လူသားချင်းစာနာမှု ၊ လူ့အခွင့်အရေး နှင့် နိုင်ငံရေးဟု ဆိုရာဝယ် (အပိုင်း- ၁ )
အမျိုးသားညီညွတ်ရေးအစိုးရက MMMCC ပူးပေါင်းယုံနဲ့ မူစလင်နိုင်ငံတွေအပါအဝင် တကမ္ဘာလုံးနဲ့အဆင်ပြေသွားအောင် သူတို့ပဲ ဖန်တီးပေးတော့မှာလိုလို အပြောမျိုးနဲ့ ပြည်သူ့အစိုးရကို ချီတုပ်ချင်တဲ့ သဘောလို့ မြင်မိတယ် ။အမျိုးသားညီညွတ်ရေးအစိုးရကို ကျုပ်တို့ကိုနေရာပေး ၊ မပေးရင် မထောက်ခံနိုင်ဘူး အကန်ကစားမယ်ဆိုတဲ့ ခြိမ်းခြောက်စာထက်မပိုပါဘူး။ရိုအမည်ခံ လုပ်စားတွေရဲ့ ကမ္ဘာပတ်ပြီးလိုတာထက်ပိုပြီး ချောက်ချခဲ့တဲ link 👇
အမေရိကန်အောက်လွှတ်တော်အမတ် Brad Sherman နှင့် တရုတ်လူမျိုးအောက်လွှတ်တော်အမတ် Ted Lieu တို့ရဲ့ အာဘော်နှင့် အဖျက်လမ်းကြောင်းကို လိုက်တာတွေ တော်သင့်ပါပြီ ။Brad Sherman ဘာကောင်လည်းသိချင်ရင် အောက်ကလင့်ကို ဝင်ကြည့် 👇
OICs နိုင်ငံတွေနှင့် မူစလင်ကမ္ဘာကို တရုတ်က ချုပ်ထားတာပါ ။ဝိဂါမူစလင်ကိစ္စနဲ့ပက်သက်လို့ ဘယ်မူစလင်နိုင်ငံမှ အသံထွက်ပြီး ကျယ်ကျယ်မပြောရဲသေးဘူး။ရခိုင်ကရိုအရေးဆိုတာကလည်း တရုတ်နှင့်ဒီမိုကရက်က အသံထွက်ဆို ထွက် ၊ အသံပိတ်ဆို ပိတ်နေရတဲ့အဆင့်ထက်မပိုဘူး ။
ရခိုင်ကထွက်ပြေးဘင်္ဂလီကိစ္စကို ICC နဲ့မရလို့ ICJ ပြောင်းကစားပြီး နိုင်ငံနှင့်လူမျိုးကို ချောက်ထဲတွန်းချခဲ့တဲ့ တရုတ်နှင့်အပေါင်းအပါတွေရဲ့ ကျေးဇူးက တစ်သက်မမေ့စရာပါပဲ။၁၉၉၃ ပြန်လည်လက်ခံရေးဥပဒေ နှင့် ၁၉၈၂ နိုင်ငံသားဖြစ်ရေးဥပဒေကြောင့် မှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့အတွက် ၁၉၈၂ နိုင်ငံသားဖြစ်ရေးဥပဒေကို ဖျက်ချင်နေခဲ့တာပါ ။
ဒေါ်အောင်ဆန်းစုကြည်လက်ထက်ကတည်းက ပြန်လက်ခံမယ် ၊ နိုင်ငံသားဖြစ်ခွင့်ရှိသူတွေကို နိုင်ငံသားပေးမယ်ပြောခဲ့သလို ခေါ်လည်းခေါ်ခဲ့တာပါပဲ ။ တချို့တွေ ပြန်လာတယ်။
အဲ့ဒါကို မကျေနပ်ဘဲ ...
