စနစ် ၂ ခု တိုးတိုက်ခြင်း၏ အဖြေ ??

မြန်မာပြည်သူပြည်သားတွေ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲအား စိတ်ဝင်စားဖို့လိုအပ်ပါသလား ??

အကယ်၍များ တစ်စုံတစ်ယောက်က ၎င်းမေးခွန်းအား မေးလာခဲ့ရင် စိတ်ဝင်စားဖို့ လိုအပ်သည်ဟု ဖြေဆိုရမည်ဖြစ်သည် ။

အဘယ့်ကြောင့်ဆိုသော်   မြန်မာ့နိုင်ငံအပြောင်းအလဲအတွက် ကမ္ဘာ့နိုင်ငံရေးအပြောင်းလဲနဲ့  တိုက်ရိုက်အားဖြင့်သော်လည်းကောင်း ၊ သွယ်ဝိုက်သောနည်းအားဖြင့်သော်လည်းကောင်း ၊ အပြန်အလှန်အားဖြင့်သော်လည်းကောင်း ချိတ်ဆက်မှု ရှိနေကြောင့် ဖြစ်သည် ။

လက်ရှိကမ္ဘာ့စာမျက်နှာတွင်နေရာယူထားသော အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ၏ အနိုင်အရှုံးအားဆုံးဖြတ်ပေးနိုင်သော အချက်များအား အောက်ပါအတိုင်း ကောက်နုတ်၍ ရနိုင်သည် ။

( ၁ ) ပိုးလမ်းမ (BRI or OBOR )
(  ၂ )ဟောင်ကောင်အရေးအခင်း
( ၃ )ထိုင်ဝမ်အရေး
( ၄ )မြန်မာ့ဒီမိုကရေစီအရေး ( အထူးသဖြင့် ရခိုင်အနောက်တံခါးပေါက်ပြဿနာ )
( ၅ )ဒစ်ဂျစ်တယ်ငွေကြေး( Block chain/Cryptocurrency)
( ၆ )ကုန်သွယ်ခွန်များ အားပြိုင်ခြင်း
( ၇ ) အနောက်အာရှနိုင်ငံများ နှင့် ဥရောပနိုင်ငံများ၌ အားပြိုင်မှု ( OIC / EU )
( ၈ )တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ
( ၉ )တောင်တရုတ်ပင်လယ်တွင်း အားပြိုင်မှု
( ၁၀ )အိန္ဒိယသမုဒ္ဒရာရေပိုင်နက်စိုးမိုးရေး 
( ၁၁ ) တရုတ်နိုင်ငံစင်းကျန်းဒေသရှိ ဝီဂါမူစလင်အရေး 
( ၁၂  )နိုင်ငံများ၏အားပြိုင်မှု ၊ အရွေ့ နှင့် မဟာဗျူဟာအခင်းအကျင်း 
( ၁၃ ) ရီပက်ပလစ်ကန် နှင့် ဒီမိုကရက်တစ် ပါတီတို့၏ အားပြိုင်မှုများ 
( ၁၄ ) ပြိုင်ဖက်မဟာမိတ်များ၏ စစ်ရေးမဟာဗျူဟာအခင်းအကျင်းများ တို့ပဲ  ဖြစ်ပါတယ်။

BRI  (သို့) OBOR စီမံကိန်းမှ စတင်အခြေပြု၍ ဖြစ်ပွားခဲ့သော အမေရိကန်- တရုတ်ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လေတာကြောင့်   BRI ( သို့ )OBOR စီမံကိန်းဖော်ဆောင်ရေးတွင် အရေးပါသော ပထဝီနိုင်ငံရေးရှိသည့်  မြန်မာသည်  ကုန်သွယ်ရေးစစ်ပွဲမှထွက်လာသော ဆိုးခြင်း/ကောင်းခြင်း အကျိုးရလဒ်ကို ခံစားရမည်မှာ မလွဲပေ ။ အပြန်အလှန်အားဖြင့် စဥ်းစားမည်ဆိုပါကလည်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းကလည်း ကမ္ဘာ့အရေးစာမျက်နှာကို  တစိပ်တပိုင်းအားဖြင့်  ပြောင်းလဲရန် ဖြစ်နိုင်သည်ဟု ယူဆစရာရှိပါသည်။ 

