ဘာကြောင့် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးကို တရုတ်မလိုလားသလဲ ??
မိုဒီက " မြန်မာနိုင်ငံသည် ကျွန်ုပ်တို့အရှေ့နှင့်ထိတွေ့ဆက်ဆံရေး မူဝါဒတွင် အဓိကကျသည် "ဟု ဆိုပါတယ် ။ဤစကားကို သုံးသပ်ချင်းဖြင့် မြန်မာ-အိန္ဒိယဆက်ဆံရေးဟာ ပထဝီနိုင်ငံရေး ချိန်သားကိုက်မှုထိ ညှိနှိုင်းထားမှုရှိတယ်ဆိုတာ ပြောပြတာပါ။ တရားဝင်ဖော်ထုတ်ပြောဆိုချင်းကတော့ တစ်စုံတစ်ယောက်ကို message ပေးချင်ဟန်ရှိခဲ့ပုံရပါတယ်။ မြန်မာ-အိန္ဒိယသာ ကျောချင်းကပ်အနေအထားဖြစ်နေမယ်ဆိုရင် အိန္ဒိယသမုဒ္ဓရာကို ပိုင်စိုးထားလို့ရတဲ့ အနေအထားဖြစ်တဲ့အတွက်ကြောင့်ပါ ။ဘင်္ဂလားဒေ့ရှ် နှင့် ပါကစ္စတန် ကိုပါ ဆွဲချုပ်ပြီးသား ဖြစ်သွားစေပါတယ် ။
တရုတ်နိုင်ငံဟာ နယ်မြေကျယ်ပြန့်ကြီးမားတယ်ဆိုသော်ငြား ၄ ပုံ ၁ ပုံလောက်ကသာ ပင်လယ်ထွက်ပေါက်ရရှိပြီး ကျန် ၃ ပုံဟာ ကုန်းတွင်းပိတ်အနေအထားသာရှိပါတယ် ။ရရှိတဲ့ ပင်လယ်ထွက်ပေါက်ဟာလည်း အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲဒဏ်ကို အလူးအလိမ့်ခံနေရပါတယ်။ထိုထက်ပြိုင်ဆိုင်မှု ပြင်းထန်လို့ အမေရိကန်စစ်သင်္ဘောတွေက မလက္ကာရေလက်ကြားကို ပိတ်ဆို့တာမျိုးလုပ်လာရင် တရုတ်အနေနဲ့ အခြေအနေမလှဖြစ်သွားနိုင်ပါတယ် ။ဒါတောင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့်မြန်မာနိုင်ငံအလယ်ကနေဖြတ်ပြီး လောင်စာဆီပိုက်လိုင်း သွယ်တန်းနိုင်လိုက်တာဟာ တရုတ်တွေရဲ့ အမျှော်အမြင်ဘယ်လောက်ရှိသလဲဆိုတာ ပြသတာပဲ ။ မြစ်ဆုံစီမံကိန်းတောင် ရပ်သွားလို့တော်သေးရဲ့ ။စီမံကိန်းတောင်မစရသေးဘူး သူ့ဟာသူနေတဲ့မြစ်ဆုံက ဘီလီယံ ၃၀၀၀အကြွေးတင်သတဲ့ ကြားလို့တောင်မကောင်းဘူး ။ မြစ်ဆုံဆည်များဆောက်ဖြစ်သွားလို့ကတော့ တရုတ်ကုန်းတွင်းပိတ်ဒေသတွေအတွက် ရေချိုဖြန့်ပေးနိုင်မယ် ၊ ဆည်ထဲကသားငါးရမယ် ။ ဆည်ဆောက်ရင် အဖိုးတန်သတ္တုတူးလို့ရမယ် ။ အဖိုးတန်မျိုးစိပ်တွေရမယ် ။ လျှပ်စစ်ရမယ်။အပန်းဖြေစခန်းတောင် ဖွင့်လို့ရသေး။ဆည်ကိုဖျက်ဆီးမဲ့ ရန်ကိုကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အစောင့်တပ်တွေချလာနိုင်စရာရှိတယ် ။အဲ့တော့ ကချင်ပြည်နယ်သူတို့ပိုင်ပြီ ။ အဲ့တော့ မြန်မာပြည်သူဘယ်လောက်ရမလဲဆိုတော့ ၅ ရာခိုင်နှုန်းတဲ့ 😁။ ( စစ်အစိုးရနှင့်ကြံ့ဖွတ်တို့ အမျှော်အမြင်ကြီးမားပုံ၊ပြည်သူအပေါ် စေတနာရှိပုံများကတော့ သြချယူရတယ် 😱။)
