အရှေ့မျှော်ဝါဒနှင့်အနောက်မျှော်ဝါဒကြား၌ ဗျာများနေသော စစ်အာဏာရှင်များ

စစ်အာရှင်ဆိုတဲ့အသုံးအနှုန်းဟာ တပ်မတော်တစ်ခုလုံးကို ကိုယ်စားပြုသော အသုံးအနှုန်းမဟုတ်ဟု စာဖတ်သူအဖို့ အလွယ်တကူပင် သိနိုင်ပေသည်။ပြည်သူပိုင်အဖွဲ့အစည်းအား  မိမိတို့ကိုယ်ကျိုးအတွက် ချုပ်ကိုင်ဆုပ်ကိုင်ထားသော  လူတစ်စုကို ဆိုလိုပါတယ် ။ ထိုသို့ပြောလျှင်  အနာပေါ်ဒုတ်ကျသူများက တပ်မတော်အားသွေးခွဲသည်ဟု  ဆိုလေအုံးမည် ။

ထိုလူစုသည် ၎င်းတို့လူစုအား အလွယ်တကူဖြိုခွင်း၍ မရစေရန် ၊ အပြင်လူ အလွယ်တကူ ဝင်ရောက်သွေးခွဲမရစေရန်  မောင်လယ်နှမလယ်ဆွေမျိုးတော်စပ်သောနည်းအားဖြင့် လည်းကောင်း ၊ အကျိုးတူကိုယ်ကျိုးစီးပွားရေးဆက်သွယ်မှုနည်းအားဖြင့်လည်းကောင်း အချင်းချင်း ချုပ်နှောင်ကာ  လက်ချင်းချိတ်၍  ထားကြသည် ။

ထိုသို့ဖြစ်စေရန် ဦးသန်းရွှေလက်ထက်မှစတင်ကာ မဟာဗျူဟာ၊နည်းဗျူဟာနည်းအားဖြင့်  စနစ်တကျအကောင်အထည်ဖော်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။၎င်းတို့နှင့် အပေါင်းအပါတို့အား ကယ်တင်ရှင်များ ၊ ကိုယ့်ကိုကို နိုင်ငံတော်များဖြစ်သည်ဟု  ထင်ဟတ်လာအောင်  ဝါဒမှိုင်းများ ရိုက်သွင်းခဲ့ကြသည် ။ 

၎င်းတို့ရှင်သန်ရာကမ္ဘာအား ပြီးပြည့်စုံအောင်  ဖန်တီးခဲ့ကြသည် ။ကာကွယ်ရေးအတွက် တာဝန်ယူ ၊ တာဝန်ခံရမည့် တရားဝင်အဖွဲ့အစည်းက ကာကွယ်ရေးတာဝန်သာမက  အဖက်ဖက်မှ  တာဝန်ယူလုပ်ဆောင်လိုက်သောအခါ   မည်သည့်ဖက်မှ  မထူးချွန်သော အဖွဲ့အစည်းတစ်ရပ်အဖြစ် ဖြစ်၍သွားလေတော့သည် ။ ပြည်သူ့ဘဏ္ဍာစားနေရသော တရားဝင်အဖွဲ့အစည်းက ပြည်သူနှင့်အတူ ရှိမနေခြင်း ၊ ပြည်သူအပေါ်အမြတ်ထုတ်ဂုတ်သွေးစုပ်နေခြင်ကား   အိမ်ကြီးပေါ်အိမ်ငယ်ဆောက်ခါ သီးခြားကမ္ဘာတည်ဆောက်နေသော အဖွဲ့အစည်းနှင့်  တူလေ၏ ။

ထိုထိုသောအကြောင်းအရာများကြောင့် မြန်မာ့ဒီမိုကရေစီအရွေ့​ဖော်ဆောင်ရာတွင် တပ်မတော်၏ အခန်းကဏ္ဍ အလွန်အမင်းပါဝင်နေခြင်းအား လျော့ချဖော်ဆောင်ရာတွင်  လိုအပ်သည်ထက်ပို၍ အခက်တွေ့နေရခြင်းလည်း  ဖြစ်သည် ။

လက်ရှိမြန်မာ့နိုင်ငံရေးအကြောင်းအား ကောက်ချက်ဆွဲမည်ဆိုလျှင်  အိန္ဒိယ၏ အရှေ့​မျှော်ဝါဒသည် အရေးပါသော အခန်းကဏ္ဍတွင်  ရှိ၏ ။