အဲ့ဒါကတော့  အရှေ့တောင်အာရှဖက်ခြမ်း အမေရိကန်-တရုတ် အားပြိုင်မှုမှာ အဓိကမဟာဗျူဟာသော့ချက်ဟာ မြန်မာ့ဒီမိုကရေစီလမ်းစဥ်အောင်မြင်ရင်  အမေရိကန်နိုင်သည်ဟု ပြောနိုင်ပြီး ၊ မြန်မာ့ဒီမိုကရေစီလမ်းစဥ်  နောက်ပြန်လန်ကျရင်  တရုတ်နိုင်သည်ဟု ဆိုနိုင်ပါတယ် ။ အဲ့ဒီမဟာဗျူဟာသော့ချက်ကတော့ မြန်မာ့စာမျက်နှာသာမက ကမ္ဘာ့စာမျက်နှာကိုပါ တက်ပြီးပြောင်းနိုင်လောက်တဲ့ မြန်မာ့နိုင်ငံရေးပါ ။အဲ့ဒီရလဒ်ရဖို့  မြန်မာပြည်သူတွေ မဲဘယ်လိုပေးကြမလဲအပေါ် မူတည်ပါတယ် ။

ကမ္ဘာ့နိုင်ငံရေးက မြန်မာ့နိုင်ငံရေးကို ပြောင်းလဲပေးတာကို ထိုင်စောင့်နေမှာထက်စာရင်  မြန်မာ့နိုင်ငံရေးက ကမ္ဘာ့နိုင်ငံရေးစာမျက်နှာကို တက်ပြီးပြောင်းနိုင်ခြင်းက ပို၍ ရလဒ်ကောင်းနိုင်ပါသည် ။

ကိုရိုနာဗိုင်းရပ်ပြဿနာသည်လည်း နိုင်ငံများ၏ အားပြိုင်မှုတွေကြားက ထွက်ပေါ်လာသော ပြဿနာတစ်ရပ်သာ ဖြစ်သည် ။ ဇီဝလက်နက်ဆိုတာ ဒုံးကျည်ထဲထည့်ပြီး  ကိုယ့်ရဲ့ပြိုင်ဖက်နိုင်ငံထဲကို " ဘုံးခနဲ၊ အုံးခနဲ့ "  ပစ်ထည့်ရတဲ့ လက်နက်ရယ်လို့  အတွေးအခေါ်တွေကို ဘောင်မခတ်သင့်ပါ ၊ မျက်မှောက်ခေတ်လို လူဦးရေသိပ်သည်းဆ မြင့်မားသောခေတ်တွင်  ဘေးနားကလူကို လက်ညှိုးနဲ့ထိလိုက်ခြင်းက ဇီဝလက်နက်ပင် ဖြစ်ကောင်းဖြစ်၍ နေနိုင်ပါသည် ။


ပုံမှန်အားဖြင့်  BRI စီမံကိန်း ကြောင့် ၊ America First ရည်မှန်းချက်ကြောင့် ၊ Greater China 2076 ရည်မှန်းချက်ကြောင့်လို့  အပေါ်ယံအားဖြင့် တံဆိပ်ကပ်၍ ယူဆနိုင်ပေမည် ။ အနှစ်သာရပိုင်းအားဖြင့် စနစ်ကြီးများတိုးတိုက်မိကြခြင်းသာ ဖြစ်သည် ။ မြန်မာပြည်တွင်  စစ်အာဏာရှင်စနစ် နှင့် ဒီမိုကရေစီစနစ် တိုးတိုက်မိကြသကဲ့သို့   ကမ္ဘာ့စာမျက်နှာတွင်လည်း  ဒီမိုကရေစီစနစ် နှင့် ကွန်မြူနစ်စနစ်တို့ တိုးတိုက်မိကြခြင်း ဖြစ်သည် ။ 

