ကိုရိုနာဗိုင်းရပ်စ်လက်သည်ကြီး တရုတ်နှင့်သူ၏ရောင်းရင်းများ
အိုဘိုထောင်ပြေး ဦးကျော်မြင့်ဟာ မြန်မာပြည်ပြန်လာပြီး UDP ပါတီဥက္ကဌလုပ်ကာ ၂၀၂၀ ခုနှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲအတွက် အကြီးအကျယ်ငွေအင်အား၊ လူအင်အားသုံးပြီး မြန်မာ့လွှတ်တော်ကို အပိုင်စီးဖို့ကြိုးစားလာတာဟာ တရုတ်က မြန်မာကို နိုင်ငံရေးအသိဘယ်လောက်ကြွယ်သလဲ လာစမ်းတဲ့သဘောပါပဲ ။ UDP ဥက္ကဌ ဦးကျော်မြင့်ဟာ မြန်မာစစ်အာဏာရှင်တွေရော၊ တရုတ်ပြည်မကြီးနဲ့ရော ပက်သက်ဆက်နွယ်မှုတွေဟာ ထည်ထည်ဝင်ဝင်ရှိတာ သက်သေနဲ့တကွ ရှိနေပါတယ် ။
အဲ့ဒီတော့ ကျနော်တို့ပြည်သူတွေက ပြည်မကြီးက ဖြန့်လိုက်တဲ့ဒုတိယလှိုင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကို အန်တုပြီးရွေးကောက်ပွဲရက်ကို သတ်မှတ်ရက်အတိုင်း ကျင်းပနိုင်အောင်လုပ်မယ် ၊ ပြည်သူ့အစိုးရဆက်တက်နိုင်အောင် တခဲနက်ဝိုင်းပြီး မဲထည့်နိုင်အောင် လုပ်ကို လုပ်ရမယ် ။ ဒီပွဲမှာ မြန်မာပြည်သူတွေကျရှုံးလို့ မရဘူး ၊ နိုင်ကို နိုင်ရမယ် ။
မြန်မာတွေရဲ့နိုင်ငံရေးအသိဟာ တရုတ်ပြည်မကြီးက Think Tankတွေထက်သာကြောင်း ပြကိုပြရမည့် ပွဲလည်း ဖြစ်ပါတယ် ။
၂၀၂၀ခုနှစ် အောက်တိုဘာလ ( ၁ )ရက်နေ့ဝန်းကျင်က တရုတ်ပြည်မကြီးဟာ ကိုဗစ်-၁၉ ကပ်ရောဂါအကြောင်းပြချက်နဲ့ မြန်မာနယ်နမိတ်ဖက်ကို နေရာ( ၃ )နေရာမှာ (၁၀) မီတာ တိုးပြီး ခြံစည်းရိုးခတ်ခဲ့ပါတယ် ။တရုတ်ပြည်မကြီးဟာ အိမ်နီးချင်းနိုင်ငံငယ်တွေအပေါ်မှာ မြေခိုးခြင်း ၊ အနိုင်ကျင့်ဗိုလ်ကျခြင်း ၊ ကလိမ်အကျစ်လုပ်လေ့ရှိခြင်း ၊ အကြမ်းဖက်အဖွဲ့များအား စစ်သင်တန်းပေးခြင်း ၊ လက်နက်ရောင်းပေးခြင်းတွေလုပ်လေ့ရှိတာ သူတို့ရဲ့ထုံးစံလို ဖြစ်နေလို့ အကျယ်မရေးတော့ပါဘူး ။
၂၀၂၀ ခုနှစ် အောက်တိုဘာလ ( ၈ )ရက်နေ့က မြန်မာနိုင်ငံသားတွေဟာ မြန်မာ့အထွေထွေရွေးကောက်ပွဲအတွက် မဲပေးခွင့်ရရှိရေးအတွက် အင်အား (၄၀၀)ကျော်က မြန်မာ-တရုတ်နယ်စပ်ဒေသ ကျယ်ခေါင်နှင့်ရွှေလီမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ် ။ ကွန်မြူနစ်ဝါဒ ကျင့်သုံးတဲ့တရုတ်နိုင်ငံထဲမှာ ဆန္ဒဖော်ထုတ်တယ်ဆိုတော့ တရုတ် အတော်အံ့သြမှင်သက်သွားမှာ သေချာပါတယ် ။ ဆန္ဒဖော်ထုတ်သူတွေဟာ သူ့နိုင်ငံသားမဟုတ်တာကတစ်ကြောင်းကြောင့် ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ် ။မြန်မာဖက်က တရုတ်နိုင်ငံဖက်က ခြံစည်းရိုးတိုးခတ်တဲ့ကိစ္စအပေါ်မကျေနပ်လို့ နိုင်ငံရေးအရ ပဏာမအနေနဲ့ တုန့်ပြန်ခဲ့ခြင်းလား ( သို့ ) အဲ့ဒီဖြစ်စဥ်ရဲ့နောက်ကွယ်မှာ နိုင်ငံရေးသပ်ရှိုမှု ရှိ/မရှိကတော့ အတတ်ပြောမရနိုင်ဘူးပေါ့ ။
ဆန္ဒဖော်ထုတ်ခဲ့ကြသူတွေကို အဲ့ဒီနေ့ ည ( ၁၂ ) မှာပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ် ။ ယနေ့လို ဒီမိုကရေစီစနစ်နှင့်ကွန်မြူနစ်စနစ်အားပြိုင်ကာလမှာ ဒီမိုကရေစီအင်အားစုကို တရုတ်သွားချုပ်ရင် ပိုဆိုးသွားမယ် ။ အဲ့လိုဖြစ်ရတာက ခေါင်းဆောင်မှုခြင်း ကွာလို့ပါ ။ အရင်သမ္မတဟောင်းဦးသိန်းစိန်လက်ထက်ဆို ခုချိန်လောက်ဆို ထောင်ထဲမှာ အဲ့ဒီဆန္ဒဖော်ထုတ်ခဲ့တဲ့သူတွေ အကန်ခံနေရလောက်ပြီ ။ ( ဆန္ဒပြခေါင်းဆောင် ၃ ယောက်ကို တရုတ်ဖက်ကဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ် ၊ အကုန်လွတ်မြောက်ရေးအတွက် မြန်မာ့အာဏာပိုင်တွေဖက်က ကြိုးပမ်းပေးသင့်တယ်လို့ မြင်ပါတယ်)
၂၀၂၀ ခုနှစ် အောက်တိုဘာလ ( ၁ )ရက်နေ့မှာ ကုလသမဂ္ဂအစည်းအဝေးမှာ ဦးကျော်တင့်ဆွေက ဘင်္ဂလားဒေ့ရှ်မှာ ( AA ၊ ARSA ) အကြမ်းဖက်သမားတွေ စခန်းချပြီး လှုပ်ရှားနေတယ်ပြောတော့ ဘင်္ဂလားဒေ့ရှ်ဖက်က ငြင်းခဲ့ပါတယ် ။ ယခု အဲ့ဒီဒုက္ခသည်စခန်းမှာ ပစ်တာခတ်တာ ဖြစ်ခဲ့တယ် ။ဒါကိုလည်း တိုက်ဆိုင်တာလို့ ပြောကြမဲ့သူတွေ ရှိနေအုံးမှာပါ ။ထွေထူးလုပ်စရာမလိုပါဘူး ။ လူဆိုးလူမိုက်လက်ထဲ သေနတ်ထည့်ပေးလိုက်ရင် မြောက်အုန်းသီးရသလို ပစ်တော့တာပဲ 🙂။
အဲ့တော့ မြန်မာဟာ ICJ အမှု ရှုံး/မရှုံး စာဖတ်ပရိတ်သတ်တွေပဲ ဝေဖန်ပါတော့ ။ တစ်ခုတော့ ရှိပါတယ် .. အဘရဲ့စစ်ရာဇဝတ်မှုက သက်သက် ၊ မြန်မာရင်ဆိုင်ရတဲ့ ICJ ကသက်သက် လုံးချလို့မရပါဘူး။ ပြဒ္ဒါးတစ်လမ်း၊သံတစ်လမ်း ကွဲသွားမှာမျိုးတော့ ရှိပါတယ် ။
ခုလိုဖြစ်လိုက်တော့ ကုလသမဂ္ဂမှာ မြန်မာပြောထားတဲ့စကား အောင်ပြီလို့ဆိုရမယ် ။ အကျိုးရှိအောင် အသုံးချတတ်ရင် မြန်မာ Role ဟာ ထိုးတက်သွားနိုင်ဖွယ် ရှိပါတယ် ။
ဒါဆိုရင် ဆက်စဥ်းစားပေါ့ဗျာ။
တရားစွဲထားတဲ့နိုင်ငံတွေ ဘာလဲ ??
