ကလိမ့်စေ့ ငြမ်းဆင်
စွန်းကော်ရှန်း မြန်မာပြည်လာပြီး လူသေကောင်တွေနဲ့စကားပြောပြီး အပြန်အလှန်အံ့သြကြတဲ့ကိစ္စမှာ...
ဒေါ်အောင်ဆန်းစုကြည် ၊ NLD ဘာညာတွေထည့်ပြီး ပြောထားတာက စကားကို တန်ဆာဆင်ထားယုံမျှပါ။တရုတ်ပြည်ဟာ ဘယ်မြန်မာပြည်သူကိုမှလည်း ဂရုမစိုက်သလို ၊ ဘယ်ဒေါ်အောင်ဆန်းစုကြည်ကိုမှလည်း လေးစားနေတာ မဟုတ်ပါဘူး။
အကြမ်းဖက်စစ်ကောင်စီကို လာဖျောင်းဖျတယ်ဆိုတာ သူတို့ပါးစပ်က ထွက်လာတဲ့ အပြုသဘောဆောင်တဲ့စကားမျှသာပါ။အဲ့ဒီလိုအပြုသဘောဆောင်ပြောရတာကလည်း (၃၇)သန်းကျော်သော ဗမာတွေရဲ့စိတ်ကို နူးနပ်တဲ့သဘောပါ။(၃၇)သန်းကျော်သော ဗမာတွေက NLD ကိုထောက်ခံထားတာကိုးဗျ။(၃၇ သန်းဆိုတာ ယေဘုယတွက်ချက်ချင်းသာ ဖြစ်ပါတယ်၊ဗမာတိုင်းရင်းသားမဟုတ်တဲ့ တခြားသောတိုင်းရင်းသားတွေ ထောက်ခံခဲ့တာ ထည့်မတွက်ရသေးပါဘူး)။အဲ့ဒီတော့ NLD အကြောင်းပြောပြီး တရုတ်ပြည်အပေါ်မှာထားတဲ့ ဗမာတွေရဲ့ဒေါသကို လာလျော့ချင်တဲ့သဘောပါ။တကယ့်တကယ် တရုတ်ပြည်ရဲ့အတွင်းသဘောထားက အဲ့လိုမဟုတ်ပါဘူး။
တရုတ်ပြည်က သူ့ကစားကွက်အတွက် သူပြန်လာကာတဲ့သဘောမျိုးပါ။ကမ္ဘာကပြောလာရင်/ဖိအားရှိလာရင် သူကြိုးစားညှိနှိုင်းခဲ့ပါတယ်၊မရခဲ့ဘူးပေါ့။အဲ့လို message မျိုးရအောင်လည်း ကမ္ဘာ့မီဒီယာတွေမှာ ချပြထားတယ်။သူ့ပရောဂကင်းကြောင်း လက်ဦးစွာ ချပြပစ်လိုက်တာ။
သူ့အတွက်မလိုအပ်တော့ရင် အကြမ်းဖက်စစ်ကောင်စီကို ချနင်းမှာပဲ။တိုင်းရင်းသားလက်နက်ကိုင်တွေလည်း ဂျောင်းထားပဲ လာမှာ။
တရုတ်ပြည်ဟာ အကြမ်းဖက်စစ်ကောင်စီကိုလည်း နယ်ရုပ်တစ်ခုလို သဘောထားခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ်မှာလည်း နယ်ရုပ်တစ်ခုလိုပဲ သဘောထားခဲ့တာပါ။ရခိုင်ပြည်နယ်၊AAလက်နက်ကိုင်နှင့်ရိုဟင်ဂျာအရေးကိုလည်း နယ်ရုပ်တစ်ခုလိုပဲ သဘောထားပြီး ကစားခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ပြည်သူ့အစိုးရကိုတောင် တရုတ်ပြည်ရဲ့အလိုမလိုက်လို့ ICJ ကို မရ,ရတဲ့နည်းနဲ့ အရောက်ပို့ခဲ့တာပါ။
ယုတ်စွအဆုံး မဖြစ်မြောက်သေးတဲ့ ဖက်ဒရယ်အခြေခံဥပဒေအပေါ်မှာပါ ခွချက်ပုံစံ လုပ်ထားသေးတယ်။🤷♀️
myanmar society🇲🇲