၂၀၂၀ ခုနှစ်အလွန် မြန်မာ့အရေး
ရခိုင်အရေးနဲ့ပက်သက်တဲ့ မြန်မာ့ ICJ အမှုမှာ -
ဂမ်ဘီယာ ရဲ့တရားစွဲဆိုမှုကို မော်လဒိုက် ၊ နယ်သာလန် ၊ ကနေဒါတို့က ပူးပေါင်းသွားမှာ ဖြစ်ပါတယ် ။
ဂမ်ဘီယာနဲ့မလုံလောက်လို့ မော်လဒိုက် ၊ နယ်သာလန် ၊ ကနေဒါတို့ ပူးပေါင်းခြင်းပါ ။ နိုင်ငံရေးအရ ပြည်တွင်း၊ပြည်ပ ပူးပေါင်းလုပ်ကြံထိုးနှက်နေတယ်ဆိုတာ အရမ်းထင်ရှားပါတယ် ။ ၎င်းနိုင်ငံတွေကလည်း တရုတ်ချယ်လှယ်ကြီးစိုးမှုကို ခံနေရတဲ့ နိုင်ငံတွေပါပဲ ။
မြန်မာ့တပ်မတော်ရဲ့တပ်ပြေး စစ်သား ၂ ယောက်ကို AA အဖွဲ့ကတဆင့် ဘင်္ဂလားဒေ့ရှ် ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမင်နှင့်ဝါကာအူအင်တို့အပေါင်းအပါအဖွဲ့ကနေတဆင့် နယ်သာလန်ကို သက်သေခံအဖြစ် ပို့ဆောင်ခဲ့ကြတယ် ။ တရုတ် ၊ ဘင်္ဂလားဒေ့ရှ် ၊ တပ် နှင့် AA တို့ရဲ့ ဇာတ်ကွက်တစ်ခုမျှသာပါ။ အဲ့ဒီထက်မပိုပါဘူး ။ဒါကြောင့် ICJ နဲ့ပက်သက်တဲ့အခြေအနေ ( သို့ ) သတင်းအချက်အလက်ကို ပြည်သူ့အစိုးရထက် တပ်ဖက်က သတင်းစောလျင်စွာ ရနေနိုင်ပါတယ် ။
ခုနောက်ပိုင်း တပ်ဟာ 'ဝ' ပြည်နယ်ခေါင်းဆောင်တွေဆီသွားရောက်ပြီး AA အဖွဲ့နဲ့အတူဆွေးနွေးပြီးနောက်ပိုင်းမှာ အကိုကြီးညီလေး အနေအထားကို လုပ်နေကြပြန်ပါတယ် ။
၂ ဖက်လုံးရဲ့ ရပ်တည်ချက်ဟာ မူမှန်မဟုတ်ပါဘူး။
မြန်မာ့မြေပေါ်မှာရှိတဲ့လက်နက်ကိုင်တွေနှင့်ပါတီအတော်များများရဲ့သဘောထားဟာလည်း မူမမှန်ကြပါဘူး။
👉 မြန်မာ့ ICJ ဖြစ်ပေါ်လာရတဲ့အကြောင်းမှာ တရုတ် + တပ် + AA + ဘင်္ဂလားဒေ့ရှ် + ပါကစ္စတန် + UN + OIC နိုင်ငံများ + အာဖရိကနိုင်ငံတချို့ + ဥရောပသမဂ္ဂအဖွဲ့ဝင်နှင့် အမေရိကန်ဒီမိုကရက်ပါတီဝင်တွေအထိ ပါဝင်ပက်သက်ပါတယ် ။ 👈
ICJ ဖြစ်ပေါ်လာပုံစမ်းစစ်မယ်ဆိုရင် မြန်မာ့စစ်အာဏာရှင်ခေါင်းဆောင်တစ်ချို့ကိုပဲ ကွက်ပြော၍ မရနိုင်ပေ ။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာအပေါ် လူ့အခွင့်အရေးဆိုင်ရာကုလမူကြမ်းကို ရုရှား နှင့် တရုတ် ကန့်ကွက်ပြီး အိန္ဒိယ နှင့် ဂျပန်က ကြားနေခဲ့တာမှာ မြန်မာရှုံးနိမ့်ခဲ့ရတယ် ။
စဥ်းစားစရာ ရှိတာက ကုလလူ့အခွင့်အရေးကောင်စီမှာ ရုရှားနှင့် တရုတ်ထိုင်နေတာတောင် မြန်မာရှုံးတယ်ဆိုတော့ တရုတ်ဟာ မြန်မာကို ဆက်ကစားလိုနေသေးကြောင်း ထင်ရှားပါတယ် ။
ဘာကြောင့်လဲဆိုတော့ ကုလလူ့အခွင့်အရေးကောင်စီမှာ ထိုင်နေတာက ရုရှား ၊ တရုတ် ၊ ပါကစ္စတန် ၊ ကျူးဘား ၊ နီပေါ ၊ မော်လဝီ ၊ ဂါဗွန် ၊ ပြင်သစ် စသည့်နိုင်ငံများဖြစ်ပါတယ် ။ တခြားနိုင်ငံတွေဆိုတာ တရုတ်က "ဟိတ်ဆိုဟိတ် ၊ တိတ်ဆိုတိတ်" နိုင်ငံတွေချည်းပဲဖြစ်နေခဲ့လို့ပါ ။
နောက်တစ်ခုက တရုတ်ပြည်မကြီးဟာ သူ့နိုင်ငံရဲ့တောင်ဖက်ပိုင်းမှာ မဟာတံတိုင်းကို ၂၀၂၂ ခုနှစ်မှာ အပြီးကာမယ် ဆိုနေခဲ့ပြန်ပါတယ် ။ တရုတ်ပြည်မကြီးဖက်ကလူတွေ မြန်မာပြည်ဖက်မပြေးစေချင်တာထက် မြန်မာပြည်ဖက်ကပြည်သူတွေ တရုတ်ပြည်မကြီးဖက် မလာစေချင်တာက ပိုဖြစ်နိုင်ပါတယ် ။ အမှုကိစ္စကြီးငယ်များလုပ်ဖို့ တာစူနေပြီလားဆိုတာ သံသယရှိဖွယ်ရာပါ ။