အိန္ဒိယရဲ့ အရှေ့မျှော်ကြည့်ရုံကနေ အရှေ့ဘက်ရွေ့လျားမှုဆီ ပြောင်းလဲလာတာဟာ ၀န်ကြီးချုပ် နာရန်ဒရာမိုဒီ နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ် ။ အိန္ဒိယရဲ့ အရှေ့ဘက်ရွေ့လျားမှုကတော့ ကုလားတန်မြစ်ဝှမ်းဖက်စုံသုံးစီမံကိန်းအပြင် မကြာသေးခင်ကမှ ဗီဇက်မှာပြုပြင်ခဲ့တဲ့ ကီလိုအတန်းအစား ရေငုပ်သင်္ဘောဟောင်း နှင်အတူ Shyena တော်ပီဒိုတချို့ပါ မြန်မာဆီကို လွှဲပေးခဲ့ခြင်းတို့ဖြစ်ပါတယ် ။

ကုလားတန်မြစ်ဝှမ်းစီမံကိန်းနှင့်မဟာဗျူဟာအရေးအကြောင်းပိုမိုသိရှိရန်  ဖတ်ရှု့ပါ ။👇



အဲ့လိုဖြစ်စဥ်တွေဟာ တချို့နိုင်ငံများဖြစ်သော တရုတ် ၊ ပါကစ္စတန် ၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်းနိုင်ငံတို့အတွက်  အတော်စိတ်ကသိကအောက်ဖြစ်၍ ဒေါသထွက်စရာ ကိစ္စများပဲ  ဖြစ်ပါတယ် ။  အဲ့ဒီရေငုပ်သင်္ဘောကို စောင့်ကြည့်ရမယ်လို့ ထိုင်းရေတပ်ဒုဦးစီးချုပ်က ဆိုခဲ့ပါတယ်။

အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရှိရေး နှင့် အိန္ဒိယသမုဒ္ဒရာအားကြီးစိုးနိုင်ရေးအား အမြဲစဥ်းစားနေသော တရုတ်ဟာ ကီလိုမီတာ ၁၂၀ ရှည်တဲ့ ခရာတူးမြောင်းကို  ထိုင်းနိုင်ငံနှင့်ပူးပေါင်းကာ ဖောက်နိုင်ခြေလည်းရှိပါတယ် ။ အဲဒါသာ အလုပ်ဖြစ်ရင် အဲဒီကနေ တရုတ်စစ်သင်္ဘောတွေ ထိုင်းပင်လယ်ကွေ့ကိုဖြတ်လို့ အက်ဒမန်ပင်လယ်ပြင်ထဲ သွားဖို့ ချောမွေ့သွားလိမ့်မယ်ပေါ့။


ဒါကြောင့်လည်း အိန္ဒိယသည်အရှေ့မျှော်ဝါဒကို ကျင့်သုံးကာ ပင်လယ်ရေပိုင်နက် ကျယ်ကျယ်ပြန့်ပြန့်ပိုင်ဆိုင်ထားသော မြန်မာဖြင့် ကျောခြင်းကပ်အနေအထားရယူခြင်းအားဖြင့်   တရုတ်နိုင်ငံ၏ သြဇာခံနိုင်ငံများဖြစ်ကြသော ဘင်္ဂလာဒေ့ရှ် နှင့် ပါကစ္စတန်တို့အား ဆွဲချုပ်ပြီးသား ဖြစ်သွားစေသလို တရုတ်၏ အိန္ဒိယသမုဒ္ဒရာကြီးစိုးရေးမူဝါဒအား ချေဖျက်ရာလည်း ရောက်စေသည်။အိန္ဒိယ၏အရှေ့မျှော်ဝါဒသည်  မြန်မာနှင့်အိန္ဒိယနိုင်ငံတို့၏ ပြည်သူပြည်သားများကို  များစွာ အကျိုးဖြစ်ထွန်းခဲ့ပေသည် ။

ထိုကဲ့သို့သော အိန္ဒိယ နှင့် မြန်မာ နှစ်နိုင်ငံကြားသဘောတူညီမှု ရယူထားသော  အိန္ဒိယ၏ အရှေ့​မျှော်မူဝါဒ ပူးပေါင်းဆောင်ရွက်ရေး ၊ မဟာဗျူဟာအစီအမံများ အကောင်အထည်ဖော်ဆောင်ရေးအတွက်  တရုတ်၏လွှမ်းမိုးခံရမှုကင်းသော ( သို့တည်းမဟုတ် ) တရုတ်၏လွှမ်းမိုးခံရမှုနည်းသော  အစိုးရတရပ်ဖြစ်နေရန်လိုပေသည် ။

