ကိုယ်ထူကိုယ်ထမှရမည့် နိုင်ငံတော်ကြီး


မြန်မာ့အာဏာသိမ်းမှု အစပိုင်းကာလမှာ ဒီမိုကရက်သမ္မတ ဂျိုးဘိုက်ဒန်ရဲ့နိုင်ငံခြားရေးပေါ်လစီက ဒစ်ပလိုမေစီနည်းနဲ့ပဲ သွားမယ်လို့  ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ( အရေးယူမှုအပိုင်းကနည်းပါးပြီး စေ့စပ်ညှိနှိုင်းရေးလမ်းစဥ်ပဲ သွားမယ်ဆိုတဲ့သဘောဖြစ်ပါတယ် ။ ကမ္ဘာကြီးက ထင်သလောက် ယဥ်ကျေးနေတာမဟုတ်တဲ့အတွက် ဒုတ်ကြီးကြီးထမ်းပြီး ဆွေးနွေးမှ စကားဝိုင်းက အောင်မြင်ကြတာ များတယ် ။ အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာ့အင်အားကြီးနိုင်ငံများက အကြမ်းဖက်စစ်ကောင်စီကို စီးပွားရေးအရ အရေးယူပိတ်ဆို့မှုပြုလုပ်ခဲ့တာ ၊ အသိအမှတ်မပြုတာကိုကပဲ  အတော်ကျေးဇူးတင်စရာ ကောင်းပါတယ် ။ အရေးတော်ပုံကို ၅၀ ရာခိုင်နှုန်းလောက်ကို အောင်မြင်စေဖို့ အခွင့်အလမ်းရစေတယ် )

လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့တဲ့ အခါမှာလည်း မြန်မာကို ကူညီပေးမည့်အစီအစဥ်ကို တချို့သော အမေရိကန်ရီပက်ဗလစ်ကန်အမတ်တွေက သဘောမတူပါဘူးတဲ့ ။ ဘာကြောင့်လဲဆိုတော့ ဒီမိုက်ရက်တွေရဲ့  အလိမ်အညာတွေ မိမှာစိုးလို့ သူတို့ကပြောကြတယ် ။ ( ဒီစကားဟာ အရမ်းစဥ်းစားစရာ ​ကောင်းတယ် 🤔 ၊ သူတို့ ဘာကို message ပေးချင်ခဲ့တာလဲ ၊ စကားကိုအလွှတ်လက်မဲ့တော့ မပြောတန်ရာဘူး ၊ မျှော်လင့်ချက်အမှားနဲ့အချိန်ကုန်သွားမှာစိုးလို့ ပြောခြင်းလား ၊ အမေရိကရဲ့ပါတီတွေကြားက နိုင်ငံရေးလွန်ဆွဲမှုအခင်းအကျင်းကို  သူတို့လောက်တော့ ဘယ်သူမှ မသိနိုင်ဘူး ၊ တချို့တွေက ဒီမိုကရက်တွေက မြန်မာ့အကြောင်းပိုသိသယောင်ပြောကြတယ် ။ တကယ်က ရီပက်ဗလစ်ကန်တွေက  မြန်မာ့အကြောင်း ပိုသိပါတယ် (ဥပမာ- မစ်မကော်နယ်လိုလူပေါ့ ) ။အင်အားကြီးနိုင်ငံတွေက မြန်မာကို ဒုက္ခတွင်းကနေ ဆယ်ပြီး နတ်ရေကန်ထဲပစ်ချလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်အမှားနဲ့ အချိန်ကုန်သွားတာနဲ့စာရင်  အစကတည်းက ကိုယ်ထူကိုယ်ထ လုပ်ကိုင်ခြင်းက ပိုထိရောက်ပါတယ် ။ )

နိုင်ငံကြီးတွေရဲ့ စစ်ရေးအရအရေးယူမှု ( သို့ ) R2P လိုဟာမျိုး ဖြစ်လာနိုင်မှု ရာခိုင်နှုန်း အမြင့်ဆုံးကာလမှာ ( ၂၀၂၀ ခုနှစ် မတ်လအစမှာ)  အကြမ်းဖက်စစ်ကောင်စီဟာ  သူ့တပ်ကို နိုင်ငံအနှံ့က ဘာသာရေးအဆောက်အဦး ၊ ကျောင်းတွေမှာ ဖြန့်ခွဲချထားခြင်းကြောင်း  ပြည်ပနိုင်ငံတွေရဲ့စစ်ရေးအရ အရေးယူနိုင်မှုဟာ အရမ်းနည်းပါးသွားပြီး ဖြစ်တယ်ဆိုတာ သဘောပေါက်မိပါတယ် ။( သို့ပေမဲ့ အရမ်းမျှော်လင့်ချက်ကြီးမားနေတဲ့ ပြည်သူတွေရဲ့ဆန္ဒကို လေးစားသောအားဖြင့်  ထုတ်တော့ မပြောဖြစ်ခဲ့ဘူး )