ကော့ဘဇာက ဘင်္ဂလီအကုန်လုံး အစစ်အဆေးမရှိပြန်ခေါ်စေချင်နေတာ ၊ ရိုဟင်ဂျာလူမျိုးသတ်မှတ်ပြီး ရခိုင်နယ်မြေပေးရမယ်တွေ အတင်းလုပ်နေလို့ အရစ်တွေ ရှည်နေတာပါ ။ထွက်ပြေးဒုက္ခသည်တွေကို ပြန်လက်မခံလို့ ဖြစ်နေတဲ့ပြဿနာ မဟုတ်ဘူး ။
ကချင် ၊ ကယား ၊ ကရင် ၊ ချင်းမှာ လေယာဥ်တွေနဲ့အပစ်ခံနေရတာကျတော့ လူမျိုးတုံးလို့ အော်သူမဲ့နေတယ် ။ ခေါင်းတွေပွင့်ပြီး လမ်းမပေါ်မှာ ပိုးလိုးပက်လက်သေသွားရတဲ့ ဗမာတွေမှ အများကြီး ပါ။ အာဏာရှင်ရဲ့စနက်ဆိုးဒဏ်ကို နေရာမျိုးစုံ ခံနေရတာပဲ ။ ကိုယ့်ဒေသကို ပေကပ်နေတာနှင့် ထွက်ပြေးတာပဲကွာတယ် ။ မျှမျှတတ မြင်တတ်ကြဖို့တော့ ကောင်းပါတယ်။
ခုလိုပြောလို့လည်း သေကြေထွက်ပြေးသွားရတဲ့ သူတို့အခေါ် ရိုဟင်ဂျာတွေကို မစာနာလို့ပြောတာမဟုတ်ပါဘူး ။
ဘာမျှော်လင့်ချက်မှမထားဘဲ ၊ ဘာအခွင့်အရေးမှ မမျှော်ကိုးဘဲ နွေဦးတော်လှန်ရေးမှာ အသက်ပေးသွားတဲ့ မူစလင်ညီအကိုတွေရှိသလို အခွင့်ကောင်းယူပြီး ဖျာခင်းမယ်ဆိုတဲ့ ရိုအမည်ခံတွေကလည်း ရှိနေကြပါတယ် ။ ကွဲကွဲပြားပြားမြင်ဖို့တော့ လိုမယ် ။
ဘဝင်တွေလည်း သိပ်တက်မနေကြပါနဲ့။
ဒီမိုကရက်နှင့်တရုတ်ရဲ့ကစားကွက်ထဲက
နယ်ရုပ်တွေချည်းပဲ ။
အများစုက လူသားချင်းစာနာမှု ၊ လူ့အခွင့်အရေးကို နိုင်ငံရေးနဲ့ ရောထွေးမြင်နေကြတာပါ ။
အစကတည်းကလည်း ရခိုင်မြေမှာ သတ်ဖြတ်ခံရပြီး ဘင်္ဂလာဒေ့ရှ်ကို ထွက်ပြေးသွားရတဲ့ သူတွေကို မမုန်းခဲ့ဘူး ။ အင်းဒင်နှင့်ဂူတာပြင်မှာ မူစလင် ရာကျော်အသတ်ခံခဲ့ရတယ် ။ အရှင်လတ်လတ်မီးရှို့သတ်ခံရတဲ့ video file ပါ ရဲတယောက် လက်ကမြင်းပြီး တင်ခဲ့လို့ ကြည့်ခဲ့ရပါတယ် ။ အတော်လေးစိတ်မကောင်း ဖြစ်ရပါတယ် ။
ဒေါ်အောင်ဆန်းစုကြည်လက်ထက်က ၁၉၉၃ ပြန်လည်လက်ခံရေးဥပဒေ နှင့် ၁၉၈၂ နိုင်ငံသားဖြစ်ရေး ဥပဒေ စွဲကိုင်ပြီး ပြန်လည်လက်ခံမယ်ဆိုတုန်းကလည်း ဖြစ်သင့်တာမို့ မဝေဖန်ခဲ့ပါဘူး ။ ဗြောက်သောက်မဖြစ်အောင် ဥပဒေကြောင်းအရ ပြန်လည်စစ်ဆေးလက်ခံမယ်ဆိုတာ ဖြစ်သင့်တာပဲလေ ။ သို့ပေမဲ့ အများစုက သဘောမကျကြဘူးရယ် ။
