန်က WHO ကို CHO လို့ပြောင်းသင့်တယ်တောင် ပြောယူရပါတယ် ။

👉 အမေရိကန်နောက်ရွေးပွဲမှာ တရုတ် တက်စေချင်တာ ဒီမိုကရက်တစ်ပါတီဖက်က ဂျိုးဘိုက်ဒန် ။ ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်အလူးအလိမ့်ခံနေရစဥ်  ထရန့်ကို တရားစွဲခဲ့တာ ဒီမိုကရက်တစ်ပါတီ ။ ဝူဟန်ဗိုင်းရပ်ကြောင့် အမေရိကန်ပြည်တွင်းမှာ ပြဿနာတွေ ပလုံစီနေစဥ်မှာ ထရန့်ကို သဲသဲမဲမဲ တိုက်ခိုက်နေသလောက် ဝူဟန်ဗိုင်းရပ်စ်နဲ့ပက်သက်လို့  တရုတ်ကိုအပြစ်တင်ဖော်တောင်မရတာလည်း ဒီမိုကရက်တစ်ပါတီပဲ ။ တရုတ်ကတော့ သူနဲ့ပလဲပနံသင့်တဲ့အမတ်တွေများတဲ့  ဒီမိုကရက်ပါတီကို အနိုင်ရစေပြီး ဂျိုးဘိုက်ဒန်ကို တက်စေချင်ပုံရပါတယ် ။ အမေရိသမ္မတ အိုဘားရဲ့  ပေါ်လစီကို လိုက်မဲ့သူဖြစ်လို့  တရုတ်ကို အများကြီး အသက်ရှုချောင်စေလိမ့်မယ်လို့  ယူဆကြတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ဒါကြောင့်နိဂုံးချုပ်အနေနဲ့ပြောရရင် တရုတ်နှင့်ပက်သက်သော ကယက်တွေ ၊ သတ်လျှိုသွေးခွဲမှုတွေ ၊ နိုင်ငံရေးလှုပ်ရှားမှု တစ်ခုခုလုပ်ပြီဆိုရင် အဲ့ဒီနေရာတွေကနေထွက်လာကြတာကို  တွေ့ရမှာ ဖြစ်သလို ၊ သုံးပါများလွန်းလို့ လူတွေလည်းထပ်ပြီး အကွက်တွေလည်းထပ်နေပါပြီ ။ 

ခုလက်ရှိနောက်ဆုံးသတင်းဖြစ်တဲ့  ကမ္ဘာ့နိုင်ငံတွေရဲ့   တရုတ်အပေါ်လျော်ကြေးတောင်းဆိုမှုကို တရုတ်ဟာ တရားဝင်ငြင်းလိုက်ပြီဖြစ်တာကြောင့်  အဲ့ဒီရဲ့အကျိုးဆက်က ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြပါစို့လို့  ပြောရင်း ....

myanmar society🇲🇲


မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာ ကျန်းမာချမ်းသာကြပါစေလို့ မေတ္တာပို့သလျက် ~~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