မျက်ဖြူဆိုက်လေ တရုတ်ကြိုက်လေ

အမေရိကန်ရွေးကောက်ပွဲနှင့်မြန်မာ့ရွေးကောက်ပွဲဟာ ဆက်နွယ်မှု ရှိတယ်လို့ ကျနော်ပြောတော့  တချို့တွေက လှောင်ကြတယ် ။ အမေရိကန် ရွေးကောက်ပွဲနှင့်မြန်မာ့ရွေးကောက်ပွဲက ဘာမှမဆိုင်ဘူးတဲ့ ။ခုလောက်ဆိုရင် ဆိုင်လား/မဆိုင်လား  သိကြရောပေါ့ ။ ဂျိုးဘိုက်ဒန်တက်လာတော့  အာဏာသိမ်းလိုက်ရော ။ 

ကမ္ဘာ့နိုင်ငံတွေရဲ့အားပြိုင်မှုကြောင့် မြန်မာ့အရေးနှင့်အမေရိကန်အရေးဟာ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်သော်လည်းကောင်း ဆက်စပ်မှုတွေ ရှိနေတာပါ ။ 

ကမ္ဘာ့အရေးမှာ အရင်ကလည်း ကျနော် သုံးသပ်ခဲ့ပါတယ် ။ ဒီမိုကရက်ပါတီက ဂျိုးဘိုက်ဒန်နိုင်ရင် သူ့ပြည်သူတွေကို အာရုံလွှဲဖို့  မြန်မာပြည်ဟာ အကောင်းဆုံးအကွက်အကွင်း ဖြစ်နေတယ်လို့ ထောက်ပြခဲ့ပါတယ် ။ တရုတ်ဟာသူတင်ချင်တဲ့ဒီမိုကရက်တွေ တက်လာတော့ အာရုံလွှဲ ၊  ပိုးလမ်းထွက်ပေါက်ယူဖို့  မြန်မာအာဏာသိမ်းဖို့ မြောက်ပေးလိုက်တော့တာပါပဲ ။

သာဝအတွက် ICJ ဘယ်လိုရှင်းမလဲ မမေးနဲ့ ။ သာဝလွတ်မြောက်ဖို့ veto နဲ့ ရှင်းပေးမှာ ။ ကုလလူ့အခွင့်အရေးကောင်စီမှာ တရုတ်နှင့်ရုရှားထိုင်နေတယ် ။ အဲ့လို  veto အသုံးပြုပေးခကတော့  မြစ်ဆုံလား ၊ မြန်မာ့အလယ်ကဖြတ်ဖောက်မဲ့  ကျောက်ဖြူ-ယူနန်ကုန်သွယ်ရထားလမ်းလား ၊ ဧရာဝတီ မြစ်ဝှမ်းစီမံကိန်းလား ၊ အမရပူရမြို့သစ်စီမံကန်းလား ၊ ရန်ကုန်မြို့သစ်စီမံကန်းလား ၊ထားဝယ်ရေနက်ဆိပ်ကမ်းလား၊ရွှေကုက္ကိုလောင်းကစားမြို့တော်လား တစ်ခုခုပေးရမယ် ( သို့မဟုတ်) အကုန်လုံးလည်း ဖြစ်နိုင်တယ် ။

တရုတ်က ကမ္ဘာပတ်သိမ်းမည့် မြန်မာ့ပိုးလမ်းမထွက်ပေါက်သိမ်းစီမံကိန်း မအောင်မြင်လည်း  သာဝထိုးကို ကျွေးလိုက်မှာပေါ့ဗျာ ၊ မဟုတ်ဘူးလား ။ 

အနည်းဆုံးတော့  ကိုရိုနာဗိုင်းရပ်စစ်ဇစ်မြစ် ဝူဟန်ကို အာရုံမရောက်လာဖို့က အဓိကမို့လားဗျာ ။ တရုတ်လည်း  ကုန်သွယ်ရေးစစ်ပန်းနေတော့  တပည့်တပန်းသာဝကို မွှေခိုင်းထားပြီး အနားယူချင်မှာပေါ့လေ ။

ဘယ်မှာလဲ တိုင်းရင်သားလက်နက်ကိုင် ။ ပြောလိုက်ရင်  ပြည်နယ်ကာကွယ်ရေးတွေရော ၊ ဖက်ဒရယ်လိုချင်တာတွေရော၊ပြည်နယ်လွတ်မြောက်ရေးတွေ ၊ လူမျိုးကောင်းစားရေးတွေ မစားရဝခမန်းပြောလိုက်ကြတာ ။ပြည်ထောင်စုလမ်းမကြီးပေါ်မှာ  ပြည်သူ့ပစ္စည်းတွေကျတော့  မီးတင်ရှို့ကြ ၊ တိုင်းရင်သားတွေပြည်သူတွေကို ဟိုဖက်အဖွဲ့ ဒီအဖွဲ့မညှာမတာလက်နက်တွေနဲ့ထုလိုက်ကြတာ၊ ထည့်လိုက်တဲ့ လူမျိုးရေးဝါဒဂျင်းဆိုတာများလေ မြင်မကောင်းဘူး ။ တောင်းလိုက်တဲ့ ဝန်ကြီးချုပ်နေရာတွေ ။(မှိုင်းမိထားတဲ့သူတွေက လူမျိုးရေးဆိုပြီး  post အောက်လာမန့်ပါလိမ့်အုံးမယ်)

တိုင်းရင်သားလက်နက်ကိုင်တွေများ ပြည်သူ့အစိုးရကျရင်တော့ အမိန့်ပေးလား ၊ ဟိန်းလားဟောက်လား ၊ ဖျက်လို့ဖျက်ဆီး ကဖျက်ယဖျက်လုပ်ခဲ့သမျှ  တကယ်လည်း တိုင်းပြည်အာဏာသိမ်းခံရရော အမြီတွေကုပ်လို့ ...🙂
ဘယ်လက်နက်ကိုင်အဖွဲ့မှ  တော်လှန်တယ် မကြားမိသေးဘူး။အလိုတူအလိုပါတွေ ...

ဒါဆိုရင်  မြန်မာပြည်အာဏာသိမ်း ဒါရိုက်တာဟာ တရုတ်ဆိုတာ သိလောက်ရောပေါ့ .. အဓိကကတော့   လက်ရှိမြန်မာပြည်အာဏာသိမ်းကိစ္စမှာ တရုတ်ပြည်မကြီးဟာ ကြီးကြီးမားမားထောက်ပံ့ပေးထားတယ်ဆိုတာ သိစေချင်တာပါ ..

မျက်ဖြူဆိုက်လေ တရုတ်ကြိုက်လေပေါ့ဗျာ 😅

myanmar society🇲🇲


ရခိုင်မှာ တရုတ်တွေနေဖို့  ကုလားတွေမောင်းထုတ်လိုက်ယုံပါ ။ ဘာဆန်ဂျာမှာ မောင်းထုတ်ထွက်ပြေးကုလားတွေ နေဖို့ တရုတ်က အရင်ကတည်းက ကြိုဆောက်ပြီးသား ။

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