နိုင်ငံများ၏ ဆုံချက်နိဂုံး
မနှစ်ကတောင်တရုတ်ပင်လယ်ထဲမှာ အမေရိကန်နှင့်သူ့ရဲ့မဟာမိတ်အဖွဲ့တွေဟာ စစ်ရေးလေ့ကျင့်မှုတွေပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ကြပါတယ် ။ သဘောကတော့ စစ်ဖြစ်ဖို့အဆင်သင့်ပဲဆိုတဲ့သဘောပါ ။
မြန်မာ့ဒီမိုကရေစီလမ်းစဥ်အောင်မြင်ခြင်း ( သို့ )နောက်ပြန်လန်ကျခြင်းဟာ အမေရိကန် ၊ အင်္ဂလန်၊ ဂျပန် ၊ အိန္ဒိယ ၊ မြန်မာ နှင့် အင်ဒို-ဖစ္စိဖိတ်ဒေသရဲ့ အကျိုးစီးပွားနဲ့တိုက်ရိုက်အချိုးကျနေတာ ဖြစ်ပါတယ် ။ အမေရိကန်နှင့်သူ့ရဲ့မဟာမိတ်တွေဟာ မြန်မာနှင့်ပက်သက်၍ရရှိလာမည့် အကျိုးစီးပွားကို အချိုးကျခွဲဝေယူတာမျိုးတော့ လက်ခံပုံရပေမဲ့ တစ်ဦးတစ်ယောက် ( သို့ ) နိုင်ငံတစ်ခုခုက မောင်ပိုင်စီးသွားမှာမျိုးကို လုံးဝအဖြစ်ခံမှာ မဟုတ်ပါဘူး ။
ဒါကြောင့် မြန်မာ့စစ်အာဏာသိမ်းခြင်းဟာ ၎င်းတို့ရဲ့အကျိုးစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်တာ ဖြစ်ပါတယ် ။ တနည်းအားဖြင့် မြန်မာ့စစ်အာဏာသိမ်းလိုက်ခြင်းဟာ ၎င်းတို့အကျိုးစီးပွားအတွက် မြန်မာ့အရေးကို ပေါ်ပေါ်ထင်ထင်ဝင်ရောက်စွပ်ဖက်ဖို့ လက်ယက်ဖိတ်ခေါ်သလို ဖြစ်သွားစေခဲ့တာပါ ။
တကယ်လို့ တရုတ်ပြည်မကြီးက ၎င်းအကျိုးစီးပွားကို တစ်ဦးတည်းမောင်ပိုင်စီးဖို့ကြံရင်လည်း တရုတ်နဲ့စစ်ဖြစ်မှာ ဖြစ်ပါတယ် ။
ဒေါ်နယ်ထရန့်က သမ္မတအဖြစ်ဆက်ရှိနေသေးတာလား ၊ ဂျိုးဘိုက်ဒန်က သမ္မတဖြစ်သွားပြီလားဆိုတာ ခုချိန်ထိ သည်းသည်းကွဲကွဲ မဖြစ်သေးတာကိုလည်း တွေ့ရပါတယ် ။
သို့ပေမဲ့ အမေရိကန်ပါတီ ၂ ရပ်ပေါင်းပြီး မြန်မာ့အရေးကို အထူးရှေ့ရှု့ဆောင်ရွက်မှုပြုသွားမယ်လို့ ဆိုလာပြန်တော့ အရေးကြီးပြီး အကျိုးအမြတ်များတဲ့ ကိစ္စလို့ အမေရိကန်လွှတ်တော်တစ်ရပ်လုံးက ယူဆပုံပါ ။
ခုနောက်ပိုင်းမှာ အမေရိကန်ဟာ ရုရှားနှင့်တရုတ်ကို ဆန့်ကျင်ဖို့ လိုအပ်ရင် နျူးကလီးယား သုံးသွားဖို့ အရမ်းနီးစပ်နေတယ်လို့ သိရပါတယ် ။ ဘယ်၍ဘယ်မျှအတိုင်းအတာထိသုံးမယ်ဆိုတာ မသိရသေးပါဘူး ။
နီမစ္စရေယာဥ်အုပ်စုဟာ အရှေ့အလယ်ပိုင်းကနေ အင်ဒို-ဖိစ္စဖိတ်ဒေသကို ဦးတည်လာနေပြီလို့လည်း သိရပါတယ် ။
myanmar society🇲🇲
_________
မြန်မာပြည်သူတွေအနေနဲ့စစ်အာဏာရှင်ကိုဆက်လက်တွန်းလှန်ပါ ။
ဖြစ်ရမယ်လို့ ယုံကြည်ပါ ။
ယုံကြည်ထားတဲ့အတိုင်း ကျားကုတ်ကျားခဲ ကြိုးစားပါ ။
Over all ခြုံငြုံသုံးသပ်ကြည့်ရရင် အခြေအနေတွေ ကောင်းနေတာတွေ့ရသလို ၊ အခွင့်အလမ်းတွေ ရှိနေသေးတာကိုတွေ့ရပါတယ် ။
စစ်အာဏာရှင်ဘေးမှ ကင်းဝေးကြပါစေ ~~
မြန်မာပြည်သူပြည်သားများ ကျန်းမာချမ်းသာကြပါစေ ~~