သို့ပေမဲ့ ကော့ဘဇာက ရှိသမျှဘင်္ဂလီတွေကို အစစ်အဆေးမရှိပြန်လက်ခံရမယ်လို့ သူတို့ကတောင်းဆိုတယ် ၊ မျိုးနွယ်စုသတ်မှတ်ပြီး နယ်မြေပေးရမယ် အတင်းဖိအားပေးတယ် ။ အဲ့ဒါကိုကျတော့ မိမိလက်ခံမရပါဘူး ။ အဲ့ဒါက နိုင်ငံရေးပါ ။ လူသားချင်းစာနာမှု ၊ လူ့အခွင့်အရေးဘောင်ကို ကျော်ပြီး လောဘတက်တာပါ ။
နောက်တစ်ချက် မြန်မာဟာ Rome Statue မှာ လတ်မှတ်ထိုးမထားပေမဲ့ ICC မှာ သူတို့တရားစွဲလို့ရတယ် ၊ သို့ပေမဲ့ လူပုဂ္ဂိုလ်ကို ဦးတည်ပြီး သူတို့တရားမစွဲခဲ့ဘူး ။ နိုင်ငံနှင့်လူမျိုးကို ဦးတည်ပြီး ICJ မှာ တရားစွဲတယ် ။ အဲ့ဒါဟာ နိုင်ငံရေးပါ ။
တကယ်လို့သာ ICC မှာ လူပုဂ္ဂိုလ်ကို ဦးတည်ပြီး ဂမ်ဘီယာသာ တရားစွဲခဲ့ရင် မင်းအောင်လှိုင် ဂျာကာတာသွားတုန်းက အေးဆေးဖမ်းချုပ်လိုက်လို့ရတယ် ။မင်းအောင်လှိုင် ဂျာကာတာသွားတုန်းက ဘယ်မူစလင်နိုင်ငံက မင်းအောင်လှိုင်ကို ဖမ်းချုပ်လိုက်ပါလို့ အသံထွက်ခဲ့လဲ ။ သူတို့ဟာ မင်းအောင်လှိုင်ကို ဦးတည်ခဲ့တာ မဟုတ်ဘူးဆိုတာ အသိသာကြီးပါ ။
ကျနော်ပြောတာ အမြင်ကျယ်တဲ့သူတွေ သဘောပေါက်မယ် ယူဆတယ် ။
စစ်တပ်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အကြံတူ ပူးပေါင်းပြီး ရခိုင်အရေးကိုလုပ်ခဲ့တယ်လို့ တချို့သော မူစလင်နှင်ရခိုင်တွေ စွတ်စွဲခဲ့ကြတယ် ။ အဲ့လိုယူဆပြီး ဒေါ်အောင်ဆန်းစုကြည်ကို လှိမ့်ဆဲခဲ့တဲ့ မူစလင်နှင့်ရခိုင်တွေလည်း ဒုနဲ့ဒေးပဲ ။ အခုလိုအာဏာသိမ်းခံရတော့ကျတော့ အချင်းချင်းမတည့်လို့ နန်းလုကြတယ်ဆိုနေပြန်ရော ။ အတူပူးပေါင်းလုပ်ခဲ့တယ်ဆိုရင် အာဏာသိမ်းစရာ အကြောင်းကို မရှိတာ ။ ၂၀၀၈ လည်း ပြင်စရာအကြောင်းကို မရှိဘူး ။ ဘာကိစ္စဖက်ဒရယ်ဒီမိုကရေစီသွားမယ်တွေ ဘာတွေ ဟစ်နေစရာ အကြောင်းရှိမလဲ ။ ဖက်ဒရယ်မူကြမ်းတောင် ထွက်လာစရာအကြောင်းမရှိဘူး ။