မြန်မာပြည်က စစ်အာဏာရှင်စနစ်အား အရင်းစစ်ကြည့်မည်ဆိုရင်လည်း တရုတ်ကွန်မြူနစ်စနစ် လွှမ်းမိုးမှုကြောင့် သက်ဆိုးရှည်နေသော အကိုင်းအခက်မျှသာ ဖြစ်ပါတယ် ။ ဒါကြောင့်  ခြုံငုံကြည့်မည်ဆိုလျှင်  ကွန်မြူနစ်စနစ် နှင့် ဒီမိုကရေစီစနစ်တို့ တိုးတိုက်မိခြင်းဟုသာ ပြောရမည် ဖြစ်ပါသည် ။

မြန်မာပြည်တွင် စနစ်အမျိုးမျိုး ၊ခေတ်အမျိုးမျိုးဖြတ်သန်းခဲ့ရာ အတော်များများသောစနစ်များသည် နောက်ပြန်လန်ကျသွားခဲ့ကြရသည်ကို တွေ့ရပေသည် ။ဆိုတော့ လက်ရှိသွားနေသော ဒီမိုကရေစီစနစ် နောက်ပြန်လှန်ကျသွားနိုင်သလား  ?? 

မြန်မာပြည်သည် ဗုဒ္ဓဘာသာအားကျင့်သုံးသော နိုင်ငံလည်း ဖြစ်သည် ။ ဗုဒ္ဓဘာသာသည် အလယ်အလတ်လမ်းစဥ်ကျင့်သုံးသော ဘာသာဖြစ်သည့်အတွက် ဒီမိုကရေစနစ်သည် ဗုဒ္ဓဘာသာကိုးကွယ်သူတို့အဖို့ အမ်ဝင်ခွင်ကျ ဖြစ်လွယ်သည်က တစ်ကြောင်း ၊ မြန်မာတွင် တခြားဘာသာဝင်များ ရှိသည့်တိုင် ဗုဒ္ဓဘာသာနဲ့ မစိမ်းသည်ကတစ်ကြောင်း၊ အများစုသော ပြည်သူများက ဒီမိုကရေစီစနစ်အား တခဲနက် အားပေးထောက်ခံနေကြသည်ကတစ်ကြောင်း ၊ဒီမိုကရေစီစနစ်သည် စစ်အာဏာရှင်စနစ်အား ခြေဖျက်နိုင်သော စနစ်ဖြစ်သည်ဟု ပြည်သူအများစုက လက်ခံယုံကြည်နေကြသည်ကတစ်ကြောင်း ၊ ဒီမိုကရေစီစနစ်သည် အမှန်တရားမဟုတ်သည့်တိုင် အမှားများအား အားပေးသောစနစ်မဟုတ်သောကြောင့်  နောက်ပြန်လန်ကျဖို့ ခဲရင်းမည်ဟု ယူဆရပေသည် ။ 

မြန်မာပြည်တွင် ခေတ်စားနေသောစကားအသုံးအနှုန်းဖြစ်သည့်  ကိုရိုနာဗိုင်းရပ်စ်တတိယလှိုင်းဆိုတဲ့ စကားရပ်ကို ဘယ်သူထွင်လိုက်သလဲတော့ မိမိ မသိပါ။ ကိုရိုနာဗိုင်းရပ်စ်တတိယလှိုင်းဟာ မြန်မာပြည်မှာ  ဖြစ်မယ်လို့ ပညာရှင်တွေ ရေးထားတဲ့  သုံးသပ်ချက်ဆောင်းပါးလည်း  မတွေ့မိခဲ့ပါဘူး။ ကျနော် လက်လှမ်းမမီတဲ့နေရာပဲ  ရောက်နေလို့များလား ။တကယ်ကတော့  ကိုရိုနာဗိုင်းရပ်စ်ဆိုတာကိုက ကုန်သွယ်ရေးစစ်ပွဲရဲ့  တစိပ်တပိုင်းသာ ဖြစ်ပါတယ် ။