ဘယ်လဲ ??
ဘယ်သူထိန်းချုပ် သလဲ ??
ဘယ်လောက်ရလို့ လုပ်သလဲ ??
ဘယ်လိုအပင်းတွေရှိနေခဲ့သလဲ ??
ဒါတွေ လာမှာပါပဲ ။ လူ့အခွင့်အရေးဆုံးရှုံးနေတဲ့ ဂမ်ဘီယာက တရားစွဲတယ်ဆိုတော့ စဥ်းစားကြည့်ပေါ့ ဗျာ။
နောက်ပြောချင်တာတစ်ခုက
ဝူဟန်ဗိုင်းရပ်စ်ကိစ္စပါ ...
ဝူဟန်ဗိုင်းရပ်စ်နဲ့ အမေရိကန်ကို တိုက်ခိုက်မှုမခံရခင်တုန်းက အမေရိကန်ရဲ့ စီးပွားရေးအခြေအနေဟာ အလွန်ကောင်းမွန်လျက် ရှိနေပါတယ်။ တရုတ်နဲ့ဖြစ်ပွားနေတဲ့ ကုန်သွယ်စစ်ပွဲမှာလည်း အမေရိကန်ဟာ အသာစီးက ရှိနေခဲ့ပါတယ်။ ဒီမိုကရက်တွေရဲ့ဒေါ်နယ်ထရန့်အပေါ် စွပ်စွဲခဲ့တဲ့ ရုရှားဇာတ်လမ်းဟာလည်း အငွေ့ပျံပျောက်သွားသလို သမ္မတဒေါ်နယ်ထရန့်ဖြုတ်ချရေးကလည်း ပျက်သုဉ်းသွားရမဲ့အနေအထားဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံရေးအားဖြင့်လည်း ဒေါ်နယ်ထရန့်က အသာစီးရနေပြီဖြစ်တာကြောင့် လူကြိုက်ပိုများလာခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရလိမ့်မယ်လို့ ခန့်မှန်းချက်တွေ ပိုခိုင်မာနေခဲ့ပါတယ်။
သို့ပေမဲ့ ဝူဟန်ဗိုင်းရပ်စ်ကြောင့် အမေရိကန်ရဲ့စီးပွားရေးကျဆင်းပြီး အလုပ်လက်မဲ့တွေ၊ ကူးစက်မှုနှင့်သေဆုံးမှုတွေ များပြားလာခဲ့ပါတယ်။ ဒီလိုဖြစ်ရတာဟာ ဒေါ်နယ်ထရန့်ရဲ့စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ဆိုတဲ့ အတွေးအခေါ်ကို ဒီမိုကရက်တွေနှင့်မီဒီယာတွေက လပေါင်းများစွာကြာအောင် ဝါဒဖြန့်ခဲ့ကြပါတယ်။ အဲ့ဒါကို လက်ခံယုံကြည်သူများစွာလည်း ရှိပါတယ်။ အဲ့ဒီအတွက် ဒေါ်နယ်ထရန့်အပေါ် လူတွေရဲ့ ယုံကြည်မှု လျော့နည်းခဲ့တာကိုလည်း ငြင်းလို့မရပါဘူး။
ဝါရင့်ဒီမိုကရက်တစ် ကမ္ဘာကျော်ရုပ်ရှင်မင်းသမီးကြီး Jane Fonda ပြောတာကို ကြားသိရတော့ ဒီမိုကရက်တွေရဲ့ဝူဟန်ဗိုင်းရပ်စ်အပေါ် အမြင်ဟာ သာမန်လူတွေရဲ့အမြင်နဲ့မတူတာကိုတွေ့ရပါတယ်။ သူမပြောတာက....