ရွေးကောက်ပွဲကိစ္စနဲ့ပက်သက်လို့ တပ်ရဲ့လက်ခွဲ ကြံ့ဖွတ် နှင့် ၎င်း၏ လက်ဝေခံပါတီများ ရှုံးပြီးနောက် တပ်ဟာ မခံမရပ်နိုင်ဖြစ်ပြီး မဲမသမာမှုပါအော်နေလည်း ဘယ်ပြည်သူကမှ ၎င်းတို့ဖက်က မပါ၍ ၎င်းကြိုးစားမှုဟာ အချည်းအနှီးသာ ဖြစ်ပါတယ် ။ မြန်မာ့ရွေးကောက်ပွဲကိစ္စအား တရုတ်ပြည်မကြီးက ဝင်ရောက်စွပ်ဖက်ဖို့ မလွယ်ကူပါချေ။ ဝင်ရောက်စွပ်ဖက်ပါကလည်း ငေါငေါကြီး ဖြစ်နေမှာမို့ လူမြင်မကောင်းပါ ။ထို့ကြောင့် စစ်အာဏာရှင်တွေဟာ ရွေးကောက်ပွဲရလဒ်နှင့်ပက်သက်၍ မည်မျှပင်ကြိုးစားစေကာမူ အထမြောက်မည် မဟုတ်ပါပေ ။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်ဝန်းကျင်က NLD နှင့်မွန်ပါတီ(MUP)တို့ ဆွေးနွေးပွဲပျက်တဲ့ကိစ္စက Message တစ်ခု ရလိုက်တာတော့ရှိတယ်။ ဆွေးနွေးပွဲနေရာတစ်ခုအတွက် မွန်ပါတီက ပြဿနာတစ်ခု လုပ်ပြလိုက်တယ် ။
အဲ့ဒီမှာ ဖြစ်လာနိုင်တာက လာမည့် နောက် ၅ နှစ် သက်တမ်းမှာ မွန်ပါတီက စစ်အာဏာရှင် အထောက်အပံ့ကျောထောက်နောက်ခံနဲ့ အတိုက်အခံ အဖြစ်
ကပြ အသုံးတော်ခံနိုင်ခြေရှိတယ်ဆိုတဲ့ message ပါပဲ ။
စောင့်ကြည့်ရမည့် အစိပ်အပိုင်းအဖြစ် မှင်တို့ထားရမဲ့ သဘောရှိပါတယ်။
.....
.....
တရုတ်မူးယစ်ရာဇာနှင့် ကာစီနိုရုံတွေ၊ထားဝယ်ရေနက်ဆိပ်ကမ်း နှင့် အရှေ့-အနောက် ကုန်သွယ်ရေးစင်္ကြန်လမ်း ( east and west corridor ) 🤔 စစ်အာဏာရှင်နှင့်တရုတ်ကြံ ... ဗလာ .. ဗလာ စသည်ဖြင့်ပေါ့လေ ။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့မှာ သတင်းတစ်ပုဒ်တက်လာတယ် ။ ရွေးကောက်ပွဲကော်မရှင်နှင့်သမ္မတကို တရားစွဲမယ်ဆိုတဲ့သတင်းပါပဲ ။ အမေရိကန်ဒီမိုကရက်နိုင်ရင် တရုတ်ကြီးနိုင်တယ်ဆိုတဲ့အတွေးနဲ့ မွှေဖို့အကြံပဲ ဖြစ်ပါလိမ့်မယ် ။
ကျနော့မှန်းဆချက်တွေက မလွဲသေးဘူး။မှန်နေတုန်းပဲ။
မြန်မာပြည်သူတွေ ကြိုးစားဆုပ်ကိုင်နိုင်လိုက်တာက ၂၀၂၀ ခုနှစ် မြန်မာ့အထွေထွေရွေးကောက်ပွဲကို မဲအပြတ်အသတ်နိုင်လိုက်တာပါပဲ ။အဲ့ဒီတော့ "အတိုင်"ရသွားပါတယ် ။
"အလှည့်" ဖြစ်တဲ့ ကမ္ဘာ့နိုင်ငံရေးပေါ်မူတည်ပြီး မြန်မာဟာ ကစားယူရမှာ ဖြစ်ပါတယ် ။ ဘယ်၍ ဘယ်ပုံလာမည်ဆိုတာကတော့ ခုထိ အတတ်ပြောဖို့ ခက်နေပါသေးတယ် ။
ရှေ့ဆက်ရမဲ့ မြန်ပြည်အရေးဟာ "အလှည့်"ဖြစ်တဲ့ကမ္ဘာ့အရေးအပေါ်မူတည်ပြီး "ခက်ခဲမှာလား ၊ ချောမွေ့မှာလား" ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ် ။
မည်သို့ပင်ဖြစ်လာစေကာမူ အစိုးရနှင့်ပြည်သူလက်တွဲကူ၍ ညီညီညာညာ ချီတက်ကြလျှင် ဤခရီးကား မဝေးတော့ ...
" အမေအိုအတွက် ပြည်သူတွေက တောင်ဝှေးပါ "...
myanmar fb society🇲🇲
မြန်မာပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း မေတ္တာပို့သလျက်~~