ဒါကြောင့် ကိုရိုနာဗိုင်းရပ်စ်တတိယလှိုင်းဆိုတာ မြန်မာပြည်သူတွေကို ခြောက်တဲ့ ​ခြိမ်းလုံးခြောက်လုံးသာ ဖြစ်တယ်လို့  ကျနော်ယူဆမိပါတယ် ။အဲ့ဒီအသုံးအနှုန်းဟာလည်း လျော်ကန်တဲ့ အသုံးအနှုန်းတစ်ခုလည်းပဲ  မဟုတ်ပါဘူး ။ ထိုစကားရပ်ကို အရေးလုပ်၍ စဥ်းစားရမည်ဆိုလျှင်လည်း ပထမလှိုင်းအား ဝူဟန်တွင် ဖြစ်၍ ဒုတိယလှိုင်းသည် အီတလီတွင်ရိုက်ခတ်ကာ တတိယလှိုင်းသည်  အမေရိကန်ကို ရိုက်သည်ဟု  ဆိုရမှာ ဖြစ်ပါတယ် ။အမေရိကန်တွေအဖို့ကတော့ တရုတ်ဟာ ဘယ်လိုလူမျိုးလဲဆိုတာ  ထိထိမိမိသိရှိပြီး မှတ်လောက်သားလောက်  ဖြစ်သွားလောက်ပါသည် ။ ထို့ကြောင့်  ကိုရိုနာဗိုင်းရပ်စ်အလွန်  ကမ္ဘာ့နိုင်ငံများ၏ အားပြိုင်မှုသည်  လက်ရှိထက် ပို၍ပြင်းထန်မည်ဟု မှန်းရပေသည် ။

တရုတ်သည်  ကိုရိုနာဗိုင်းရပ်စ်အား အသုံးချဖို့ အနာဂတ်အစီအစဥ်ဆွဲထားခဲ့ပြီးသားလား ??

ကိုရိုနာဗိုင်းရပ်စ်သည်  တရုတ်က လက်ပူတိုက်ဖြေရှင်းသောနည်း  မဖြစ်နိုင်ဟု မိမိယူဆမိသည်။ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားရခြင်းရဲ့  အကျိုးရလဒ်အဖြစ်  ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေတဲ့ ဟောင်ကောင်အရေး ၊ ထိုင်ဝမ်အရေး ၊ ဝိဂါမူစလင်တိုင်းရင်းသားအရေးဟာ  တမဟုတ်ခြင်း ယူပစ်သလို ပျောက်ကင်းသွားတဲ့အပြင် ကုန်သွယ်ရေးစစ်ပွဲထိုးစစ်တွေပါ ရပ်တန့်သွားခဲ့ရပါတယ် ။ တရုတ်နိုင်ငံမှာ အာရုံကျနေတဲ့  လူတွေရဲ့အာရုံတွေကို ကမ္ဘာ့နိုင်ငံအနှံ့အပြားဆီ လွှဲပြောင်းသွားခဲ့ရတဲ့ဖြစ်စဥ်ကတော့ အမှန်ပါ ။ 


နောက်ထပ် ယူဆစရာရှိတာက  ကိုရိုနာဗိုင်းရပ်စ်သည် ပိုးလမ်းမစီမံကိန်းတလျောက်ရှိ နိုင်ငံများအား ကူးစက်သွားစေခြင်းဖြင့်  နဂိုကမှ တရုတ်ချေးငွေဗလပွဖြစ်နေသော နိုင်ငံများသည် ချေးငွေပြန်မဆပ်နိုင်သည့်အပြင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးကျဆင်း၍ အကြွေးသံသရာလည်ကာ သံယံဇာတအရင်းအမြစ်များကို နဂိုကထက် ပို၍ တရုတ်လက်သို့ ထိုးအပ်ရဖွယ်ရှိသလို  ပိုးလမ်းမစီမံကိန်း ဖော်ဆောင်ရေးအား  ထည်ထည်ဝင်ဝင်လိုက်လျော လာရဖွယ် ရှိပါသည် ။ထိုသို့ဖြစ်ရန်  တမင်ကြံစည်ခဲ့ခြင်းလား ( သို့ ) ရှိနှင့်နေပြီးသော အကြံအစည်အား ထုတ်၍ အသုံးချခြင်းလား ။