ထိုသို့ တရုတ်၏လွှမ်းမိုးခံရမှုနည်းသော အစိုးရတရပ် ဖြစ်ဖို့အရေးသည် မြန်မာ့ဒီမိုကရေစီအရွေ့အောင်မြင်ပါမှ  ဖြစ်ပေမည် ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရမှသာ  ဖြစ်ပေလိမ့်မည် ။ ထိုအရေးအကြောင်းများအားထောက်ရှု့၍  အိန္ဒိယသည်  မြန်မာတပ်မတော်ထိပ်တန်းခေါင်းဆောင်များအား ဒီမိုကရေစီအပြောင်းအလဲခရီးအတွက်  ဖိအားပေးလာနိုင်ဖွယ် ရှိသည်ဟု သုံးသပ်ရပေသည် ။


နောက်ထပ် ထည့်သွင်းစဥ်းစားစရာအချက်တစ်ချက်ကတော့  ကမ္ဘာ့အရေးတွင် လှမ်းနေသော  အမေရိကန်၏ခြေလှမ်းများနှင့် မြန်မာ့အရေးတွင်ပါဝင်ပက်သက်နေမှုများကို ထည့်သွင်းစဥ်းစားဖို့ လိုပါတယ် ။
အဘယ်ကြောင့်ဆိုသော် ၎င်းသည်လည်း အရေးပါသော အခန်းကဏ္ဍတွင် ရှိသောကြောင့်ဖြစ်သည် ။

မြောက်ပိုင်းမဟာမိတ်( ၄ )ဖွဲ့ ( AA ၊ MMDAA ၊TNLA ၊ UWSA ) ရဲ့  အဖွဲ့ဝင်ဖြစ်တဲ့ AA( ရခိုင်တပ်မတော်) ကိုဖန်တီးပြီး ရခိုင်တကျောမှာ ပြည်သူ့အစိုးရအကြပ်ရိုက်အောင် ၊  အမေရိကန်မဝင်အောင်  စစ်ခင်းနေပေမဲ့လို့   အဲ့လိုလုပ်ခြင်းဟာ ခုတ်ရာတခြား ရှရာတခြားမျှသာဖြစ်ပါတယ် ။


မြန်မာအဖို့ ပြည်သူ့အစိုးရပြုတ်ကျပြီး ဒီမိုကရေစီအရေးမှာကျရှုံးသွားခဲ့ရင် တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နှင့် လူမျိုးရေးသန့်စင်မှုတွေကို အကြောင်းပြပြီး  ရခိုင်ပြည်နယ်ကို   အမေရိကန် ( သို့ ) UN တပ်တွေ စစ်စခန်းချလာမှာ  ဖြစ်ပါတယ် ။ အဘယ်ကြောင့်ဆိုသော်  မြန်မာနိုင်ငံရင်ဆိုင်နေရသော ICJ  အရေးသည်  ပြီးပြတ်သေးသည်မဟုတ်သောကြောင့်ဖြစ်သည် ။ မြန်မာနိုင်ငံရေးအရွေ့သည်  အမေရိကန်ဖြစ်စေချင်သော ဒီမိုကရေစီအရွေ့မျိုး မဖြစ်ခဲ့လျှင်  ICJ  ရလဒ်သည်  သည်ဖက်မှသည်  ဟိုဖက် ယိမ်းကောင်းယိမ်းသွားနိုင်ပေသည် ။


နိုင်ငံရေးပုံရိပ်မြင့်မားသော ဒေါ်အောင်ဆန်းစုကြည်ရှိနေ၍သာ ညင်သာလိုက်လျောညီထွေ လုပ်ဆောင်နေပုံရသည် ။မြန်မာ့ဒီမိုကရေစီအရွေ့ အောင်မြင်ဦးမလားလို့  စောင့်ပေးနေတာဖြစ်သလို   နိုင်ငံရေးပုံရိပ် ထိန်းသိမ်းသောအားဖြင့်   သည်းခံအောင့်အီးနေခြင်းလည်း  ဖြစ်ပုံရသည် ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံရေးပုံရိပ်မြင့်သော နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏  ပုံရိပ်အားကျော်လွန်၍ လုပ်ဆောင်လျှင်  လူဆိုးဖြစ်ပေမည် ။