၂၀၀၈ ဥပဒေ ပြဌာန်းတာက သူတို့ရဲ့သုံးမကုန် ဖြုန်းမကုန်တဲ့ ခိုးထားတဲ့ပိုက်ဆံတွေ နိုင်ငံခြားမှာ သုံးချင်လို့ ပြဌာန်းလိုက်တာ ။သူတို့သားသမီးတွေကို ဒီမိုကရေစီနိုင်ငံကြီးတွေမှာ ကျောင်းထားချင်လို့ ၊ Shopping ထွက်ချင်လို့ ပြဌာန်းတာ ။ ပြည်သူကို တသက်လုံး ရွှေရည်စိမ်ဒီမိုကရေစီဗန်းပြပြီး လုပ်စားဖို့ ပြဌာန်းလိုက်တာပါ ။ တိုင်းပြည်နှင့်လူမျိုးရဲ့ကောင်းကျိုးကို စာနာသောအားဖြင့် ပြဌာန်လိုက်တယ်တော့ ထင်မနေကြပါနဲ့ ။
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဝင်မပြိုင်ပါဘူးဆိုတာတောင် ရွေးကော်ဥက္ကဌ ဦးတင်အေး ၊ ဦးသိန်းစိန် ၊ ဦးသန်းရွှေ ၊ဦးရွှေမန်းစသော စစ်ခေါင်းဆောင်ဟောင်းတွေ ပြိုင်လိုက်ပါဆိုပြီး ရွေးကောက်ပွဲ ဥပဒေတွေကို အတင်းဖြေလျော့ပေးခဲ့တာပါ ။
တပ်က ၂၅ ရာခိုင်နှုန်း + ကြံဖွံ့နှင့် လက်ခွဲ (၃၄) ပါတီက ၂၅ ရာခိုင်နှုန်းရရင် အမြဲနိုင်နေမှာလို့ ပုံဖော်ထားခဲ့တာပါ ။ အဲ့ဒါက လွတ်သွားရင်လည်း ရခိုင်အရေးနဲ့မီးမွေးပြီး ဆွဲချဖို့ ပြင်ဆင်ပြီးသားပါ ။
အစကတည်းက ကြိုတင်အကွက်ချပြီးမှ ကစားခဲ့ကြတဲ့ကစားကွက်ပါ ။ ကိုယ့်ထောင်ချောက်ကိုယ်ပြန်နင်းမိပြီးမှ မတတ်သာတဲ့အဆုံးအာဏာသိမ်းလိုက်ရတဲ့အဖြစ်မျိုးပါ ။ လက်ရှိအာဏာသိမ်းမှု မှာ စစ်အာဏာရှင် အသစ်ရော အဟောင်းရော ပါတယ် ။ ကမ္ဘာ့အရေး ငါတို့ဖက်ရှိတယ်ဆိုပြီး အချက်ပြသူက တရုတ်ပြည်မကြီးပါ ။
ကမ္ဘာ့နိုင်ငံရေး ကစားကွက်တွေနဲ့သေချာချိတ်ဆက်ပြီးမှ ကစားခဲ့ကြတာပါ ။ အကြံထုတ်သူက တရုတ်ကြီးပဲ ။ စစ်ခေါင်းဆောင်တွေ အဲ့လောက် လက်တံမရှည်သလို ဉာဏ်လည်းမပြေးဘူး ။
မြန်မာ့အာဏာသိမ်းကိစ္စမှာ အိန္ဒိယက ကြားနေမဲ ပေးခဲ့သလို ၊ အာစီယံက စကစ ဘောကို မနေခဲ့တာ အသိသာကြီးပါ ။ ဒီမိုကရက်တွေက ဝတ်ကျေတန်းကျေ စာထုတ်ပြီး မျှောထားတယ် ။ ဒီထက်ရှင်းတာ ဘာမှ မရှိဘူး ။
