မြန်မာ့နိုင်ငံရေးအား ပျားရည်ဖြင့်ဝမ်းချခြင်း

ဗိုင်းရပ်စ်ဖြစ်နေတာက ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ထဲမှာကတည်းကပါ ။တရုတ်နိုင်ငံ၏အထက်တန်းလွှာဗဟိုကျောင်း၏ ပါမောက္ခ Cai Xia က  ၂၀၂၀ခုနှစ်  ဇန်နဝါရီ   ၇  ရက်နေ့မှာ  ရှီကျင်းပင်  စသိခဲ့တယ်လို့  ဖွင့်ချခဲ့တယ် ၊ ဒါပေမဲ့  ဗိုင်းရပ်စ် ပြန့်ကြောင်းကို  ၂၀ ရက်နေ့မှ  ထုတ်ပြန်ခဲ့တယ်လည်း အတိအကျပြောခဲ့တာပါ ။ 


မြန်မာပြည်ကို  ၂၀၂၀ ခုနှစ်  ဇန်နဝါရီ  (၁၇ ၊ ၁၈ ) နေ့က လာတယ် ။မြန်မာပြည်က ပြန်သွားပြီး (  ၂၀ ) ရက်နေ့ကျမှ ဗိုင်းရပ်စ်ပြန့်နှံ့ကြောင်း ထုတ်ပြန်တာ  ဖြစ်ပါတယ် ။ ဆိုလိုတဲ့သဘောက  ရှီကျင်းပင်ဟာ  မြန်မာပြည်ကို မလာခင်ကတည်းက ဗိုင်းရပ်ပြန့်နှံနေကြောင်းကို  သိနေခဲ့ပြီ ။

ခုဆိုရင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ကတည်းကနေ ဝူဟန်ဗိုင်းရပ်စ်နဲ့အပင်းခံပြီး ရွေးကောက်ပွဲအထိ အချိန်ကာလကို ဆွဲဆန့်လာခဲ့တာ   ရွေးကောက်ပွဲ ရောက်ဖို့   ၂ လလောက်ပဲ လိုတော့တယ် ။ ဝူဟန်ဗိုင်းရပ်စ်ဟာ ခုထိအလုပ်ဖြစ်နေသေးတယ် ဆိုရမလားပဲ။

ဘာတေးလင့်တနာရေးသားချက်  ဘာသာပြန်ဆိုပြီး မီဒီယာတွေကနေတောင်  တင်နေကြတယ် ။ ဘာသာပြန်ချက်က ဒီလို  "တရုတ်က သူ့အကျိုးစီးပွားတည်မြဲဖို့  ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကို ဆက်လက် တည်ရှိနေစေလိုတယ် " ဆိုပါတယ် ။

အဲ့လောက်ရိုးရှင်းနေရင်  မြန်မာ့နိုင်ငံရေး ၊ ကမ္ဘာ့နိုင်ငံရေးဟာ ရုန်းရင်းဆန်ခတ်မဖြစ်ဘဲ ပြီးသွားတာကြာပြီပေါ့ ။ 

ကိုယ့်ဟာကိုယ်စတေးပြီး  စစ်အာဏာရှင်အသိုင်းအဝိုင်းမပြိုကျအောင်  ကျားကန်ထားရတဲ့ တပ်ချုပ်ရဲ့ တစ်ခုတည်းသော ထွက်ပေါက်က " ကာလုံ " ပါ ။ ဒါကြောင့်လည်း  " ကာလုံ ၊ ကာလုံ" ဆိုပြီး ခဏခဏ အော်နေတာပါ ။

မြန်မာပြည်ကစစ်အာဏာရှင်တွေရဲ့   ၂၀၂၀  ရွေးကောက်ပွဲထိဆွဲဆန့်နိုင်ရေး ရည်မှန်းချက်( ဒေါ်အောင်ဆန်းစုကြည်ဖြုတ်ချရေး) နှင့် တရုတ်၏ အမေရိကန်နောက်ရွေးကောက်ပွဲထိ ဆွဲဆန့်နိုင်ရေးရည်မှန်းချက်( သမ္မတဒေါ်နယ်ထရန့်ဖြုတ်ချရေး )ဟာ သူတို့ရဲ့ ဖျက်ကိန်းရဲ့ အနှစ်သာရဆိုတာ  မမေ့ကြပါနဲ့ ...