အကယ်၍များ မြန်မာ့ဒီမိုကရေစီအရွေ့ နောက်ပြန်လန်ကျမှာသေချာရင် မြန်မာနိုင်ငံဟာ အဆော်ခံထိဖို့  ရာနှုန်းပြည့် သေချာသလောက်ဖြစ်ပါတယ် ။

တရုတ်နိုင်ငံ၏လွှမ်းမိုးခံရမှုမှ  လွတ်ကင်းကာ အမေရိကန်၏ကမ္ဘာ့အရေးမဟာဗျူဟာကဏ္ဍွမှာ အမေရိကန်ဖက်မှမြန်မာနိုင်ငံပါဝင်လာစေရန်  မြန်မာ့ဒီမိုကရေစီအရွေ့အောင်မြင်အောင်  အမေရိကန်က ကူညီမည်​ဟုဆိုကာ  မြန်မာ့ဒီမိုကရေစီအောင်မြင်ရေးကို လိုလားပင်လိုလာကြောင်းပြနေသော်လည်း  အကယ်၍များ  မြန်မာဒီမိုကရေစီနောက်ပြန်လန်ကျမည်ဆိုပါကလည်း  အမေရိကန်က ဂရုစိုက်လိမ့်မည်မဟုတ်ပါ ။


ရခိုင်ကို အရင်ဆုံးသိမ်းမှာ  တရုတ်ထက် အမေရိကန်ဖြစ်ဖို့က  ရာခိုင်နှုန်း ပို၍များပေသည် ။

လူ့အခွင့်အရေးအကြောင်းပြပြီ   အင်္ဂလိပ်က အထက်မြန်မာပြည်ကို  သိမ်းပြီး  မြန်မာကို နှစ်ပေါင်း ( ၁၀၀ )ကျွန်ပြုသွားခဲ့တဲ့ သာဓကတွေ ရှိပါတယ် ။မြန်မာ့ဒီမိုကရေစီအရွေ့ နောက်ပြန်လန်ကျရင်  အမေရိကန်သွားမည့် လမ်းကြောင်းမှာ လူအခွင့်အရေးချိုးဖောက်မှု နှင့်  လူမျိုးရေးသန့်စင်မှုဆိုသော လူ့အခွင့်အရေးလမ်းကြောင်းကနေ စပြီးကိုင်တွယ်ထိန်းချုပ်လာမှာ  ဖြစ်ပါတယ် ။

စစ်ခေါင်းဆောင်တွေကို သတ်မယ် ၊  ပြည်သူ့အစိုးရကို  အာဏာထိန်းခိုင်းထားပြီး ချုပ်ကိုင်လာနိုင်ပါတယ် ။ ( မြန်မာထက်စစ်အင်အားများစွာတောင့်တင်းသော အီရန်စစ်ဗိုလ်ချုပ်ကိုတောင် စစ်ပွဲဖြစ်အောင်လှုံ့ဆော်သည့်အတွက်ဆိုသည့်အကြောင်းပြချက်ဖြင့်  Drone လေယာဥ်သုံးကာ သတ်ဖြတ်ခဲ့တာက  နမူနာပါ ) ။
နာမည်ဆိုးဖြင့်  ကျော်ဇော်မှုအပြည့်ရှိသော မြန်မာစစ်ဗိုလ်ချုပ်တွေ  ပစ်လို့  ဘယ်သူမှ  သနားမည်မထင်ပါ ။

သို့ပေမဲ့  ထွေထွေထူးထူးတော့ စိုးရိမ်စရာ မရှိလှပါ ။ဒေါ်အောင်ဆန်းစုကြည်ရှိနေသရွေ့ကတော့  အဲ့လိုအခြေအနေ အရောက်မခံသလို  ရောက်ဖို့မရှိပါဘူး ။ အဆိုးဆုံးအခြေအနေနဲ့လားရာကို  သုံးသပ်ခန့်မှန်းကြည့်ယုံမျှသာ ။