ပြောရရင် တရုတ်ဟာ သူ့နိုင်ငံကို စွမ်းအားပြည့်အသုံးချနိုင်တဲ့အနေအထားတစ်ခု မရနိုင်သေးဘူးလို့ ဆိုလိုချင်တာပါ။ ဒါကြောင့် မြန်မာ ၊ အိန္ဒိယ ၊ ပါကစ်စတန် ၊ နိပေါ ၊ ဘင်္ဂလားဒက်ရှ် တို့ကိုသုံးပြီး အိမ်ရှေ့မျက်နှာစာလိုအသုံးချကာ တရုတ်ကုန်းတွင်းပိတ်ဒေသတွေအတွက် ပင်လယ်ထွက်ပေါက် ရယူဖို့အသုံးချချင်တာပါ ။ အကယ်၍သာ တရုတ်သာ မြန်မာနိုင်ငံအပေါ်တရားမျှတစွာဆက်ဆံခဲ့ရင် ၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်ရောင်း/ဝတ်စုံချုပ်ပေး/စစ်သင်တန်းပေး မြန်မာပြည်ကို မီးမမွေးခဲ့ရင် ၊ မြန်မာပြည်က သယံဇာတတွေအလကားနီးပါးနှိုက်ထုတ်မသွားခဲ့ရင် ၊ မီးစတစ်ဖက်ရေမှုတ်တဖက် နိုင်ငံရေးဆက်ဆံမှု မြန်မာအပေါ်မသုံးခဲ့ရင် အမေရိကန် -တရုတ်ကုန်သွယ်ရေး ကို ဂရုစိုက်စရာတောင်မလိုဘူး ။
ခုတော့ .. တော်သေးပြီ ကိုတရုတ်ရေ ~~
myanmar society🇲🇲
အပြာမျဥ်းကွေးကတော့ အိန္ဒိယ-မြန်မာ လက်ချင်းချိတ်ထားရင် ပိုင်စိုးထားနိုင်တဲ့ ပင်လယ်ရေပိုင်နက်ကို အကြမ်းအားဖြင့် ဖော်ညွှန်းထားခြင်းဖြစ်ပါတယ် ။ အနီရောင်မျဥ်းဖြောင့်တွေကတော့ တရုတ်ရဲ့ ကုန်းတွင်းပိတ်ဒေသတွေကို ပင်လယ်ထွက်ပေါက်ပေးမဲ့ ထွက်လမ်းတွေကို ရည်ညွှန်းပါတယ် ။ အစိမ်းမျဥ်းကတော့ မလကာရေလက်ကြားကနေ ကူးသန်းကုန်သွယ်သွားလာနေတဲ့ လမ်းကြောင်းကို ညွှန်းဆိုပါတယ် ။အကယ်၍ တရုတ်ရဲ့ ကုန်စည်စီးဆင်းမှုဟာ မလကာရေလက်ကြားကနေ ဖြတ်ရမယ်ဆိုရင် မြန်မာနိုင်ငံကနေ ဖြတ်သွားရမဲ့ ကုန်စည်စီးဆင်းမှု ကုန်ကျစရိတ်ထက် ( ၂ )ဆ ကုန်ကျမှာ ဖြစ်သလို အမေရိကန် - တရုတ် စစ်ရေးတင်းမာလာခဲ့ရင် အမေရိကန်က မလကာ ရေလက်ကြားကို ပိတ်ဆို့တာတွေ လုပ်လာနိုင်တာကြောင့် မာလကာ ရေလက်ကြားကူသန်းလမ်းကြောင်းအပြင် တခြားဂယ်ပေါက် ကုန်စည်ကူးသန်းလမ်းကြောင်းတွေ ဖော်ဆောင် လာတာဖြစ်ပါတယ် ။