တစ်စုံတစ်ရာ
အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း NLD ရုံးချုပ်တွေရော၊ရုံးခွဲတွေရော၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပါမကျန် အသည်းအသန် လိုက်ရှာခဲ့တာ ရှိပါတယ် ။မည်သည့်အရာအား လိုက်ရှာခဲ့သည်တော့ မသိရပေ။
ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတဦးဝင်းမြင့် ၊ NLD ဝန်ကြီးချုပ်တွေအပြင် မြန်မာ့စီးပွားရေးအကြံပေးအဖြစ်ငှားရမ်းခဲ့သော သြစတေးလျနိုင်ငံသား ရှောင်တာနဲလ်ကိုလည်း အကြမ်းဖက်စစ်ကောင်စီက ဖမ်းချုပ်ထားပါသေးတယ်။
အာဏာမသိမ်းခင် အကြမ်းဖက်စစ်ကောင်စီနှင့်ဒေါ်အောင်ဆန်းစုကြည်တို့အကြား အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပြီး သဘောတူညီမှုမရခဲ့ဟုလည်း သတင်းရင်းမြစ်တချို့က ဆိုသည် ။ ထိုသို့အာဏာမသိမ်းခင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏လက်ကိုင်ဖုန်းအား ဖျက်စီးခဲ့သည်ဟုလည်း ပါရှိသည် ။အာဏာသိမ်းဖြစ်စဥ်တွင် အာဏာရှင်အသစ်/အဟောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်ဟုလည်း ပါပါသေးသည်။ တကယ်ဟုတ်မဟုတ်ကတော့ ကာယကံရှင်များသာ အသိဆုံး ဖြစ်ကြပါလိမ့်မည်။
ယနေ့ပဲ ( ၂၀၂၁ ခုနှစ် ဇူလိုင်လ ၅ ရက် ) ဂျပန်သံတမန်တွေနေထိုင်တဲ့ တိုက်ခန်းကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းရှာဖွေခဲ့တယ်ဆိုတဲ့ သတင်းတက်လာပါတယ်။ဖြစ်စဥ်က ဧပြီလ(၁၇) ရက်နေ့က ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဥ်တွေအား ချိတ်ဆက်စဥ်းစားကြည့်ရရင် အကြမ်းဖက်စစ်ကောင်စီဟာ တစ်စုံတစ်ရာကို အသည်းအသန် လိုက်လန်ရှာဖွေနေခဲ့တယ်ဆိုတာ ထင်ရှားပါတယ် ။ ဂျပန်လိုအင်အားကြီးနိုင်ငံတစ်ခု၏သံတမန်တိုက်ခန်းအား သံတမန်စည်းမျဥ်းချိုးဖောက်ပြီး ရှာဖွေမှု ပြုခဲ့တယ်ဆိုတာ နောက်ကွယ်မှာ တရုတ်ပြည်မကြီးရဲ့အပြည့်အဝထောက်ခံမှုမပါရှိဘဲ မဖြစ်နိုင်ပါ ။
၎င်းတစ်စုံတစ်ရာသည် ဘာလဲ ??
မည်မျှအထိ အရေးပါသလဲ ??
မည်သူအတွက် ရှာဖွေခဲ့ရသလဲ ??