တိုက်တိုက်ဆိုင်ဆိုင် မြန်မာနိုင်ငံတွင်လည်း  အခြေခံဥပဒေပြင်ဆင်ရေး ရှုံးနိမ့်သွားခဲ့၍ အခြေခံဥပဒေအသစ်ရေးဆွဲမည်ဆိုလျှင်တောင်  ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် လူစုလူဝေး လုပ်မရ၍  ဘယ်လိုမှ အထမမြောက်နိုင်တော့ပေ ။ဤသည်ကလည်းသွေးရိုးသားရိုးတိုက်ဆိုင်မှု ဟုတ်နိုင်ပါမည်လား ။လက်ရှိဒီမိုကရေစီအစိုးရနဲ့ဆိုလျှင်  တရုတ်တို့အဖို့  တွက်ချေမကိုက်လှပေ ။ စစ်အာဏာရှင် အရေခွံလဲထားသော လူများအစိုးရတစ်ရပ်ဖွဲ့၍ ရစေရန် ထောက်ကန်၍ ပေးထားရန် လုပ်ပေလိမ့်မည် ။

ထို့ကြောင့် မြန်မာပြည်ကစစ်အာဏာရှင်တွေရဲ့   ၂၀၂၀  ရွေးကောက်ပွဲထိဆွဲဆန့်နိုင်ရေး ရည်မှန်းချက်( ဒေါ်အောင်ဆန်းစုကြည်ဖြုတ်ချရေး) နှင့် တရုတ်၏ အမေရိကန်နောက်ရွေးကောက်ပွဲထိ ဆွဲဆန့်နိုင်ရေးရည်မှန်းချက်( သမ္မတဒေါ်နယ်ထရန့်ဖြုတ်ချရေး )သည်  ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့်  အတော်အသင့် အောင်မြင်ခဲ့သည်ဟု  ဆိုရပေမည် ။

လက်ရှိဖြစ်ပွားနေသော အမေရိကန်- တရုတ် ကုန်သွယ်ရေး စစ်ပွဲတွင်-

( ၁ ) တရုတ်- အမေရိကန် အပြန်အလှန် အခွန်တင်းကြပ်ခြင်းဟာ  ကုန်သွယ်ရေးစစ်ပွဲပထမလှိုင်း ဖြစ်ပါတယ် ။

(  ၂ )ကိုရိုနာဗိုင်းရပ်စ်ဆိုတာကတော့ ဒုတိယလှိုင်း ဖြစ်ပါတယ် ။

ခု တက်လာနေတဲ့သတင်းတွေ ၊ နိုင်ငံရေးအခြေအနေတွေကို over  all ခြုံငုံသုံးသပ်ရရင်  ကုန်သွယ်ရေးစစ်ပွဲတတိယလှိုင်း စထိုးနေပြီ  ဖြစ်ပါတယ် ။

အကယ်၍ ကမ္ဘာ့နိုင်ငံများ၏ အားပြိုင်မှုတွင်  တရုတ်နိုင်ခဲ့မည်ဆိုလျှင် မြန်မာ့ဒီမိုကရေစီအရွေ့ကာလ ပို၍ကြာရှည်မည်ဖြစ်သည် ။ ဒီမိုကရေစီအရွေ့အတွက် အသက်များစွာ ပို၍ဆုံးရှုံးမည် ။ စစ်အာဏာရှင်စနစ်အား ချေဖျက်ရ  ပို၍ ခက်မည် ။ အခြေခံဥပဒေ ပြင်ဆင်ရေးကား  ပို၍ အလှမ်းကွာမည် ။

ဒီကြားထဲကမှ ဒီမိုကရေစီလိုလားသူများ မြန်မာ့နိုင်ငံရေးတွင် အရေးနိမ့်ကာ  နောက်ရွေးကောက်ပွဲအလွန်တွင် အစိုးရတစ်ရပ်မဖွဲ့နိုင်ပါက  မြန်မာသည် failure state ဖြစ်ဖို့ ရာခိုင်နှုန်းများ၍ နေပေတော့သည် ။