"ငါထင်တယ်...ကိုဗစ်ဟာ လက်ဝဲဒီမိုကရက်တွေကို ဘုရားသခင်ကပေးတဲ့ 🎁လက်ဆောင်ပါပဲ" တဲ့။
ကိုဗစ်-၁၉ ဆိုတာ ဒီမိုကရက်တွေအတွက် ဘုရားပေးတဲ့လက်ဆောင်ဆိုတဲ့စကားစုကို မြင်ရတော့ ဒီလိုတွေးမိတယ် ။
တရုတ်ပြည်မကြီးကပဲ ဒေါ်နယ်ထရန့်ကို ဖြုတ်ချင်တာလား ??
မဟုတ်ပါဘူး ။
ဒေါ်နယ်ဖြုတ်ချချင်တဲ့အထဲမှာ ဒီမိုကရက်တွေပါ ပါဝင်ပါတယ် ။
အဲ့ဒီတော့ နိုင်ငံရေးမှာ ရည်ရွယ်ချက်တူတဲ့ တရုတ်ပြည်မကြီးနှင့်ဒီမိုကရက်တွေဟာ ဒေါ်နယ်ထရန့်ဖြုတ်ချရေးအတွက် ဝူဟန်ဗိုင်းကို အတူပူးပေါင်း ဖော်ဆောင်ခဲ့ကြလေသလားဆိုတာကိုပါ ။
အရင်ကလည်း အဲ့လိုအတွေးမျိုး ရှိခဲ့ပေမဲ့ မိမိရဲ့တသီးပုဂ္ဂလ ခံစားချက်အဖြစ်ပဲ ထားခဲ့ပါတယ် ။ ဒီနေ့ဒီချိန်မှာ အဲ့အတွေးဟာ အရင်ကထက်စာရင် ပိုမိုနီးစပ်လာတာတွေ့ရတယ် ။
ယနေ့လို ကိုရိုနာဗိုင်းရပ်စ် ပြန့်လာရတဲ့လက်သည်ဟာ တရုတ်ဆိုတာ ထွေထူးရှင်းပြနေစရာလိုမယ်မထင်ပါဘူး ။ကျိုးကြောင်းပြတွေနဲ့ အကြိမ်ကြိမ်ရေးခဲ့ဖူးလို့ အကျယ်ထပ်မရှင်းတော့ပါဘူး ။
တစ်ခုတွေးမိတာက အဲ့ဒီဗိုင်းရပ်စ်စိတ်ကူးကို ဒီမိုကရက်တွေက တရုတ်ကို ပေးခဲ့လေသလား ( သို့မဟုတ် )ဒေါ်နယ်ထရန့်ကို ဖြုတ်ချဖို့အတွက် ဒီမိုကရက်တွေနှင့်တရုတ်ပေါင်းကြံခဲ့လေသလားဆိုတာပါပဲ ။
ဒီလောက်ကမ္ဘာနဲ့ချီပြီး ကြီးကျယ်တဲ့ကိစ္စကို တစ်ဦးတစ်ယောက် ၊ တစ်နိုင်ငံတည်းက လုပ်ဖို့ခက်ပါတယ် ။ ဗျူဟာဆွဲ ၊ စစ်ဆင်ရေးချပြီး ဝိုင်းလုပ်မှသာ အောင်မြင်နိုင်တယ် ။ ရုရှားတောင် ပရောဂကင်းပါရဲ့လားလို့လည်း တွေးမိတယ် ။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာ WHO ကို အမျိုးမျိုးဖိအားပေးခဲ့ပေမဲ့ WHO ဟာ တရုတ်ရဲ့ကျောထောက်နောက်ခံနဲ့ ဒီလောက်အထိ တင်းမာတောင်းခံထားနိုင်တာလား။ WHO ရဲ့နောက်ကွယ်မှာ ဒီမိုကရက်တွေရဲ့ကျောထောက်နောက်ခံရှိနေလို့ ဒီလောက်ထိ တင်းမာတောင့်ခံထားတာ မဖြစ်နိုင်ဘူးလားလို့လည်း တွေးဆစရာပါ ။
၂၀၀၈ခုနှစ်တွင် HIVရောဂါပိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး ဆေးဘက်ဆိုင်ရာနိုဘယ်ဆုချီးမြှင့်ခံရသူ Luc Montagnier က Covid-19ဟာ လူလုပ်ပိုးအဖြစ်တရားဝင်ပြောထားတာတောင် အမေရိကန် ပညာရှင်တွေ စွံအနေကြတယ် ။ လက်ရှိဖြစ်ပွားနေတဲ့ကိုရိုနာဗိုင်းရပ်စ်ဟာ လူလုပ်လား ၊ လူလုပ်မဟုတ်ဘူးလားဆိုတာတောင် ရဲရဲဝံ့ဝံ့မပြောရဲကြသေးဘူး ။ ဒါဟာလည်း မရိုးသားတဲ့အချက်ဖြစ်တယ် ။