မိမိရဲ့ ခန့်မှန်းခြေအရဆိုရင်တော့ ဒေါ်အောင်စုကြည်နှင့်နိုင်ငံတကာခေါင်းဆောင်တွေရဲ့ ချိတ်ဆက်မှု သဲလွန်စ (သို့မဟုတ်)ကမ္ဘာ/မြန်မာ့နိုင်ငံရေးအတွက် ရှေ့ဆက်မည့်နိုင်ငံရေးလမ်းပြမြေပုံ ရှိနိုင်သည်ဟု အကြမ်းဖက်စစ်ကောင်စီကယူဆ၍ ရှာဖွေခဲ့ကြဟန်တူပါတယ် ။အစကတည်းက ရှိခဲ့သလား ၊ မရှိခဲ့ဘူးလားတော့ မိမိ မသိပါ ၊ မှန်းကြည့်ယုံမျှသာ ဖြစ်ပါတယ် ။
၎င်းတစ်စုံတစ်ရာသည် အကြမ်းဖက်စစ်ကောင်စီအတွက် အရေးပါသလား။ထိုအရာကို သိခဲ့၊ရခဲ့ရင်တောင် ကမ္ဘာ့နိုင်ငံရေးအား တန်ပြန်ကစားနိုင်လောက်သော အရည်အချင်းနှင့်စွမ်းအား အကြမ်းဖက်စစ်ကောင်တွင် မရှိတာတော့ သေချာသည်။ ထိုအရာအားသိလျှင် တန်ပြန်နိုင်ငံရေးကစားနိုင်သူမှာ အကြမ်းဖက်စစ်ကောင်စီ အားအကိုးကြီးကိုးနေရသော တရုတ်ပြည်မကြီးသာ ရှိသည်။
ထိုသို့ဆိုလျှင် တရုတ်ပြည်မကြီးက ၎င်းအရာအား ရှာခိုင်းသည်ရော မဖြစ်နိုင်ဘူးလားဆိုတာ တွေးစရာ ဖြစ်လာပါတယ်။ထိုသို့ဆိုလျှင် မြန်မာ့အကြမ်းဖက်စစ်ကောင်စီသည် တရုတ်ပြည်မကြီး၏ထိန်းချုပ်ခံဘဝသို့ လုံးလုံးလျားလျား ကျရောက်နေပြီဟု မှတ်ချက်ပြုရမည်သာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာ့နိုင်ငံရေးနဲ့ပက်သက်၍ တရုတ်ပြည်မကြီးဖက်က ထွက်လာသော စကားများသည် မြန်မာပြည်အား သူတို့အပိုင်အဖြစ်ယူဆ ပြောဆိုနေသော လေသံပေါက်နေသည်ကလည်း အထင်အရှားပင်ဖြစ်ပါတယ်။ဤပုံစံအတိုင်းဆိုလျှင် တရုတ်ပြည်မကြီးသည် မြန်မာ့အာဏာသိမ်းကိစ္စအတွက် နက်နက်ရှိုင်းရှိုင်းကျယ်ကျယ်ပြန့်ပြန့် ရှေ့တိုးပါဝင်လာနိုင်ဖွယ်ရှိသည်ဟု မှန်းရပါတယ်။ တရုတ်ပြည်မကြီး၏ခြေလှမ်းများအား အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် PDFများ ၊တိုင်းရင်းသားလက်နက်ကိုင်များ၊မြန်မာပြည်သူပြည်သားများအနေဖြင့် အထူးဂရုထားစောင့်ကြည့်ရန် လိုပါတယ်။ဤသည်က အတိတ်ခြေရာအား ပြန်ပြောင်းဆင်ချင်ချင်းမျှသာ ဖြစ်ပါတယ်။
တခြားတစ်ဖက်ကတွေးလျှင် ဂျပန်နိုင်ငံဖက်က ဧပြီလ(၁၇)ရက်က ဖြစ်စဥ်အား ဇူလိုင်လ( ၅ )ရက်နေ့မှ ဖော်ထုတ်ပြောဆိုလာခြင်းသည် နိုင်ငံရေးကောက်ကြောင်းကွင်းဆက်တစ်ခုကို ကမ္ဘာကြီးအားလက်ဆောင်ပေးခြင်း ဖြစ်ပုံရသည်။၎င်းအချင်းအရာအား ဖြန့်ကျက်တွေးလိုလျှင် နိုင်ငံရေးကောက်ကြောင်း ကွင်းဆက်များစွာ လိုပေအုံးတော့မည် ...
myanmar society🇲🇲
မြန်မာပြည်သူပြည်သားများ ကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာပို့သလျှက် ~~