သို့ပေမဲ့  အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာအစည်းအဝေးကို အကြမ်းဖက်စစ်ကောင်စီဥက္ကဌသွားတာမှာ မဖမ်းခဲ့ဘူးဆိုတာကတော့  အတော်ရုပ်ပေါက်ပါတယ် ။ လူအခွင့်အရေးသမားတွေရဲ့စကားလုံးတွေဟာ  ပျက်လုံးသာသာပဲ  ရှိနေတယ်ဆိုတာ ထင်ဟတ်စေပါတယ် ။ R2P ဒါရိုက်တာရဲ့  " ဖမ်းကွာ ၊ နှက်ကွာ" ဆိုတဲ့စကားဟာ လေထဲမှာတင် အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ပါတယ် ။ ( ဒီမိုက်ရက်တွေရဲ့လူအခွင့်အရေးမျက်နှာဖုံးအောက်က ရုပ်သွင်ပြင်တွေဟာ ထင်သလောက် ကြည့်မကောင်းကြောင်း  မိမိအစောကတည်းက ရေးသားပြီး ဖြစ်ပါတယ် ။)

မြန်မာ့အာဏာသိမ်းမှုမှာ အိမ်နီးချင်းနိုင်ငံတရုတ်ပြည်မကြီးဟာ အာစီယံရဲ့ကဏ္ဍကို  ဆုပ်ကိုင်ပြီး  စစ်ကောင်စီကို အသက်ကို  Save လုပ်ထားတယ်ဆိုတာ ရှင်းလင်းပြတ်သားတိကျလွန်းတယ် ။ အာစီယံရဲ့အခန်းကဏ္ဍနဲ့   စစ်အာဏာသိမ်းသက်တမ်းကို ဆွဲဆန့်ထားမှာပါပဲ ။( တရုတ်ဟာ မြန်မာ့အာဏာသိမ်းမှုကိစ္စကို  ကမ္ဘာရဲ့အာရုံစိုက်မှုကနေ ခွာချဖို့   နည်းလမ်းမျိုးစုံ အသုံးပြုမှာ ဖြစ်ပါတယ် ။ အရင်လထဲမှာ ယူကရိန်း- ရုရှား တင်းမာမှု ၊ လက်ရှိမှာဆိုရင် အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခကြောင့် မြန်မာ့အာဏာသိမ်းကိစ္စကို  ဖုံးလွှမ်းလိုက်ပြီ ဖြစ်ပါတယ် ။အဲ့ကိစ္စပြီးသွားရင်လည်း  တစ်ခုပြီးတစ်ခု ဆက်ဆက်လာမှာပါပဲ ။ ဒါကြောင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရကို  Time Frame  .. Time Frame နဲ့   တတွတ်တွတ်သတိပေးခဲ့မိတယ် )

အမျိုးသားညီညွတ်ရေးအစိုးရဟာ  ပြည်တွင်းပြည်ပ  လမ်းနှစ်သွယ်နဲ့  လျှောက်လှမ်းနေတယ်ဆိုတာကတော့  ပွဲစကတည်းက မြင်သာတဲ့အပိုင်းအဖြစ်  ရှိနေခဲ့တာပါ ။ ပြည်သူနှင့်ပြည်သူတင်မြှောက်တဲ့အစိုးရဟာ ကိုယ့်ဟာကိုယ်  အင်ပါယာကို ချဲ့ထွင်တည်ဆောက်ယူရမည့် သဘောပါပဲ ။

myanmar society🇲🇲


ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းမခံရခင် 
ပြည်သူတွေကို ပါးသွားတဲ့စကားကလည်း  - 

" ကိုယ်ထူကိုယ်ထမှရမည့် နိုင်ငံတော်ကြီးပါ " လို့ အမျှော်အမြင်ရှိစွာ ဆိုခဲ့ပါတယ် ။

အမျှော်အမြင်ရှိတဲ့ကမ္ဘာ့ခေါင်းဆောင်တွေက ခုလို မှတ်ချက်ပေးကြပါတယ် -

" မြန်မာပြည်ရဲ့အနာဂတ်ကို နောက်ဆုံးမှာ မြန်မာပြည်သူတွေကပဲ ဆုံးဖြတ်ကြရပါလိမ့်မည် "

" မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လွပ်လပ်ခြင်းတွေပြန်ရဖို့ရာ တတ်နိုင်သ၍ကူညီပေးဖို့အတွက် ကျွန်မတို့ရှိသမျှဩဇာတွေသုံးကာ မဟာမိတ်တိုင်းပြည်တွေနဲ့လက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားကြပါ့မယ် "

(အမေရိကန်ဆိုင်ရာ ကုလသမဂ္ဂသံအမတ်)

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