နောက်တစ်ခုက ချားစ်လိုင်ဘာကိစ္စ ။ တရုတ်က လိုင်ဘာကို ငွေသိန်းနဲ့ချီထောက်ပံ့ခဲ့ပြီး လိုင်ဘာဟာ တရုတ်ဆီကို ပိုးရောင်းခဲ့မှုမှာ အဖမ်းသာပြပြီး ယနေ့ထိ ဘာသတင်းမှ ထွက်မလာတော့တာ မရိုးသားဘူး ။
နောက်တစ်ခုက ဟောင်ကောင်ပြည်သူ့ကျန်းမာရေးကျောင်းမှရောဂါဗေဒအထူးကုဒေါက်တာ Li Meng-Yan က ဖော်နိုင်ပါတယ်၊ သက်သေပြနိုင်ပါတယ်ဆိုတာတောင် ရေရေရာရာ ဘာမှ မထုတ်ပြန်ဘူး ။ အဲ့ဒါဟာလည်း မရိုးသားဘူး ။
ကမ္ဘာမှာ အမေရိကန်ဇီဝဓာတ်ခွဲခန်း( ၂၀၀) ကျော်ရှိတာတောင် ယနေ့အထိ ယောင်နန လုပ်နေတာဟာ သွေးရိုးသားရိုး မဟုတ်ဘူး ။ ဇစ်ဇစ်မြစ်မြစ်ရှိတဲ့ အဖြေတစ်ခုတော့ အနည်းဆုံးချပြရမယ် မဟုတ်လား ။
ဒါကြောင့် တရုတ်က ကမ္ဘာကိုပတ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဖြန့်ခဲ့မှုနောက်ကွယ်မှာ အမေရိကန် နိုင်ငံသားတွေ( အထူးသဖြင့် ဒီမိုကရက်တွေ ) ပါဝင်ပတ်သက်နေတယ်လို့ တထစ်ချပြောလို့ရပါတယ် ။
ဒေါ်နယ်ထရန့်ရင်ဆိုင်နေရတဲ့ ပြဿနာဟာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ပြဿနာမျိုးနဲ့ များစွာမှ အဆင်တူပါတယ် ။
မြန်မာပြည်မှာ အမျိုးယုတ်တွေ ယုတ်မာနေမှန်းလည်း ဒေါ်အောင်ဆန်းစုကြည် သိတယ် ။ နိုင်ငံနှင့်ပြည်သူနာမစိုးလို့ ကမ္ဘာလည်း ချမပြဝံ့ဘူး ဖြစ်နေတယ် ။
ထိုနည်းတူစွာ ဒေါ်နယ်ထရန့်ဟာလည်း အဲ့လိုအဖြစ်မျိုးရင်ဆိုင်နေရတာ များစွာဖြစ်နိုင်ခြေရှိတယ် ။
myanmar society🇲🇲
အချုပ်အားဖြင့် ....
လူ့အခွင့်အရေးအဖွဲ့ ၊ HRW ၊ ဒီမိုကရက်အရာရှိဟောင်းတွေ ၊ ဘင်္ဂလားဒေ့ရှ် နှင့် ICJ ၊ မြန်မာ့လက်နက်ကိုင်အဖွဲ့တွေနှင့်တရုတ်တို့ရဲ့ပါဝင်ပက်သက်နေမှု လမ်းကြောင်းတွေကို မြန်မာက အစဆွဲထုတ်ဖော်ချနိုင်ပြီလို့ ဆိုလို့ရပါတယ် ။
နောက်တခြမ်းက ဒီမိုကရက်နှင့် UN , WHO , တရုတ်အခြမ်း ထရန့် ဘယ်လို ဖော်ချမလဲ တချက်ရှိုးကြပါစို့.....
အဲ့ဒီ ၂ ခြမ်းပေါင်းရင် ပစ်ဖဲတစ်ချပ်ဖြစ်ပါတယ် ။
ဆက်စပ်ဓာတ်ပုံများ