၂၀၂၀ခုနှစ် သြဂုတ် ၁၉ ရက်ဝန်းကျင်က NCA လုပ်တယ် ။ NCA  ဆွေးနွေးပွဲမတိုင်ခင်  ၂၀၂၀ ခုနှစ်  ဇူလိုင်လကုန်မှာ တရုတ်သံအမတ် ဆွန်းဂေါ်ရှန်း ကလည်း UWSA(ဝ) ၊ AA ( ရခိုင် ) ၊ NDAA(မိုင်းလား)၊ SSPP(ရှမ်းပြည်တိုးတက်​ရေးပါတီ) ၊ MNDAA (ကိုးကန့်)၊ TNLA တအန်း(ပ​လောင်)အစရှိတဲ့ သူ့ရဲ့မွေးစားသား​တွေကို​ တွေ့ဆုံခဲ့ပါတယ်။တွေ့ရတဲ့အကြောင်းအရင်း (  ၂ ) ချက်ပဲ ရှိပါတယ် ။ ငြိမ်ဖို့နဲ့ ၊ ဆူဖို့ပေါ့ ။ ငြိမ်ဖို့ဆိုရင် အရှည်ဆွဲကစားဖို့ ၊ ဆူဖို့ဆိုရင် ရွေးကောက်ပွဲ ပျက်ပြားအောင် ကြံဆောင်ဖို့ ။

စွန်းဂေါ်ရှန်းသွားတွေခဲ့တဲ့  အဖွဲ့တွေ NCA မတက်ဘူးလို့  ကြေငြာခဲ့တယ် ။ အဲ့တော့ အကြိုမျှော်မှန်းထားသလို   တရုတ်ဟာ  အရှည်ဆွဲကစားဖို့ ပြင်နေတာသာ ဖြစ်တယ် ။ 

ဘာတေးလင့်တနာပြောသလို  တရုတ်က ဒေါ်အောင်ဆန်းစုကြည် အစိုးရကို သိပ်လိုလားတယ်ဆိုရင်  NCA မှာ ကျေလည်စွာ ဆွေးနွေးဖို့  တိုက်တွန်းမှာပေါ့ ။😏တရုတ်တိုက်တွန်းရင် ဟိုကောင်တွေ ဆွေးနွေးပွဲ မတက်ရဲဘဲနေရဲမလား ။အဲ့ဒါကိုများ  တရုတ်က ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အစိုးရကို နောက်အစိုးရအဖြစ်ဆက်တက်ဖို့လိုလားတဲ့ယူဆချက်အပြောမျိုးဟာ  ပျားရည်နဲ့ဝမ်းချနေခြင်းပါ ။

မြန်မာပြည်ကို ရှီကျင်းပင်လာပြီး  ဝူဟန်ဗိုင်းရပ်စ်   စခဲ့သလို ခုလည်းပဲ တရုတ်သမ္မတရဲ့အထူးကိုယ်စားလှယ်လာပြီးမှ  ဗိုင်းရပ်ပြန့်လာတာနော် ။ တိုက်ဆိုင်တာကို ပြောပြတာ ။  

ဘယ်မှာပြန့်တာလဲဆိုတော့  နိုင်ငံများရဲ့အားပြိုင်မှုဆုံချက်ဖြစ်တဲ့  ရခိုင်မှာတဲ့ ။သို့သော် ရခိုင်ကတရုတ်စီမံကိန်းလုပ်နေတဲ့နေရာတွေ မပြန့်ပါဘူးတဲ့ 😅။


ဒေါ်အောင်ဆန်းစုကြည်  သူ့မဲဆန္ဒနယ်ကော့မှူးသွားမယ်ဆိုမှ   ခြံအမှတ် ၅၄  မှာရော ၊ သူ့မဲဆန္ဒနယ်ကော့မှူးပါမက လရောင်တောမှာပါ  ဗိုင်းရပ်ပြန့်သတဲ့လား🤨 ။ သူမ သွားတတ်တဲ့နေရာတွေ  ကြိုတင်ကူးစက်ခိုင်းပြီး အကွက်ချထားသလားတောင် မှတ်ရတယ် ။

ဗိုင်းရပ်စ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို  လုပ်ကြံနေကြတာလို့ပြောရင်  လွန်မလား ။ 

ဟိုခရစ်ယာန်တရားဟောဆရာဒေးဗစ်လာ့ခ်တုန်းကတည်းက နိုင်ငံခေါင်းဆောင်ခေါင်းကြီးပိုင်းထိ  ရည်ရွယ်ခဲ့ပုံရတယ် ။ နိုင်ငံခေါင်းဆောင်ပိုင်းတွေ သတိရှိကြပါ ။ 

ရွေးကောက်ပွဲ ပျက်ပြားအောင်  လက်ကုန်ဖြန့်မဲ့ သဘောရှိတယ် ။

myanmar society🇲🇲


အမေရိကန်နောက်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်အရွေးမခံရတာနဲ့  မြန်မာ့နိုင်ငံရေးကို  စိတ်ကြိုက်မွှေဖို့ ရည်ရွယ်ဟန်တူပါတယ် ။ ဒါကြောင့်  မြန်မာ့ရွေးကောက်ပွဲကို အချိန်ကြာအောင် ၊ နောက်ကိုဆွဲနိုင်သမျှ ဆွဲလို့ရအောင်  တဖက်ကမွှေနေတယ် ၊ တဖက်က ပျားရည်နဲ့ဝမ်းချနေတယ် ။

ပျားရည်နဲ့ဝမ်းချခံရလောက်အောင်  တို့တွေက  'အ'နေလို့လား ။ 😒

ဆက်လက်ဖက်ရှု့ရန်👇

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