ကမ္ဘာ့နိုင်ငံများ၏ အားပြိုင်မှုတွင်  တရုတ်ရှုံးခဲ့မည်ဆိုလျှင် တနွယ်ငင်တစင်ပါဆိုသလို  မြန်မာပြည်က စစ်အာဏာရှင်များပါမကျန် အကုန်ငုပ်ပြုတ်၍ သွားပေလိမ့်မည် ။

တရုတ်၏ ကိုရိုနာဗိုင်းရပ်စ် အရှုပ်အရှင်း ၊ မြန်မာ၏ ICJ  အရေး ၊ မြန်မာ့အခြေခံဥပဒေပြင်ဆင်ရေး ၊ ၂၀၂၀ ရွေးကောက်ပွဲ ၊ အမေရိကန်- တရုတ် ကုန်သွယ်ရေးစစ်ပွဲ နှင့် တခြားသောနိုင်ငံရေးအရွေ့များအား ထောက်ရှု့၍   ကမ္ဘာ့နိုင်ငံများ၏ အားပြိုင်မှုတွင် တရုတ်ရှုံးနိမ့်ခဲ့ရင်တောင်   မြန်မာ့ဒီမိုကရေစီအရွေ့အတွက် မပြီးပြတ်သေးသည့် ကိစ္စအဝဝ ဖြေရှင်းရန်အတွက် ပြည်သူ့အစိုးရသည် နောက်ထပ် ၅ နှစ်သက်တမ်း ဆက်လက်နေရာယူထားဖို့  လိုအပ်နေပေသေးသည်ဟု  သုံးသပ်မိသည် ။ 

မြန်မာသည်ကား -
👉နိုင်ငံများ၏ အားပြိုင်မှု ဗဟိုချက်ဖြစ်နေသော မြန်မာ ။
👉BRI စီမံကိန်းအတွက် မဟာဗျူဟာ ပထဝီနိုင်ငံရေးရှိသော မြန်မာ ။
👉တောင်တရုတ်ပင်လယ်တွင်း အားပြိုင်မှုများကို  ချိန်ခွင်ရှာ ညှိပေးနိုင်သော အနာဂတ်အကျိုးဆက်ရှိသော  မြန်မာ ။ 
👉အိန္ဒိယသမုဒ္ဒရာရေပိုင်နက်စိုးမိုးရေးအတွက် ခရာကျနေသော မြန်မာ ။ 
👉မာလကာရေလက်ကြားကို ဖြတ်စရာမလိုပဲ  တရုတ်အတွက် ရေလမ်းကုန်သွယ်လမ်းကြောင်းအား ထက်ဝက်လျော့ပေးနိုင်သော မြန်မာ။ 
👉အာစီယံနိုင်ငံအတွင်း ရေလမ်းကုန်သွယ်ရေးလမ်းကြောင်းသစ်အား ပေးစွမ်းနိုင်သော မြန်မာ။
 
ထိုကဲ့သို့သော အကြောင်းပေါင်းဆုံရာနေရာဖြစ်သောကြောင့်  ကမ္ဘာ့နိုင်ငံများ၏ အားပြိုင်မှုသည် မြန်မာတွင်သာ အဆုံးသတ်လိမ့်မည် ဖြစ်သည် ။

Covid -19 အလွန် ရလဒ်ဘယ်လောက်ကောင်းမလဲဆိုတာဟာ Covid -19 ကို အချိန်တိုတွင်း ဘယ်လောက် ကုစားနိုင်မလဲပေါ်မှာ  မူတည်သလို ကမ္ဘာသူ/ကမ္ဘာသားတွေက မည်သည့်စနစ်ကို အားပေးကြမည်ဆိုသည့်အပေါ်လည်း မူတည်ပါတယ် ။

ကဲ .. ဘယ်သူဟာ နောက်ဆုံး ရပ်တည်ကျန်ခဲ့မယ်ဆိုတာ စောင့်ကြည့်ကြပါစို့လို့ .....

myanmar society🇲🇲


မြန်မာပြည်သူပြည်သားအားလုံး  ကိုယ်စိတ်နှစ်ဖြာကျန်မာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလျှက် ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