ကမ္ဘာ့အရေးက အဲ့ဒီလိုဖြစ်ပျက်နေတာပါ ။ လက်ခံတာ/မခံတာက သင့်အပိုင်းပါ ။
ရိုဟင်ဂျာလူမျိုး ရှိခဲ့လားဆိုတာ အိန္ဒိယသမိုင်း ၊ အိန္ဒိယက ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ်သမိုင်း ၊ မြန်မာ့သမိုင်း၊ရခိုင်သမိုင်း ၊ ကိုလိုနီသမိုင်းတွေကို တိုက်ဆိုင်စစ်ဆေးကြည့်ရမှာပါပဲ ။ ရှိလည်းလူနည်းစုပဲ ဖြစ်မယ်ထင်ပါတယ် ။ ရဲချုပ်ခင်ရီလက်ထက်မှာ ဘင်္ဂလာဒေ့ရှ်က ဘင်္ဂလီတွေကို ပိုက်ဆံယူပြီး တရားမဝင် သွင်းခဲ့တာ ၊ ခိုးဝင်တာတွေ ရှိခဲ့တာကလည်း ငြင်းမရတဲ့အချက်ပါ ။ ဦးသိန်းစိန်လက်ထက်မှာ ခိုးဝင်သော ဘာသော မစစ်ဆေးဘဲ မဲလိုချင်တာနဲ့ ဘင်္ဂလီ( ၅ )သိန်းကို White Card ထုတ်ပေးခဲ့တာလည်း ငြင်းမရတဲ့အချက်ပါပဲ ။
Bay of Bangal ဆိုတာ ဘင်္ဂလီကို အမှီပြုပြီး စွဲခေါ်ခဲ့တာပါ ။ ရိုဟင်ဂျာလူမျိုး ရှိမရှိ အငြင်းပွားစရာ ဖြစ်နေပေမဲ့ ဘင်္ဂလီလူမျိုး ရှိခဲ့တယ်ဆိုတာတော့ အငြင်းပွားစရာ မရှိပါဘူး ။
ရိုဟင်ဂျာလူမျိုးအဖြစ် သတ်မှတ်မယ်ဆိုရင် အရင်ဆုံးတေ့ဆိုင်ဆွေးနွေးဖြေရှင်းရမှာက ရခိုင်တွေနဲ့ဖြစ်ပါတယ် ။ ရိုဟင်ဂျာမျိုးနွယ်စုအဖြစ်သတ်မှတ်မယ်ဆိုရင်လည်း ရခိုင်မျိုးနွယ်စုဆိုတဲ့ခေါင်းစဥ်အောက်မှာ ထားရှိရမှာ ဖြစ်တာကြောင့်ပါ ။ အဲ့ဒါကို ရခိုင်တွေနဲ့မဆွေးနွေးဘဲ ဗမာတွေကို မဲပြီးပြောနေခြင်းဟာ ခုတ်ရာတခြား ရှရာတခြားဖြစ်နေတယ်လို့ မိမိအနေနဲ့ အကြံပြုလိုပါတယ် ။
မူစလင်တွေကို မကောင်းမြင်တယ်ဆိုတဲ့ အမြင်ဟာ မဟုတ်ဘူးလို့ပြောချင်တယ် ။ ကျနော်သူငယ်ချင်း ၊ မိတ်ဆွေတွေထဲမှာ မူစလင်တွေ ရှိပါတယ် ။ ခွဲခြားပြီး မဆက်ဆံဖူးဘူး ။
( အပိုင်း - ၂ )အားဆက်လက်ဖက်ရှု့ရန်👇
myanmar society🇲🇲
မြန်မာပြည်သူပြည်သားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ~~