အချုပ်ဆိုရသော်  အိန္ဒိယရဲ့အရှေ့မျှော်ဝါဒ  အောင်မြင်ဖို့ဆိုရင် ဒီမိုကရေစီ အစိုးရနဲ့မှ ဖြစ်ပါမယ် ။ ဒီမိုကရေစီ အစိုးရဟုဆိုလျှင်  မြန်မာ့ဒီမိုကရေစီအရေး အောင်မြင်မှ  ရပါမယ် ။ဒါကြောင့် အိန္ဒိယရဲ့အရှေ့မျှော်ဝါဒ အောင်မြင်ဖို့ မြန်မာ့ဒီမိုကရေစီအောင်မြင်ရေးက အရေးပါပါတယ် ။ အမေရိကန်လိုပဲ လမ်းကြောင်းတူသည်ဟု ဆိုရပါမယ် ။တရုတ်နိုင်ငံ၏လွှမ်းမိုးခံရမှုမှ  လွတ်ကင်းကာ အမေရိကန်၏ကမ္ဘာ့အရေးမဟာဗျူဟာကဏ္ဍွမှာ အမေရိကန်ဖက်မှမြန်မာနိုင်ငံပါဝင်လာစေရန်  မြန်မာ့ဒီမိုကရေစီအရွေ့အောင်မြင်ဖို့  အမေရိကန်ကလည်း လိုလားနေသောကြောင့်ဖြစ်သည် ။

ထိုထိုသောအကြောင်းများကြောင့်  မြန်မာ့ဒီမိုကရေစီအရွေ့အောင်မြင်ရန်  အထူးလိုအပ်ပါတယ်  ။သို့တည်းမဟုတ်လျှင်  မြန်မာဟာ အကျ နာပေမည် ။

ဂျပန် နှင့် ကိုရီးယားတို့ကတော့ တောင်တရုတ်ပင်လယ်  အားပြိုင်မှုနဲ့  မြန်မာကို လာရောက်ချိတ်ဆက်တာဖြစ်ပါတယ် ။


တကယ်တော့ မြန်မာ့နိုင်ငံအခြေအနေက အန္တရာယ်များလွန်းပါတယ် ။ အခန့်မသင့်ရင်  ကိုယ်ခင်းတဲ့အောက်စ ကိုပြန်နင်းပြီး  ရှေ့ဟတ်ထိုးလဲမဲ့  အနေအထားတွေ ၊ တချက်မှ  အတိမ်းအစောင်းမခံပါဘူး ။ ခြေဥ ပြင်မပြီးသရွေ့  အန္တရာယ်များနေဆဲဟု   သုံးသပ်လိုက်ရပါတယ် ။ 

မြန်မာပြည်ကြီး ဘေးကင်းပါစေ ~~

myanmar society🇲🇲


ဒါကြောင့်  စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းဖို့  မဖြစ်နိုင်သလို ၊ စစ်တလင်းခင်းမည်ဆိုသော စကားတွေ မည်သို့မှ  မဖြစ်နိုင်ပါ ။ ဒီမိုကရေစီအရွေ့တွင် အလိုက်သင့်လိုက်ပါစီးမျောခြင်း မဟုတ်ဘဲ သွေဖယ်လမ်းကြောင်းအား အတင်းလုပ်ယူပါက ရှဥ့်လည်းလျောက်သာ ပျားလည်စွဲသာလမ်းအခွင့်အရေးကိုပင် လက်လွတ်ဆုံးရှုံးကာ စစ်အာဏာရှင်တွေ ဇတ်ပြတ်မှာ သေချာသလို   နိုင်ငံလည်း ဘဝပျက်ဖွယ် ရှိပါတယ် ။ ရွေးကောက်ပွဲလမ်းသည်သာ   အဖြစ်နိုင်ဆုံးလမ်းကြောင်းဖြစ်ပါတယ် ။

မြန်မာစစ်ခေါင်းဆောင်တွေဖက်ကလည်း  ဒီမိုကရေစီရေစီးကြောင်းမှာ လိုက်လျောညီထွေစွာ လိုက်ပါဖို့လိုအပ်သလို  စစ်အာဏာရှင်တွေအား  မြန်မာ့ဒီမိုကရေစီအရွေ့မှာ ကောင်းမွန်စွာ​အပြောင်းအလဲလုပ်နိုင်ရန် ပြည်သူ့အစိုးရမှ လမ်း​ကျောင်းကာ ခေါ်ဆောင်သွားနိုင်ရန်လည်း အထူးလိုအပ်ပါတယ် ။ မြန်မာပြည်သူပြည်သားများမှလည်း   ဒီမိုကရေစီအရွေ့မှာ တင်းခံနေသူများအား စဥ်ဆက်မပြတ်ဖိအားပေးနေဖို့လိုပါတယ် ။

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